Tuesday, March 24, 2015

အတ္တ၀ါဒီများကျဆုံးခန်း


အတ္တ၀ါဒီများကျဆုံးခန်း
=================

အယင်တခေတ်ကလို
ကချင်ဝတ်စုံဝတ်လိုက်
သျှမ်းဘောင်းဘီဝတ်လိုက်နဲ့
တိုင်းရင်းသားတွေကို
လိမ်ညာဖို့ မကြိုးစားကြပါနဲ့တော့ --။

အခုခေတ်ဟာ
သျှစ်လေးလုံးတော်လှန်ရေးခေတ်ဖြစ်တယ် --။

အမှန်တရားကို လမ်းခင်း
တရားမျှတမှု ပန်းခင်းထက်မှာ
လျှောက်လှမ်းနေတဲ့ခေတ်ဖြစ်တယ် --။

မှန်ကန်တဲ့ နှလုံးသားနဲ့
သစ္စာတရားကို အောက်ခြေပြု
သမိုင်းသစ်ကို ထုဆစ်နေတာဖြစ်တယ် --။

ဤအရာသည်ကား
ကျဉ်းမြောင်းတဲ့ မြန်မာလူမျိုးရေးဝါဒီများရဲ့
မြက်ခင်းသစ် မဟုတ်
နွားစားကျက်လည်း မဟုတ် --။

ရတနာသိုက်တူးမဲ့
ရာဇ၀င်ပျက်လည်း မဟုတ် --။

(ပေါက်တူး) နဲ့ (လိပ်) ခေတ်စားပြီး
(စောက်ရူးး) နဲ့ (ငပေါ) အုပ်ချုပ်မဲ့
အချိန်ကာလလည်းမဟုတ် --။

မတရားတဲ့ လောက်ကောင်တွေ
ဘေးကိုဖယ်ပါ --။

လူမျိုးရေးဝါဒီတွေ
နောက်ပြန်ဆုတ်ပါ --။

မသထာရည်စာတွေအားလုံး
ပုပ်သိုးသွားခဲ့ပြီ --။

အမှိုက်ပုံးထဲ
လွှင့်ပစ်လိုက်ပါ --။

နှမျောမနေပါနဲ့
ရဲရဲကြီး
စွန့်ကြဲလိုက်ပါ --။

ဤအရာသည်ကား
တော်လှန်ရေးဖြစ်တယ် -- ။

အနံ့မကောင်း
လောက်တသောင်းသောင်း
နို့ချဉ်အဟောင်းကို
စောင်းငဲ့မနေပါနဲ့တော့ --။

၎င်းအရာသည်ကား
အဆိပ်အတောက်ဖြစ်တယ် --။

မတရားတဲ့ မျိုးစေ့တွေကို
ပျိုးကြဲနေတဲ့ သင်တို့အားလုံး
အသားထဲကလောက်
သစ္စာဖောက်တွေဖြစ်တယ် --။

သူခိုးဇာတ်ကို
မကကြပါနဲ့တော့ --။

စောရဇာတ်ကို
မရေးကြပါနဲ့တော့ --။

ဘ၀ကျွန်အမွေဆိုးတွေကို
ရဲရဲဝန့်ဝန့် ခွဲစိပ်လိုက်ကြပါတော့--။

ဆပ်ပြာမှုန့်များများထည့်ပြီး
ကင်းပွန်းလျှော်လိုက်ကြပါတော့--။

မီးပူပြားပြားတိုက်ပြီး
ဝတ်ဆင်လိုက်ကြပါတော့ --။

ရေမိုးချိုးပြီး
သန့်စင်လိုက်ကြပါတော့ --။

အုန်းဆီယွဲ့ယွဲ့လှိမ်းပြီး
အာရုဏ်နံနက်ကို
ကြိုဆိုလိုက်ကြပါတော့ --။

မင်္ဂလာနံနက်မှာ
မင်္ဂလာသီချင်းကို
သီဆိုလိုက်ပါကြပါတော့ --။

ဤအရာသည်ကား
တော်လှန်ရေးဖြစ်တယ် --။

တော်လှန်ရေးဟာ
တမိုးသောက်ခဲ့ပြီဖြစ်တယ် --။

(ဒါပေမဲ့)
တော်လှန်ရေးမုန်တိုင်းက
တိုက်ခိုက်နေဆဲဖြစ်တယ် --။

မယိမ်းယိုင်တဲ့
ခိုင်မာသံဓိဌာန်နဲ့
မနက်ဖန်ကို
ကြိုဆိုလိုက်ကြပါ --။

သင်တို့ရဲ့မကောင်းမှုတွေကို
သင်တို့ ရှက်ကြပါတော့ --။

သင်တို့ဟာ ရွစိစိနဲ့
ဖာသယ်မတွေလိုဘဲ
တိုင်းပြည်ရဲ့သယံဇာတတွေကို
ရောင်းစားနေကြတဲ့
ရာဇ၀င်သူခိုးတွေဖြစ်တယ် --။

ဥပဒေမဲ့
သောင်းကျန်းသူတွေဖြစ်တယ် --။

ပြည်သူ့ရှေ့မှောက်
အားလုံးကားစင်တက်ကြရမဲ့
ရာဇ၀တ်သားတွေဖြစ်တယ် --။

ကုရာနတ္ထိ ဆေးမရှိတဲ့
ကူးစက်ပြန်ပွား
ရောဂါပိုးမွှားတွေဖြစ်တယ် --။

ကောင်းသစ်ခင်းကိုဖျက်ဆီး
ရာသီပေါ်ကျီးတွေဖြစ်တယ် --။

လိမ်ညာတဲ့အတတ်ကို
တဖက်ကမ်းခတ်တတ်တဲ့
ရာဇ၀တ်သူခိုးတွေဖြစ်တယ် --။

ဆန်ကုန်မြေလေး
ခွေးသူတောင်းစားတွေဖြစ်တယ် --။

ဒီကမ္ဘာမှာ လေထုညစ်ညမ်းနေတာ
အသင်တို့ကြောင့်ပါဘဲ --။

ရာသီဥတု ဖောက်ပြန်နေတာ
အသင်တို့ကြောင့်ပါဘဲ --။

မိုးခေါင်ရေရှားဖြစ်နေရတာ
အသင်တို့ကြောင့်ပါဘဲ --။

အသင်တို့ဟာ
ခွေးပုတ်လောက်ကျ
ရွံစရာကောင်းတယ် --။

သင်တို့ရဲ့ အကျင့်ဆိုးတွေကို
သဂြိုဟ်လိုက်ကြပါတော့ --။

ဤအရာသည်ကား
တော်လှန်ရေးဖြစ်တယ် --။

ဤအရာသည်ကား
အပြာဝတ္ထုမဟုတ်
ပဂျီကားချပ်မဟုတ်
ကျောက်ဖြစ်ရုပ်ကြွင်းမဟုတ်
ကဗျာသီချင်းမဟုတ်
ဂီတာမဟုတ်
တယောမဟုတ်
အမှန်တရားနန့် သွေးခင်း
အမှန်တရားနန့် ရေးထွင်းထားတဲ့
တော်လှန်ရေးစင်စစ်ဖြစ်တယ် --။

နတ်သမီးလေးလို့လှပတဲ့
အာရုဏ်နံနက်ကို
ကြိုဆိုလိုက်ပါ --။

မိုးကောင်းခင်ပြင်ကြီးလို့
ကမ္ဘာကြီးကို
ကျက်သရေတင့်စေပါ --။

ပန်းပွင့်ကလေးတွေလို့
မွှေးစေပါ --။

မိုးကြယ်ပွင့်ကလေးတွေတောင်က
မှိတ်တုတ်မှိတ်တုတ်နဲ့
အမှောင်ခွင်းဖို့
ကြိုးစားနေကြပြီလေ --။

အို အသျှင်လမင်း
သင်ပုန်းမနေပါနဲ့တော့ --။

အသင်ဟာ
ကမ္ဘာကြီးရဲ့
ကွမ်းတောင်ကိုင်ဖြစ်တယ် --။

အသင်ဟာ
စည်းကျဝါးကျ
နွဲ့ပျောင်းကတတ်တဲ့
လုလင်ပျိုမဖြစ်တယ် --။

အသင်ဟာ
နှုတ်ခွမ်းနီနီ
ရွှေနှင်းဇီဖြစ်တယ် --။

အသင်ဟာ
ရှက်ကွန့်တကို့
ပါးမို့မို့
စိတ်ညှို့တတ်သူဖြစ်တယ် --။

အသင်ဟာ
စက္ကြာဝဠာလောကဓါတ်တခွင်လုံးရဲ့
တပင်တိုင်ရွှေမင်းသမီးတဆူဖြစ်တယ် --။

ဒဏ္ဍာရီပုံပြင်ထဲက
ဂန္တ၀င်မြောက်
မင်းသားတပါးလည်းဖြစ်တယ် --။

ဘယ်ခါမဆိုအသင်ဟာ
ကမ္ဘာကြီးကို လွှမ်းမိုးအုပ်ချုပ်သူတဲ့
ဘုရင်ဧကရာဇ်တဆူဖြစ်တယ် --။

အမှန်တရား
ဘာသာတရားလည်းဖြစ်တယ် --.။

အခြားတဖက်မှာ
အသင်ဟာ
ခြေသံပြင်းပြင်း
လမ်းလျှောက်တတ်သူ
လူတယောက်ဖြစ်တယ် --။

တခါတခါ အသင်ဟာ
မကျေနပ်ချက်တွေနဲ့အံကြိတ်
တက်ခေါက်တတ်တယ် --။

တခါတခါ အသင်ဟာ
အရာရာကို
ဥပေက္ခာပြုနိုင်သူဖြစ်တယ် --။

တခါတခါ အသင်ဟာ
ရင်နာစရာကောင်းတဲ့
သမိုင်းကြောင်းကို
ပြန်ပြောင်းပြောပြသူတဦးလည်းဖြစ်တယ် --။

တခါတခါ အသင်ဟာ
စိတ်နာနာနဲ့
ဒါဏ်ရာရ ခြင်္သေ့တကောင်ဖြစ်တယ် --။

(ဒါပေမဲ့)
ဘယ်ခါမဆို အသင်ဟာ
ကမ္ဘာကြီးရဲ့ဒါဏ်ရာဒါဏ်ချက်တွေကို
ကုစားတတ်တဲ့ သမားတော်ကြီးတဆူဖြစ်တယ်ဆိုတာ
ဘယ်သူလာ ငြင်းချက်ထုတ်မလဲ --။

လူသူအားလုံး
ကောင်းခြင်းမင်္ဂလာနဲ့
သာယာတဲ့မနက်ခင်းမှာ
ပြိုင်တူခေါင်းလောင်းထိုးလိုက်ပါ --။

အဖြူရောင် ဆင်တူဝတ်ပြီး
သံပြိုင်သီချင်းတပုဒ်ကို
သီဆိုလိုက်ကြရအောင် --။

ကောင်းခင်ပြင်ကို နောက်ခံပြု
သန့်ယှင်းတဲ့လေပြည်လေညှင်းတွေကို
တ၀တပိုက် ရှုရှိုက်လိုက်ကြရအောင်--။

အတောင်ပါတဲ့ ငှက်ကလေးတွေလို
လွတ်လပ်တဲ့အပြာရောင် မိုးသားကောင်းခင်ပေါ်မှာ
ကျူးရင့်ပျံသန်းလိုက်ကြရအောင် --။

ဒီအချိန် ဒီကာလဟာ
တော်လှန်ရေးရဲ့ မနက်ခင်းဖြစ်တယ် --။

တော်လှန်ရေးအောင်ပွဲ
ခြိမ့်ခြိမ့်သဲ ဆင်နွဲနေတဲ့
အခါသမယဖြစ်တယ် --။

အမှန်တရားရဲ့လျှောက်လှမ်းရာပန်းတိုင်
ရောက်လုနီးအချိန်ဖြစ်တယ် --။

အကျဉ်းချုပ်အနှောင်ဖွဲ့ခံ
ပြည်သူအပေါင်းရဲ့
အောင်စည်အောင်မောင်း
ဆော်သြသံလည်းဖြစ်တယ် --။

အခြားတဖက်မှာ
မိစ္ဆာကောင်တွေရဲ့
ကျဆုံးခန်းဖြစ်တယ် --။

ဖောက်ပြန်သူအပေါင်းရဲ့
နိဂုဏ်းချုပ်ဖြစ်တယ် --။

အတ္တ၀ါဒီတွေရဲ့
တစသုဿာန်လည်းဖြစ်တယ် --။

ဘယ်ကြာမလဲ
တယောက်တချက်
ဝိုင်းသမလိုက်ရင် --။

ဘယ်ခံနိုင်မလဲ
တယောက်တချက်
ဝိုင်းထုလိုက်ရင် --။

(သာလှဦး)
မှတ်ချက်။ ။ မြန်မာကဗျာ။ ကဗျာဟောင်းများကဏ္ဍ

No comments:

Post a Comment