Friday, March 27, 2015

ရခိုင်သား (နှင့်) ရခိုင်သမ


ရခိုင်သား (နှင့်) ရခိုင်သမ
================

ရခိုင်သမ အလှပမှာ
မိဘဥစ္စာ ကြွယ်ဝပါလည်း
ပညာရတနာ ပြည့်ဝပါလည်း
ဇာတိနာကျ ဖျောက်မရ --။

(ရ) ရခိုင်သား ရင်ဖတ်ကားကား
အားကောင်းမောင်းသန် လက်ဖံလက်မောင်း
သံမဏိချောင်း --။

"ရခိုင်ကြီး" ကွ
မြှောက်ပင့်စကား နားမလည်ငြား
ရခိုင်သားမှာ
ရပ်စောက်ရပ်လျှက် မာနတက်သော် --။

နဖူးကျည်သင့် ၀မ်းအူပွင့်၏
လွင့်ကျအကောင် ဖက်ဖူးရောင်သည်
ဒူးထောင်ပက်လက် ဂျွန်းထိုးတည်း --။

(သာလှဦး)

No comments:

Post a Comment