
ရွာသူကြီးထုံးဘူး
============
နန်းမြင့်တော်ဝင်
ပန်းသဇင်လျှင်
အပင်ခြီရင်း
ကြွီသက်ဆင်းလျှက်
မ၀င်းမပြောင်
အရောင်နွမ်းညှိုး
ညှာတံကျိုးလို့
ဘ၀မိုးမှောင်ကျလားခဗျာ --။

လမ်းဘေးက သဇင်ပန်း
ထိုခေါက်ရမ်းကို
ထိုလူနမ်း ဒေလူခြွီ
ဒေလူမွှီ ထိုလူကျုံး
(ရွာသူကြီးအိမ်က) ထုံးဘူးပိုင်ယှောင် --။
ညည့်လုံးပေါက်
လျှမ်းလျှမ်းတောက်
မာကျူရီမီးလုံးများအောက်
အရောင်နွမ်းပျောက်
နယူးယောက်မှာ ဒူးထောက်
သဇင်ပန်းခြောက် --။ ။
(သာလှဦး)
No comments:
Post a Comment