Friday, March 27, 2015

ဆရာသို့


ဆရာသို့
=====

လေးစားပါရေဆရာ
ဆရာလုပ်လာစွာ
တော်လှန်ရေးသက်တမ်း
အနှစ် (၆၀) ကြာလားဗျာယ် --။

ယှင်းယှင်းပြောရကေ
မုဆိတ်တောင်ဖြူလားဗျာယ် --။

ယေကေလည်း ပေါက်သံတချက်မကြားရ
ဆရာ့တပည့်တိက
ရက်ပြတ်အမှောင်ခို
ရှုတ်ဆို ၀င်လားခဗျာယ် --။

ဆရာပြောလာကေ
(သေနင်္ဂဗျူဟာ) (နည်းဗျူဟာ)
(နည်းဗျူဟာသည် သေနင်္ဂဗျူဟာကို မထိခိုက်စီရ)
ဆရာ ဇာစာအုပ်က
နှုတ်ကျက်ကျက်ထားစွာလဲ --။

ယင်းစာအုပ်က
ဟိပါသိမ့်လား --။

ရွီးသူနာမည်ကား
ဇာပါလဲ --။

ဆရာပြောရေ
ပညာတတ်မှန်
ဖောက်ပြန်ရေလတ် --။

ရခိုင်ပြည်မှာ
ဇာမျှယောက်
ပညာတတ်ဟိပါရေလဲ ဆရာ --။

ဆရာ့တပည့်
လက်နက်ချ အမှောင်ဝင်
မောင်တောစံပြရွာက လူတိထဲမှာ
ဇာမျှယောက်
ပညာတတ်ပါရေလဲ ဆရာ --။

အခုအခါ ဆရာမှာ
ဇရာထုထောင်း ကျောက်ကပ်လည်းမကောင်း
ခြောင်းကလည်းဆိုး
အရိုးတီဘီ ဖြစ်နီပြန်ရေ --။

တောထဲမှာနီခါ
မရွှန်မကန်
အဖန်ရည်သောက်ခလို့ထင်ရေ --။

(Project) တင်လို့ ကျလာငွေလည်း
ယုံးခန်းဖွင့်ဖို့တောင်မလောက်
ဆရာ့တပည့်တိက
မယားတွဲလွဲ သားတွဲလွဲ
ပါးစကိုကျည်း ဖြဲထားရေ --။

ဆရာနီမကောင်းစွာ
တယောက်ချေလည်း လာမကြည့်
ဟတ်ကျကေ
ဖြောက်ခနန့်ရောက်
နဖူးမောက်မောက် ဒူးငေါက်ငေါက်နန့်
ပေါက်ချပါလတ်ကတ်တေ
ပွေသာတောင်းဖို့လောက်ရာသိရေ --။

ဟုတ်ပါဗျာယ် ဆရာ
အေပိုင်အတိုင်းဆို
ဘ၀ဂြိုကျိုးလို့ နီမညှိုးခင်
အရာ အစွာလုပ်ခန့်လဲ --။

(သာလှဦး)(2005)

No comments:

Post a Comment