Friday, March 27, 2015

ခေါက်ရမ်းပွင့်သော သဇင်


ခေါက်ရမ်းပွင့်သော သဇင်
=================

မျိုးချစ်တေဟု၊ ဆိုပေလှာသော
ရာဇ၀င်ခန်း၊ တော်ဝင်နန်းက
ပန်းလှသဇင် --။

သင်ပွင့်သောပန်း၊ အဆန်းအကွန့်
လိမ်အတွန့်ဖြင့်၊ အညွန့်အဖု
ဝတ်ရည်စုလျှက်၊ နုနုပျိုပျို
စိုစိုရွှန်းရွှန်း၊ လွန်ထူးဆန်းလည်း
ခွဲခြမ်းသေချာ၊ စီးစစ်ပါသော် --။

ညှာတံအရိုး၊ တမျိုးတမည်
ပင်စည်ကားကား၊ ၀မ်းဖားဖားဖြင့်
အနားလိပ်ပြာ၊ သန်းမလာသော
ဗလာနတ္ထိ၊ မွှီးပျံ့မဟိ
ပကတိလျှင်၊ ပီပြင်ထင်ရှား
ကားကားပွင့်လန်း၊ ထိုသည်ပန်းမှာ
ခေါက်ရမ်းပန်းကြီး ဖြစ်နီသတည်း --။

(မောင်သာလှဦး)
(မြန်မာစာဆို ရခိုင်သမများအားလွမ်းခြင်း)

No comments:

Post a Comment