Friday, March 27, 2015

ဘီဟာရီ (၂)


ဘီဟာရီ (၂)
=====

ရခိုင်သားမှာ စာလည်းမဟိ
သူစကားနှင့် ရွီးလို့ခြီနီ
ဘီဟာရီ --။

ဘစ္စကုတကား အကောင်းမဟိ
သူ့စကားနှင့် ပြောလို့ခြီနီ
ဘီဟာရီ --။

တံတွေးသိန်းတန် အဘာခေါ်လို့
ကျိကျိပက်ပက် ချွဲလို့ နွဲ့လို့
ဖွဲ့လို့ခြီနီ ဘီဟာရီ --။

ပုဂံအက ကပြခါမှ
ဝေသာလီမျောက်ရုပ်
လှုပ်ကာပြသည် ဘီဟာရီ --။

ရခိုင်ဘုရင် ပုဏ္ဏားဂေါင်းပေါင်း
ဆောင်းကာပြသည် ဘီဟာရီ --။

(သာလှဦး)

No comments:

Post a Comment