Sunday, December 16, 2007

သိန်ကန်မိန်တွင်ရတု

သိန်ကန်မိန်တွင်ရတု

အပိုဒ် (၁)

သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း။ ပင်တိုင်းမှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီဝီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျှက်နှုတ်ဝယ်မုံရယ့်၊ စာခွန့်တုံရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့ရယ့်၊ ဧးယ်သို့ချစ်ဖွယ်ဆင်။ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်။ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို။ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမိစ္ဆိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်။ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံအယ့်။ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန့်စီချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်း။ ။

အပိုဒ် (၂)

နောက်ခွင်ကြာလွန်း၊ ရာသီစွန်းလျှင်၊ ရစ်သန်းလှည့်ခါ၊ သျှစ်ဖြာအုံးလာကြိုး၊ အာကာတိမ်းညွတ်၊ ပြိုလတ်ဘိသွင်၊ မယ်လျှင်လက်စုံမိုးရယ့်၊ ကြောက်ရွံ့စိုးညှိုးမျက်နှာ၊ လက်ရွှီဖြန့်ထား၊ သိကြားကိုလျှောက်ထားပါအယ့်။ တောင်ညာမဟီရင်သွီး၊ နှစ်ပါးမောင်နှံစုံ၊ ဘုန်းရိပ်လှုံကေ၊ ပဒုံကြာနံ့မွှီးအယ့်။ ချစ်ကြွီးမတင်ခင်၊ ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်စိုင်ကပင်တည့်။ ဘနတ်သျှင်လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပီးမြားစုလျားတင်၊ လက်ထပ်ရီသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်ရယ့်၊ ချစ်ကြိုးမျှင်သွယ်ရစ်ပတ်၊ နဝရတ်စီ၊ သိင်ဂီအိမ်ရှိယ့်နတ်နှင့်၊ စိန်ခြယ်သတ်အလယ်တွင်၊ မောင်းမများမြောင်၊ တထောင်မက၊ စံကြတုံးကိုပင်တည့်။ သုံးနှစ်ရာသီမှာ၊ ကုလားနီပြန်၊ သူရတန်က၊ အားအန်ပြတုံလာရယ့်၊ ခွန်ဘဏ္ဍာဆက်မသွင်း၊ ဥပရာဇ်သျှင်၊ မယ့်ထိပ်တင်ကို၊ အလျှင်ချီစေလျှင်းဟု၊ သောင်းတွင်းဇမ္ဗူပိုင်၊ အာဏာမိန့်မြတ်၊ ဘခင်နတ်က၊ အမတ်တထောင်၊ မြားမြောင်လက်နက်ကိုင်နှင့်၊ တောင်မဏ္ဍိုင်ပြိုမခန်း၊ ဆင်မြင်းစစ်ချီ၊ ပဲ့တင်ဝီကေ၊ ဧးယ်မြီသိမ့်သိမ့်ကျန်းမျ၊ နန်းအိမ်ရှိသိခင်၊ နံတော်ကမူ၊ စတူရပါဒ်၊ နက္ခတ်အထွန်း၊ ကျီးကန်းတာရာ၊ ဟင်္သာအထွက်၊ စစ်ချီတက်လျှင်တည့်။ နောက်ခွင်မောက်သူဇာ၊ ခရိုင်တလွှား၊ အပိုင်စားကေ၊ စံကားသုံးကြိမ်ကြာခယ့်။ တောင်တာကိုချင့်တွက်ပြန်၊ မယ်ရို့စံမြန်း၊ ရွှီဘုံနန်းနှင့်၊ ဂဏန်းသင်္ချာ၊ ယူဇနာမူ၊ နဝါဒသမှန်အယ့်။ အလျှင်အမြန်ပြန်စိယ်ကြောင်း၊ ဆုတောင်းဆုယူ၊ သိမ့်သိမ့်ဆူကေ၊ သျှင်လူများအပေါင်းတည့်။ နန်းလောင်းမယ့်သိခင်၊ အောင်ပန်းစိုက်ဆောင်၊ ဘုန်းခေါင်ပြန်စိယ်ချင်ရေ၊ လျှောက်တင်ခါပန်းစွတကားလည်း။ ။

အပိုဒ် (၃)

လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊ ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊ မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊ သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။ ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ စောထီးထားခယ့်မှာအယ့်။ ဘရာဇာမိန့်တော်မြတ်၊ ဦးထိပ်ရွက်ပန်၊ နန်းရံအိမ်ရှိယ်နတ်ကို၊ ရိုညွတ်လျှောက်ထားတင်၊ ရာသီပြောင်းရယ့်၊ မိုးနှောင်းဝါလ၊ ဆောင်းစအကူးတွင်နှိုက်၊ များဖျင်စစ်ဗိုလ်ခြီ၊ ထိုမြီတဝက်၊ လက်နက်ထားခယ့်စိယ်ဟု၊ မြောက်လီဖြူးလာလျှင်၊ ဘရာဇာမိန့်မြတ်ထူး၊ ဦးထိပ်ပန်ရွက်ဆင်ရယ့်၊ ရှိယ့်လာလျှင်နောက်လည်းကောင်း၊ ရုံးပေါင်းရှုမျော်၊ ညာဏ်တော်သာအကြောင်းတည့်။ မင်းလောင်းရာဇာ၊ ကြည်းရီတင်းကျန်း၊ မြစ်လမ်းနှစ်ဘက်မှာလည်း၊ နိယ့်မကြာအထပ်ထပ်၊ ရက်စပ်စိယ်ကျွန်၊ ရောက်လတ်ပြန်သော်၊ အမှန်မယုံလတ်ခယ့်။ နောက်ရပ်ပိုင်သိခင်၊ ဟေမန်အကူး၊ ရဲမှုးစစ်အောင်မြင်ရေ၊ ရောက်ထင်ကြာနန်းကတကားလည်း။ ။

သုဝဏ္ဏဒေဝီ (စောပြည့်ညို) ရွီးဖွဲ့သည်။

No comments:

Post a Comment