Sunday, December 16, 2007

သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံကျပ်ကြီး

သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံကျပ်ကြီး

မောရပဗ္ဗတာ သေလာကျောက်
ဘဂ၀ါဇိန ရောက်သောခါ။

ဗြဟ္မာနတ်လူ ပူဇော်ကပ်
မြတ်စွာဗုဒ္ဓ ပြုံ့တော်မူ။

စွယ်တော်လေးဆူ သွားတော်ပေါင်းမှ
နီမောင်းညိုမြ ရောင်ခြောက်သွယ်။

တိုင်းမြတ်အလယ် ပြည်ဓညမှာ
ထိန်လင်းတောက်ပ ကူးယှက်လာ။

ရာဇာသူရိယာ စန္ဒာမင်းမှာ
သဒ္ဓါပြင်းပြ ပီတိဟုန်။

လက်တော်စုံကို ထိပ်မှာမိုးလို့
ရှိခိုးဝန္ဒန လျှောက်လီခါ။

ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပန်းကို
ဆင်မြန်းစုံမက် ဦးတင်ချီ။

ဓည၀တီ ဌာနီတိုင်းဟု
သမိုင်းနာမ ဗျာဒိတ်ဟာ။

မျိုးမြတ်ရက္ခာ စိုင်လာထွန်း
ကြငှန်းတည်ဆောက် စိုးစံလာ။

ပြည်ဓညာ တေဇာထူး
မြောက်ဦးရွှီနန်း ရောက်သောခါ။

မင်းမြတ်ရာဇာ ကျော်သတင်းနှင့်
မင်းဘာမင်းမြတ် စိုးတော်မူ။

ထီးအဆူဆူ ပိုင်ကာချုပ်
ချွန်းနှယ်အုပ်လို့ ကတုတ်ခံ။

ဥာဏ်မြတ်အမွန် ပညာဟိ
က၀ိနာမ မြတ်ဆရာ။

ဦးမြ၀ါ ညွှန်ကာပြ
ဌာနသီရိ ဘုမ္မိမြီ။

များဗိုလ်ခြီ သျှင်လူပေါင်းရို့
ကောင်းမှုဒါန ပြုသောခါ။

ရန်အောင်ဇေယျာ ဘွဲ့မည်ပီး
ပုထိုးတော်ကြီး မြတ်မွီတော်။

သျှစ်သောင်းသျှင်တော် ကျော်သတင်း
ဇမ္ဗူသောင်းတွင်း ထွဋ်မဏ္ဍိုင်။

မယိမ်းမယိုင် တည်ကာဟိ
ဗုဒ္ဓာဓိပတိ ငါရို့ပြည်။

ခြောက်ပါးရောင်ခြည် ဖြိုးကြွယ်တောက်
ထက်အောက်အနန္တ စက္က၀ါ။

ဖီးမျိုးယှင်းကွာ ကင်းစင်ဘိ
မုနိဗုဒ္ဓ အာရဟံ။

သကျဇိနံ ဥဒိဿကို
ပူဇော်ရဟ ထီးတော်လှူ။

တိုင်းသားပြည်သူ သျှင်လူပေါင်းရို့
သောင်းသောင်းသာဓု ဟစ်အော်ကာ။

ပူဇပူဇာ ဂါဝရ
ဝန္ဒနာမ ဦးထက်တင်။

ဗုဒ္ဓအသျှင် ကိုယ်တော်မြတ်
ထီးတော်ကပ်လို့ လွန်သပ္ပါယ်။

တိုင်းမြတ်အလယ် ပြည်ဓညမှာ
သဂါဝရ ကုသိုလ်ဟုန်။

ပွားများပြည့်စုံ ထပ်ကာလောင်း
အန္တရာယ်ပေါင်း ကင်းဝီးကွာ။

ကိုးဆယ့်ခြောက်ဖြာ နာမဟိ
နတ်ရွာအတိ လွန်စည်ပင်။

ရဟန်းသျှင်လူ ဝေနေယျ
များစွာသတ္တ အီးချမ်းစီ။

လေးရပ်ဝတီ မာစီကြောင်းကို
ကျမ်းဟောင်းမော်ကွန်း စာအဆို။

မူလနဂိုရ် ပိုမယွင်း
များလူခပင်း သိလီအောင်။

ရက္ခတိုင်းဘောင် ဓညာထွန်းက
စာညွှန်းစီကုံး ပီးလိုက်တေ။

များပြည်သူ သျှင်လူအပေါင်း
သောင်းသောင်းသာဓု ခေါ်ကတ်လီ။

(သာဓု သာဓု သာဓု)

မှတ်ချက်။ ။၁၉၅၆-၅၇ ခုနှစ် သျှစ်သောင်းဘုရားသံထီးတင်ရာတွင် သံထီးကို သင်္ဘောဆိပ်မှလာကြိုစဉ်ဆိုသော သံကျပ်ကြီး။

မြန်မာစစ်အစိုးရ၏အဆိပ်ခွံကျွေးလုပ်ကြံမှုကြောင့် စစ်တွေထောင်၌ကွယ်လွန်လားခရသော ဆရာကြီးဦးသာထွန်းကိုယ်တိုင် ရွီးစပ်စီကုံးသည်။

No comments:

Post a Comment