Friday, March 27, 2015

အောက်မှော်

အောက်မှော်
=======

ပေါ်လစီ ပေါ်လစီ
လော်လီဖောက်ပြား
မောင်လျှောက်သား --။

စားရက လာလာ
မစားရက ခွာခွာ --။

စားရက အဘာ အဘာ
မစားရက ငပြာ ငပြာ --။

ပီးကေ ချီကျူး
မပီးကေ ချလူး --။

ပီးကေ သူကောင်း
မပီးကေ ဘူတောင်း --။

(သာလှဦး)

No comments:

Post a Comment