Friday, March 27, 2015

တော်လှန်ဥဒါန်းကျူးရင့်ချိန်


တော်လှန်ဥဒါန်းကျူးရင့်ချိန်
===================

တွက်လီတွက်လီ ဖျက်ဖြီမရ
လွမ်းစတောင်တန်း ၀မ်းနည်းမှုပင်လယ်
စီးသွယ်ရ့စ်ယင့် ပွားဆင့်ရင်မှာ
ခံစားလာရ မာနရီစီး
ဒေါသမီးနှင့် ကြက်သီးထတုန်
မာန်ဟုန်ထန်ပြင်း သွီးချင်းချင်းနီ
မကျီဥဒါန်း လောင်ကျွမ်းမွိမွိ
တငွိငွိတည်း မိ၍မရ
သောကမျက်ရည် ရစ်ဝဲလည်သည်
ဤမြီကမ္ဘာဆုံးစမထင် --။

ရခိုင်ရို့၏ထီးနန်း ပန်းဆင့်ဘုံသွယ်
နဂါးနွယ်လိမ်ရစ် ခုနှစ်ဆင့်သောပြဿပ်
အထပ်ထပ်သော မြို့ရိုး
တန်ဖိုးမဖြတ်နိုင်စရာ
သုခုမလက်ရာ အဖြာဖြာသည်
ပြာကျလောင်ကျွမ်း ယမ်းငွိတလူလူ
သူသူငါငါ ကူပါကယ်ပါ
ခိုကိုးရာနတ္ထိ အပြစ်မဟိသောပြည်သူ
လူပေါင်းရာပေါင်း သိန်းသောင်းများစွာ
ခေါင်းပုံပြင်သည်
ရာဇ၀င်သမိုင်းထက်က စာမျက်နှာ --။

(သြော်) တွေးလီတွေးလီ အတီတေက
ပန်းချီကားချပ် ပြတ်သားပီပြင်
တွိမြင်လာရ မာနရီစီး
ဒေါသမီးနှင့် တက်သီးအံကြိတ်
သွီးထိတ်ကျွီးအော် တိုက်ပွဲခေါ်သည်
တော်လှန်ဥဒါန်းကျူးရင့်ချိန် --။

(နရသီဟ)

မှတ်မိသလောက် ပြန်တင်ပီးထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment