Thursday, March 26, 2015

သူရဲကောင်းရို့၏၀ိညာဉ်


သူရဲကောင်းရို့၏၀ိညာဉ်
===========

တောင်ကိုဖြိုရေဆိုမှ
ဆောက်နန့်ထွင်းနီလို့ ဇာဖြစ်ဖို့လဲ --။

ဘူဒိုဇာနန့်တိုက်
ဒိုင်းနမိုင်းနန့် ဖောက်ခွဲပစ်ရဖို့ --။

ရန်သူကို အထင်ကြီးနီကေ
ဇာပိုင်လုပ် (ရန်-ငါ) စည်းကို
ခြားနိုင်ခန့်လဲ --။

ရန်သူကို ချီကျူးနီကေ
ဇာပိုင်လုပ် သူ့ကို မိတ်ဆွေလို့သတ်မှတ်
ပိုင်းဖြတ်နိုင်ဖို့လဲ --။

ရန်သူစွာ ငါရို့ကျောင်းသားတိ၏သွီးနန့်ခြယ်မှုန်း
သီကုံးပန်းကို
ဘုရားတင် ပူဇော်နီလီယင့် --။

ရန်သူစွာ ပြည်သူရို့၏မျက်ရည်စကို
မသထာရည်စာသောက်သုံး
ရွှင်ပြုံးနီလီယင့် --။

ရန်သူစွာ ဆယ့်နှစ်ကြိုးပိုင် တဆီစုန်းမတကောင်ပိုင်
ငါရို့၏၀ိညာဉ်ကိုယူနှုတ်လို့
တဖြုတ်ဖြုတ်ကျကြွီလားခရရေ
သူရဲကောင်းတိ မရွီတွက်နိုင်ဗျာယ် --။ ၊

(သာလှဦး)

No comments:

Post a Comment