Monday, December 24, 2007

အသစ်စက်စက် ရက်

မိုးထ ရောင်နီသန်းဗျာယ်
ငါရို့တိအားလုံးအတွက်
အသစ်စက်စက် ရက်တရက် --။

ညကငိုထားရေ အမိမျက်လုံး
တတွတ်ရဲဗျာ မျက်ရည်တိ စိုနီတုန်း --။

(အားတင်းထားပါအမိ) လို့
ဖြေသိမ့်စကားက လွဲ
တခုလည်းမတတ်နိုင်ရေသားတိကိုယ်စား
ခွင့်လွှတ်ဖို့ တောင်းဆိုပါယင့်။

နီပူဒါဏ်ကြောင့်
နီကြံကြံဆံပင်နန့် ငါ့အစ်မ
ဝမ်းနည်းစရာတိများရေခါ
ဇာကိုဝမ်းနည်းရဖို့လဲမသိလို့
(အကျွန်မငိုအောင် ကျင့်ထားရေ) လတ် --။

မတော်မတရား စော်စော်ကားကား
ယုတ်ကန်းတိ အနိုင်ကျင့်ခံရတိုင်း
တက်ခေါက်အံကြိတ်စွာများလွန်းလို့
ပြုံ့လိုက်တေအခါပင်
တင်းနီရေမျက်ကြောနန့်
ငါ့ပါပါ ငါ့အစ်ကို --။

ရောင်နီသန်းရေ
အသစ်စက်စက် ရက်တရက်ကို
ငါရို့ ဘဇောင်ကြိုဖို့ရောင်--။

(ဇုန်ဒတ်)

Wednesday, December 19, 2007

ဘ၀ဒဿန

ငြိမ်းချမ်းရေ ရွာချေတရွာကြား
ဖြတ်စီးလားရေ ချောင်းကမ်းနားမှာ
ငါးမျှားနီရေကုလချေတယောက်၏ငါးမျှားတံပိုင်
ကျွန်တော်ရေဖြောင့်လည်းဖြောင့် ကောက်လည်းကောက်
လူသားထဲက လူတယောက်ပါ --။

ဝမ်းရေးအတွက်
တနပ်ထမင်းကို ရှာကြံစားသောက်ယင်း
ဘ၀ပယိုင့်ကို ဇလွယ်သိုင်းလို့
အရိုင်းတောနက်မှာ
ကျင်လည်ကျက်စားခရရေ လူတယောက်ပါ --။

ဗုဒ္ဓဘာသာဆိုကေလဲ့
သူတပါးအသက်ကို သတ်ဖြတ်လို့
ပါဏာဋိပါဋာကံကိုလည်း
ကျူးလွန်ဖူးခပါရေ --။

မုသ၀ါဒါကို အဓိပ္ပါယ်မဖွင့်တတ်ကေလဲ့
လိမ်ဝါရေဆိုစွာ
ကျွန်တော်နားလည်ပါရေ --။

အချစ်မှာ ခြီကျွံလို့
အပြစ်တခါးပိုက်နန့်
ဓမ္မသစ်ကျမ်းကိုလည်း
ဖတ်ဖူးပါရေ --။

နားလည်၏ နားမလည်၏
ကျွန်တော်မသိပါ
ဝိပဿနာရှုစားစွာမဟုတ်ကေလဲ့
ဥပေက္ခာပွားများလို့
ကျွန်တော်အိမ်က ထွက်ခွာလားသူပါ --။

နီမကောင်းလို့
စွပ်ပြုတ်ရည် ပူပူတခွက်သောက်ချင်မှ
အိမ်က အမိကို သတိရရေ --။

တော်လှန်ရေးဆိုရေ
အကွေ့အကောက်များရေ
မက္ခရာနယ်မြီထဲသို့ဝင်ရောက်
လမ်းစလည်း ပျောက်ဖူးပါရေ --။

အမှန်တရားအတွက် တိုက်ပွဲဝင်ယင်း
တရားအမှန်ကို ကျွန်တော်မသိခပါ --။

ပျောက်ယင်းရှာ ရှာယင်းပျောက်
ပြောက်ကျားတယောက်လည်း ဖြစ်ဖူးပါရေ --။

(Non-Violence) ကို ကျင့်သုံးရေဆိုခါမှ
ပေါက်ခါနီး မီးတောင် (Volcano) တခုပိုင်
ကျွန်တော့်ရင်ထဲ
ဒေါသတိပိုများလာရေ --။

တိုက်ဖို့ရန်သူက အင်အားကောင်းလို့
ကျွန်တော့မှာ အပ်တချောင်းတောင်မဟိပါ --။

နိုင်ငံရေးပုစ္ဆာကို
အဖြေရှာဖို့ကြိုးစားယင်း
ဝမ်းရေးပြဿနာကို
မဖြေယှင်းနိုင်သူတယောက်ပါ --။

ပဋိပက္ခနန့် ၀ိရောဓိ
အခုထက်ထိ မသေးကွဲ
ဘွဲ့လည်းရဖူးပါရေ --။

သူများကို ဝေဖန်လို့
ကိုယ့်ကျကေ မခံ
တန်ပြန် လျှာလှံနန့်ထိုးသူပါ --။

သတ္တ၀ါရို့သည်
သူတပါး၏ (နှမ်းစိလောက်) အပြစ်ကို မြင်လွယ်၏
မိမိ၏ (ထန်းသီးလောက်) အပြစ်ကို မြင်ခဲ၏ - ဆိုရေ
ဓမ္မပဒဂါထာကို အပြန်တရာ ဖတ်ကေလဲ့
အခုထက်ထိ နှုတ်ကျက်
မရသိမ့်ရေ လူပါ --။

ယေကေလဲ့ ကျွန်တော်
ဇွဲမလျော့ပါသိမ့်
ဆက်တိုက်ဖို့ တိုက်ပွဲအတွက်
အားသစ်တဖန်ပြန်မွီး
ဒါးသွီးလျှက်ပါ --။

သာလှဦး
(23/2/99)

မိုးသထအာရုဏ်

ညဉ့်သန်းခေါင်လေ၊ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့၊ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း၊ သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ၊ ချက်လတ်တေ --။

ဂြိုးငှက်လူပျို၊ တေးခြင်းဆိုလို့
စိမ်းညိုရွက်နု၊ နှင်းထုဝီ၀ီ
လီချေသွတ်သွတ်၊ တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ၊ ချမ်းလတ်တေ --။

အာရုဏ်ပျိုးလို့၊ မိုးသထမှာ
နိုးထအားမာန်၊ ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ်၊ ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း၊ စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ၊ အားရရေ --။

ရောင်နီသန်းကေ၊ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ၊ မိတ္တာမြီမှာ
ပီတိနှိုးဆော်၊ သာထုခေါ်မိ
မှန်းမျှော်နိဗ္ဗာန်၊ သံစည်သံလည်း
မာန်စွယ်နှိမ့်ချ၊ ငြိမ်းချမ်းစွ --။

မောင်နန်းလှ (မြောက်ဦး)

စွမ်းအားသျှင်

အကိုင်းချိုးလည်း၊ မညှိုးပင်ပျို
စိမ်းစိုစိုနှင့်၊ နဂိုအသွင်
စိမ်းရောင်ဆင်၏ --။

အပွင့်ခူးလည်း၊ အဖူးဝင့်ပျို
ရွှမ်းတင့်စိုလျှက်၊ နဂိုအသွင်
ရောင်စုံဆင်၏ --။

အရွက်ခြွီလည်း၊ မကြွီကိုင်းပျို
မိုးကိုမျှော်လျှက်၊ နဂိုအသွင်
လှရိပ်ထင်၏ --။

အကိုင်းအပွင့်၊ အရွက်လွင့်လည်း
တင့်ခိုင်ပေစွ၊ ပင်စည်လှသည်
လောကအလယ်၊ အလှကြွယ်ဖို့
အံ့ဖွယ်စွမ်းဆောင်၊ ဂုဏ်ဝင့်ပြောင်၏
အောင်နိုင်သူရို့စိတ်ဓါတ်တည်း --။

စောသျှင်ကျော် (မြေပုံ)

လောကသာရပျို့

အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပျင်နိစ္စ
ကွပ်ဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော့၊ ပေါ်လွင်မပြု
ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း --။

မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်
ကြီးလှသက်အို၊ မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်းငြိမ်းစီမင်း --။

ထုံးမှီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံးလလျှက်
တုပ်ကွပုဆစ်၊ ဆရာစစ်သို့
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ
ဆရာထံ၌၊ သင်အံမှတ်သိ
တနိတခြား၊ ပွားများစုံစီ
ဝမ်းထဲခွီ၍၊ တလီတထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင်ကြွယ်စီမင်း --။

(ရခိုင်သူမြတ်)

ရခိုင့်အာဇာနီ (ALP) ဥက္ကဌကြီးနှင့်မိုးလင်းရာဇာစစ်ကြောင်း

တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ကယ်တင်ရန်ဖြစ်သည်။ မတရားစိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့်ညှဉ်းပန်း၊ သိမ်းယူအမြတ်ထုတ်၊ အကျင့်ယုတ်ကို ဖယ်ထုတ်ခြင်းဖြစ်သည်။ ငါရို့တိစွာ ရီခြားမြီခြား တိုင်းတပါးမှာလာရောက်ပြီး ဒုက္ခဆင်းရဲခံ တော်လှန်နီကတ်တေ။ ရခိုင်တော်လှန်ရေးစွာ ရခိုင်ပြည်မှာဟိသင့်ရေ - မှန်ရေ။ ယေကေလဲ့ နီရာဒေသကာလကြောင့်။ ရည်မှန်းချက်ကိုနားလည်ကတ်ရဖို့။ ခံယူချက်ခိုင်မြဲရဖို့။ လက်ဟိနိုင်ငံရေးအခြေအနေနန့် မြန်မာလူမျိုးရေးဝါဒီတိကို တိုက်တေအခါ တဦးချင်းတယောက်ချင်း တဖွဲ့ချင်းထက် ဘ၀တူအဖိနှိပ်ခံလူမျိုးများနှင့် လက်တွဲပူးပေါင်းတိုက်စွာ ပိုကောင်းရေ။၏
အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတဦး၏မပြောပလောက်တေပြဿနာအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံးလွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကိုကယ်တင်ချင်ကေ ဇွဲမာန်သတ္တိအားကို အရင်းနှီးပြုနိုင်ရဖို့။ ကိုယ်ကျိုးစွန့်လွှတ်နိုင်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်းပီသဖို့။

၁၉၇၃-ခုနှစ် ဇန်န၀ါရီလ (၇) ရက်နိ ၀မ်းခစခန်း၌ စာရွီးသူအပါအ၀င်ရဲဖော်ခုနှစ်ဦး လူသစ်အဖြစ်စတင်ရောက်သောနိ၊ ညစာထမင်းစားနီတုန်း နှုတ်ဆက်စကားဖြစ်သည်။ နှဖူးကချွေးတပြိုက်ပြိုက်စီးဆင်းနီသည်။ မျက်နှာပြင်နှင့်တကိုယ်လုံးမှာ မီးသွီးများပယ်ကျံနီသည်။ ၀မ်းသာမှုအားရမှုများက မျက်နှာပြင်တခုလုံးမှာ ပေါ်လွင်နီသည်။

ထမင်းစားပွဲမှာ စားစရာငပိရည်၊ တို့စရာသဖန်းသီးအပြင် ဇာလည်းမဟိ။ ငပိရည်နှင့်ရခိုင်သား။ ရခိုင်သားနန့်ငပိရည်။ အရိုးခံအမှန်ပြောရကေ အော့အံမိသည်အမှန်။ တော်လှန်ရေးအတွက် အသက်ပီးဖို့ဆုံးဖြတ်လာပြီးမှ အစားအသောက် ပဇီပဇာများနီလို့မဖြစ်။ ကြိတ်မှိတ်လို့ တော်လှန်ရေးအတွက် မီးသွီးဖုတ်နီသော ဥက္ကဌကြီးခိုင်မိုးလင်း၏စိတ်ဓါတ်နှင့်ရည်မှန်းချက်ကို လေးစားချီကျူးရသည်။ နှစ်သိမ့်ရသည်။ ယင်းပိုင်နန့် တော်လှန်ရေး၏ပထမညည့်ကုန်လွန်မြောက်ခသည်။

နောက်တနိနီထွက်ချိန် (၉) ချက်တီးခန့်။ ကော်မူးရာ ၀မ်းခစခန်း၏အမှောင်ရိပ်ကို ထိုးဖောက်လာသော နီမင်းကြီး၏ရောင်ခြည်များက သွယ်တန်းလျက်ဟိသည်။ ကျီးငှက်များ ထိုပင်ဒေပင် တပင်ထက်တပင် ပျံသန်းဆူညံနီကြသည်။

စာရွီးသူနှင့်ရဲဖော်များသည် နွီးထွီးသော နီရောင်ခြည်များကိုခိုလှုံယင်း ဖြစ်ကြောင်းကုန်စင်ပြောဆိုနီကြသည်။ (ညီချေရို့ ဒေကိုလာကတ်) ဟု ဥက္ကဌကြီးကလှမ်းခေါ်လိုက်သဖြင့် အကျွန်ရို့သွက်သွက်ချေရောက်လာကြသည်။ မင်းကဘုန်းကြီးလူထွက်ဆိုကေ အစားအသောက်ဆင်းရဲဒါဏ် ချက်ချင်းခံနိုင်ချင်မှခံနိုင်ဖို့။ ကျင့်သားရကေ မျိုးချစ်စိတ်ခိုင်မြဲလာဖို့ ခံနိုင်ရည် ဟိလာဖို့သေချာရေ။


ငါ့နာမည်ခိုင်မိုးလင်း
မိုးလင်းကေ နီမထွက်လား။
ထွက်ပါရေ ဥက္ကဌကြီး - ဟု ပြိုင်တူဖြေလိုက်ကတ်သည်။
နီထွက်ကေရောင်ခြည်တိမတွိရလား။
တွိရပါရေ။
ရောင်ခြည်လာကေ အမှောင်မပျောက်လား။
ပျောက်ပါရေ။

ရခိုင်ပြည်ကို နည်ချဲ့တည်းဟူသော အမှောင်ထုဖုံးလွှမ်းထားသည်။ အမှောင်ထုကွယ်ပျောက်ရန် မိုးလင်းဖို့လိုသည်။ မိုးလင်းလို့နီထွက်တေ။ နီထွက်ကေ နီရောင်လာရေ။ အေနိအေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား - ဟု စာရွီးသူနှင့်အဖွဲ့အား နာမည်ကင်ပွန်းတပ်ပီးပါသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် အလွန်ရိုးဖြောင့်၏။ အရပ်မှာ ၅ ပေ ၁၁ လက်မ။ အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်း မိန်းမမလိုက်။ ရွှေမမက်ငွေမမက်။ တပည့္မမြီး။ လက်အောက်ငယ်သားများကို ဆက်ဆံရာတွင် တန်းတူရည်တူဆက်ဆံသည်။ ခန့်ငြားလှပသည့် ဥပဓိရုပ်ဟိသည်။ မည်သည့်အလုပ်မဆို ပြတ်သားတိကျသည်။ ယုံကြည်ချက်နန့်အတူ ကာယဥာဏစွမ်းအားဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သည်။ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဟိဟိ ဇွဲပြည့်ပြည့်ဆောင်ရွက်နိုင်သကဲ့သို့ အောက်လက်ငယ်သားများကိုလည်း ထူးထူးကဲကဲ အရည်အသွီးပြောင်မြောက်လာရန် ညွှန်ကြားဆုံးမပီးနိုင်သည်။

ကော်မူးရာစုဆောင်းရေးအဖြစ် လူအင်အား (၅၀) ဟိသည်နှင့် မဟာမိတ်ကရင်စခန်း၌ အခြီခံစစ်သင်တန်းပီးသည်။ ယုံးလုပ်ငန်း၊ လက်နှိပ်စက်သင်တန်း၊ မိုင်းသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် သူနာပြုသင်တန်းစသည်များကိုသင်ကြားရာ သင့်တော်ရေပိုင်မွမ်းမံပီးသည်။

၁၉၇၄-ခုနှစ်တွင် ရဲဖော်သစ်များအဆက်မပြတ်ရောက်လာ၍ အင်အားကောင်းလာသဖြင့် သင်တန်းကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့်သတ်မှတ်၍ ကရင်တပ်မတော်၌ တက်ရောက်စီသည်။

၁၉၇၄-ခုနှစ်မှာပင် မြ၀တီ၊ သင်္ကန်းညီနောင်၊ မဲပလဲစခန်းများကို မဟာမိတ်တပ်များနှင့် ပူးတွဲစစ်ဆင်နွှဲသည်။ ရခိုင်တပ်မတော်မှာ အင်အားရာကျော်လာသည်နှင့်အမျှ အောင်လံထူ၊ အလေးပြု၊ သစ္စာဆိုရသည်။ စစ်အင်အားကိုလည်း ပိုမိုလှုပ်လျှားကြသည်။ အယင် ရိုင်ဖယ်သေနတ်အဖြစ်မှ ခေတ်မှီမောင်း ပြန်သေနတ်များ တပ်ဆင်ပီးသည်။ ရိက္ခာများကိုလည်း ကရင်မဟာမိတ်တပ်ရင်းမှ လိုလေသေးမဟိထုတ်ပီးသည်။ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်ကို စစ်ကြောင်းကြီးလေးကြောင်းဖြင့် မဟာမိတ် (KNU) တပ်မတော်နှင့်အတူ ကရင်ပြည်ဒေသတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။

စစ်ကြောင်းလားရာဒေသတလျှောက် ရိုးသား၍သနားဖို့ကောင်းသော ကရင်ပြည်သူများအား စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်မြင့်မားလာစီရန် ပီးသင့်သည့်အကာအကွယ်ကိုပီး။ မသိနားမလည်သည်များကို ပညာပီး။ လေ့ကျင့်မှုများပြုလုပ်။ တရွာဝင်တရွာထွက် တိုက်ယင်းခိုက်ယင်း၊ လှည့်လည်ယင်း၊ စည်းရုံးယင်း ကရင်ပြည်တွင် ရခိုင်စစ်သည်များကို ကရင်ပြည်သူများက ယုံကြည်အားထားလာကြသည်။ တမျိုးတည်းတဆွီတည်းပမာ ချစ်ခင်ရင်းနှီးလာကြသည်။ ရခိုင်စစ်တပ်များ ကရင်ကျွန်းရွာများ ရောက်သည်နှင့် ဆန်ဖွတ်ထင်းခွဲ၊ မောင်းထောင်းအလုပ်ဝင်လုပ်သည်။ လုပ်အားပီးသည်။ သို့ဖြင့် ကရင်ပြည်တွင် ရခိုင်ရဲဖော်များအတွက် အစားအသောက်မယှား။ ပီးကမ်းချင်သူများသည်။ လက်ကမ်းကြိုဆိုကြသည်။ သားနှင့်အမိ၊ မောင်နှင့်နှမ၊ တမိတည်းသားပမာချစ်ကြသည်။

ကရင်ပြည်တွင် မဟာမိတ် (KNU) နှင့် စစ်ဆင်ရေး ဒေသတလျှောက် ထိုးစစ်ဆင်နွဲ၊ မြို့သိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မရွီမတွက်နိုင် တိုက်ခကတ်သည်။ မိုးလင်းရာဇာစစ်ကြောင်းမှ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော်၏ရဲဖော် (၃၁) ဦး အသက်ပီးခသည်၊ ကရင်ရခိုင်ချစ်ကြည်ရေးမဏ္ဍိုင်ကို သွီးစက်ခင်း၍စိုက်ထူခသည်။ ကရင်နှင့်ရခိုင်သမိုင်းတွင်ကား မှတ်တိုင်အဖြစ်ထင်ရှားခလီဗျာယ်။

၁၉၇၆-ခုနှစ် ဇွန်လ (၅)ရက်သော်လဲထားစခန်း

ရဲဖော်ရို့ ငါရို့ရခိုင်တပ်မတော်ရေ မဟာမိတ်နယ်မြီဒေသခံများနန့်ပူးပေါင်း၍ ရန်သူမြန်မာလူမျိုးရေးဝါဒီများကို ယှင်းလင်းသုတ်သင်ခစွာ (၂) နှစ်ကျော် (၃) နှစ်ထဲကိုရောက်ပျာယ်ဆိုစွာ ရဲဖော်ရို့အသိ။ စစ်ရေးနိုင်ငံရေး၊ တိုက်ခိုက်ရေးနီရာတိုင်းမှာ အောင်ပွဲခံနီတုန်းဖြစ်တေ။ နောက်ထပ်လည်းဆက်လက်ပြီးကေ အောင်ပွဲခံဖို့ရာသိမ့်။ ဦးတည်ချက်အရ ရည်မှန်းချက်ကျန်သိမ့်ရေ။ ယင်းရည်မှန်းချက်မှာ ရခိုင်ပြည်ရခိုင်လူမျိုးလွတ်မြောက်ရေးနှင့် အချုပ်အချာအာဏာကို ရခိုင်ပြည်သူလက်ဝယ်သို့ ပြန်လည်ရောက်ရေးဖြစ်တေ။ ငါရို့ရခိုင်တပ်မတော်မှာ လုံးလုံးတာဝန်ဟိရေလို့ မှတ်ယူကတ်ရဖို့။ ယင်းကြောင်း ၁၉၇၆-ခုနှစ် ဇွန်လ (၂၀) ရက်နိကို ရခိုင်ပြည်သို့ ပြန်ဖို့နိအဖြစ်သတ်မှတ်တေ။

ရဲဖော်အားလုံး လက်ခုတ်လက်ဝါးတီးထောက်ခံကြသည်။

ဆက်လက်ပြီးပြောချင်စွာက ငါရို့ရဲဖော်ရို့အားလုံးစွာ မိုင်ထောင်ပေါင်းများစွာကိုကျော်ဖြတ်ကတ်ရဖို့။ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း၊ ငတ်ပြတ်ခြင်းနန့် ရင်ဆိုင်တွိကြုံကတ်ရဖို့။ ရန်သူနှင့်လည်း တိုက်ပွဲပေါင်းများစွာ တိုက်ချင်ကေတိုက်ရဖို့။ ဇာလောက်ပင် အခက်ခဲဟိဟိ ကျော်လွှားဖို့စိတ်ဓါတ် မွီးကတ်ရဖို့။ ကြံ့ခိုင်မှုဟိရဖို့။ ဇွဲသသတ္တိဟိရဖို့။

အေအကျပ်အတည်း ပင်ပန်းမှုနွမ်းနယ်မှု၊ ဆင်းရဲမှုမျိုးစုံကို မျိုးချစ်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုကယ်တင်လိုစိတ် စစ်သားပီပီ အာဇာနီမျိုးကောင်းများရို့ဇွဲမာန်အားမာန်နန့် ဖြီဖျောက်ကတ်ရဖို့။ အေအခက်အခဲတိကို ခံနိုင်ရည်မဟိသူ၊ ခံနိုင်ရည်မဟိလို့ယူဆသူ၊ တွေဝေနီသူများ အခုကပင် ထွက်ကျန်လိုက်ပါ။ ရန်သူထံလုံးဝဒူးမထောက်၊ လက်မမြှောက်ရ။ ရခိုင်လက်နက် ရခိုင်လက်ထဲမှာဟိရဖို့။ စိတ်ပျက်သူ၊ စိတ်ဓါတ်ကျသူများ လက်နက်ကိုအပ်။ ထွက်စာတင်။ စားစရိတ်လမ်းစရိတ် (၅၀၀၀) ထုတ်ပီးလိုက်မည်။ အားလုံးသဘောပေါက် နားလည်ကတ်ယင့်လား။

ဟုတ်ပါရေ။
စိတ်ပျက်တေလူဟိလာ။
မဟိပါ။
ရခိုင်ပြည်ကိုချီတက်ကတ်ဖို့မဟုတ်လား။
ချီတက်ပါမည်။
စစ်ကြောင်းသတ်မှတ်မည်။ နားထောင်။
စစ်ကြောင်းနာမည် -

မိုးလင်းရာဇာစစ်ကြောင်း။
မိုးလင်းရာဇာစစ်ကြောင်း။
မိုးလင်းရာဇာစစ်ကြောင်း။

ဝန်းကျင်တခုလုံးကို ရခိုင်လွတ်ပြည်လွတ်မြောက်ရေးပါတီ၊ မိုးလင်းရာဇာစစ်ကြောင်းအသံက လွှမ်းမိုးလားသည်။ ရဲဖော်အားလုံး ရဲစိတ်ရဲမာန် ဇာတိမာန်ဖြင့် ၀မ်းမြောက်ကြသည်။

သီမင်းနှင့်မိုးလင်းရာဇာစစ်ကြောင်း

အချိန်အခါသမယမှာ အမှောင်အားကောင်းချိန် လမိုက်ညည့်ဖြစ်သဖြင့် ၀ဠာပြင်တခွင် ကြည်လင်ခြင်းမဟိ။ ငွေစင်ကြယ်ချေတိ တိမ်တိုက်များနောက်ကွယ် ပုန်းလျို့ဝှက်လျို့။ လမိုက်အမှောင် အကာလ၀န်းကျင် အလင်းဟူ၍မဟိ။ ၀န်းကျင်တခုလုံးကား ထိတ်လန့်စရာ။ အတွေးများဖြင့်အိပ်မပျော်။ သိလာရသည်က နက်ဖန်ခါ။ ပြန်ရဖို့ယေထော - ရင်ထဲကအသိ။

ရင်းနှီးမှု ခင်မင်မှု၊ ချစ်ခင်မှု တွယ်တာမှုသံယောဇဉ်များဖြင့် ညည့်ဦးပိုင်း နှုတ်ဆက်ခသည့်ရဲဖော်ရဲဖက်၊ သီဖော်သီဖက်၊ သူငယ်ချင်းများ၊ ကရင်ပြည်သူများ၊ အထူးသဖြင့် ရင်ထဲမှာ နှိုးဆွခံစား သံယောဇဉ်ပွားမိသည့်အမိုး၊ နော်ဖလဲထူး၊ ဖထီးစောကျော်၊ ဒေးမူးနော်ချိုအေး။

မလွှဲသာ ခွဲခွာကြရမည့် အသိတရား။ စီးကျသည့်မျက်ရည်။ ပူလောင်သည့်နှလုံးသား။ မျက်နှာကိုလက်အုပ်ပြီး ၀မ်းနည်းသံ။ ငိုသံများက စာရွီးသူ၏နှလုံးသားကို ဒါးပါးပါးနန့်လှီးဖြတ်လိုက်တေပိုင်။

မငိုပါကဲ့ - ဒေးမူ။ အမိုးဖထီး - မငိုပါကဲ့။

အမိုး၊ ဖထီး၊ ဒေးမူ မျက်ရည်ကျစွာကိုမြင်ကေ မချိအောင်ခံစားရရေ။ ကုသိုလ်ကံထောက်မလို့ သီကံမရောက် သက်မပျောက်ကေ ဒေးမူရို့ပါးကို အရောက်ပြန်လာခမည်။

ပြောရာပြောရသည် ရင်ထဲမှာ ထိမ်းမနိုင်ခဲမရ။ ကျလာသည့်မျက်ရည်။ အုံပုန်းလူမသိ။ စစ်သားကြီးက မျက်ရည်စကိုသုတ်လို့ တပ်ရင်းထဲပြန်လာခရသည်။ တိတ်ဆိတ်သောညည့်အမှောင်ထုက တစထက်တစလွှမ်းမိုးလာကာ ပုရစ်သံ၊ ပုဇိုင်းသံ၊ တောတိရိစ္ဆာန်သံပင်မကြားရ။ အပ်ကျသံပင် ကြားဖို့ထင်သည်။

အိပ်မရလီ စိတ်ကဂယောက်ဂယက်ဖြစ်လီ။ အတွေးသံသရာ ၀ဲချာလည်လျှက် ညည့်ဦးယံ တမှေးချေလဲ့အိပ်မပျော်။ မိုးစင်စင်လင်းလတ်သည်။ တပ်မှူးတပ်ဗိုလ်များအမိန့်အတိုင်း ကိုယ့်အထုပ်ကိုယ်ထမ်း။ ကိုယ့်လက်နက်ကိုယ်ကိုင်။ လားရဖို့ခရီးစဉ်အတိုင်း စီစဉ်ကတ်ရသည်။

၁၉၇၆-ခု ဇွန်လ (၂၀) ရက်။

အေတသက် မိလို့ရလီဖို့မဟုတ်။ ကရင်ပြည်နယ် သော်လဲထာစခန်းမှ ထိုင်းနိုင်ငံဖက်သို့ စက်ဘုတ်ဖြင့် မိုးလင်းရာဇာစစ်ကြောင်းစကူးသည်။

အတိတ်စွာ အရိပ်ကဲ့သို့ စိတ်အယဉ်ဝယ် နစ်မျောချင်တိုင်းနှစ်မျောနီလိမ့်မည်။ အငြိုးကြီးရေ ဇွန်လမိုးကလည်း မညှာမတာ တဂြိုင်းဂြိုင်းရွာသည်။ အေပိုင်ပင်လဲ့ အငြိုးကြီးပါလား မိုးမင်းလို့ တတိုးချေဆိုမိသည်။ စိတ်ထဲရင်ထဲမှာတော့ ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ရဖို့စွာတောင် ၀မ်းမသာမိ။ တခုခုကျန်ခရေပိုင် ရင်မှာ ဟာလာဟင်းလင်းကြီး။ ဆောင်းညည့်အိမ်မက်လည်းမဟုတ်။ ၀မ်းနည်းမှုနန့်အတူ ကျန်လိုက်ခဖိ ကရင်ပြည်။ လွမ်းကျန်ခဖိ ဒေးမူ။ ခွင့်လွှတ်ကတ်ပါ၊။ ခွင့်လွှတ်ယင်း နှစ်သိမ့်ပါရစီ။

ထိုင်းနိုင်ငံမှ မြန်နိုင်ငံသျှမ်းပြည်ဟိရာသို့တည့်တည့် ခြီကျင်တမျိုး၊ ကားစီး၍တဖုံ၊ ဗိုလ်မှူးကြီး ခွန်လုံဖစခန်းကို လျှောက်ကြရသည်။ မိုးစစုန်းချုပ်မှ မိုးလင်းရာဇာစစ်ကြောင်း ရောက်သည်။

နှစ်ရက်နားပြီးနောက် နိမရွီးညည့်မယှောင် တောကိုကျော်။ တောင်ကိုဖြတ်။ မြောင်ကိုကူး။ တောင်တက်တောင်ဆင်း မြီနိမ့်လွင်ပြင် ခြုံနွယ်တောတန်း အကွေ့အကောက် ၀င်္ကဘာပေါင်းမြောက်များစွာကိုကျော်ဖြတ်ယင်း သျှမ်းပြည်တောင်ပိုင်း မေအိုးရွာနား ပအို့ဖြူ ခွန်စံသိန်းစခန်းသို့ ရောက်သည်။

မေအိုးရွာပအို့စခန်းတွင် မိုးလင်းရာဇာစစ်ကြောင်း (၅) ရက်မျှ အနားယူရသည်။ ယင်းစခန်းမှ သံလွင်ပအို့စခန်းသို့ ချီတက်ကတ်ရဖို့သိမ့်။ သံလွင်မြစ်ကို စက်ဘုတ်ဖြင့်ကူးရဖို့စွာ တွေးကြည့်ကေ အသဲယားသည်။ လမ်းကကြမ်း ခရီးကပမ်း၊ သမင်တောက်သံ ဂျီဟောက်သံ၊ တောမြိုင်ယံဝယ် လွမ်းဖွယ်သာမော တေးခြင်းသံများကြားယောင်မိသည်။

တိုင်းပြည်နန့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် တာဝန်ကျီကတ်ရမည်။ တပ်မှူးတပ်ဗိုလ်များအမိန့် နာခံကတ်ရမည်။ ရဲစိတ်ရဲမာန်၊ ဇွဲသသတ္တိ လုံ့လ၀ိရိယဟိကတ်ရမည်။ ဗူးကိုမွိရာ သစ်ငုတ်ကိုဂေါင်းအုံး - ဆိုစွာ တော်လှန်ရေးသမားအတွက် ပြဿနာမဟုတ်။ ကာယစွမ်းအား ဥာဏစွမ်းအားစွာ ငါရို့၏ကယ်တင်သျှင်။

ရန်သူကိုအထင်သေးလို့မဖြစ်။ စစ်ကြောင်းကို တပ်စုတပ်စိတ်ဖြန့်၍ ခရီးနှင်ကတ်ရမည်။ ဟိုပုန်းမြို့နယ် ဆီဆိုင်မြို့နယ်သို့ ရောက်သောခါ ရဲဖော်နှစ်ယောက်ပျောက်ဆုံးနီသည်။ ခိုင်ကျော်ဇံဟိန်းနှင့် ခိုင်သံမဏိ နှစ်ယောက် သီသည်ရှင်သည် မသိရ။ သူရို့နှစ်ယောက် ရောက်မလာနိုင်၍ စိတ်မကောင်းဘဲ သျှမ်းပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ ဆက်လက်ချီတက်ကြရသည်။

အထူးသဖြင့် လေးကျား-မိုင်းကိုင် ကားလမ်းကိုဖြတ်ပြီးမှ သျှမ်းပြည်အလယ်ပိုင်းသို့ ရောက်မည်ဟုသိရသည်။ ဒေသခံနှင့်မဟာမိတ်များပြောပြချက်အရ သီမင်းတမန်ကားလမ်းအဖြစ် နာမည်ကြီးသည်။ တော်လှန်ရေးသမားများကို ဒုက္ခအပီးဆုံးကားလမ်း။

မိုးလင်းရာဇာစစ်ကြောင်း၏ခံယူချက်က ယှောင်လို့ရကေယှောင်မည်။ တွိကေတိုက်မည်။ နောက်ဆုတ်ရန် ကြောက်ဒူးတုန်ရန် မြုံမှုန့်သဲမှုန့်ချေမျမဟိ။ ဆိတ်ငြိမ်ခြင်းဖြင့် လျှို့ဝှက်မှုများကို သေချာစွာထိန်းသိမ်းရန်မှာ သေနင်္ဂဗျူဟာ။ တပ်မှူးတပ်ဗိုလ်အားလုံး နားလည်ပြီးသောအလုပ်။

မိုးကသဲသဲမဲမဲရွာသည်။ လီကြီးမိုးကြီးတိုက်သည်။ နိနှင့်ည ညနှင့်နိ မိုးရွာလီထ ချမ်းရေမဟိ။ အခွင့်သာခိုက် လုံ့လစိုက်သည့် နည်းဗျူဟာကို သုံးကြရမည်။

ဂျိလာပုတ်များ ခြုံနွယ်များ ဆူးပင်များကို ဂရုစိုက်ဖို့ထက် ဖြတ်ကျော်လွန်မြောက်ဖို့ အရေးကြီးသည်။

ရန်သူလှုပ်လျှားမှုနှင့်အခြေနေကို သုံးသပ်ရမည်။ ရန်သူ၏ငိုက်ကွက်ကို အလေးထားရမည်။ ရန်သူပျော့ကွက်ကို အနိုင်စီးရမည်။ မိုးလည်းကောင်း။ အချမ်းကပို။ ရန်သူများ ကတုတ်ထဲကထွက်ပြီး အိပ်ပျော်နီပုံရသည်။ ဖင်ထဲကြွက်ဝင်ကေတောင် နိုးဖို့မဟုတ်။ သီမင်းတမန်ကားလမ်း ဖြတ်ကူးရာတွင် သေနပ်တချိန်းလည်း မဖောက်ခရလို့ စိတ်ထဲ အခဲမကျီ။ သျှမ်းပြည်အလယ်ပိုင်း မိုးဟိန်းစခန်းကို ခလုန့်မတိုက် ကျားမကိုက်ဘဲ ကောင်းကောင်းမွန်မွန်ရောက်သည်။

သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းသို့ချီတက်ရာတွင် မြန်မာစစ်တပ်ကို ကွေ့ယှောင်ရရေပိုင် ကွန်မြူနစ်ပါတီကိုလည်း လမ်းလွှဲခရသည်။ မြွီပူရာကင်းမှောင့် - ဆိုရေအတိုင်း ကွန်မြူနစ်တိက ၀င်ရောက်ခြီယှုပ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကချင်တပ်မဟာ (၄) ဗိုလ်မှူးကြီး ဇော်ဘန်စခန်းကိုအရောက် အခက်အခဲမြောက်များစွာဖြင့် ချီတက်ခရသည်။

ကချင်တပ်မဟာ (၄) တွင် ရက်ပေါင်း (၃၀) ခန့်အနားယူပြီးနောက် ရဲဖော်အားလုံး စိတ်ဓါတ်မကျ တက်ကြွတုန်းဖြစ်သည်။ မိုးရွာနီပူ နိညမဟူ ပူခြင်းငတ်ခြင်းအီးခြင်းကို အရေးမစိုက်။ ရခိုင်ပြည်နှင့်ရခိုင်လူမျိုးအတွက် ရခိုင်ပြည်သို့ မိုးလင်းရာဇာစစ်ကြောင်းရောက်ဟိနိုင်ရေးသည်သာ ပဓာန။

ဆက်လက်ပြီးထွက်လတ်ရာ သိန္ဒီမြို့နယ်အတွင်း ရန်သူစစ်ကြောင်းနောက်မှလိုက်သည်။ ရန်သူစစ်ကြောင်းကို နားလှည့်ပါးလှည့် ယှောင်ကွင်းနိုင်ခသည်။ ရန်သူ၏လှုပ်လျှားမှု စစ်ဆင်မှု ထိုးနှက်မှု အဆုံးသတ်ပြန်လည်ဆုတ်ခွာပြီးမှသာလျှင် မိမိဦးတည်ရာ ကချင်ပြည်ဖက်သို့ ချီတက်ရသည်။

ရွှေလီမြစ်အနား ရွှေပလောင်ရွာဝန်းကျင်၌စခန်းချပြီး ခေတ္တထမင်းစားကြသည်။ ဒေသခံကချင်တပ်မှ ရန်သူမဆလစစ်တပ်အဖြစ်အမှတ်မှား၍ မဆင်မခြင်ပစ်ခတ်ခြင်းကြောင့် မိုးလင်းရာဇာစစ်ကြောင်းမှ ဆီးဖက်တပ်ကြပ်တဦး ကျဆုံးခရသည်။

စစ်ကြောင်းရဲဖော်အားလုံး စိတ်မကောင်းကတ်။ ဒေါသလည်းထွက်ကြသည်။ ခြီမုန်းပစ်ရန်လည်း အဆင်သင့်ဟိသည်။

ပစ်ခတ်ထွက်ပြီးလားသော ကချင်တပ်မှာလည်း မြီလျိုးမိုးပျံ ထွက်ပြီးလားခဗျာယ်ဖြစ်သည်။ ကျဆုံးလားသော ဆီးတပ်ကြပ်ကြီးအလောင်းကိုကြည့်၍ နှမြောကြသည်။ ၀မ်းနည်းပက်လက် ယူကျုံးမရဖြစ်ကြရသည်။ စိတ်မကောင်းစွာဖြင့် သွီးသောက်ရဲဖော်အား ကောင်းမွန်စွာသင်းဂြိုဟ်ပြီး ရွှေလီမြစ်ကိုဖြတ်ကျော်၍ ကချင်တပ်မဟာ (၃) ဌာနချုပ်သို့ ချီတက်သည်။

ကချင်တပ်မဟာ (၃) ဌာနချုပ်တွင် ဗမာပြည်ကွန်မြူ နစ်ပါတီတပ်ရင်း (၁၉၂) မှ တပ်ဖွဲ့တဖွဲ့သည် ရခိုင်တပ်နှင့် စိစပ်ဆွေးနွေးလိုကြောင်း အကြောင်းကြားလာသည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှ တဦးတည်းမဆုံဖြတ်ဘဲ တပ်မှူးတပ်ဗိုလ်မှုး တာဝန်ခံများနှင့်တိုင်ပင်ပြီး ခရီးလားနီတုန်း မဆွေးနွေးသင့်ကြောင်းတင်ပြကတ်သဖြင့် အစီအစဉ်ကိုပယ်ဖျက်လိုက်သည်။ ကချင်တပ်မဟာ (၃) မှ ကချင်တပ်မဟာ (၂) သို့ခရီး ထွက်သည်။

ကချင်တပ်မဟာ (၂) နှင့် ရခိုင်ရဲဖော်များ

မိုးလင်းရာဇာစစ်ကြောင်း နိမအားညမအား ကရင်ပြည်မှ သျှမ်းပြည် တောင်ပိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းကို တောလမ်းခရီးသတ်သတ် နိရက်လအလီလီကျော်ဖြတ်၍ ကချင်ပြည်နယ် တပ်မဟာ (၄) (၃) (၂) အထိ ဆက်တိုက်ကျော်နင်းဖြတ်သန်းခသည်။ ရခိုင်ရဲဖော်များမှာလည်း ခရီးပမ်းကြသည်။ စိတ်ဓါတ်ရေးရာအားဖြင့် ခိုင်မြဲတုန်းဟိသော်လည်း ကာလဒေသပယောဂတည်းဟူသော ၀ိရောဓိကိုမှီ၍ ကချင်တပ်မဟာ (၂) တွင် အနားယူရန် ဥက္ကဌကြီးခိုင်မိုးလင်းစီစဉ်သည်။

အိမ်သျှင် ကချင်တပ်မဟာ (၂) မှလည်း ရခိုင်တပ်အား လိုလီသီးမဟိပြုစုသည်၊ တာဝန်ယူကျွေးမွီးသည်။ ရခိုင်တပ်မတော်ကို ပျော်သလောက်နီဖို့ စီစဉ်ပီးကြသည်။

အစားအသောက် အနီအထိုင် အ၀တ်အစား ဆီးဝါးမကျန်ကူညီကြသည်။ အထူးသဖြင့် ကချင်ရဲမေများက အနီးကပ်ပြုစုသည်။ လိုသည်ထက်ပို၍ အခွင့်အလမ်းပီးသည်ဟု ပြောနိုင်သည်။ ရခိုင်ရဲဖော်များ ပင်ပမ်းသမျှ အညောင်းပြေရသည်။

ကချင်တပ်မဟာ (၂) က ဧည့်ဝတ်ကျီပွန်ပါသည်။ တိုင်းပြည်နန့်လူမျိုးအတွက်ဆိုရေ အသိစိတ်က နှလုံးသားလှုံ့ဆော်မှုကို အရည်ပျော်စီပါသည်။

နီမြင့်လီလီ၊ အရူးရင့်လီလီ - ဆိုသည့် ရခိုင်စကားပုံအတိုင်း တော်လှန်ရေးခရီးစတင်ရန် ပျင်ဆင်ရသည်။ ကချင်တပ်မဟာတွင် (၃) လခန့်အနားယူပြီး မိုးလင်းရာဇာစစ်ကြာင်း ခရီးဆက်သည်။

တတောဝင် တပြန်သန်း ရက်ချင်းနိချင်း ချင်းတွင်းမြစ်နဖူးသို့ရောက်သည်။ ချင်းတွင်းမြစ်ဝန်းကျင်တလျှောက်သည် တောရိုင်းသတ္တ၀ါ၊ ကျားဆင်တောင်နွား၊ ကြံ့ရိုင်းအစဟိသည်များ ကျက်စားရာဖြစ်သည်။ တဖက်ကရန်သူကို သတိထားရရေပိုင် တောကောင်များ၏အန္တရာယ်ကိုလည်း ထည့်ထွက်ရသည်။

ကံကောင်းထောက်မ၍လားမသိ လီသျူးလူများ တောဆင်လိုက်၍ ထွက်ပြီးလာကြသည်။ သူရို့မှာ လောင်းပါသဖြင့် သူရို့နှင့်အတူ တနီကုန်ကူးခတ်ရသည်။ မြစ်ဆိပ်တွင် စခန်းချအိပ်ရန်စီစဉ်နီဆိုက် ဟိမ၀န္တာတောင်မှတောရိုင်းဆင်များ အုပ်စုလိုက်ဆင်းလာကြသဖြင့် တောဆင်ရိုင်းများနှင့် လက်ပန်းလုံးတိုက်ပွဲဖြစ်ရသည်။ အာရုဏ်ကျင်း အလင်းရောက်သည့်တိုင် ဇာသူကလည်း မအိပ်ဝံ့။

အလင်းရောင်ရောက်လာသောအခါ ခရီးပြန်ဆက်ရသည်။ ပထမတွင် ခြုံမြောင်းချောင်းများကို ကျော်ဖြတ်သည်။ ထိုနောက် မတ်စောက်သော တောင်ထိပ်များကိုတက်ရသည်။ တောင်ကမ်းပါးယံများကို ပတ်ရသည်။ အထက်မှအောက်သို့ ငုံ့ကြည့်လိုက်လျှင် အသဲယားသည်။ ဤတောင်တန်းတလျှောက် အတက်သတ်သတ် ရာသီဥတုကလည်းပြင်း။ လီကလည်းတိုက်။ မိုးကလည်းရွာ။ အအီးဒါဏ်က ခြီဖျားအစဂေါင်းအဆုံး သွီးမဟိဗျာယ်လားထင်ရသည်။ တောင်ထိပ်ရောက်မှ ဟိမ၀န္တာတောင်တန်း စာရမတီတောင်တန်းဖြစ်ကြောင်းသိရသည်။

စာရာမတီတောင်တန်းမှအန္တာရာယ်

စာရာမတီတောင် ဟိမ၀န္တာတောင် နာဂတောင်တန်းရို့ကို အချေခါ ကျောင်းသားဘ၀တွင် သင်ဖူးသည်။ ဤတောင်တန်းကြီးများသို့ တကြိမ်တခေါက် ရောက်ဖူးလိမ္မည်ဟုမထင်ခ။ အိမ်မက်တောင်မမက်ဖူး။

လူ့ဘ၀ကားဆန်းကြယ်၏။ ကမ္ဘာကြီးကျဉ်ကျဉ်းချေဟု စကားအဖြစ်ပြောဖူးသည်။ ပြောမယုံ ကြုံမှသိ - ဆိုရေအတိုင်း စာရာမတီတောင်ထိပ်ကို ရောက်နီပါဗျာယ်ကား။ လှိုင်းကြီးလှီအောက် တောင်ကြီးဖ၀ါးအောက်။ ကိုယ်တွိ လက်တွိ။

စာရာမတီတောင်ထိပ်မှအောက်တို့ကြည့်လိုက်လျှင် တောင်ကြောတောင်စွယ် ဂျိုင့်ဝှမ်းအသွယ်သွယ်ရို့၌ ဖြူဖွေးသောမြုံဆိုင်းများ ပြီးလွှားကဇတ်နီကြသည်။ နှင်းခဲများက မိုးရွာရေယှောင် တဖြောက်ဖြောက်ကျသည်။ ပင်ယံဗောင်းဖျားမှ ငှက်မြည်သံ၊ ဒေါင်းတွန်သံ၊ တောနက်ထဲက ဂျီဟောက်သံ၊ ကျားဟိန်းသံ၊ ဆင်ရိုင်းအူသံများက စိတ်ကို ဂယောင်ချောက်ချားဖြစ်စီသည်။

အထူးသဖြင့် မသထီအသဲယားမိသည်မှာ ကြွတ်ကြီး၊ ကြွတ်လတ်၊ ကြွတ်ချေ၊ ကြွတ်ကျား၊ အမွှီးစုတ်ဖွားခူကောင်၊ ပိုးတုံးကောင်၊ ဘောက်ဖတ်၊ ပိုးကောင်းမျိုးစုံ၊ တရိစ္ဆာန်မျိုးစုံ၊ ပြောမကုန် လားလာနီကတ်ပုံမှာ ယှောင်မရ။ ဇာအချိန်၊ ဇာကာလ၊ ဇာနီရာကလာ ရောက်လာမှန်းမသိ။ သွီးစုပ်ပြီးဖူးဖူးရောင်မှ သတိပြုမိသည်။ ခြီထောက်မှာလည်းဟိ။ အတွင်းပေါင်မှာလည်းကပ်။ နောက်ကုန်း၊ လက်၊ ဂုတ်ဆစ်၊ လိုင်ဖင်း၊ မျက်နှာတကိုယ်လုံး တွယ်ကြသည်။ ယားလာ၍ လက်နန့်ပွတ်လိုက်မှ အတုံးလိုက်အကောင်လိုက် သွီးစုပ်ကောင်မှန်းသိသည်။ ကြွတ်သို့မဟုတ် ခြင်ယင်မှက်တခုခုဖြစ်နီသည်။

စာရာမတီတောင်၌ လားယင်းလာယင်း၊ အတက်အဆင်းအအနိမ့်အမြင့် အကွေ့အကောက်များကိုဖြတ်ကျော်ယင်း၊ တောရိုင်းတိရိစ္ဆာန်များကိုယှောင်ကွင်းယင်း၊ သွီးစုပ်ကောင်များကိုဖယ်ယှားယင်း ရက်သတ္တတပါတ်ကြာသည်။

ညည့်အချိန်ရောက်တိုင်း မအိပ်ဝံ့ကြ။ တောကောင်များကလည်းပေါ။ ခုခံသင့်သည်ကိုခုခံ။ တိုက်ခိုက်သင့်သည်ကိုတိုက်ခိုက်။ မောင်းထုတ်သင့်သည်ကို မောင်းထုတ်ကြရသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ မြီပုံကွန်ပက်ကိုထောက်လျှက် စစ်ကြောင်းဦးတည်၍ မောင်းရသည်။ လမ်းတလျှောက် မှတ်မိသရိကိုတွေးမိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဂေါင်းဆောင် မော်စီတုန်းကြီးသည် လီသျှစ်တောင်ကို ရိက္ခာအပြည့်အစုံဖြင့်ကျော်ဖြတ်၍ သမိုင်းတွင်အထင်ကရပြုခသည်။ ကမ္ဘာတွင်လည်း အကျော်အမော်ဖြစ်ခသည်။ အခု မိမိရို့လားနီကြသောခရီးသည် မိုင်ပေါင်းများစွာဟိနီဗျာယ်။ ဖြောင့်ဖြူးသောလမ်းမဟုတ်။ အကွေ့အပတ်လည်းများ၊ အနိမ့်မှအမြင့်၊ အမြင့်မှအနိမ့်၊ မြစ်ချောင်းအလီလီကျော်ဖြတ်လို့ ရက်မှလ၊ လမှနှစ်ကျူးဖို့ဗျာယ်။ လီသျှစ်တောင်ခရီးထက်ပင် ပိုဖို့ထင်သည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ စစ်ကြောင်းတခုလုံးချီတက်လတ်ရာ (၇) ရက်ခန့်ကြာသည်။ လူရှည်တောင်၊ ပတ်ကွိုင်တောင်များဖြစ်သည်။ မြီပုံကိုထောက်ကြည့်လျှင် စစ်ကိုင်းတိုင်း ခန္တီးမြို့အထက်ပိုင်းဟု မှန်းဆတွက်နိုင်သည်။

ယင်းပတ်ဝန်းကျင်အနားတ၀ိုက်တလျှောက် ကျွန်းရွာလူနီတဲများကို တွိရသည်။ လူနီသည့်ဒေသဖြစ်ကြောင်းသိ၍ ရဲဖော်များအားလုံး သတိဝိရိယ မလွတ်ကြစီရန် တပ်မှူးတပ်ဗိုလ်များက အသိပီးသည်။ ခန္ဓာကိုယ်တွင် အ၀တ်မ၀တ်သော နာဂရွာများဖြစ်သည်ကို ရွာရောက်မှသိရသည်။

မိုးလင်းရာဇာစစ်ကြောင်းနှင့်နာဂတောင်မင်း

နာဂများကိုင်ဆောင်သော လက်နက်များမှာ လှံချွန်စူးချွန် ဓားချွန်ဒုတ်ချွန်များဖြစ်သည်။ ခန္ဓာကိုယ်တွင် အ၀တ်ဝတ်လေ့မဟိ။ ရွာ၏အကြီးအကဲကို တောင်မင်းဟုခေါ်သည်။ ၄င်းတောင်မင်းမှာ တိရိစ္ဆာန်များ၏မဒုန်းကဲ့သို့ ရှည်လျားသော အ၀တ်ပုံစံဝတ်သည်။ တောကောင်များ၏အမွှီးအမျှင် သားရီများဖြင့်လုပ်ထားဟန်တူသည်။ လမ်းလားသောအခါ တပည့်တယောက်နှစ်ယောက်က ထမ်းရသည်။ ထိုင်သောအခါ ခန္ဓာကိုယ်အောက်ပိုင်းကို ပတ်ထားသည်။

စစ်ကြောင်းအစာရီစာပြတ်လပ်မှုကြောင့် တောင်မင်းအား ကချင်မှပါလာသော နာဂကြိုက်သည့်ဘိန်းကိုကျွေး၍ ရိက္ခာတောင်းစားရသည်။ ၄င်းရို့မှာ ဟိသည့်ရိက္ခာကို ထုတ်ပီးကြသည်။

တဖက်နှင့်တဖက် ခြီဟန်လက်ဟန်ပြ၍ ပြောဆိုရသည်မှာ ရယ်စရာဖြစ်သည်။ ပြိန်းဥမြောက်ဥ၊ ပြောင်း ဖူး - သူရို့စားသော အစားအစာဟူသမျကို ကျွေးကြသည်။

လူသားစားကြသည်။ မိမိနှင့်တရွာတည်းနီထိုင်သူများကို မစားကြ။ တခြားရွာမှလူများကို စားကြသည်။ စာရွီးသူနှင့်စစ်ကြောင်းကို အမဲလျှာကောင်သဖွယ် ထင်မှတ်ဟန်တူသည်။ သတ်စားရန် အမျိုးမျိုးကြိုးပမ်းကြသည်။ ၄င်းရို့၏လက်နက်ဖြင့် မယှဉ်သာကြောင်းကို တောကောင်များကိုပစ်ပြမှယုံသည်။

တကိုယ်လုံးမှာ အ၀တ်အစားမဟိကြသော်လည်း တဦးနှင့်တဦး ဟောဟောယမ်းယမ်း၊ စော်ကားမော်ကားမဟိ။ အိမ်ခြံများဟိသည်။ အိပ်လျှင် မီးဖိုများဘေးတွင်အိပ်ကြသည်။ ပုဆိုးဟူ၍မည်မည်ရရမဟိ၊။ တောင်နွားသာရီများကို ချမ်းလျှင်ချုံကြသည်။

ထူးဆန်းသည်မှာ ဆွီမျိုးသားချင်း တဦးဦးသီလျှင်မြီမမြှုပ်။ မိမိ၏အိမ်ခြံထဲတွင်စင်ပြုလုပ်၍ ၄င်းစင်ထက်တွင် တင်ထားကြသည်။ ညည့်အခါတွင် တောင်နွားကျားသတ္တ၀ါများ မကြာမကြာ လာရောက်ကြောင်းသိရသည်။ စာရွီးသူကိုယ်တိုင်နားချိန်တွင်ပင် ကျားကြီးသတ္တ၀ါများ လာရောက်ချောင်းမြောင်းကြသည်။

အ၀တ်အစားမဲ့လေးရွာမြောက် ထွိရွာမည်သော နာဂရွာတွင် မိုးလင်းရာဇာစစ်ကြောင်း (၂) ရက်အနားယူစဉ် ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တခု ကြုံခရသည်။ ပြောမယုံ။ ကြုံမှယုံမည်။ ပုံပြင်လည်းမဟုတ်ပါ၊ လက်တွိဖြစ်ပါသည်။

ရွာသားများနှင့်နတ်ဆရာဟုထင်မှတ်ရသောလူတဦးက နာဂပျိုအမျိုးသမီးတဦး၊ နာဂယောက်ျားတဦးကို ၀ိုင်းဝန်းခေါ်ဆောင်လာကြသည်။ နတ်ဆရာမှာ ဓါးတလက်ကိုင်ထားသည်။ နတ်ဆရာက လူပျိုနှင့်အပျိုနှစ်ဦးအား (၇) ခေါက်တိတိလှည့်ပတ်လျှက် ပါးစပ်မှရွီရွတ်သည်မှာ ဆုတောင်းခြင်းဖြစ်နိုင်သည်။ ပြီးနောက် ပထမဆုံး လူပျို၏လိုင်ဖင်းကို ဓားနှင့်လှီးသည်။ သွီးစက်များပန်းထွက်သည်။ ဟောသံညီးညူသံများလည်းမဟိ။ ရွာသူရွာသားလူအုပ်များက လက်ခုပ်လက်ဝါးတီးကြသည်။ ထို့နောက် လိုင်ဖင်းလှီးထားသော သီဆုံးပြီးလူငယ်အလောင်းကို တောင်ယာအနှံ့ ခွန်အားဟိသူနှစ်ဦးယူ၍ သွီးစက်ချသည်။ သွီးစက်တစက်မကျန်သောအခါ လူငယ်၏ဂေါင်းကိုဖြတ်လျှက် နှီးဖြင့်ပြုလုပ်ထားသော ခရင်းတောင်း၌ထည့်၍ ရွာအ၀င်သစ်ပင်ကြီးထက်တက်ပြီး သစ်ကိုင်းမှာချိတ်ဆွဲထားလိုက်သည်။ ဂေါင်းမပါသော ကိုယ်ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်၌ ချိုင်နှောင်ထားသည်။ ထို့အတူ နာဂအမျိုးသမီးကိုလည်း သွီးပယ်ကျံနီသောဓားဖြင့် (၇) နှစ်ခေါက်တိတိ ပါးစမှပြစ်တောက်ပြစ်တောက်ရွီရွတ်ယင်း နောက်ဆန်စုကိုကိုင်၍ လိုင်ဖင်းကိုဓားဖြင့်ဖြတ်လိုက်သည်။ မြင်ရသည်ကို အသဲယားမိသည်။ သီဆုံးလားသောနာဂမိမ္မပျိုအား နာဂလူငယ်ကဲ့သို့ တောင်ယာထဲ၌ သွီးစက်ချသည်။ သွီးစဲသည်နှင့် လိုင်ဖင်းကိုဖြတ်ချ၍ နာဂလူငယ်ကဲ့သို့ ဂေါင်းကိုသစ်ပင်ကြီးထက်တွင်၎င်း၊ ကိုယ်ခန္ဓာကို လက်ဝါးကပ်တိုင်တွင်၎င်း ချိုင်နှောင်ထားလိုက်ကြသည်။

ယင်းကဲ့သို့ပြုလုပ်သည်မှာ တောင်ယာနတ်ကို ပူဇော်ပသခြင်းဖြစ်ကြောင်း၊ တောင်ယာနတ်ကို ပူဇော်ပသမှ အသီးအနှံပွားများကြောင်းသိရသည်။ အ၀တ်မဲ့နာဂရွာ (၁၀) ရွာ၊ သစ်ခက်စည်းရွာ (၁၀) ရွာ၊ ပျိုင်ချပ်ဝတ် (၉) ရွာ ခရစ်ယာန်ဘာသာဝင်များကမူ အ၀တ်စည်းထားကြသည်။ တချို့နာဂများမှာ မြန်မာစကားကောင်းကောင်းနားလည်ပြီး ဆက်ဆံရေးပြေပြစ်သည်။ ဖော်ရွယ်ရိုင်းပင်းကူညီသည်။

ရက်ပေါင်း (၄၀) ကျော်မျှ နာဂရွာများကိုဖြတ်၍ ခရီးနှင်လတ်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇူလူမျိုးသမ္မတတဦးကိုလည်း အထူးအဆန်းတွိရသည်။ မီဇူသမ္မတကြီးနောက်တွင် မီဇူလူပျို (၃၀၀) ခန့်ဟိ၍ ၄င်းရို့နှင့် မိတ်ဆွီဖွဲ့ကြရသည်။ မီဇူလူမျိုးများ၏အာဂန္ဓုအဖြစ် (၇) ရက်ခန့်နားပြီးနောက် မေလ (၂၄) ရက်နိ ချင်းပြည်နယ်ဖက်သို့ ခရီးထွက်လတ်ကြသည်။

ပြည်ချစ်ပါတီဦးနုတပ်မှ ခွဲထွက်လာသော ၀ီလျှံဂေါင်းဆောင်သည့် ချင်းအမျိုးသားအင်အား (၁၃) ဦးပါဝင်သည်။ ၄င်းရို့မှာ ထိုင်းနိုင်ငံမှ လိုက်လာကြခြင်းဖြစ်သည်။

ချင်းအမျိုးသားအဖွဲ့နှင့် ရခိုင်တပ်မတော်

ပြည်ချစ်ပါတီ (၀န်ကြီးချုပ်ဟောင်းဦးနုအဖွဲ့) မှ ခွဲထွက်လာသော ချင်းအမျိုးသားကို ၀ီလျှံဆိုသူက ဦးဆောင်သည်။ ၀ီလျှံချင်းတပ်ဖွဲ့မှာမူ ဗိုလ်မှူးကြီး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးအဆင့်ဟိသူများ၍ ထမင်းချက်ရဲဖော်အဆင့်မဟိ။ တဦးနှင့်တဦးလည်း စည်းလုံးညီညွတ်မှုမဟိ။ မကြာမကြာ ရန်သူ့ထံထွက်ပြီး သစ္စာဖောက်လားသဖြင့် (၆) ဦးလောက်ရာ ကျန်တော့သည်။

ချင်းအမျိုးသားဝီလျှံအဖွဲ့ သစ္စာဖောက်ထွက်ပြီးလားခြင်းသည် မိုးလင်းရာဇာစစ်ကြောင်းအတွက်သော်၎င်း၊ ၀ီလျှံအတွက်သော်၎င်း စိုးရိမ်မကင်းဖြစ်ရသည်။ ရန်သူစစ်ကြောင်းကို သတင်းပီးပို့ခြင်းနှင့်တူသည်။ မိုးလင်းရာဇာစစ်ကြောင်းလမ်းခရီးအတွက် မဟာပြဿနာကြီးဖြစ်သည်။ ထိပ်တိုက်တိုး ရင်ဆိုင်တိုက်ပွဲကြီးကိုဖြစ်စီမည့် သီမင်း၏အန္တရာယ်ဖြစ်သည်။ ကြုံလည်းကြုံခရသည်။

ချင်းအမျိုးသားခေါင်းဆောင်ဝီလျှံက ဥက္ကဌကြီးခိုင်မိုးလင်းကို အားမငယ်ရန် အကွေ့အကောက် ယှောင်ပုံယှောင်နည်း၊ လမ်းခရီးကိုသူသိကြောင်း။ ဥက္ကဌကြီးနှင့်တကွ ရဲဖော်အားလုံး ဘေးမသီရန်မခရန် တာဝန်ခံချက်ပီးသည်။ ချင်းအမျိုးသားပင်ဖြစ်ကေလဲ့ စကားပြောကျွမ်းသည်။ နားဝင်ချိုအောင်ပြောတတ်သည်။ ချင်းအမျိုးသားဝီလျံ၏တင်ပြချက်ကို ဥက္ကဌကြီးခိုင်မိုးလင်းယုံကြည်အားကိုးသည်။ ချင်းပြည်မှဖြတ်သန်းပြီး ရခိုင်ပြည်သို့ချီတက်ရန် ဆုံးဖြတ်ချက်ချထားပုံရသည်။ စစ်ကြောင်းကို ချင်းပြည်သို့ချီတက်စီသည်။

ချင်းရွာချင်းလူမျိုးများထံမှ ရန်သူ့အခြေအနေကို စုံစမ်းသည်။ တရွာဝင်တရွာထွက်ခရီးဆက်သည်။ အမည်မသိရွာတရွာသို့ဝင်လိုက်သည်နှင့် ရွာသားများ အခြီပျက်အနီပျက် ကြောက်ရွံ့နီသည်ကို အကဲခတ်မိသည်။ ကြောက်စိတ်မွန်နီသော ရွာသားများကို တခုလည်း မိန်းမရ။ ချင်းဘာသာဖြင့် ၀ီလျှံအဖွဲ့ကမိန်းသည်။ မျက်စိပျက်မျက်နှာပျက် သွီးဆုတ်သည်ကလွဲ အဖြေမရ။ ဥက္ကဌကြီးခိုင်မိုးလင်းသည် ရွာသားများ၏အခြေအနေကို အကဲခတ်မိပုံရသည်။ ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့အား သတိဝိရိယဖြင့်လားရန်မှာသည်။ အားလုံးကိုသတိထားရန်ပြောသည်။

ယင်းရွာအနား နန်းတလေးချောင်းကိုမရောက်ခင် ရှိပြီးပွိုင့်အား စတင်ထွက်ခွာစီသည်။ မိနစ် (၂၀) ခန့်အကြာတွင် တောငှက်များလန့်ဖြတ်ပျံသံ၊ ချဥ့်အော်သံများကြားရသည်။

ရှိတွင်လားနီသော ရဲဖော်များကိုရပ်ဆိုင်းထားရန် အချက်ပြလိုက်သည်။ စာရွီးသူက စစ်ကြောင်းတခုလုံးကိုလက်ကာပြသည်။ လမ်း၏၀ဲယာတဖက်တချက်တွင် ကတုတ်ကျင်းများ၌ ရန်သူတချို့အိပ်ငိုက်နီသည်။ အရက်ယစ်နီလားမပြောတတ်။ (၅) ကိုက်လောက်ရာဝီးသည်။

တပ်စိတ်မှူးထွန်းခိုင်ကို လက်ညှိုးထိုးပြယင်း လက်ဦးမှုယူလိုက်သည်။ (ဝေါ-ဒေါင်း-ဘုန်း-ဂျိန်း) ဟူသောပေါက်ကွဲသံများနှင့်အတူ မြီပြင်သို့လှဲချလိုက်သည်။ သူ့ဖက်ကိုယ့်ဖက်ပစ်ခတ်သံများ လက်နက်ကြီးလက်နက်ငယ်အသံများဆူညံပြီး တောတန်းတလျှောက် ကြောက်မခန်းလိလိ မြည်ဟိန်းလားသည်။

အိန္ဒိယနယ်စပ်ဖက်သို့ အတင်းတိုက်ဖောက်ထွက်ခရသည်။ အိန္ဒိယနယ်စပ်၌ တပ်များကိုပြန်လည်စုစည်းစစ်ဆီးသောအခါ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တယောက် ပျောက်ခြင်းမလှပျောက်နီသည်။ သီသည်ရှင်သည် ရန်သူဖမ်းမိသည်လားမသိခရ။ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တဦးရာကျန်သဖြင့် စိတ်မကောင်းကေလဲ့ ခရီးဆက်လက်ထွက်ခွာလာခရသည်။

အိန္ဒိယနယ်စပ် ကသည်း မဏိပူရပြည်နယ်သို့ ချီတက်သည်။ အိန္ဒိယနယ်ထဲသို့ရောက်လားသဖြင့် အိန္ဒိယနယ်စောင့်စစ်သားများကို ကျော်ဖြတ်ခွင့်တောင်းသည်။ အိန္ဒိယစစ်တပ်ဂေါင်းဆောင်များနှင့် ဆွေးနွေးပြီးအပြန်တွင် ၀င်တိုက်သဖြင့် မိုးလင်းရာဇာစစ်ကြောင်းမှ အန္ဒိယတပ်ဖွဲ့ကို ခုခံစစ်ဆင်ခရသည်။

ရခိုင်တပ်ဖွဲ့အနီဖြင့် အိန္ဒိယစစ်တပ်ကိုလုံးဝမတိုက်လို။ အိန္ဒိယစစ်တပ်မှ လေးကြိမ်တိုင်တိုင် ၀င်ရောက်တိုက်ခိုက်သည်။ ခုခံယင်းတိုက်ခိုက်ယင်း ချင်းတောင်တန်းကို ပြန်လည်ဆုတ်ခွာခရသည်။

ချင်းတောင်တန်းမှ ရခိုင်ပြည်သို့ဒုတိယအကြိမ်ချီတက်

ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့နှင့် စစ်ကြောင်းတပ်မှူးတပ်ဗိုလ်ရို့သည် ချင်းဝီလျှံ၏ချင်းပြည်မှ ဖြတ်သန်းလားရေးအဆိုကို အထူးဝေဖန်စဉ်းစားကြသည်။ ဥက္ကဌခိုင်မိုးလင်းထံ မီဇူအမျိုးသမီး၏သတင်းပီးပို့ချက်ကို တင်ပြရန်စီစဉ်ကြသည်။ ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျှံကို အလွန်အကျွံယုံကြည်ကိုးစားသည်။ ၀ီလျှံပြောသမျှဆောင်ရွက်သမျှ အလေးထားသည်ကိုတွိရသည်။

မြန်မာစကားကိုပြောတတ်သော မီဇူအမျိုးသမီး၏သတင်းပီးချက်မှာ အစ်ကိုရို့ အရှိမှာ ရွာတရွာဟိရေ။ ယင်းရွာထဲမှာ မြန်မာစစ်သားအများကြီး၊ စစ်ကားအစီး (၄၀) တွိခရရေ။ မီဇူပြည် နယ်စပ်အတိုင်း ရောက်အောင်လားပါ။ မီဇူပြည်ဆုံးကေ ရခိုင်လူမျိုးတိဟိရေ ထရိပူရပြည်ကိုရောက်လိမ့်မည်။

ဥက္ကဌကြီး ကျွန်တော်ချင်းလူမျိုးပါ။ ချင်းပြည်မှာဆိုကေ ကျနော်မသိရေဒေသမဟိ။ ရန်သူဒေဖက်ကလာကေ ထိုဖက်ကိုယှောင်ဖို့ ကျွန်တော့်တာဝန်ထား။ တခုလဲ့ မပူပါကဲ့။ ကျနော်အသက်နန့်ရင်းလို့ ကာကွယ်ပီးပါမည် - ဟု ချင်းဝီလျံကပြောသည်။

စာရွီးသူကိုယ်တိုင် ချင်းဝီလျှံသည် မိမိ၏အိမ်သို့ပြန်ရန် အကျွန်ရို့ရခိုင်တပ်မတော်ကို အသုံးချနီသည်ဟု သံသယဖြစ်မိသည်။ ရန်သူသည် ရှိရွာကဖြတ်စောင့်နီမည်ကို သေချာပေါက်သိသည်ဟု ယူဆရသည်။

ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျှံတပ်ကို ရှိမှတက်ရန်အမိန့်ပီးသည်။ ဟုတ်ပါယင့်ဟု တခွန်းပြောပြီး ချင်းလူမျိုးခြောက်ဦး ရှိကဦးဆောင်လားသည်။ စာရွီးသူနှင့် မိုးလင်းရာဇာစစ်ကြောင်းက ဥက္ကဌကြီးထံ အကျိုးအကြောင်းယှင်းပြလို၍ ချင်းဝီလျှံနောက်လိုက်၍ မတက်သိမ့်။

ကွန်မန်ဒိုတပ်ဖွဲ့ အယင်လာ။
ဒေကောင်တိ ဇာလုပ်နီကတ်လဲ။

ဒေါသသံက ဥက္ကဌကြီးအမိန့်တွင်ပါနီသည်။ ဥက္ကဌကြီးကိုအလေးပြုပြီး မီဇူအမျိုးသမီးထံမှသတင်းပို့ချက်ကို တင်ပြလိုက်သည်။

ကြောက်၍ပြောသည်အထင်ဖြင့် ဆုံးမမည်ပျင်သောအခါ နောက်သို့ (၄-၅) လှမ်း ဆုတ်လိုက်ရသည်။ တဖန်ထပ်မန်၍ ဒုဗိုလ်ခိုင်မာယုတင်ပြသောအခါ လက်ဝါးစောင်း (၅) ချက် အပီးခံရသည်။ ဥက္ကဌကြီးက ရှိပြီးကွန်မန်ဒိုချီတက်ဟု အမိန့်ပီးသည်။ အမိန့်ကိုဖီဆန်၍မရ။ နာခံကြရမည်။

အမိန့်ကိုနာခံတတ်သော ရှိပြီးကွန်မန်ဒိုများ ချီတက်ကြသည်။ ရှိမှပါသော ချင်းဝီလျှံတပ်ကိုပင် ကျော်တက်ကြသည်။ နာရီဝက်ပင်မကြာလိုက် အသင့်စောင့်နီသောရန်သူများ ဖန်တီးထားသော သတ်ကွင်းကို ဆင်းမိသည်။

တပြိုင်နက် -

(ဘုံး-ဘုံး-ဘောင်း-ဘောင်း ဒိုင်း-ဒိုင်း-ဒိုင်း ဘုန်း-ဂျိန်း-ဘောင်း) ဟူသောအသံများ ဆူသံညံသံ၊ အမိန့်ပီးသ၊ံ ဟိန်းသံဟောက်သံများက ငရဲပွက်ပမာ။

ရန်သူကျည်ဆန် ကိုယ့်ကျည်ဆန်များက သစ်ပင်များ မြီကြီးများ၌ ပေါက်ကွဲလျှက်ဟိသည်။ ရန်သူသတ်ကွင်း (၁၀) ကိုက်လောက် ၀င်မိသည်ဖြစ်၍ တိုက်ယင်းခိုက်ယင်း လွတ်အောင်ရုန်းရသည်။ မိမိရို့မှာလည်း ပေါက်သည့်နှဖူးမထူးဗျာယ်ဟု ဆုံးဖြတ်လိုက်ကြသည်။ ပစ်ဆုတ်ပစ်တက်လုပ်ရသည်။ ယှောင်ကွေ့ဆုတ်လုပ်ရသည်။

ချင်းဝီလျှံနှင့်အဖွဲ့ ချင်းပြည်သို့ ထိုးဖောက်ဝင်ရောက်လားကြသည်။ သီသည်ရှင်သည်ကိုမသိရ။ ရန်သူတပ်ဖွဲ့များမှာ ချင်းတောင်တန်းတလျှောက် အချိပ်အဆက်မိမိဖြင့် အပြည့်စောင့်နီကြသည်။ ချင်းဝီလျှံ၏စကားကိုယုံကြည်မိသောကြောင့် တိုက်ပွဲမှာ ဆင်ကန်းတောတိုးဖြစ်ရသည်။ စစ်ရေးတကွက်မှားဗျာယ်ဟု ကောက်ချက်ချမိသည်။

အကြောင်းကမထူးတော့ပါ။ နိတိုက်ပွဲ၊ ညည့်တိုက်ပွဲ၊ သေနပ်သံမစဲ။
အအိပ်ပျက်၊ အစားပျက်၊ ရိက္ခာပြတ်၊ ဆီးဝါးပြတ်ခရသည်။

ကံကြမ္မာက မိမိ၏လက်ထဲမှာဖြစ်သည်။ ချင်းရွာအနားသို့ ချဉ်းကပ်ကြည့်သည်။ လုံး၀၀င်၍မရ။ တိုက်ပွဲဖြင့်ဆုတ်ခွာရသည်။ တောင်ကြောတောင်တန်းတလျှောက်ကြည့်လိုက်လျှင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ် ကလေးမြို့နယ်များဟုထင်မှတ်ရသော မီးရောင်များကို ညည့်အခါမြင်ရသည်။ ချီ၍ကားမရ။ ရန်သူကဖြတ်လေးဖြတ် ထိုးစစ်ဆင်လတ်ပြီ။ စားနပ်ရိက္ခာပြတ်သဖြင့် ထမင်းမစားရသည့်ရက်က များလာပြီ။ ချင်းတောင်တန်းတလျှောက် သစ်ဥသစ်ဖုများရှာဖွေ၍ အဟာရဖြစ်စားရသည်။ သစ်ဥသစ်ဖုမတွိလျှင် ပင်နုရွက်နု၊ အင်ပင်ဖူး၊ နပျိုးပင်၊ နပျိုးဖူး၊ ပြောင်းစိအခြောက်များကို တောင်ယာဟောင်းမှ ကောက်စားရသည်။ တခါတရီ တောင်ယာဟောင်းများတွင် အသင့်စောင့်နီသော ရန်သူများနှင့်တိုက်ခိုက်ရသည်၊။ ပြီးရသည်က အညောင်း။

မိုးလင်းရာဇာစစ်ကြောင်း ထိုတဖွဲ့ဒေတဖွဲ့ ဖရိုဖရဲဖြစ်သည်။ ဤသို့ဖြင့် ချင်းပြည်နယ် ဖလမ်း တီးတိန်အရောက်တွင် စာရွီးသူမှတ်တမ်းအရ အပါးကပ်လှံစွပ်ထိုးတိုက်ပွဲ (၉) ပွဲ၊ အနီးကပ်ရင်ဆိုင်တိုက်ပွဲ အပွဲ (၃၀)၊ နောက်ဆုံးဖိုင်နယ်ပွဲမြောက် လှိုင်ပုံရွာ၌ ရန်သူစစ်တပ် အဆမတန်များသဖြင့် အရေးနိမ့်ခရသည်။

ချင်းပြည်ကနေဒီတောင်တန်းတွင် မျိုးချစ်ရခိုင်ဗိုလ် အကြပ်တပ်သားအများအပြား အစုလိုက်အပြုံလိုက်ကျဆုံးခရသည်။ ရန်သူဖက်မှလည်း ရာနှင့်ချီ၍သီဆုံးသည်။ အလောင်းများမှာ မြင်မကောင်းရှုမကောင်း။ အနိဌာရုံ လူသတ်ကွင်း။

လှိုင်းပုံရွာတိုက်ပွဲ၌ လူစုကွဲခရာ စာရွီးသူနှင့်အတူ ဥက္ကဌကြီးခိုင်မိုးလင်း၊ အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်သိန်းနိုင်၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ အရာခံဗိုလ်မိုးဟိန်း၊ တပ်ကြပ်ကြီးမြမောင်၊ မိုးတိမ်ပျ၊ံ ခိုင်သန်းကျော်၊ ဆီးမှူးခိုင်မင်းလတ် စုစုပေါင်း (၁၁) ဦးမျှရာ စုမိသည်။

ရိက္ခာပြတ် အစာငတ်။ ရန်သူကိုယှောင်ကွင်းပြီးရသည်။ ညည့်အမှောင်ကိုအားကိုးရသည်။ မြင့်သောတောင်ထိပ် ဂျောက်ကမ်းပါးယံများကို စမ်းတ၀ါးဝါးလျှောက်ရသည်။ အမှောင်သည်ပင် အကောင်းဆုံး။ ဧရမ မတ်စောက်သော တောင်ထိပ်ကိုတက်ရသည်။ တောင်ထိပ်ကိုရောက်သည်နှင့် ဘယ်ညာလေ့လာရသည်။ ဖြတ်ခနန်း မီးရောင်တခုကိုတွိရသည်။ ရန်သူများဖြစ်နိုင်ရေပိုင် လူစုကွဲလားသော မိမိရို့လူလည်းဖြစ်နိုင်သည်။

မီးရောင်ဟိရာ အသက်စွန့်ပြီး သစ်ကိုင်းသစ်ငုတ်များကိုဖယ်၍ အမှောင်ကိုအားပြု ချောင်းမြောင်းကြည့်ရာ ချင်းတောင်တောင်ယာတခု၌ လက်နက်များကိုဝှက်ပြီး အရပ်သားအ၀တ်ဝတ်ဖြင့် ပြောင်းစိ၊ထမင်းချက်စားနီသော ခိုင်အာဏာနီ၊ ဇာနီခိုင်၊ ရောင်ရင်စိုးနိုင်၊ ခိုင်မျိုးရိုင်း၊ ခိုင်မင်းရို့အား မသီမပျောက်တွိရသည်။ ၀မ်းသာလုံးဆို့ရသည်။ အင်အားစုစုပေါင်း (၁၆) ယောက်ဖြစ်လား၍ အားတက်မိသည်။

ချင်းတောင်ယာပိုင်သျှင်ကို ပြောင်းစိများရောင်းရန် ဖဲသာဖြင့်ပီးဝယ်သည်။ ချင်းများက ဖေးသာမယူ မရောင်းချင်။ ဂေါင်းခါသည်။ ပိုင်သျှင်မရောင်းကေလဲ့ ငတ်နီသဖြင့် အားဓမ္မဖဲသာထုတ်ပီးပြီး ပြောင်းစိများကိုယူခရသည်။ စိတ်မကောင်းပါ။ အားလည်းနာပါသည်။ သနားလည်းသနားပါသည်။ မတတ်နိုင်။

ငတ်ခြင်းကြောင့် ၀မ်းတင်းဖို့ကအရေးကြီးသည်။ လူနှင့်မပါးတောကြီးထဲမှာ အသက်ဆက်နိုင်ရေး ခရီးဆက်နိုင်ရေးအတွက် ပြောင်းစိရိက္ခာများကို နိုင်သလောက်ယူပြီး တောင်ယာမှထွက်လတ်ကြသည်။

ညည့်သုံးယံမှာ နှစ်ယံခရီးဆက်ပြီး ညောင်းလာသဖြင့် ကုန်းမြင့်တခု၏ထူသောခြုံတခုအထဲတွင် ခိုင်ဝင်အိပ်စက်ရသည်။ ရန်ကင်းအစောင့်ထားကေလည်း ကင်းသမားက အိပ်ပျော်နီမည်မလွဲပေ။

(ဘုံး-ဘုံး-ဒိုင်း-ဒိုင်း ဂျိန်း-ဘောင်း)

မိုးထက် (၄) ချက်တီးလောက်မှာ ရန်သူ၏အဆက်မပြတ် ပစ်ခတ်မှုကိုခံကြရသည်။ ဥက္ကဌကြီးကို တစထိမှန်လားသည်။

ဥက္ကဌကြီး ရှိကမြောင်အတိုင်းဆုတ်ပါ။ ကျွန်တော်ခံပစ်ထားပါမည်။

(ဒိုင်း-ဒိုင်း-၀ုန်း-ဒိုင်း)

လက်နက်မျာက မိုးသီးပေါက်ပိုင်ကျသည်။ ရောင်ရင်စိုးနိုင်တယောက် ညာဖက်မျက်လုံးနှင့် ဘယ်ဖက်ပေါင်ကို ကျည်မှန်သည်။ ပေါင်းရိုးကျိုးလားသည်။

(ဒေါင်း-ဒေါင်း-ဖောင်း-ဖောင်း)

ကာပိုင်ကျည်ဆန်များ ဂေါင်းထက်ကဖြတ်၊ ဘေးကဖြတ်နံကဖြတ် ဖြတ်သည်။

ကေ - စိုးနိုင် မင်းဒါဏ်ရာကလည်းများရေ။ နောက်လူတိလည်း ဆုတ်လားခဗျာယ်။ မင်းစိတ်ကိုတင်းထား။ လက်ပစ်ဗုံးနှစ်လုံးယူထားလိုက်။ ရန်သူမကြာခင် မင်းပါးကို ရောက်လာမည်။ လက်ပစ်ဗုံးနှစ်လုံးနှင့်ရာ ယှင်းလီဖိ။

စိုးနိုင်မျက်စိတဖက်မှ သွီးများဒလဟောဆင်းပြီး ကျန်တဖက်က မျက်ရည်ကျလျှက် - ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလာ - ဟူသောစကားကိုကြားပါလျှက် နောက်ခိုင်းခရသည်။ ကြီကွဲမှု စိတ်မကောင်းမှု ၀မ်းနည်းမှုများစွာဖြင့် ရှိလူများဆုတ်ခွာလားသည့်မြောင်အတိုင်း ပြီးဆင်း၍လိုက်ရှာရသည်။

လျှိုမြောင်အကောက် (၁၀-၉) ခု မြောက်သောအခါ ရန်သူကို စိုးနိုင်လက်ပစ်ဗုံးဖြင့်ခွင်းသံ ကြားလိုက်ရသည်။ နောက်ဆုံးအသက်ငင်နီစဉ်မှာပင် တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းပီးတာဝန် သူကျီခသည်။

လျှိုမြောင်အထပ်ထပ်ကိုကျော်ဖြတ်ကာ ရှိကဆုတ်ခွာလားသောရဲဖော်များကို ရှာဖွေယင်း စိုးနိုင်စကားက မိမိစိတ်ကိုကြီးစိုးနီသည်။ စိတ်ထဲထွင်လည်း မိမိကိုမိမိ ခွင့်လွှတ်ချင်စိတ်မဟိ။ တဦးတည်းတယောက်တည်း ထမ်းပိုး၍လည်းမနိုင်။ - ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလာ - စကားကိုကြားယောင်နီမိသည်။ သနားမိသည်။ ယူကျုံးမရဖြစ်မိသည်။ အဖော်များကိုရှာယင်း ရိက္ခာပြတ်။ ငတ်ပြတ်။ သစ်ဥသစ်ဖု ရှာဖွေစားသောက်ရသည်က တယောက်တည်း။ လုံချင်းတည်း။ နိရက်တိမရွီနိုင်ဗျာယ်။ ရန်သူဖီးမှလွတ်အောင်ပြီးနီရသည်။

ယွှီ - ယွှီ လက်ပုလီမှုတ်သံကို မြောင်တခုအနားမှာ ကြားရသဖြင့် သတိပြုနီရာယူလိုက်သည်။ သေသေချချာ စူးစိုက်ကြည့်လိုက်ရာ ဥက္ကဌကြီးခိုင်မိုးလင်း၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ ဇာနီခိုင်၊ မျိုးရိုင်း၊ ခိုင်သန်းကျော်၊ ခိုင်မင်းလတ်ရို့ကို အရှင်လတ်လတ်တွိရ၍ ကကောင်းဝမ်းမြောက်မိသည်။ ကဗျာကယာ အရိုအသေပြုပြီး ဗိုလ်မှူးကြီးဒါဏ်ရာအများပါလား - စိုးရိမ်တကြီးမိန်းလိုက်သည်။ ပေါင်ကိုချန်လားခစွာရာဟု ဖြေသည်။

(၈) ယောက်မျသောလူနှင့် ရခိုင်ပြည်ကိုချီတက်ရန်အမိန့်ပီးသည်။ ယင်းနီရာမှ တောတောင်များကိုကျော်။ လျိုမြောင်ဂျိုင့်ဝမ်းအထပ်ထပ်ကိုဖြတ်၍ တီးတိန်-ဖလန်းကားလမ်းသို့ အရောက်ချီတက်လတ်ကြသည်။ တီးတိန်ဖလန်းကားလမ်းကို ရောက်သည်။ နိအခါကျော်ဖြတ်၍မဖြစ်။ ညည့်ကိုစောင့်ရသည်။

အဝေးညီချေ - စိတ်ဓာတ်မကျကဲ့နှမ်း။
ဟုတ်ပါရေ။ စိတ်ဓါတ်မကျပါ ဗိုလ်မှူးကြီး။
ငါမှားရေဝေး။ အိန္ဒိယနယ်စပ်ကလားကေ လွတ်တေ။ လွတ်ဖို့။
ငါ့ညီချေရို့ပြောစကားကို နားမထောင်လိုက်။
ဝီလျှံစကားကိုယုံလို့။

ဥက္ကဌကြီးခိုင်မိုးလင်း မျက်ရည်ပင်ကျသည်ဟုထင်သည်။ ၀မ်းနည်းပက်လက်ဖြစ်နီသည်။ အိပ်ကပ်မှာ အသင့်ပါလာသော လက်ကိုင်ပုဝါဖြင့် မျက်နှာကိုသုတ်လိုက်သည်။ တဖန် အိပ်တွင်ပါသော ချီဂွေဘားရား၊ ကျူးဘားနိုင်ငံမှ ကတ်စထရိုဓာတ်ပုံများကို ထုတ်ပြသည်။

ဒေပုံကိုကြည့်ကတ် - ငါ့ညီရို့။

ဒေခေါင်းဆောင်ကြီး ကတ်စထရိုရေ အေပိုင်ဒုက္ခခံပြီးမှ လွတ်လပ်ရေးကိုရရေ။ အခုလည်း ငါရို့ရခိုင်ပြည်ကို အရောက်ချီမည်။ ရန်သူဘားမှာ လုံးဝဒူးမထောက် လက်မမြှောက်ကဲ့။ အမျိုးသိက္ခာကျရေ။ သီကေအေပိုင် ရခိုင်ဘတ်တံဆိပ်ကိုပြလို့သီ။ ငါလုံးဝဒူးမထောက်။ လက်မမြှောက်။ စိတ်ရာချ။ လက်နက်ဖက်လို့သီချင်သီပတ်စီ။ ငါ့အတွက် မလွဲမချောင်သာကေ ကျည်သုံးတောင့်နန့် ကိုယ့်စွာကိုယ် အဆုံးစီရင်လားဖို့။

တီးတိန်-ဖလမ်းကားလမ်းခြုံတောဘေးမှာ ဥက္ကဌကြီး၏နောက်ဆုံးမိန့်ခွန်းဖြစ်သည်။

၁၉၇၇-ခုနှစ် ဇွန်လ နှစ်ရက်နိ ညည့် (၆) ချက်တီးအချိန်။ နီမင်းကြီး နောက်ဂေါယာယွန်းချိန်။ တောပုဇိုင်းရင်ကွဲသံများဆူညံနီသည်။ ညည့် (၉) ချက်တီးအချိန်တွင် ကားလမ်းကိုကူးဖြတ်သည်။ ယင်းလမ်းဘေးတွင် ပင်ပမ်းသဖြင့် ရဲဖော်ခိုင်သန်းတယောက် အိပ်မောကျကျန်ခသည်။ အာသံမဏိပူရဆိပ်ကမ်းသို့ရောက်သည်။ တညည့်လုံး စမ်းဖီစမ်းဖတ် ခရီးဆက်သည်။ အလင်းရောင်ရောက်သည်နှင့် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ ၀ါးပတ္တလားတန်းထသို့ရောက်သည်။

ဥက္ကဌကြီး၏ထိုဖက်ကူး အမိန့်သံထွက်လာသည်။

နီဟုသိမ့်တချက်ချေ။ အေမှာ ရန်သူစစ်ဖိနပ်ရာတိ အများကြီးတွိရပါရေ။
ထိုဖက်ကမ်းမှာ ရန်သူရောက်နီဗျာယ် ထင်ပါရေ။

အဝေးရောင်နီ - မင်းကြောက်ကေနောက်ဆုတ်။ စကားမရှည်ကဲ့။

ထိုသို့ပြောနီစဉ် ဒုဗိုလ်သီဟ ဒုဗိုလ်ကျော်ထူး ချီတက်လားသည်။ စာရွီးသူသည် ဥက္ကဌကြီးရှိတွင် ဖိနပ်ကြိုးပျင်ဟန်ပြု၍တားစဉ်

ညီချေလားဝေး - အေမှာ သီဟကျော်ထူးနှစ်ယောက် တန်းထအလယ်ကို ရောက်နီဗျာယ်ထင်ရေ။

(ဘုန်း-ဘုန်း-ဒိုင်း-ဒိုင်း-)

ရန်သူ့ကျည်ဆန်နှင့်ကြောင့် ဒုဗိုလ်သီဟနှင့် ဒုဗိုလ်ကျော်ထူး ချောင်းထဲရွင့်ကျလားသည်။ ဥက္ကဌကြီး၏ဒူးတည့်တည့်ကိုမှန်သဖြင့် ကမန်းကတန်း အလျှင်အမြန်ဆွဲယူကာ ကုန်းထက်သို့ပြီးရသည်။

အချိန် ဇွန်လ (၄) ရက်နိ မိုးထက်ခြောက်ချက်တီး။

ညီချေ ခိုင်နီရောင်။
ဘုရား။
ငါ့ဒူးဆစ် ဒိုးလက်မဟိလိုက်ယာဝေး။
ထမ်းယူပါမည် ဗိုလ်မှူးကြီး။

ဥက္ကဌကြီး၏ဒူးဆစ်မှ ဒရဟောကျနီသောသွီးများသည် ပတ်ဝန်းကျင်တ၀ိုက် ရဲနီ၏။ ကြည့်နီ၍ကားမဖြစ်။ ဥက္ကဌကြီးအားထမ်းကာ မဏိပူရမြစ်ကြောင်းအတိုင်းပြီးရသည်။ ရန်သူများ အားဖိ၍တိုက်သည်။ သေနပ်သံ၊ စိန်ပြောင်းသံ၊ အမြောက်သံများက တတောလုံးညံနီသည်။ ရန်သူတပ်ဖွဲ့မှ လော်စပီကာအသံထွက်လာသည်။

ခိုင်မိုးလင်းလက်နက်ချလိုက်။ ခင်ဗျားကိုမသတ်ဘူး။

မဏိပူရမြစ်ရိုးတလျှောက် ဥက္ကဌကြီးကိုထမ်း၍ပြီး၍ (၁) နာရီလောက်ကြာသောအခါ

ငါ့ညီရို့ ငါ့ကိုချ။ အမိန့်ပီးသည်။

ဥက္ကဌကြီးကို အသာချေ အောက်သို့ချလိုက်သည်။

ငါ့ညီရို့ - ငါ့ကိုထားခကတ်။ ရှီကိုချီတက်။ လုံးဝလက်နက်မချကဲ့။

ပါလာသည့်ဖဲသာများကို မီးလျို့လိုက်သည်။ နာရီကိုထုခြီလိုက်သည်။ AK လက်နက်ကိုဖျက်ဆီးပြီး အနားဝန်းကျင်လွှင့်ပစ်လိုက်သည်။

ငါညီရို့ - ရှိတက်။ အမိန့်ကိုနာခံ။

စာရွီးသူရို့ အနားမှာနီခွင့်မရ။ အမိန့်ကိုနာခံရသည်။ ဖာလုံဝက် တဖာလုံလောက်အ၀ီးရောက်သောအခါ ပစ္စတိုသံသုံးချက်ကြားရသည်။ စာရွီးသူနှင့်အားလုံး ဥက္ကဌကြီးဟိရာပြီးလားသော်လည်း ရန်သူ့အင်အားကြီးမှုကြောင့် အခွင့်မသာဘဲ ရန်သူနန့်အပြိုင်လုယင်း ရန်သူရလားသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် မသီခင်ကပင် - ဒူးမထောက်လက်မမြှောက်။ ကျည်သုံးတောင့်ငါ့အတွက် - ပြောစကားအတိုင်း သမိုင်းပီးတာဝန်ကျီခသည်။

၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) ချက်တီး၊ တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ မဏိပူရမြစ်အနားမှာ ဒဏ်ရာရသည်။ ယင်းမှတနာရီခန့်အကြာတွင် ပစ္စတိုသုံးချိန်းဖြင့် မိမိကိုယ်ကိုမိမိ အဆုံးစီရင်လားသည်။

ရခိုင်ပြည်နန့်ရခိုင်လူမျိုး ကျွန်ဘ၀မှလွတ်မြောက်နိုင်ရေးအတွက် ပါတီတပ်မတော်ကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံ၊ အသက်သွီးချွေး အရင်းအနှီးပီးလျှက် တိုက်ပွဲပေါင်းမြောက်များစွာယှဉ်ပြိုင်တိုက်ခိုက်၍ နီထွက်ရာအရပ်မှ နီဝင်ရာအရပ်ဖြစ်သော အဖရခိုင်ပြည်သို့ တနှစ်နီးပါး မိုးလင်းရာဇာစစ်ကြောင်း ဇွဲသတ္တိစွမ်းအား၊ သစ္စာအဓိဌာန်မပျက်မကွက်ဘဲ အာဇာနီလူစွမ်းကောင်းပီသစွာဖြင့် ကရင်ပြည်၊ သျှမ်းပြည်မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ကချင်ပြည်များကို ငတ်ပြတ်ကျော်လွှားပြီး ချင်းပြည်လမ်းခုလပ်အရောက်တွင် ရခိုင်သူရဲကောင်း (၅၃) ဦး ချင်းပြည်တွင်လည်ကောင်း၊ ကရင်ပြည်၌ (၃၁) ဦး ရခိုင်ပြည်လွတ်လပ်ရေးအတွက် စတေးခံသွီးလမ်းခင်းခသည်ကို အစဉ်သတိရဂုဏ်ပြုလျှက် ဤစာတမ်းဖြင့်သမိုင်းမှတ်တိုင် စိုက်ထူလိုက်ရပါသတည်း။

ခိုင်နီရောင် (ကိုယ်တွိ)

မယ်နှင့်မောင်

အထက်မှာရာလေ သံဖြူ
အောက်မှာရာလေ ပျိုင်ချပ်
အလယ်ဂေါင်မှာ မှန်ဘောင်သပ်လို့
ဗောဓပ်ကျောင်းမှာ
အပွင့်မှာရာလေ ၀ါဝါ
အညှာမှာရာလည်း မဲမဲ
ပန်းမစင်ကို တင်မိခလို့
မယ်နှင့်မောင်မှာ မပေါင်းရဘဲ
ကွဲရရေလား ပုယေ --။

ဒေဘ၀ီ ဒေဘ၀မှာမပေါင်းရသော်လည်း
နောင်ဘ၀ီ နောင်ဘ၀မှာပေါင်းရလီအောင်
တရိစ္ဆာန် အမှန်ရာလည်းစင်စစ်
ငှက်လီလီလေ ငှက်ပင်လည်းဖြစ်ငြား
မောင်ကားဂြိုးဘို မယ်ကားဂြိုးမ
တလင်းရာမှာ ၀ဲကာကျကေ
စားရပါစီ ပုယေ --။


တရိစ္ဆာန် အမှန်ရာလည်းစင်စစ်
နွားလီလီလေ နွားပင်လည်းဖြစ်ငြား
တသျိုင်းတည်းထွန် တခြံတည်းနွား
တခုံးတိုင်မှာ ချိုင်ကာထားကေ
စားရပါစီ ပုယေ --။

ဘုရားပေါ်ကေ ကံ့ကော်တောသို့
မယ်ယင်ယင် မယ်ယင်သော်လည်း မယ်စောင့်နီဝေ
မောင်ယင်ယင် မောင်ယင်သော်လည်း မောင်စောင့်နီမည် --။

ဆီမီးရာလေ တတိုင်
ပန်းတခိုင်နှင့် ပျိုင်တချပ်မှာ
နှစ်ယောက်ထိုင်ကေ တူပြိုင်လောင်းလို့
ဆုတောင်းကတ်မည် ပုယေ --။

(ကျောက်ဖြူနယ်မှ ဇမ်းကဗျာ)


သောက်ခါမပြောကောင်း

အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီးမင်းဘာ ဝေသာလီသျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း --။

ဒေ၀န်းကြီးအကြောင်း အသျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအကြောင်း ရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မည်သည်မည်ဝါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း --။

ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း
တသီဖြည့်လို့ မပြည့်ရေလှိုဏ်ခေါင်း
စကားကောင်းနန့် တန်လားမတန်လားမသိ
ဝိုင်းမိကတ်ပျာယ်ဆိုကေ သာလို့ခြီ
ချောင်းကျ မြောင်းကျပေါင်း အလီလီ --။

သမိုင်းစာအုပ်ထဲက မင်းထီးမင်းဘာ
အေကနိမှာ ရှင်ပြီး နိုးထလာကေ
ရင်ကြီးကျိုးကျပါမည် --။

ငါ့ယောင်လည်းကောင်း သူ့ယောင်လည်းကောင်း
ယမကာနံ့တထောင်းထောင်း
လူပျင်းလူဖျင်း အငြင်းသန်အပေါင်းရို့ကို
သွားကျွတ် ပါးကျွတ် ပရွတ်နရွတ်
ထထွတ်ကြီလားအောင်
(ထည့်) ပလိုက်မည်လား မဆိုနိုင် --။

ယေကေလဲ့ အဆွေ
အေကဗျာကိုတော့
သောက်ခါလည်း ဖတ်ကောင်း
မသောက်ခါလည်း ရွတ်ကောင်းပါရေ --။

ရိုးမရင်သွီး
(23/10/2001)

ရခိုင်ဖားပြုတ်ကေ၀တ္ထု

ရခိုင်ဖားပြုတ်ကေ၀တ္ထု
----------------------
ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မီးလတ္တံ။ ပန်ဇင်းမီးလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။

ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မီးလတ္တံ။ ထိုသို့မီးခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။

ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမီးပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မီးလတ္တံ။ ထိုသို့မီးခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။

ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။

ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်ပေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။

ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ပျာလားဟု မီးလတ္တံ။ မီးငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စီလတ္တံ။

ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။

ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မီးလတ္တံ။ မီးလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မီးသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။

ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမီးခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နေရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။

မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစီက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့၊ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မီးလတ္တံ။ မီးလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စီသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။

ရောက်လီသောခါ၊ မီးစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စီလတ္တံ။

မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မီးမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စီလတ္တံ။ ထိုသို့စီခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မီးစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မီးလတ္တံ။

ထိုသို့မီးခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မီးလတ္တံ။

မီးလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မီးလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စီလတ္တံ။ စီလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။

ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မီးပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။

ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မီးခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။

(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

Tuesday, December 18, 2007

နွီအလွမ်း (၀တ္ထုတို)

နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘ၀ကို အောက်မိမိသည်။

ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘ၀မှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။

တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘ၀ကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။

ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘ၀ကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် ဥသြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။

မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘ၀နှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘ၀ကလေ။

မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။

မောင်နီပြန်မိန်းကေလဲ့ မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘ၀အဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။ မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။

ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်သံကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။

သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။

အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘ၀ကာလတခုကို ဖြတ်သန်းရပြန်သည်။

ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။

သူ့ဘ၀ကို ခွန်အားနှင့်ရုန်းခသည်။ နိုင်ဖို့ကျည်းမျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘ၀မှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘ၀ဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။

သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘ၀ကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။ လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။


မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတ၀ဲဝဲ။ ကုလားထိုင်ဘေးက ၀ါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။

မောင်မောင် (စစ်တွေ)

ဝါးလုံးခေါင်းထဲက ၀လုံးများ

ဝါးလုံးခေါင်းထဲမှာ ပရေလကို ခံစားယင်း
ပုရွက်စိတ်ကေချေတကျိုင်
ဘီယာသောက်လို့ ပျော်နီကတ်တေ --။

(သာလှဦး)

ထပိန်တထည် (၀တ္ထုတို)


ကျွန်တော်တရက်နိ ဖျားနီလို့ ကျောင်းမတက်ဖြစ်၊၊ တခါတရီ ကျောင်းမတက်ချင်လို့ ဖျားကွန်ဆောင်ဖူးပါသည်၊၊ အခုက အသည်းအသန်အဆင့်အထိ မရောက်ကေတောင်က ဂေါင်းသင့်အောင်ကိုက်နီရေဆိုခါ အေနိတရက် ခွင့်တိုင်လိုက်ပါသည်၊၊ ရာသီဥတုကလည်း အယင်နှင့်မတူ၊၊ အခုလည်းသွင့်ကြည့် အပြင်မှာ မိုးကြီးလီကြီးလိုက်နီသည်၊၊ သာမန်ဆိုကေ အေအချိန် မိုးရွာရဖို့အချိန်မဟုတ်၊၊ လူကြီးတိကစီ ရိုးမတောင်က အပင်တိပြုန်းလားခလို့ ရာသီဥတုဖောက်ပြန်စွာလို့ ပြောပါသည်၊၊ တောင်မှာအပင်မဟိစွာနှင့် ရာသီဥတုဖောက်ပြန်စွာ ပဇာဆိုင်ရေလဲမသိ၊၊ တောင်ကအပင်တိပြုန်းလားခစွာမဟုတ်ဘဲ တမင်ဖြုန်းပလိုက်ကတ်စွာလို့ ကျွန်တော်ထင်ပါသည်၊၊

အနောက်တောင်မုတ်သုံလီက တပျင်းတိုက်နီလို့ အိမ်ဘေးကစိုက်ထားရေကွမ်းသီးပင်တိ၊ အုန်းပင်တိ သံဖြူခေါင်ကို တဘုန်းဘုန်းသတ်နီလို့ စာအုပ်ကို ကောင်းကောင်းဖတ်ဖို့မရပါ၊၊ တော်သိမ့်ယင့်။ အိမ်ရှိကသရက်ပင်ကို လမ်းချယ်ဖို့အတွက် ခွတ်ရဖို့ဆိုလို့ ခွတ်ပလိုက်ရဖို့၊၊ လက်ထဲကစာအုပ်ကလည်း ကောင်းခန်းရောက်နီသည်၊၊ နှစ်ထောင်ပေါင်းအများကြီးကပင် အခက်အခဲတိကိုကျော်ဖြတ်လို့ အေမြီကြီးမှာ သူများနိုင်ငံနှင့်တန်းတူ ရပ်တည်နိုင်ခသည့် မျိုးနွယ်စုတခုအကြောင်းဖြစ်သည်၊၊

သူရို့တိရင်ဆိုင်ခရရေတိုက်ပွဲ၊ ခံစားခရရေဒုက္ခသုခတိနှင့် ဇတ်သျှိန်ကလည်းမြင့်တက်လာသည်၊၊ စာဖတ်နီယင်း ဘေးနားကတင်ထားရေ ခွင်ခလောက်ခုံထက်ခွက်ထဲက လက်ဖက်သုတ်တဇွန်းယူစားပြီးကေ အဖန်ရည်တတုတ်သောက်လိုက်သည်၊၊ လက်ဖက်သုတ်ကိုပဲဆီနှင့်သုတ်ထားလို့ အိပြီးကေမွှီးရေအရသာက ကကောင်းကောင်းပါသည်၊၊

ကျွန်တော်သည် လက်ဖက်သုတ်လျှင် ဆီတိအိုင်ပြီးကေစီထည့်တတ်လို့ အဘောင်သျှင်ကစီ (ဟေး ဆီတိ ယင်းလောက်ဈီးကြီးစွာမှာ ချွေချွေတာတာသုံးပလင်။ သူများတိ ပဲဆီအစစ်တောင်မစားနိုင်ကတ်ပျာယ်) အသိပီးပါလေ့ဟိပါသည်၊၊

ခြီဖျားတိအီးလာလို့ သိုးမွှီးပုဆိုးတထူကြီးကို ခြီမှာပတ်လိုက်သည်၊၊ အရာအိမ်ထက်မှာ အဘောင်သျှင်အိပ်နီလို့ တော်သိမ့်သည်၊၊ တချက်ရာမြင်ကေ သူများတိချမ်းလို့ ချုံဖို့ပုဆိုးတောင်မဟိစွာမှာ (နင်က ထိုချင့်၊ ဒေချင့်)ဟု ပြောလိမ့်မည်။

(အော် အိမ်ကလူတိမဟိကတ်ပါလာ။)

တတုန်ယယင်နှင့်အသံတသံ အိမ်ရှိခြံဝကထွက်ပါလတ်သည်။ အိမ်ထဲကနီ တချက်လှမ်းကြည့်လိုက်သောအခါ အိမ်အပြင်မှာထီးဆောင်းလို့ မိမ္မတယောက်ရပ်နီသည်။ လက်ထဲတွင်လည်း အထုပ်တထုပ်ဖက်ထားသည်။ အိမ်ခြံဝနှင့် သုံးပေလောက်ရာဝီးသောကြောင့် ကြင်းကြင်းလင်းလင်းမြင်ရသည်။ အယင်ခေါက်ကဆိုကေ အေထက်ဝီးသိမ့်သည်။ လမ်းချယ်ဖို့အတွက် ခြံဖျက်ပီးလိုက်ရလို့ အခု ပိုနီးလားသည်။ အိမ်ကိုဖျက်ပီးလိုက်ရဖို့ တားတားချေလိုသည်။

ကျွန်တော် ယင်းမမကိုမြင်သောအခါ အဘောင်မကိုခေါ်ဖို့ အိမ်ထက်ကိုပြီးတက်လိုက်သည်။ စိတ်ထဲမှာ ပဇာကိစ္စလဲလို့ တထင့်ထင့်ဖြစ်နီသည်။ အခုပိုင် မိုးကြီးလီကြီးထဲမှာ လုပ်အားပီးလာခေါ်စွာတော့မဖြစ်နိုင်။ လုပ်အားပီးဖို့လာခေါ်ကေ ရပ်ကွက်ကောင်စီက စစ်သားလူထွက်စံထွန်းအေးမျက်နှာကို အယင်မြင်ရဖို့။


အဘောင်မ အိမ်အောက်သို့ရောက်သောအခါ ဓမြရန်ကိုကြောက်လို့ခတ်ထားရေ လက်ခုတ်သီးကို အယင်ဖွင့်ပီးလိုက်သည်။ ယင်းမမသည် အိမ်ထဲသို့ မ၀င်ဝံ့ဝင်ဝံ့ဝင်လာပြီး သမံတလင်းမှာထိုင်ချလိုက်သည်။ တခန္ဓာလုံး မိုးရီဘဘုတ်စွတ်နီသည်။ ဆောင်းလာရေထီးက မြို့မကျောင်းဆွမ်းတကာမောင်စိန်ထီးလောက်မကောင်း။ ထီးချာက ဂျီသရီးကျည်ဆံကျထားရေပိုင် အပေါက်တရာနှင့် လက်ကိုင်လည်းမဟိ။ ၀တ်ထားရေချန်သားအင်းကျီက ဘလောက်ကြာပျာလဲမသိ အရောင်မတောက်။ မီုးရီစွတ်လို့ မြင်မကောင်းဖြစ်နီသည်။

ပိုဆိုးစွာ သူ့ထပိန်။ ၀တ်ထားရေလို့ပြောစွာထက် ပတ်ထားရေဆိုကေ ပိုမှန်ပါလိမ့်မည်။ ပင့်ကူအိမ်ပိုင် အထပ်တရာခြုပ်ထားသည်။ မိုးရီစွတ်ဖန်များလို့ ဆွီးဗျာ ထိုတစဒေတစ လန်နီသည်။ မသကာကေ အချိန်မရွီးစုတ်လားနိုင်သည်။


ခြီမှာလည်း ဖိနပ်စီးမထား။ ရီနူးလို့ ခြီတဖ၀ါးလုံး ဖြူဖတ်ဖတ်အထွင်းထွင်းဖြစ်နီသည်။ လက်ထဲကအထုပ်ကို ဘေးသို့ အသာချေချလိုက်သောအခါ သမံတလင်းမှာရပ်နီသော ကျွန်တော့်ခြီထောက် အအီးဓါတ်ကိုစုပ်ယူလိုက်ယှောင် ခံစားလားရသည်။

တခန္ဓာလုံး ကြက်သီးဖြိန့်ပနာ မျက်စိမှာမြင်ရစွာ အဂယင့်လားလို့ ကိုယ့်စွာကိုယ်တောင်မယုံနိုင်ဖြစ်လားသည်။ ဟုတ်ပါသည်။ အဂယင့်ဟုတ်ပါသည်။ လသားအရွယ်အဘုချေတယောက်။ အသက်ဟိသိမ့်ယင့်လားမသိ။ ယင်းမမသည် အဘောင်မခြီကိုကိုင်ဗျာ တပျင်းငိုပါသည်။ အဘောင်သျှင်ကလည်း အိပ်မွှားဆံထ (ဟေး ထထ) ဆိုဗျာ အနားမှာ ထိုင်ခိုင်းပါသည်။

(အရီး အကျွန်ဝါပိုကပါ။ ရွာပျက်လို့ထွက်ပြီးလာစွာပါ။ အကျွန့်အိမ်သျှင်လည်း ပေါ်တာပါလားခလို့ ငှက်ဖျားနန့် သီကျလားပါယာ။ အားကိုးဖို့လူလည်းမဟိပါ။ အချေကလည်းတဖက်။ တောင်းလို့တာဖြစ်စားဖို့ပျာယ်ဆိုဗျာ စစ်တွေကိုတက်လာစွာပါ။ အခု လားတောင်းစားဖို့ ၀တ်စရာထပိန်မဟိလို့ မိုးရွာလို့ အရီးရို့အိမ်ကိုဝင်လာစွာပါ။ ထပိန်တထည်လောက်ဟိကေသနားပါ။) ဟု ပြောပါသည်။ ပြီးကေ ချိတ်၍ငိုပါသည်။

(ဟေး တပိန်ကအရေးမကြီး၊ အချေဝါ) ဆိုဗျာ အဘောင်သျှင်က အချေကို တချက်ငုံကြည့်လိုက်သည်။
ကံကောင်းသိမ့်ယင့်။ အချေမသီသိမ့်။ ယလောက်မိုးရွာစွာမှာ သားကိုရင်နှင့်အုပ်ပျာ ဖိနပ်မပါလားနီရေ မိခင်တယောက်မိတ္တာကို နားလည်ခံစားမိပါသည်။

(အကျွန် ကံကကောင်းဆိုးပါရေ) မျက်နှာကို လက်နှင့်အုပ်ထားသည်။ ဆက်ပြောဖို့စကား ငိုသံနှင့်ထွီးနီသည်။
အဘောင်သျှင် ပြင်တန်းခါးကိုပိတ်လိုက်သည်။ ယင်းမမကို စောင့်ဖို့ခိုင်းပနာ အိမ်ထက်ကိုတက်လားသည်။ ပါးစကလည်း (အော် ဒုက္ခ၊ ဒုက္ခ) လို့ မကြားတကြားပြောသည်။

ထပိန်ပီးဖို့လူ ခံစားနီရရေဒုက္ခလား။ ထပိန်မဟိရေလူ ခံစားနီရရေဒုက္ခလား။ အသေအချာ ကျွန်တော်မပြောတတ်။ ကျွန်တော်ရို့တိမှာ ဒုက္ခကကောင်းများပါသည်။ ပဲဆီကို ချွေတာရရေဒုက္ခ။ အပင်ခွတ်ခိုင်းလို့ အပင်ခွတ်ပီးရရေဒုက္ခ။ လမ်းချယ်ဖို့အတွက် အိမ်ဖျက်ပီးရရေဒုက္ခ။ ဈီးဆောက်ဖို့အတွက် အိမ်ရွှိပီးရရေဒုက္ခ။ ယောက်ဖနွားကို အလကားကျောင်းပီးရရေဒုက္ခ။ ကန်ကမကန်ပါ။

အဘောင်မ အိမ်ထက်ကဆင်းလာရေအခါ ထပိန်တထည် လက်ထဲတွင်ပါလာပါသည်။ ယင်းမမသားချေအတွက် ကျွန်တော့်ညီ အင်းကျီတလုံးကိုပါထည့်ပီးလိုက်သည်။
သူ့မျက်နှာသည် ဆောင်းမှာပရေလလောက် မတောက်ကေလဲ့ မိုးခါလျှပ်စိမ်းပြယှောင် ၀င်းလားပါသည်။ အဘောင်သျှင်ခြီကိုရှိခိုးလို့ (အရီး ကောင်းကောင်းကျေးဇုဟိပါရေ) လို့ ဆုပီးပါသည်။

မိုးလည်းသင့်အောင်ချေစဲလားပျာယ်ဆိုခါ ပြန်ထွက်လားပါသည်။ အရှက်နှင့်သိက္ခာကိုဖုံးဖို့ ထပိန်တထည်တော့ရလားခပျာယ်။ ထပိန်ကို အသာချေကိုင်ပျာ မိုးရီထဲမှာပျောက်လားရေ ယင်းမမကိုကြည့်ယင်း ကျွန်တော်သက်ပြင်းချမိပါသည်။

မောင်မောင် (စစ်တွေ)(9/6/98)



Monday, December 17, 2007

တသက်လုံးပေါင်းမည်

တသက်လုံးပေါင်းမည်
(ရခိုင်ခွန်းတောက်)

ပန်းပိတောက် တ၀ီဝီ
ဖူးပွင့်စီရီ ဟိပြန်လတ်
အတာသင်္ကြန်ပွဲကိုလ
ဆင်နွှဲကတ်မည် တူပျော်ပျော် --။

မဏ္ဍပ်ထဲက အပျိုစင်
မိတ္တာရီစင် လောင်းပါလို့
ဒေနှစ်အတာ ပွဲမှာလ
အသဲနစ်အောင် လောင်းမည် --။

ချစ်သူအလှ ရခိုင့်တန်ဆောင်ကို
မောင်မောင်ရီစင် လောင်းချင်လို့
မဏ္ဍပ်တကာက လိုက်ရှာရ
ချွေးပြစ်ပြစ် ကျရေ --။

အဂုမှ တွိရစွာကို
မိတ္တာစေတနာ ထားပါလို့
ချစ်ရီစင်တပေါက်ကိုလ
သွန်းလောင်းလိုက်ပါ --။

ချစ်သူလောင်းရေ မြရီစင်
အသဲဘ၀င် အီးပါယင့်
အယင့်အယင် ပေါင်းရစီကြောင်း
ဆုတောင်းလို့ လောင်းပါ --။

ချစ်သူအလှ ပျိုကညာ
မာစီသာစီကြောင်းကိုလ
အကိုမောင်မောင်ကြီးမှာလည်း
ဆုတောင်းလို့ လောင်းရေ --။

မဏ္ဍပ်က ကိုယ့်ချစ်သူကို
ပျိုမောင်အမှန် မှာခပါယင့်
ကိုယ့်ရိုးရာ ယိုင်ကျေးမှုကို
အသက်ပီးလို့ ထိမ်းပါ --။

အမျိုးသီလ စောင့်သူကိုရာ
မိတ္တာစေတနာ ထားပါလို့
အကြင်နာဖက်ကာမျှ
တသက်လုံးပေါင်းမည် --။

စာဆိုတဦး
(15/3/74)

ဈာန်သမာပါတ်ဝင်စားပါဘုရား (Break point) (6)

ကိုယ်တော်ဘ၀၊ အညတရ ရွှေမချလည်း၊ သီလသမာဓိဟိပါ၏ --။ နီဆာလည်းလှုံ၊ မိုးလည်းကြုံ ချမ်းတုံသော်လည်း မဖြုံ --။ မဟာမုနိ၊ ဣဓိတန်ခိုး ထိန့်ထိန့်ကြိုးလည်း၊ သူခိုးပူဇော် ပသသော်က၊ ပျက်စီးရသည် သကျဘီလူး၊ မျက်စိပြူးသို့ --။ (သာလှဦး)

မဟာဝိဟိံက ရခိုင်ရာဇ၀င်လင်္ကာ အပိုဒ် (၄၁) မှ (၄၇) ထိ


(၄၁) ကျိန်းခန်းအသစ်၊ ရှာဖွေလစ်၍၊ မင်းစစ်မှန်စွာ၊ အလောမာသည်၊ ပဉ္စာတွင်ထ၊ မြို့ပူရကို၊ တေဇတက်ဖြိုး၊ နှစ်နှစ်စိုးမှ၊ ရန်မျိုးမပွက်၊ မြို့လောင်းကြက်ကို၊ ရွီတွက်သက္ကရာဇ်၊ ခြောက်ရာနှစ်တွင်၊ အသစ်တည်ထ၊ ထီးနန်းချလျှက်၊ စိုးထခြောက်နှစ်၊ လွန်ပြီးရစ်မှ၊ သားချစ်ရွှီတူ၊ ရာဇသူနှင့်၊ ရွီယူနှစ်ဦး၊ မင်းစောလူးမူ၊ ရွှင်မြူးပဉ္စာ၊ ဥစ္စနာသည်၊ န၀ါဧကံ၊ ကိုးနှစ်မှန်၏။ စောမွန်အဋ္ဌ၊ မင်းနန်းကျမူ၊ နာမတထူး၊ မင်းဘီလူးရို့၊ မကျူးအညီ၊ လေးနှစ်စီတည်း။ ဘုန်းရွှီနန်းရပ်၊ အပျက်ကျပ်သည်၊ မတ်စည်သဘင်၊ သုံးနှစ်ပင်တည်း။ ခေါ်တွင်အံ့ချီး၊ တန်ခိုးကြီးသား၊ မင်းထီးရာဇာ၊ မြင့်ရှည်ကြာသည်၊ တရာခြောက်နှစ်၊ နန်းစံဖြစ်၏။ သားချစ်ဥစ္စနာ၊ နှစ်နှစ်သာတည်း။ ဆက်ကာသီဝရာဇ်၊ သုံးနှစ်ဖြစ်၏။ တလှစ်သိဉ္စည်း၊ လေးနှစ်မြဲ၏။ ကျော်သဲရာဇသူ၊ တနှစ်ဟူသား။ နွယ်မူခြားကျင်၊ စည်သဘင်ကား၊ နန်းခွင်တက်ပိုင်၊ နှစ်နှစ်ဆိုင်လျှက်၊ မြင့်စိုင်ငါးလ၊ ချော၍ကျသော်၊ မင်းလှဘုန်းတူ၊ ရာဇသူလည်း၊ ထီးဖြူဆောင်းမိုး၊ လေးနှစ်စိုး၏။ နန်းရိုးဆက်ယူ၊ သိင်္ဂသူသည်၊ ရိပ်ဖြူသုံးတန်၊ မင်းစောမွန်ကား၊ အမှန်ဒွယာ၊ နှစ်ပေါင်းမှာမူ၊ တရာ့ခြောက်ဆယ်၊ ကိုးနှစ်ပေတည်း၊ အနွယ်မျိုးစပ်၊ စိုင်မလပ်ဘဲ၊ အကျပ်အပျက်၊ ဆယ့်သျှစ်ဆက်တွင်၊ ရက္ခအောင်မြီ၊ ပျက်ကိန်းမွှီသည်၊ အနီမလှတိမ်းယွန်းတည်း။ ။

(၄၂) တိမ်းယွန်းမလှ၊ ဖြစ်လီရမူ၊ သာစွမို့မို့၊ လောင်းကြက်မြို့ကို၊ မချို့ရန်ပွား၊ တိုင်းကားနိုင်ငံ၊ ပြည်ပုဂ္ဂံက၊ နန်းစံစိုးပေ၊ မြန်မင်းဆွေလျှင်၊ ဗိုလ်ခြေများစွာ၊ ချီ၍လာလျှက်၊ ဘယ်ညာဝန်းလစ်၊ တိုက်လှန်ဖြစ်မှ၊ သက္ကရာဇ်အဋ္ဌ၊ ဆသတ္တတွင်၊ မည်သာတွင်ငြား၊ မြင်စိုင်းစားနှင့်၊ စောင့်စားနီမူ၊ တနှစ်ဟူ၏။ အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင်၊ တနှစ်ပင်တည်း။ ရှိခွင်အောက်သား၊ ဖောင်းကစားမှာ၊ သုံးနှစ်သာတည်း။ ကျော်စွာစောင့်ထား၊ နှစ်နှစ်စား၏။ နောင်ကားငခွေး၊ ကလေးကျေးတောင်ညို၊ တလဆို၏။ နှစ်ကိုပေါင်းထ၊ ရွီတွက်ဆသော်၊ ၀ီသာပြည့်ယုဂ်၊ ငါးလဆုတ်၏။ အယုတ်မုက္ချ၊ ဖြစ်ကုမ်ကြ၏။ ဆူပွချောက်ချောက်၊ ဤခြောက်ယောက်ပေ၊ အောက်သားတလိုင်း၊ အယူရိုင်းရို့၊ ပြိုင်ခိုင်းတိုက်ခါ၊ ဟိသောခါ၌၊ ရာဇာစောမွန်၊ ရောက်လာပြန်သော်၊ တဖန်လောင်းကြက်၊ တည်လာဆက်သည်၊ နီထွက်လနှယ်တောက်ထွန်းတည်း။ ။

(၄၃) ထွန်းတောက်လနှယ်၊ ရန်မျိုးပယ်၍၊ ဘုန်းကြွယ်ညွန့်သန်၊ မင်းစောမွန်ကား၊ အမှန်မပျက်၊ မြို့လောင်းကြက်ကို၊ ကနက်စိုက်ဆောက်၊ စိုးအုပ်မြောက်သော်၊ ထွန်းတောက်နန်းမ၊ ဥကင်သကို၊ မိုထပ်နှစ်နှစ်၊ စိုးသည်ဖြစ်မှ၊ တလှစ်ယင်းက၊ သိကြားပြသား၊ မိုးဝရောင်ရှုး၊ သော်တာမြူးသို့၊ မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လာပြုလစ်၊ စိုးစံဖြစ်သည်၊ သက္ကရာဇ်မှာ၊ ဒွေးဖြစ်န၀ါ၊ သတ္တသာတည်း။ စံကာလေးနှစ်၊ စိုးသည်ဖြစ်မှ၊ စင်စစ်မှန်ညီ၊ မင်းခရီကား၊ သိင်ဂီရွှီနန်း၊ စိုးစံမြန်းသည်၊ မယွန်းနှစ်မှာ၊ ပဉ္စာဝီသ၊ ဖြစ်ကြရချင့်။ တေဇဘုန်းတူ၊ ဘစောဖြူကား၊ ရွီယူတွက်ကျုံး၊ နှစ်ဆယ့်သုံးတည်း။ လက်ရုံးဖြန့်ကာ၊ မင်းဒေါလျာမူ၊ စိုးလာဆယ်နှစ်၊ အမှန်ဖြစ်၏။ ကျစ်လစ်ရွယ်ပျို၊ ဘစောညိုကား၊ ပြည်ကိုစိုးချုပ်၊ နှစ်နှစ်ဟုတ်၏။ မယုဂ်ဘုန်းခေါင်၊ မင်းရန်အောင်မူ၊ စိုးဆောင်နီထ၊ ခြောက်လမျှတည်း။ စလင်္ကာသူ၊ သတ္တဟူ၏။ ထိန့်ဆူကျော်ငြာ၊ မင်းရာဇာမူ၊ ဓမ္မ၀ီသ၊ မှတ်ကုန်ကြလော့။ ဂဇာပတိ၊ နှစ်နှစ်ဟိ၏။ ဘုန်းတိမပို၊ မင်းစောအိုမှာ၊ ခြောက်လသာတည်း။ သဇာတမင်း၊ ခြောက်နှစ်လျှင်းနှင့်၊ ရွီခြင်းအမှန်၊ မင်းဆက်စံဖြစ်၊ တဆယ့်တစ်တည်း။ နှစ်ကိုတွက်ဆ၊ ရွီပေကသော်၊ ဧကသတ္တာ၊ ဖြစ်လီပါသည်၊ စိုင်လာမင်းဆက်အနွယ်တည်း။ ။

(၄၄) အနွယ်မင်းဆက်၊ စိုင်မပျက်လျှင်၊ ရွှီစက်ဖြန့်ကာ၊ နန်းအောင်ချာဝယ်၊ ရာဇာမင်းပင်၊ ထွန်းလင်းကျင်သော်၊ ခေါ်တွင်မည်သာ၊ နှစ်ကောဇာမူ၊ ရာမာန၀၊ ဘသျူးစသာ၊ သိင်္ဂါရောင်ဝင်း၊ စောမင်းစံမြဲ၊ ဒွေးဒွေးမှတ်ပါ၊ မင်းတိက္ခာလျှင်၊ ဓမ္မာဟူပြီး၊ မင်းစောကြီးမူ၊ တလူထီးနန်း၊ သုံးနှစ်မြန်း၏။ ထွန်းတောက်ရောင်ဝါ၊ မင်းစကြာမူ၊ သတ္တာလည်ကောင်း။ မင်းဖလောင်းကား၊ မစောင်းမလှစ်၊ ဆယ့်နှစ်နှစ်တည်း။ သားချစ်မှန်စွာ၊ မင်းရာဇာမူ၊ န၀ါဒသ၊ စိုးစံပ၏။ တေဇကျော်သောင်း၊ မင်းခမောင်းကား၊ ထီးဆောင်းဖြန့်လှစ်၊ ဆယ့်နှစ်နှစ်တည်း။ တရစ်မှတ်လီ၊ ဟရီရာဇ၊ သောဠဿနှင့်၊ စိုးထဘုန်းရွှီ၊ မင်းစနီကား၊ သပြီအောင်ချာ၊ နန်းဘုံသာဝယ်၊ အဋ္ဌာဝီသ၊ ရက်ဒိနနှင့်၊ ၀ံသစိုင်လာ၊ ကိုးဆက်သာတည်း။ သံဝစ္ဆရ၊ နှစ်အရမူ၊ သတ္တသတ္တာ၊ မှတ်ကြပါလော့၊ ဆိုရာတခန်းတသွယ်တည်း။ ။

(၄၅) တသွယ်တခန်း၊ ဆိုပြညွှန်းအံ့၊ ရွှီနန်းဘုံသာ၊ မြို့သိင်္ဂါ၌၊ ကောဇာထောင်ပြည့်၊ ရောက်တုံလှည့်မူ၊ မည်ဘွဲ့ကုသ၊ နရပတိကြီး၊ ရွှီထီးဆောင်းမိုး၊ သုံးနှစ်စိုး၏။ သတိုးဓမ္မ၊ သတ္တသာတည်း။ ဆက်ကာစိုးပြု၊ စန္ဒသုကား၊ အတုမဲ့စွာ၊ ဗာဝီသာနှင့်။ ဥက္ကာဗလ၊ သားပုတ္တမူ၊ နာမတွင်ဘိ၊ သီရိသူရိယ၊ ဧကတ္တတည်း။ ၀ရဓမ္မရာဇာ၊ သတ္တကြာမှ၊ ဗိုလ်ပါစုံညီ၊ နန်းချလီ၏။ တချီရုံးစု၊ မဏိသုကို၊ မင်းပြုတင်ကြ၊ တခဏတည်း။ ၀ရဓမ္မာ၊ မင်းကိုသာလျှင်၊ ထပ်ကာမယွင်း၊ ထီးနန်းနှင်းမူ၊ ချက်ချင်းမကြာ၊ နန်းဘုံသာက၊ ချပြီးမှတည့်၊ တေဇထွန်းရှု၊ မဏိသုကို၊ လု၍တဖန်၊ နန်းတင်ပြန်၏။ အမှန်မှတ်သိ၊ တနှစ်ဟိမူ၊ မဏိသုအား၊ နန်းချထားမှ၊ ၀ရဓမ္မာ၊ မင်းရာဇာသည်၊ ဘုံချာနန်းယံ၊ စိုးအုပ်စံ၏။ နိုင်ငံပြည်သူ၊ မကြိုက်မူက၊ မင်းဝရကို၊ နန်းမှချပြု၊ မဏိသုအား၊ နန်းတင်ထားပြီး၊ ဘွဲ့ဆောင်နာမ၊ သူရိယကို၊ တင်ကြထိုခါ၊ သုံးနှစ်သာတည်း။ ချကာနန်းမှ၊ မင်းဝရကို၊ တင်ကြတဖန်၊ သုံးနှစ်မှန်၏။ တဖန်ထိုမှ၊ သူရိယသည်၊ ဒွယမှန်စွာ၊ စိုးတုံပါ၏။ ငတုံးမှာကား၊ နော်ရထာစောဟု၊ ခံပြီးသောမူ၊ ထီးဖြူနန်းထက်၊ ဆယ့်ငါးရက်တည်း။ ဖြန့်ကြက်စိုးအုပ်၊ မာရုပ္ပီယ၊ တနှစ်ပြ၏။ ကာလမန္ဓာတ်၊ တနှစ်မှတ်လော့။ မချွတ်ဗိုလ်လူ၊ မင်းစောဖြူကို၊ ဘွဲ့မူနရာဓိပတိ၊ တင်ဘိသုံးနှစ်၊ မကြာရစ်ခင်၊ အားအင်လည်းပြု၊ ထီးနန်းလု၍၊ စန္ဒသုဓမ္မာ၊ မင်းကိုသာလျှင်၊ တင်ပါနန်းထက်၊ ဆယ့်လေးရက်တည်း။ တချက်မကြာ၊ နရာဒိပ္ပ၊ ထိုမင်းလှအား၊ ပင့်ငြားတင်ကြ၊ နှစ်ဒွယနှင့်။ ထိုကတခါ၊ ကျော်သိင်္ဂါလျှင်၊ စန္ဒာဝိမလ၊ ဘွဲ့နာမဖြင့်၊ စိုးထခြောက်နှစ်၊ အမှန်ဖြစ်၏။ တလှစ်သတိုးလှ၊ စန္ဒသူရိယာ၊ လေးနှစ်သာချင့်။ ဓမ္မာသတ္တ၊ နှစ်ဝဿနှင့်၊ စွန်းပအကယ်၊ တဆယ်လေးရက်၊ ရွီတွက်သင်္ချာ၊ ချိန်အခါတည်း၊ အာဏာစက္က၊ တည်မကျဘဲ၊ လောကထွတ်တင်၊ ပြည်သခင်ဟု၊ အသျှင်ရာဇ၊ မင်းကိုမျှလျှင်၊ နန်းချနန်းတင်၊ ပြုလတ်ကျင်သည်၊ များဖျင်သူပုန်ထိုဝယ်တည်း။ ။

(၄၆) ထိုဝယ်သူပုန်၊ ပြည်ကိုချုံ၍၊ မွှီတုံလှုပ်လျှား၊ ပြုသည်များကို၊ ယောက်ျားမှန်ထ၊ ဘုန်းတေဇနှင့်၊ တန္တဗိုလ်မင်း၊ အကုန်ခွင်းမှ၊ တွင်ခြင်းနာမ၊ ၀ိဇယနှင့်၊ စိုးထအုပ်လစ်၊ သက္ကရာဇ်သည်၊ ဒွေးသတ်အာဇံ၊ နန်းစံနှစ်ကား၊ အက်နှင့်ဝီသ၊ သူရိယမူ၊ သိင်္ဂဘုံမှာ၊ သုံးနှစ်သာတည်း။ နရာဓိပတိ၊ တနှစ်ဟိက၊ နရပ၀ရ၊ နှစ်နှစ်ပြ၏။ ၀ိဇယမင်း၊ သျှစ်နှစ်တွင်းဝယ်၊ ခေါ်ခြင်းနွယ်ပြား၊ ဘာသာခြားသည်၊ ကုလားကုကျာ၊ ပုန်ကန်လာ၍၊ ကာလသူရတန်း၊ အမည်ဆန်းဖြင့်၊ သိမ်းမြန်းယူကာ၊ သုံးရက်သာတွင်၊ ယှောင်ခွာပယ်ပစ်၊ မဒရာဇ်ကား၊ ငါးနှစ်စိုးမှ၊ နရအဘယ၊ န၀ဧကု၊ သီရိသုမူ၊ မင်းပြုသုံးလ၊ ပရမကား၊ စံစားတိရိ၊ ဖြစ်ပြီးမှလျှင်၊ အဘယရာဇာ၊ ကိုးနှစ်လာ၏။ စန္ဓသုမန၊ လေးနှစ်ပြ၏။ ၀ိမလသည်၊ ရက်လေးဆယ်တည်း။ စမ္ပယ်ထွန်းပ၊ သတိဿကား၊ နောင်မှဓမ္မရာဇ်၊ ငါးနှစ်ဖြစ်ကာ၊ မဟာသမတ၊ နာမသဘော၊ ဘွဲ့သညောမူ၊ အဂ္ဂေါပုည၊ ခေါ်ကြတမူ၊ နှစ်နှစ်ဟူ၏။ ဆက်ယူစံလျှက်၊ အပျက်အကျပ်၊ ပေါင်းယှဉ်အပ်ကာ၊ မျိုးစပ်နွယ်ခြား၊ မင်းအများကို၊ တွက်ငြားလီသော်၊ တကျိတ်ကျော်၍၊ စွန်းပေါ်ငါးယောက်၊ ဖြစ်တုံမြောက်ပြီး၊ နောက်ဆုံးနှစ်မှတ်၊ စတုသတ်တွင်၊ ပြည်မြတ်ရခိုင်၊ ထီးနန်းယိုင်သည်၊ ပယ်လှိုင်ဆိုရေးအံ့ဖွယ်တည်း။ ။

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်းဝခေါ်ထ၊ ပြည်ဌာနက၊ ဒေါသရန်ပွား၊ ပြူအောက်သားရို့၊ ခိုက်ပွားရန်ရှာ၊ တိုက်ဖျက်လာ၍၊ ဗိုလ်ပါအားထု၊ ပြည်ကိုလုကာ၊ မင်းပြုအစ၊ ပထမမူ၊ နန္ဒပကျန်၊ လေးနှစ်မှန်၏။ တိုက်ဝန်မလွဲ၊ နှစ်နှစ်မြဲချင့်။ မင်းရဲသီဟသု၊ တနှစ်ပြု၍၊ အာယုဆန်ထ၊ သည်နောက်မှမူ၊ အာကာကျော်ထင်၊ နှစ်နှစ်ပင်တည်း။ လှည့်ကျင်လီက၊ မောင်ကျော်လှကို၊ မင်းလှရာဇာ၊ ခေါ်မည်သာနှင့်၊ ဆက်ကာစောင့်ပြီး၊ နှစ်ရေဒွီးမှ၊ မင်းကြီးကျော်ထင်၊ သျှစ်နှစ်လျှင်တည်း။ နီကျင်မြင့်ကြာ၊ နော်ရထာမူ၊ ထပ်ကာအုပ်မိုး၊ ခြောက်နှစ်စိုးမှ၊ ကြာရိုးမင်းလုပ်၊ နှစ်နှစ်ဟုတ်၏။ တရုတ်ဝန်ခေါ်၊ မောင်စံပျော်ကို၊ ထိုရော်တွင်ပြီး၊ မင်းကြီးကျော်စွာ၊ သုံးနှစ်သာနှင့်။ ရက္ခပူရ၊ ရွှီပြည်မတွင်၊ ဌာနကွဲပြား၊ အမျိုးခြားသည့်၊ အောက်သားကိုးဆက်၊ စိုင်မပျက်ဘဲ၊ ရောယှက်ပေါင်းကာ၊ နှစ်သင်္ချာမူ၊ စတ္တာလီသ၊ ဖြစ်လီရ၍၊ နီထတုံငြား၊ ပြည်သူများကို၊ အောက်သားရို့က၊ နှိပ်စက်ကြလျှက်၊ ဒေါသပြုကာ၊ အမှုရှာသည်၊ နောင်လာမတာမတွယ်တည်း။ ။


(31/5/99) နိတွင် အကြမ်းတည်းဖြတ်သုတ်သင်ပြီးစီးသည်။


အပိုဒ် (၄၇) မှ နောက်ထပ် ရာဇ၀င်လင်္ကာအပိုဒ်များစွာ ကျန်ပါသိမ့်သည်။ ဆက်လက်၍ ပုံနှိပ်ကြပါကုန်။

မဟာဝိဟိံက ရခိုင်ရာဇ၀င်လင်္ကာ အပိုဒ် (၃၁) မှ (၄၀) ထိ


(၃၁) မကျန်မကြွင်း၊ ပြည်ခပင်းကို၊ ရုန်းရင်းပြုမြောက်၊ မတ်သုံးယောက်ရို့၊ ရှိနောက်ဘယ်ညာ၊ ဖျက်ဆီးခါမှ၊ ပဉ္စာလရာဇ်၊ တိုင်းသနစ်ဟု၊ ဖြစ်သည်သာစည်၊ သင်းတွဲပြည်ကို၊ ဆက်ရှည်စိုးဘိ၊ နာမဟိသား၊ အဘိရာဇာ၊ သားသဲချာမူ၊ ကံရာဇာကြီး၊ ချီလာပြီးမှ၊ တိမ်နီမိုးဆောင်း၊ ကျောက်ပန်းတောင်း၌၊ မြို့ကောင်းတည်ခယ့်၊ ရန်မျိုးဖယ့်လျှက်၊ နှစ်ဆယ့်လေးနှစ်၊ စိုးသည်ဖြစ်မှ၊ တလှစ်ဖော်ထုတ်၊ သီရိဂုတ်၌၊ အဟုတ်မှန်စွာ၊ မြို့တည်ပါသော်၊ မြင့်ကြာမရ၊ လေးလမျှလျှင်၊ ခွါရတုံငြား၊ ပြောင်း၍လားသော်၊ သိကြားမာဃ၊ ညွှန်လာပြသား၊ ဓည၀တီ၊ မြို့ဌာနီကို၊ တလီတွက်စစ်၊ သက္ကရာဇ်ကောဇာ၊ ရူပကာတွင်၊ တည်လာပြုလှစ်၊ ထီးနန်းစိုက်၍၊ ဟိုးရိုက်ကျော်ထ၊ ပုတ္တိသတည်း။ ဥပရာဇ၊ အိမ်ရှိရသား၊ သီလရာဇာ၊ ဆက်ပြန်လာ၍၊ အဋ္ဌာပေတ၊ နှစ်ပေါင်းရ၏။ ၀ါသုရရာဇာ၊ နန်းဘုံသာ၌၊ ဧကာရာမ၊ စိုးအုပ်သချင့်။ နန္ဒ၀ိဘူရ၊ စာလိသဖြင့်၊ ပုဏ္ဏသူရိယာ၊ ထိုမင်းမှာကား၊ ဓမ္မတရိ၊ ဖြစ်တုံဘိ၏။ သိရိနန္ဒာ၊ သင်္ချာနှစ်တိ၊ သိလိုဘိမူ၊ တရိဝီသာ၊ စန္ဒိမာကား၊ ဆက်လာပြန်ခယ့်၊ သုံးဆယ့်ခုနှစ်၊ စိုးသည်ဖြစ်၏။ သားချစ်မည်ဟိ၊ သီရိနန္ဒာ၊ နှစ်စာလီသ၊ စံစားရ၏။ မင်းလှဘုန်းသန်၊ သီဟရံကား၊ နိုင်ငံကျော်ချောက်၊ လေးဆယ့်ခြောက်တည်း။ ထွန်းတောက်နီတု၊ သီဟနုကား၊ စိုးဉပမှန်ထ၊ နှစ်ဆယ်ပြှု။ ပရတရာဇ၊ စိုးရတုံလစ်၊ သုံးဆယ့်တစ်လျှင်၊ ဘုန်းသစ်ပွင့်ကြုံ၊ နီလဂုဏ်ကား၊ ရောင်ဟုန်ထွန်းပ၊ ပါဒသ၌၊ ဧကတိသုံ၊ သီရိဂုဏ်ကား၊ ရွှီဘုံစိုးရ၊ ဇောဗီသတည်း။ နှစ်ရအစု၊ ရွီတွက်ဉပသော်၊ စတုအဋ္ဌ၊ ဧကပြ၏။ ရာဇ၀င်ရေး၊ တဆယ့်လေးသည်၊ စည်းဝေးဗိုလ်ထုများစွာတည်း။ ။

(၃၂) များစွာဗိုလ်ထု၊ စည်းဝေးပြု၍၊ နှိုင်းတုမဲ့စွာ၊ သမံဇာမူ၊ ပဉ္စာတိသ၊ စိုးအုပ်ပ၏။ သုဝဏ္ဏကုမ္မာ၊ မင်းမြတ်စွာကား၊ ဘုံသာဥကင်၊ ဆယ်နှစ်ရွှင်၏။ သက်တင်ဖြူမှာ၊ လေးဆယ်လာ၏။ တေဇာဘုန်းထူး၊ သက်တင်ဦးကား၊ ရွှင်မြူးစံပ၊ ဒွေးပေတတည်း။ ဇေတ၀န်မင်း၊ ဆတ္တိရင်းတည်း။ မယွင်းမှန်စွာ၊ မုဉ္စယာကား၊ ပေတာရာမ၊ ရွှင်စံပ၏။ ကုမ္မာရ၀ိသုဒ္ဓိ၊ မင်းဘုန်းဟိကား၊ ရှည်ဘိအာယု၊ သျှစ်ဆယ်ပြု၍၊ စွန်းမှုခုနှစ်၊ စိုးတုံရစ်၏။ သားချစ်သားစု၊ ပျိုရွယ်နုသည်၊ ၀ါသုမ္ဂလ၊ မင်းမတ်လှမူ၊ ရွှင်ပနန်းထဲ၊ သုံးဆယ့်လေးတည်း။ ရွှီသဲယောင်းလှ၊ သုရိန္ဒကား၊ ဧကတိသာ၊ စိုးအုပ်ပါ၏။ ရာလမာယု၊ ပျော်မှုစံကာ၊ ဒွတ္တိသာတည်း။ နာလမာယု၊ အတ္တိပြု၏။ ပြိုင်တုကင်းကုန်၊ ၀ိရတဂုဏ်ကား၊ ရွှီဘုံနန်းစိုက်၊ နှစ်ဆယ့်နှစ်တည်း။ သားချစ်မျက်ရှု၊ ၀ိသုရာဇာ၊ အတ္တိသာတည်း။ သီရိရာဇာ၊ စောမင်းလျာကား၊ ပဉ္စတိသံ၊ နန်းဘုံစံ၏။ ကုလံဝံသ၊ နရိန္ဒရို့၊ စိုးထနန်းထက်၊ ဆယ့်လေးဆက်တည်း၊ တွက်ချလီခါ၊ နှစ်ဝါသာမူ၊ လေးရာကျော်လှစ်၊ ကိုးဆယ်ဖြစ် တထစ်မယွန်း၊ အစိုင်ထွန်းသည်၊ ရွှီနန်းသိင်္ဂါအောင်ချာတည်း။ ။

(၃၃) အောင်ချာသိင်္ဂ၊ စိုးစံပသည်၊ သူရိယစန္ဒာ၊ မင်းမြတ်စွာကား၊ မဟာမုနိ၊ ဆရံသိဖြင့်၊ ထွန်းညီးရောင်တော်၊ ရုပ်ရှင်တော်ကို၊ သုံးဘော်သနင်း၊ တရားမင်းအား၊ ၀ပ်စင်းပြုထ၊ တောင်းပန်ခ၍၊ ဓည၀တီ၊ မြို့ဌာနီတွင်၊ သိင်ဂီမောက်မောက်၊ ကျောင်းတော်ဆောက်ကာ၊ ၀မ်းမြောက်စိတ်ဖြူ၊ လှူတော်မူ၏။ ဘုန်းထူးမြတ်စွာ၊ သာသနာလည်း၊ ရောင်ဝါတောက်ထွန်း၊ နိညထွန်း၏။ ပွင့်လန်းသာယာ၊ ထိုရာဇာကား၊ စိုးငြားမှန်ပေ၊ နှစ်ငါးဆယ်နှင့်၊ စွန်းဝယ်နှစ်နှစ်၊ အမှန်ဖြစ်၏။ သားချစ်ရာဇာ၊ ဥပရာမူ၊ သူရိယဓိပတိ၊ စောဘုန်းဟိကား၊ မှန်ဘိစိုးထ၊ တိပဉ္စတည်း။ သူရိယရူပ၊ ပန္နရဖြင့်၊ သူရိယာစန္ဒလ၊ ဒွေးဆတ္တနှင့်၊ သူရိယာစက္က၊ စိုးထမနှေး၊ လေးဆယ့်လေးတည်း။ သူရိယာနာထ၊ သိင်္ဂနန်းရံ၊ လေးဆယ်စံ၏။ ပုတ္တံသားလှ၊ နာမမည်ဟိ၊ သူရိယ၀ံသာ၊ ကိုးနှစ်ကြာ၍၊ သူရိယာဝန္ဒ၊ ခြောက်နှစ်ပြ၏။ သူရိယကလျာ၊ ဘုန်းသမ္ဘာနှင့်၊ အဋ္ဌာရသ၊ စိုးပြီးမှလျှင်၊ သူရိယမုခ၊ ဆဗ္ဗီသတည်း။ သူရိယဇေတ၊ စိုးထတုံလှစ်၊ သုံးဆယ့်တစ်တည်း။ ဖြစ်သည်စိုင်လျှက်၊ ဆယ့်နှစ်ဆက်ရို့၊ နန်းထက်စိုးကာ၊ နှစ်ပေါင်းမှာမူ၊ သုံးရာကျော်လစ်၊ ကိုးဆယ်ဖြစ်၏။ ကြွင်းရစ်စွန်းလွန်၊ သျှစ်နှစ်မှန်သည်၊ ဧကန်မှတ်ကြသင့်စွာတည်း။ ။

(၃၄) သင့်စွာမှတ်ကြ၊ ထီးဖြူလှနှင့်၊ သူရိယပုညာ၊ သျှစ်နှစ်သာတည်း။ သူရိယာကုလ၊ တိဝီသဟု၊ သူရိယပဘာ၊ ပဉ္စမ္မာဖြင့်၊ သူရိယာစိတြ၊ ဆယ့်သျှစ်မျှလျှင်၊ သူရိယဇေဌ၊ ဒွေးဝီသတည်း။ သူရိယာဝိမလ၊ သျှစ်နှစ်ပြ၏။ သူရိယယေနု၊ ဒွေးဒွေးပြု၏။ သူရိယကံသ၊ ဆယ့်ခြောက်ရ၏။ သူရိယသကျာ၊ သျှစ်နှစ်ကြာ၏။ သူရိယသီရိ၊ ၀ီသတိတည်း။ သူရိယကေသိ၊ ကိုးနှစ်ဟိ၏။ သူရိယကုမ္မ၊ တိဓမ္မတည်း။ သူရိယကေတု၊ စိုးပြုစံပ၊ ဒွေးပေတတည်း။ ရာဇ၀ံသာ၊ မင်းဆက်မှာကား၊ ရွီကာတွက်ကျုံး၊ တဆယ့်သုံးတည်း။ စုရုံးနှစ်မှာ၊ ပေါင်းနှောပါသော်၊ နှစ်ရာ့လေးဆယ်၊ လေးနှစ်ပေတည်း။ အနွယ်စိုင်ထ၊ သူရိယဟု၊ ခေါ်ကြသချည်း၊ ဆက်ကာတည်းလျှင်၊ ကမ္ပည်းသိထင်၊ မော်ကွန်းတင်သည်၊ ၀န်းကျင်သျှစ်ရပ်ဒီသာတည်း။ ။

(၃၅) ဒိသာသျှစ်ရပ်၊ ကြားနှမ့်စပ်သား၊ နတ်မျိုးနွယ်လာ၊ မဟာတဉ္စစန္ဒရား၊ မည်ထင်ရှားသား၊ ကျော်ကြားဘုန်းထူး၊ အောင်စည်ကျူး၍၊ ရောင်မြူးတောက်ထွန်း၊ ရွှီဘုံနန်းကို၊ စိုးမြန်းတနှစ်၊ ပြီးတုံရစ်မှ၊ ခုနှစ်အင်္ဂါ၊ ပြည့်စုံပါသား၊ မဟာဗလ၊ နဂရဟု၊ ဓည၀တီ၊ မြို့ဌာနီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းစိုက်သင့်၊ ကံသုံးဆင့်ကို၊ ရှည်မြင့်စိမ့်ငှာ၊ တည်လီပါလည်း၊ မကြာမတင်၊ တနှစ်တွင်ဝယ်၊ ပျက်ကျင်ပေမှ၊ ထိုမြို့ကသည်၊ ခွာထပြောင်းဘိ၊ ဝေသာလိဟု၊ တွင်သိနှိုင်းဆ၊ မြို့သာလှကို၊ ရွီတွက်သင်္ချာ၊ နှစ်ကောဇာမူ၊ တရာ့ငါးဆယ်၊ နှစ်နှစ်ဝယ်တွင်၊ ဘုန်းကြွယ်မင်းမွန်၊ တည်လာပြန်၍၊ တဖန်စိုးရစ်၊ နှစ်ဆယ့်နှစ်တည်း။ တက်သစ်နီလ၊ ကောင်းခြင်းပသည်၊ သူရိယစန္ဒရား၊ မင်းဖျားကမူ၊ ဆန်းပြားအံ့ဖွယ်၊ နန်းဘုံလယ်၌၊ စံပေဧကန်၊ နှစ်ဆယ်မှန်၏။ နိုင်ငံကျယ်ပြော၊ ဇမ္မူကြောဝယ်၊ မောလစန္ဒရား၊ လက်ရုံးအားနှင့်၊ စံစားအုပ်စိုး၊ တဆယ့်ကိုးတည်း။ ပြည့်ဖြိုးပည၊ ကုသလကြောင့်၊ ပေါလစန္ဒရား၊ ခေါင်ထွတ်ဖျားကား၊ ၀န်းလျှားခြံရံ၊ တင့်စိုးစံပ၊ ဆဗ္ဗီသတည်း။ ကာလစန္ဒရား၊ ကိုးနှစ်စား၏။ မခြားဝံသ၊ စိုင်ဖြစ်ကြသည့်၊ ထူလစန္ဒရား၊ ကျော်နှမ့်ကြားသား၊ မင်းဖျားပရမေ၊ စောဘုန်းကြွယ်လည်း၊ ခြွီရွေရံကာ၊ နန်းဘုံသာ၌၊ န၀ါအတ္တိ၊ စံစားဘိ၏။ သီရိစန္ဒရား၊ ဥကင်ဖျားဝယ်၊ ကြယ်များရံကာ၊ လပမာသို့၊ ချမ်းသာစံရ၊ ဒွတ္တိသတည်း။ သိင်္ဂစန္ဒရား၊ မင်းဖျားထွတ်ခေါင်၊ နန်းတောင်ညာထက်၊ သောဠဿတည်း။ စူဠစန္ဒရား၊ ထိုမင်းဖျားကား၊ စိုးငြားအုပ်ကာ၊ ခြောက်နှစ်ကြာ၏။ စိုင်လာမပျက်၊ အဆက်ဆက်လျှင်၊ သောင်းကျက်ကျော်ကြား၊ စန္ဒရားရို့၊ သိကြားပီးဆက်၊ လှံလက်နက်ဖြင့်၊ အုပ်ကြက်လွှမ်းမိုး၊ ထိန်ဟိန့်ကြိုးသည်၊ လူမျိုးရိုခညွတ်လာတည်း။ ။

(၃၆) ညွတ်လာရိုခ၊ ဘုန်းတေဇကြောင့်၊ န၀ရတနာ၊ ပြည့်စုံပါသား၊ ပြည်သာပူရိ၊ ဝေသာလိ၌၊ ဆန္ဒြရူပ၊ တရိန္ဒဟု၊ ရွီထအစစ်၊ သက္ကရာဇ်သည်၊ ရောက်လစ်မှန်စွာ၊ နှစ်ကောဇာတွင်၊ စိုင်ကာခြားပြု၊ မိလက္ခဟု၊ ခေါ်မူသိတုံ၊ အမြတုံမူ၊ နန်းဘုံသတ္တ၊ စံပြီးမှတည်း၊ သားငလှပ်ပျူ၊ မြောက်ဦးထူ၍၊ သိမ်းယူစိုးရစ်၊ တဆယ့်နှစ်မှ၊ တလှစ်ထိုနောင်၊ သပိတ်တောင်ကို၊ တည်ထောင်ပြန်ဖြစ်၊ တဆယ့်သျှစ်တည်း။ သက္ကရာဇ်မှာ၊ တွက်ရွီပါသော်၊ သုံးရာငါးဆယ်၊ ခြောက်ခုဝယ်၌၊ စင်စစ်ထင်ရှား၊ စန္ဒရား၏၊ သားရင်းမှန်ပင်၊ သက်မည်တွင်သား၊ ငမင်းငတုံး၊ တေဇာဘုန်းနှင့်၊ လက်ရုံးမြန်းကြက်၊ စမ္ပ၀က်ကို၊ တည်လျှက်စိုးလာ၊ ဇောဗီသာတည်း။ ရွီကာပေါင်းထ၊ နှစ်အရကား၊ ဧကဆဋ္ဌာ၊ မင်းစိုင်မှာမူ၊ အောင်ချာနဂိုရ်၊ သုံးဆက်ဆိုသည်၊ ဗဟိုရွှီစည်ရစ်မွန်းတည်း။ ။

(၃၇) ရစ်မွှန်းရွှီစည်၊ ဗဟိုလယ်၌၊ ငါးမည်အင်္ဂါ၊ ပြည့်စုံပါ၍၊ ပဉ္စာခေါ်ထ၊ မြို့သိင်္ဂကို၊ သက္ကရာဇ်မှာ၊ ခတ်အတ္တာနှင့်၊ တိသာရောက်လျှင်၊ ခေတ္တသင်သည်၊ မှန်ပင်ဆယ်နှစ်၊ စိုးသည်ဖြစ်မှ၊ ညီချစ်အရင်း၊ စန္ဒသင်းသည်၊ ပွင့်လင်းဘုံသာ၊ နန်းအောင်ချာဝယ်၊ ဧကာဒသ၊ စံရွှင်ပ၏။ ထိုမှတမူ၊ မင်းရင်ဖြူကား၊ ခွန်ယူသိမ်းမိုး၊ ဆယ်နှစ်စိုး၏။ နွယ်ရိုးမှန်ထ၊ နာဂသူရိယ၊ သုံးနှစ်ပြ၏။ သူရိယရာဇာ၊ နှစ်နှစ်သာတည်း။ ဆက်ကာထိုမှ၊ ပုဏ္ဏကလည်း၊ စိုးထကြည်ဖြူ၊ လေးနှစ်ဟူ၏။ မင်းဖြူကြီးလျှင်၊ နှစ်နှစ်ရွှင်မှ၊ စည်သဘင်အမတ်၊ တနှစ်မှတ်လော့။ မင်းမြတ်တမူ၊ မင်းနန်းသူလျှင်၊ ရိပ်ဖြူဖြန့်ကာ၊ ငါးနှစ်ကြာ၏။ မင်းလာတော်ကား၊ ခြောက်နှစ်စား၏။ မင်းကုလားနှင့်၊ မင်းဘီလူးရို့၊ နှစ်ဦးညီကာ၊ သုံးနှစ်လာ၏။ သင်္ခယာရေး၊ တဆယ့်လေးတည်း။ ပုတ္တေးမင်းသန်၊ သျှစ်နှစ်စံ၏။ တဖန်မင်းပတိ၊ တရိသုံးနှစ်၊ စိုးစံဖြစ်၏။ စင်စစ်မှန်စွာ၊ နှစ်ပေါင်းမှာကား၊ ပဉ္စာအဋ္ဌ၊ သိကုန်ကြလော့။ ၀ံသစိုင်လာ၊ မင်းဆက်မှာမူ၊ ပန္နရသာ၊ ဖြစ်ကုန်ပါသည်၊ သိင်္ဂါစံဘုံရွှီနန်းတည်း။ ။

(၃၈) ရွှီနန်းစံဘုံ၊ စိုးအုပ်တုံ၍၊ ပြည့်စုံအင်္ဂါ၊ မင်းလက်ယာမူ၊ ပဉ္စအဋ္ဌ၊ စတုကဟု၊ သက္ကရာဇ်ကောဇာ၊ ရောက်သောခါ၌၊ တည်လာအဆက်၊ မြို့လောင်းကြက်ကို၊ ဖြူရွက်ဖြန့်မိုး၊ သုံးနှစ်စိုး၏။ ကောင်းကျိုးမဟိ၊ ဖြစ်တုံဘိ၍၊ အဋ္ဌိအဋ္ဌာ၊ စတုရာဟု၊ ကောဇာရောက်ချိန်၊ ပရိန်မြို့သစ်၊ တည်ထောင်လှစ်၏။ သုံးနှစ်စံကာ၊ လွန်ပြီးခါမှ၊ သီဟဗမင်း၊ တနှစ်လျှင်းတည်း။ တွင်ခြင်းကျော်ဟီး၊ ရာဇာကြီးလျှင်၊ စံပြီးဒွယာ၊ သည်နောက်မှာကား၊ သာကီဝင်ကြီး၊ တရိခါတွင်၊ သုံးနှစ်လျှင်တည်း။ သာကီဝင်ငယ်၊ ဘုံနန်းလယ်တွင်၊ တဆယ်သျှစ်နှစ်၊ စည်းစိမ်ဖြစ်၏။ တထစ်မှတ်ကြ၊ ဂေါရိလနှင့်၊ ကောလိယမူ၊ ၀ီသဟူ၏။ တမူစိုးလာ၊ ဒဿရာဇာကား၊ ဒွါသစိုးစံ၊ လွန်ခယ့်ပြန်သော်၊ အနန္တသီရိ၊ စိုးဘိနှစ်နှစ်၊ တလှစ်တွက်ပြု၊ နှစ်ပေါင်းစုကား၊ စတုဆတိ၊ ဖြစ်တုံဘိ၏။ မှတ်သိတုံထ၊ နွယ်ဝံသမူ၊ အဋ္ဌမှန်စွာ၊ သျှစ်ဆက်လာသည်၊ အောင်သာမြို့မကြငှန်းတည်း။ ။

(၃၉) ကြငှန်းအောင်ချာ၊ ခြိတ်မြို့သာကို၊ ကောဇာနှစ်ရေ၊ ဖော်ပြပေအံ့၊ နောဒွေပဉ္စာ၊ ရောက်သောခါ၌၊ တေဇာတက်ဖျား၊ မင်းဘုန်းစားသည်၊ တည်ထားပြီးမှ၊ မြို့နန်းချ၍၊ စိုးထအုပ်လစ်၊ ခုနှစ်နှစ်တွင်၊ စွန့်လစ်ခန္ဓာ၊ လွန်ပြီးသော်က၊ ပဉ္စကာလ၊ သံဝစ္ဆမူ၊ ဓမ္မဖြစ်ထ၊ သိကုန်ကြလော့။ ဂန္ဓရူပေါ်၊ သုံးနှစ်ကျော်မူ၊ မြို့တော်ကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းကနက်၊ အသစ်ဆက်လျှက်၊ စမ္ပ၀က်မှာ၊ တည်တုံလာသော်၊ မြင့်ကြာမမြောက်၊ ခြောက်လရောက်တွင်၊ ခြိမ်းခြောက်ပြုလတ်၊ ဒေါသမှတ်၍၊ အမတ်စလင်ဗိုလ်၊ လူဝန်တိုလျှင်၊ ငြိုငြင်ထဲမှတ်၊ ပုန်ကန်လတ်၍၊ အကျပ်ပျက်ကို၊ ခြောက်လဆို၏။ နှစ်ကိုပေါင်းက၊ တေရသလျှင်၊ ရာဇ၀င်မှာ၊ လေးဆယ်သာတည့်၊ စိုင်လာဖြစ်ကြ၊ ဆိုမြွက်ဟသည်၊ ဗြဟ္မာထိပ်ခေါင်ဦးစွန်းတည်း။ ။

(၄၀) ဦးစွန်းဗြဟ္မာ၊ ဘုန်းညွန့်ဖြာသား၊ တေဇာထွန်းလင်း၊ မဉ္စူသင်းသည်၊ ကောင်းခြင်းသာစွာ၊ မြို့ပဉ္စာကို၊ ငါးရာကျော်လစ်၊ လေးဆယ့်နှစ်ဟု၊ သက္ကရာဇ်မှာ၊ တည်တုံပါ၍၊ ဧကာဧက၊ စံပြီးမှလျှင်၊ သားလှရေမွန်၊ ငပုဂ္ဂံရို့၊ စိုးစံအညီ၊ နှစ်နှစ်စီတည်း။ သည်ပြီးရက္ခိုင်၊ ငကြုံဆိုင်ရို့၊ နန်းထိုင်သုံးနှစ်၊ အညီဖြစ်၏။ တလှစ်ငဆူ၊ လေးနှစ်ဟူ၏။ သိမ်းယူခွန်ဖျင်း၊ ငစွေသင်းနှင့်၊ ခေါ်ခြင်းမည်သီး၊ မင်းခေါင်ကြီးဟု၊ တွင်ပြီးတသွယ်၊ မင်းခေါင်ငယ်နှင့်၊ ဆက်နွယ်စိုင်လာ၊ ကမ္ဘာလောင်ကြီး၊ မည်သီးတဖြာ၊ ကမ္ဘာလောင်ငယ်၊ ငါးဆက်ဝယ်ကား၊ စံပယ်အညီ၊ တနှစ်စီတည်း။ တလီတွင်သီး၊ လက်ယာကြီးမူ၊ စိုးပြီးအုပ်ကာ၊ သျှစ်နှစ်ကြာ၏။ လက်ယာဝင်ငယ်၊ စိုးသည်ဆယ့်တစ်၊ တလှစ်မယွင်း၊ သနပင်းကား၊ စိုးခြင်းအကယ်၊ သုံးနှစ်ပေတည်း၊ ငနယ်သိမ်မူ၊ ဒွေးချိန်မှတ်ထုံး၊ ငနှလုံးကား၊ သုံးနှစ်စား၏။ မှတ်သားတဖြာ၊ နှစ်ပေါင်းမှာကား၊ သတ်ပဉ္စတာ၊ သောဠဿာစစ်၊ မင်းမျိုးဖြစ်သည်၊ အသစ်မြို့ရွာကျိန်းဝပ်တည်း။ ။

မဟာဝိဟိံက ရခိုင်ရာဇ၀င်လင်္ကာ အပိုဒ် (၂၁) မှ (၃၀) ထိ


(၂၁) မလွတ်ပြည်မ၊ ပြည်တွင်းစသား၊ များလှရုံးစု၊ ထိုးခွတ်ပြုသော်၊ ၀ါသုဒေ၀၊ စောမင်းကလည်း၊ ဗလဒေ၀၊ ညီမင်းလှနှင့်၊ အဉ္စနဒေ၀ီ၊ သိင်ဂီရွှီဘော်၊ နှမတော်ကို၊ ခေါ်တော်မူပြီး၊ ပရောဟိလည်း၊ ပါဘိကိုယ်ကြပ်၊ လက်ချင်းစပ်၍၊ မြောက်ရပ်တူရူ၊ လားတော်မူ၏။ နှမ့်ဆူကျော်ကြား၊ မင်းနှစ်ပါးရို့၊ ရှည်လျှားရှိခါ၊ သံသရာက၊ ကြမ္မာစိုင်ဆိုက်၊ ၀ိပါက်လိုက်၍၊ ရန်ခိုက်နှင့်တွိ၊ ခန္ဓာရွှိ့လျှက်၊ စုတိဘ၀င်၊ ချုပ်လီကျင်မူ၊ ဆင်းအင်ပြည့်လှ၊ အဉ္စနနှင့်၊ ဗြဟ္မဏတွင်ဘိ၊ ပရောဟိရို့၊ ပေါင်းမိမသွယ်၊ လားကြပေသော်၊ ကျော်ဝယ်နှမ့်သိ၊ ဝေသာလိဟု၊ ခေါ်ဘိတင်မြောက်၊ ပြည်သို့ရောက်၏။ ဘုန်းတောက်သနင်း၊ ထိုပြည်မင်းလည်း၊ ဖြစ်ခြင်းရောဂါ၊ ဝေဒနာကြောင့်၊ မကြာလျှင်လျှား၊ စုတိငြားသော်၊ သားနှင့်မြီးမြစ်၊ မကျန်ရစ်၍၊ ပြည်၌များစွာ၊ မူးမတ်ရာရို့၊ ညီညာကြိုးစား၊ ပြုသောအားဖြင့်၊ ပုဏ္ဏားသာလှ၊ ဗြဟ္မဏနှင့်၊ အဉ္စနဒေ၀ီ၊ ဆင်းလှရွှီကို၊ သိင်ဂီဥကင်၊ ထီးနန်းတင်၏။ သာရွှင်ဝမ်းမြောက်၊ ဘိသိက်မြှောက်၍၊ ငြိမ်းလှောက်သာယာ၊ စံပြီးခါမှ၊ ပုတ္တာသားလှ၊ ဗြဟ္မသုန္ဒရာ၊ စောသတ္တာသည်၊ ဝေသာလီက၊ ပြောင်းပြီးမှလျှင်၊ များဖျင်အလေး၊ ဗိုလ်စည်းဝေးနှင့်၊ ငခွေးသင်းတောင်၊ မြို့တည်ထောင်၏။ ထို့နောင်စိုးထွေ၊ ခြောက်နှစ်ပေတည်း။ ရှည်ရှည်လျားလျား၊ မြို့စိုင်များနှင့်၊ ပုဏ္ဏားမျိုးနွယ်၊ မိုးထက်ကြယ်သို့၊ ဆက်သွယ်များစွာ၊ စိုးငြားပါသော်၊ ရီသာစိမ်းမြ၊ ဂစ္ဆပ၏၊ ဒက္ခိဏဂါမာ၊ ကမ်းပါးသာ၌၊ န၀ါန၀၊ နာမဘွဲ့မည်၊ ကိုးဆယ်ကိုးမြို့၊ မချို့အင်္ဂါ၊ ကိန်းသင်္ချာမူ၊ နှစ်ရာပြည့်လုတ်၊ နှစ်ပါးယုဂ်၏။ အဟုတ်မင်းပေါင်း၊ စိုးအုပ်လျှောင်း၍၊ ပြန်ပြောင်းတည်ထ၊ ပြုကုမ်ကြလျှက်၊ နာမသမိုက်၊ ထီးနန်းစိုက်သည်၊ မှတ်ပိုက်တံဆိပ်ခတ်လတ်တည်း။ ။

(၂၂) ခတ်လတ်တံဆိပ်၊ ရန်မျိုးနှိပ်၍၊ ဘုန်းရိပ်ထွန်းပ၊ ရာဇညရို့၊ ဂစ္ဆပနဒီ၊ မြစ်ဆီလက်ယာ၊ ရှိပြုဗ္ဗာက၊ တည်လာအစ၊ ပထမမူ၊ ဒွါရ၀တီ၊ ဌာနီသမိုက်၊ ထီးနန်းစိုက်မှ၊ ပဏ္ဏ၀တီ၊ သဗ္ဗလီတည်း။ မင်းသမီးပြင်၊ မင်းသားပြင်နှင့်၊ သက်တင်ဝန်းချုံး၊ ဆင်ကုန်းတကြောင်း၊ ပေါင်းလောင်းပင်တိုင်၊ တိုင်ချိုင်မည်ဆောင်၊ ကာဝန်းတောင်ပြိုင်၊ စိမ်းညှင်းအိုင်ပြင်၊ ရထိန်တွင်လျှောင်း၊ ကျွန်းပေါင်းလောင်းက၊ အင်းချောင်းတည်ထောင်၊ နနွင်းတောင်လျှင်၊ သောက်ရှုးပြင်ခေါင်၊ စည်ဘောင်တောင်ရဲ၊ ပုလဲတောင်လျှင်၊ ဂင်္ဂါပြင်ဟူ၊ တောင်ဖြူတောင်ပင်၊ ထီးဝန်းတင်ပေ၊ မုစ္စရေဟု၊ ဝေလုပဗ္ဗတ၊ နာမခေါ်ထူး၊ ထင်းရူးတောင်ခန်း၊ ငန်းတောင်ဝန်းနှင့်၊ ရီချမ်းအိုင်ကောင်း၊ ရွှီပန်းတောင်းသာ၊ ပဉ္စာမည်လျှောင်း၊ ကျောက်ပန်းတောင်းဟုတ်၊ သီရိဂုတ်က၊ ဓည၀တီ၊ သိင်ဂီမျိုးမြင့်၊ ကံသုံးဆင့်နှင့်၊ အဇ္ဇရ၀တီ၊ သီရိမာဝတီ၊ ခေါ်ညီတွင်ဆို၊ ရာဇဂြိုဟ်က၊ ရဏ္ဏ၀တီ၊ ဝေသာလီမှ၊ တလီမုက္ချ၊ ကုမ္ဘ၀တီ၊ တချီတွင်ထ၊ ဘရ၀ဏ၊ သုဝဏ္ဏဂီရိ၊ ဆိုဘိမယွင်း၊ လီညှင်းတောင်က၊ စန္ဒနနှင့်၊ ပါသိဝဆိုင်း၊ သ၀င်ကိုင်းက၊ ပြိုင်းတိုင်မည်နှင်း၊ ငခွေးသင်းတောင်၊ ငါးရီတောင်မှန်၊ ငဆဒ္ဒါန်ပေ၊ ကျက်သရေတောင်လျှင်၊ စည်သဘင်တောင်ကောင်း၊ ငရံချောင်းထက်၊ စမ္ပ၀က်တောင်၊ မောင်ပုံတောင်ကိုင်း၊ ပြိုင်းတိုင်တောင်ဖြူ၊ ကိန်းသာဟူပြန်၊ သလွန်တောင်ကောင်း၊ ပိန္နဲချောင်းဟူ၊ ဆင်ဖြူကျွန်းသာ၊ တခါအမှန်၊ ကာတန်တောင်ဆက်၊ ပုသင်တက်ပါ၊ သေလာတွင်ဘိ၊ ရင်ကတိသာ၊ သမ္မာဝတီ၊ စုံညီသာမို့၊ ပရိန်မြို့ထောင်၊ မာန်အောင်တဖြာ၊ ကျွန်းနံသာနှင့်၊ ပန်းနံသာက၊ ကက္ခရပဗ္ဗတ၊ နာမဂဏန်းတောင်၊ ထို့နောင်တသုံး၊ လှံရုံးသဖွယ်၊ တောင်သုံးဆယ်မှန်၊ သရဘန်ဆိုင်၊ နဂါးအိုင်နှင့်၊ တပင်တိုင်ဟူ၊ တောင်ဖြူတောင်သာ၊ နီလာတောင်မျိုး၊ လွန်ရိုးတောင်ဟုတ်၊ ဂုတ်မြို့ခေါ်ထို၊ လင်းဟုဆိုထ၊ ကမ္ဗလ၀က်၊ သရက်တောင်ပြီး၊ မနီးမယွင်း၊ စစ်တလင်းထား၊ ကျောက်လှေကားဟူ၊ မှန်ကူတချို့၊ လင်းမြို့မှန်ထ၊ မြေမြို့သချည်း၊ နေရဉ္စရာ၊ ကုသ၀ဒီ၊ ခေါ်ညီသာယာ၊ စမ္ပာဝတီ၊ စုံညီသာစွာ၊ လက်ယာဘက်မှာ၊ ဆက်ကာစိုင်၍၊ ရွီတွက်ခယ့်သော်၊ ကိုးဆယ့်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့ထီးနန်းတည်လတ်တည်း။ ။


(၂၃) တည်လတ်ထီးနန်း၊ တစိုင်ထွန်း၍၊ ဆိပ်ကမ်းသာလှ၊ ဂစ္ဆပ၏၊ ပစ္ဆေမဒေသာ၊ နောက်မျက်နှာ၌၊ တည်လာအစ၊ ပထမမူ၊ ကျီးမသရေ၊ ခေါ်ပေထင်ရှား၊ ကုလားပန်းဇင်း၊ မယွင်းပြုပ္ပာ၊ ဂန္ဓာမစ္ဆိမ၊ ပဘင်္ဂလျှင်၊ ဂဇင်ကလ၊ သန္တလရာဇ်၊ ဖြစ်သည်တဖြာ၊ စေကာကရာဇ်၊ သေတာရာဇ်မှ၊ ပပ္ပတရာဇ်၊ စုလရာဇ်သာ၊ ကာလကရာဇ်၊ တလှစ်မှန်စွာ၊ ပဋိကာလ၊ တည်ထနဒီ၊ အညီမှတ်ကြ၊ ပဉ္စကာမ၀တီ၊ တလီထိုမှ၊ တဉ္စရဉ္စရာ၊ တခါဆိုဟူ၊ အစ္စန္တုဘ၊ သုဝဏ္ဏဂီရိ၊ မည်ဟိခေါ်ပြု၊ ဝေဠုရတ၊ နာမတွင်ဘိ၊ ပဋိကရာနာဂရ၊ လောရမ္မနှင့်၊ ပဌမနဂိုရ်၊ ထိုထိုသာယာ၊ ရမ္မာပူရ၊ လောက္ကရက၊ သမ္မာပူရ၊ လောက္ခရတ၊ စက္က၀ဏ္ဏ၊ သမ္မာဝါရာ၊ ဝေသာပန်းတောင်း၊ တကြောင်းထိုမှ၊ တက္ကရမှန်၊ ငတန်သူရဲ၊ မလွဲတဆစ်၊ မလ္လရာဇ်က၊ ယက္ခဂန္ဓ၊ သမ္မဂီရိ၊ ခေါ်ဘိမှန်စွာ၊ ဂန္ဓဂီရိ၊ စတုရိနှင့်၊ ပုလိန္နရာဇ်၊ စိုင်ဆိုက်မှတ်ကြ၊ အ၀ိန္ဒတ၊ ကေကကရာဇ်၊ ဖြစ်သည်မယွင်း၊ ဆားတလင်းကြုန်း၊ ခမောင်းတုန်းဆိုင်၊ သရက်အိုင်ဆောင်၊ ငကြေးတောင်လျှင်၊ ဘုန်းပြင်ခေါ်ဆောင်၊ သပိတ်တောင်နှင့်၊ ယင်ပေါင်တောင်မင်း၊ အင်ကြင်းတောင်မွန်၊ ရွှီစင်္ကြန်ပေ၊ ဆင်သေတဖန်၊ ဆဒ္ဒန်အိုင်မှန်း၊ သ၀င်ကျွန်းနှင့်၊ စစ်တန်းတင်ဘက်၊ သမက်ခေါ်ထ၊ ယောက္ခမတည်း။ ဆံထုံးဖွေးဟူ၊ သလူတောင်စပ်၊ တပ်မြို့မည်မှန်း၊ တောင်ကျွန်းခေါ်ဆောင်၊ ကျက်တောတောင်မှ၊ ကာသုရတုံ၊ ထောက်ဆုံမလွဲ၊ တဲလမုချောင်း၊ တကြောင်းသည်နောက်၊ ပီတကောက်မှန်း၊ ပီကျွန်းသမန္ဒရာဇ်၊ စစ်စစ်မှန်သော၊ ပတကောလျှင်၊ တင်တိုင်းသင်တောင်၊ ခြင်္သေ့တောင်နှင့်၊ မြင်းသီတောင်ဖြစ်၊ ဘန္တရာဇ်ဆိုင်၊ ကင်းမိအိုင်ဆုံ၊ မထုံခေါ်မြို့၊ ရဲရို့ပင်တိုင်၊ ကျန်းခိုင်မောက်မောက်၊ သီမသောက်ဆို၊ သားပျိုငိုငြား၊ ကျောက်တန်းခါးဟုတ်၊ တရုပ်ကာညီ၊ ခွီးသီမှန်လတ်၊ ဥဒေါင်းဝတ်လျှင်၊ သက်ကျမ်းပြင်က၊ ခေါ်တွင်မှန်စွာ၊ မြို့သာယာနှင့်၊ မလ္လာမည်ဝင်၊ မြင်းသီပြင်လျှင်၊ အောင်သာပြင်က၊ နီလာပြင်မြောက်၊ ငကျိုင်တောက်ဟူ၊ ဆင်ဖြူတောင်ကျော်၊ ကံ့ကော်တောင်ကောင်း၊ ညောင်ချောင်းတွင်ငြား၊ စိမ်းညှင်းပြားဟူ၊ ပျားသားယူက၊ သြရမဟု၊ စည်ကြများပေ၊ ရွီတွက်ချေသော်၊ ကိုးဆယ်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့တည်ထ၊ ထီးနန်းချသည်၊ နာမသမိုက်မည်လတ်တည်း။ ။

(၂၄) မည်လတ်သမိုက်၊ ထီးနန်းစိုက်၍၊ ဘုန်းမြို့ထွန်းပ၊ ဗြဟ္မဏ၏၊ စိုးထတိုးစည်၊ ဆက်ကာသွယ်လျှက်၊ အနွယ်များစွာ၊ ဖြစ်ခြင်းရာကို၊ ရွီးကာဖော်ညွှန်း၊ ပိုကျယ်ဝန်း၍၊ စိစေ့ဆိုထ၊ ရုံး၍ပြအံ့၊ တရာ့ကိုးဆယ်၊ သျှစ်မြို့ဝယ်တွင်၊ အနွယ်ပုဏ္ဏား၊ နောင်ဖျားဆုံးစွန်၊ သရဘန်ဟု၊ ကျော်လွန်သတင်း၊ ထိုသည်မင်းလျှင်၊ ဆင်မြင်းရထား၊ ခြီသည်များနှင့်၊ တည်ထားပြောင်းရွှိ၊ ဝေသာလိဟု၊ ဘုမ္မိနက်သန်၊ မြီကြန်ညီညွတ်၊ မြို့မြတ်တည်လျှက်၊ ဆယ့်ခြောက်ဆက်တွင်၊ မြောက်ဖက်ရပ်မှာ၊ ဟေ၀န္ဒာ၏၊ ရီသာညိုမြ၊ ဂစ္ဆပတွင်၊ ပစ္စုံသျှင်မိုး၊ ရွာသွန်းဖြိုးက၊ ဟိုးဟိုးများစွာ၊ စီးကျလာလျှင်၊ ထိုတွင်နီထ၊ ဆတ်မကမူ၊ ကြောက်လှကြီးကျင်၊ ညောင်ကြပ်ပင်ကို၊ ခုံမင်ကြွကြွ၊ အရကိုးလျှက်၊ ခိုမှီတက်၏။ တချက်ထိုထို၊ မျောက်ဖိုကလည်း၊ စိမ်းမြညွှန့်ရှင်၊ သဖန်းပင်ဝယ်၊ ခုံမင်တက်မှု၊ နီကုန်ပြု၏။ ရီထုများလှ၊ ပြည့်လတ်ကလျှင်၊ ဆတ်မမျောက်ထီး၊ အပြီးထိုခါ၊ မျောလီပါသော်၊ သေလာဂီရိ၊ အမည်ဟိသား၊ များသိနှမ့်ဆောင်၊ ကျောက်တော်တောင်သို့၊ ရီကြောင်းပို့ကျင်၊ ရောက်လီလျှင်သော်၊ တူပင်မပြား၊ နီတုံငြားက၊ နှစ်ပါးဆုံထ၊ ပေါင်းဖော်ကြသည်၊ နှစ်လရက်ကြာနီလတ်တည်း။ ။

(၂၅) နှစ်လရက်ကြာ၊ နီသောခါ၌၊ တိရိစ္ဆာန၊ ထိုဆတ်မသည်၊ ပုပ္ပနမိတ်၊ အကြောင်းဟိတ်ကြောင့်၊ သုံးကျိတ်နှစ်ယောက်၊ တွက်ရွီမြောက်သား၊ အံ့လှောက်ထွေပြား၊ သားကိုဖွား၏။ ထိုသားရို့တွင်၊ တချို့သားကား၊ ငှက်ဖြစ်ငြား၍၊ ပျံလားတုံမြောက်၊ ဥပွားပေါက်၏။ တချို့သားကား၊ မှန်ငြားစင်စစ်၊ လူလျှင်ဖြစ်က၊ လူ၌၀င်ပြီး၊ ပေါင်းဖော်မှီး၏။ သားကြီးဖြစ်ထ၊ အားဗလနှင့်၊ နာမတွင်ပြန်၊ ငဆဒ္ဒါန်လျှင်၊ တဖန်ခေါ်ဘိ၊ ပက္ခမိနှင့်၊ ထိုပြီးတလှစ်၊ ငရဲခိုက်တည်း၊ စင်စစ်မှန်ညီ၊ ရက္ခနီဟူ၊ တူပြီးယှဉ်ထ၊ ဘီလူးမနှင့်၊ သင့်တင့်ပေါင်းမှု၊ ငရဟုတည်း၊ ဆွီစုမျိုးချည်း၊ ငပါးသဲလျှင်၊ နက်မဲအရုပ်၊ ငလကုတ်ရို့၊ ကြမ်းကြုတ်မိုက်မူး၊ စွယ်ပြူးပြူးနှင့်၊ ဘီလူးမသား၊ ဖြစ်ငြားတုံမြောက်၊ ခုနစ်ယောက်တည်း။ မွှီနောက်တုံထ၊ မောင်နှမရို့၊ ဖိုမကာမေ၊ နီကုန်ပေ၏။ ဖွေဖွေရှာရှာ၊ ရပ်ဒီသာကို၊ လှည့်ကာပတ်လျှက်၊ မိုးထက်ဆိုင်းဆာ၊ ညဆိုင်းဆာကို၊ ဝေသာလိမည်၊ ထိုသည်ပြည်၌၊ နီသည်မချား၊ လူအများကို၊ ဖမ်းငြား၍သာ၊ စားကြပါသော်၊ ပြည်သာစိုးခြင်း၊ ထိုသည်မင်းလည်း၊ ဆင်မြင်းရထား၊ ခြီသည်များနှင့်၊ လူသားစားကြူး၊ တောဘီလူးနှင့်၊ နှစ်ဦးပူးဆိုင်၊ စစ်ရေးပြိုင်သော်၊ ကြီးခိုင်အားအန်၊ ငဆဒ္ဒါန်လျှင်၊ ဆင်ဟန်ဖန်ဆင်း၊ လိုက်လီလျှင်း၍၊ အတင်းဖမ်းငြား၊ မင်းကိုစားက၊ ပုဏ္ဏားမျိုးနွယ်၊ ပျက်ကိန်းသွယ်သည်၊ ပြီးဖယ်လူများကြောက်ရွံ့တည်း။ ။

(၂၆) ကြောက်ရွံ့လူများ၊ ပြီးယှောင်လား၍၊ ထင်ရှားခေါ်ဘိ၊ ဝေသာလိဟု၊ တွင်ဘိအမည်၊ ထိုရွှီပြည်ကို၊ ပတ်လည်ရံငြား၊ ဘီလူးစားက၊ တိုင်းကားပြည်ရွာ၊ ချောက်ချားခါ၌၊ မဟာနာဂရ၊ ကပ္ပိလကို၊ အဇ္ဇုနမင်း၊ ဖယ်ခွာလျှင်း၍၊ သီတင်းသုံးရာ၊ ရှိကြမ္မာကြောင့်၊ တောအောင်းနီထ၊ ထိုဆတ်မနှင့်၊ သံဝါကိစ္စ၊ တွိဆုံကြခါ၊ ဣန္ဒမာယု၊ ခေါ်ကြပြုငြား၊ သားကိုဖွား၏။ လူလားမြောက်ခါ၊ တေဇာကြီးထု၊ မာရယုကား၊ စစ်ပြုဆိုင်တိုက်၊ ငရက္ခိုက်ဟု၊ ၀န်းဝိုက်နီငြား၊ ဘီလူးများကို၊ ထွားထွားညက်ညက်၊ အကုန်ဖျက်မှ၊ အောင်ချဌာန၊ ထိုကစ၍၊ တွင်သနွယ်ရိုး၊ ရခိုင်မျိုးဟု၊ ပတ်ဟိုးနှမ့်သိ၊ ကျော်ဇောဘိ၏။ မှတ်သိခေါ်ပြု၊ မာရယုဟု၊ ကြီးထုတေဇာ၊ မင်းမဟာလျှင်၊ တည်လာအစ၊ ပထမသည်၊ ဓည၀တီ၊ မြို့ဌာနီ၌၊ လောကီဈာန်ဖြစ်၊ ဆယ့်ခြောက်နှစ်တည်း။ သားချစ်သားငယ်၊ မာရဇေကား၊ ရွှီပြည်စိုးလှစ်၊ သုံးဆယ့်နှစ်တည်း။ တရစ်စိုးတုံ၊ မာရအုံကား၊ ရွှီဘုံနန်းမှာ၊ တိပဉ္စာတည်း။ မာရရွယ်လျှင်၊ စိုးသည်မှန်ဖြစ်၊ လေးဆယ့်သျှစ်တည်း။ သားချစ်ခေါ်တွင်၊ မာရကင်ကား၊ စံရွှင်ပျော်ပါး၊ ငါးဆယ့်ငါးတည်း။ နွယ်များမတိမ်၊ မာရဇိန်မူ၊ ရွီယူတွက်ကျုံး၊ သုံးဆယ့်သုံးတည်း။ ပြိုင်နှုန်းမမြင်၊ မာရတင်ကား၊ နန်းခွင်စံငြိမ်း၊ ဒွေးတရိန်းတည်း။ စိုးသိမ်းပျော်လျှက်၊ ခုနှစ်ဆက်တွင်၊ ကျက်ကျက်ရန်ငြို၊ ငဆတ်အိုသည်၊ ကြည်ညိုမဟိ၊ ပုန်ကန်ဘိ၍၊ ဧက၀ိသာ၊ နှစ်သင်္ချာတွင်၊ ခန္ဓာငါးတန်၊ ပြတ်လီပြန်မှ၊ နန်းရံမင်းစစ်၊ သျှစ်ဆက်ဖြစ်၏။ နှစ်ကိုပေါင်းကာ၊ တွက်ရွီပါက၊ သုံးရာသုံးဆယ်၊ ခြောက်နှစ်ဝယ်လျှင်၊ အကယ်မှန်စွာ၊ ဖြစ်လီပါသည်၊ တခါနန်းရိုးဆက်ပြန်တည်း။ ။

(၂၇) ဆက်ပြန်နန်းရိုး၊ ရွှီထီးမိုး၍၊ နွယ်မျိုးသန့်စင်၊ မာရတင်ဟု၊ မည်ပင်တွင်ခြင်း၊ ထိုသည်မင်း၏၊ သားကြီးဖြစ်ထ၊ ကြီးတေဇနှင့်၊ ဒွါလစန္ဒရား၊ နန်းတက်ငြားခါ၊ နှစ်မှာလေးဆယ်၊ ချမ်းသာပေစွ၊ ဆိုကုန်ကြ၏။ သောလစန္ဒရား၊ ထိုမင်းဖျားမူ၊ တွက်ငြားရွီကျုံး၊ သုံးဆယ့်သုံးတည်း။ လက်ရုံးကြီးထ၊ နီနှင့်လသို့၊ သူရိယစန္ဒရား၊ မင်းမြတ်ကားမူ၊ စံစားသုံးဆယ်၊ ခုနှစ်ဝယ်တည်း။ ဘုန်းကြွယ်ထွန်းပ၊ တုမမျှသည်၊ ကာလစန္ဒရား၊ လေးဆယ်စား၏။ သားတဉ္စစန္ဒရား၊ ခြွီရံများနှင့်၊ စံငြားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တန်းထစ်ရွီမှု၊ မှတ်တော်ပြုလော့၊ မဓုစန္ဒရား၊ နှစ်ဆယ်အားဖြင့်၊ စံစားပြီးမှ၊ ရန်မျိုးခ၏။ ဇေယစန္ဒရား၊ အောင်ဆုပွား၍၊ စိုးငြားအုပ်ခါ၊ လေးဆယ်သာတည်း။ မောက္ခစန္ဒရား၊ မူးမတ်များနှင့်၊ ထင်ရှားကျော်ချောက်၊ နှစ်ဆယ့်ခြောက်တည်း။ တယောက်မှန်ထ၊ သားပုတ္တမူ၊ ဂုဏစန္ဒရား၊ ရွှီနန်းအားကို၊ သိမ်းငြားစိုးထ၊ ဒွါဒသတည်း၊ ဒိပ္ပကျော်ကြား၊ စန္ဒရားကို၊ မြိုမတ်သုံးယောက်၊ ပုန်ကန်မြောက်၍၊ လွဲဖောက်လီငြား၊ မတ်သုံးပါးတွင်၊ ရှိဖျားအမတ်၊ စိုးအုပ်ကွပ်သော်၊ ရက်မှတ်သတ္တာ၊ တယောက်မှာကား၊ မှန်စွာသုံးလ၊ တယောက်ကမူ၊ သျှစ်လဟူ၏။ စိုးယူသိမ်းမြန်း၊ အောင်ခန်းထိန်လင်း၊ ကိုးဆက်မင်းရို့၊ စိုးလျှင်းသောခါ၊ နှစ်ပေါင်းမှာမူ၊ နှစ်ရာ့သျှစ်ဆယ်၊ မှန်ပေထစ်ထစ်၊ စိုင်ဆက်ဖြစ်သည်၊ ထောင်လှစ်ထီးနန်းထပ်မံတည်း။ ။

(၂၈) ထပ်မံထီးနန်း၊ တည်လတ်ထွန်း၍၊ တန်ခိုးကြီးလှ၊ နီနှယ်ပသည်၊ ဂုဏစန္ဒရား၊ ထိုမင်းဖျား၏၊ ဖွားထပုတ္တာ၊ ကံရာဇာကြီး၊ စိုးပြီးအုပ်ကာ၊ လေးဆယ်မှာဝယ်၊ စွန်းပါတနှစ်၊ ဖြစ်တုံရစ်၏။ ညီချစ်ကနိဌာ၊ လောင်းပွင့်လျာမူ၊ ကံရာဇာငယ်၊ တင့်တယ်ထွန်းပ၊ ဆတ္တိသတည်း။ ဣန္ဒသူရိယာ၊ ပံတိသာနှင့်၊ ဆက်ကာရိပ်ငြိမ်၊ အသူရိန္ဒ၊ သူရိယလျှင်၊ စိုးထသက္က၊ သုံးဆယ်ပြ၏။ သာရမိတ္တ၊ စိုးအုပ်ပသည်၊ အဋ္ဌ၀ီသ၊ သူရိယမူ၊ ဧကတရိန်း၊ ဖြစ်တုံပြီးမှ၊ မင်းထီးမင်းပါ၊ နှစ်ပါးမှာကား၊ ဓမ္မ၀ီသ၊ အညီမျှ၏။ သည်ပထိုနောင်၊ မင်းစည်ပေါင်ကား၊ တွက်ငြားရွီစစ်၊ နှစ်ဆယ့်သျှစ်တည်း။ ညီချစ်အရင်း၊ တံတိုင်းသင်းနှင့်၊ ပွင့်လင်းစည်ပင်၊ ကျော်ခေါင်စင်ဟု၊ ဖြစ်ကျင်တုံငြား၊ မင်းနှစ်ပါးရို့၊ မခြားစိုးရစ်၊ သုံးဆယ့်တစ်စီ၊ ခတ်လစ်တံဆိတ်၊ စန္ဒမိတ်ကား၊ စိုးငြားတုံရစ်၊ နှစ်ဆယ့်တစ်တည်း။ ဖြစ်သည်စိုင်လျှက်၊ ဆယ့်နှစ်ဆက်လျှင်၊ ရွီတွက်စစ်ခါ၊ နှစ်ဝါသာကား၊ သုံးရာ့ငါးဆယ်၊ ခြောက်နှစ်သွယ်သည်၊ စံပယ်ရွှင်ပနတ်ဟန်တည်း။ ။

(၂၉) နတ်ဟန်ရွှင်ပ၊ အနန္ဒဟု၊ အဘယရာဇာ၊ အတ္တိသာတည်း၊ လက်ယာစည်သူ၊ ဒွတ္တိဟူ၏။ မြင့်မူစိုးရ၊သီဟကလည်း၊ ရွှီထမှန်ကျုံး၊ လေးဆယ့်သုံးတည်း။ ပတ်ကုန်းဝန်းရံ၊ မင်းဘုန်းသန်ကား၊ ပျော်စံတုံရစ်၊ သုံးဆယ့်တစ်တည်း။ တထစ်စံသီး၊ သက္ကမွှီးက၊ န၀စတ္တာ၊ အုပ်ချုပ်ပါ၏။ ဇေယျနန္ဒသူ၊ ဘုန်းညွန့်လူသည်၊ ရိပ်ဖြူဖြန့်လှစ်၊ ငါးဆယ့်တစ်တည်း။ တလှစ်တုံမူ၊ တက္ကသူကား၊ ရွီယူချီမြောက်၊ လေးဆယ့်ခြောက်တည်း။ ကျော်ချောက်ကြေငြာ၊ လက္ခဏာကား၊ သတ္တာတရိ၊ စိုးစံဘိ၏။ မှတ်သိတုံလှစ်၊ ဂုဏရာဇ်ကား၊ သျှစ်နှစ်လေးဆယ်၊ အသိလွယ်တည်း။ နီနှယ်ထွန်းသစ်၊ သီဝရာဇ်ကား၊ အက်နှစ်တရိ၊ စိုးစံဘိ၏။ မည်ဟိကျော်ဟီး၊ မင်းလှမွှီးကား၊ စံစားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တလှစ်ထိုမှ၊ ပူရိန္ဒလျှင်၊ ဓမ္မဆဋ္ဌ၊ စိုးပိုင်သ၏။ သိဒ္ဓတကုမ္မာ၊ ဒွေးဝိသာနှင့်၊ စိုင်ကာဆက်ပြီး၊ မင်းလှကြီးကား၊ ရွှီထီးဖြန့်ထ၊ သတ္တစာလိ၊ ဖြစ်တုံဘိ၏။ ဘုန်းဟိသာစည်၊ မင်းလှငယ်ကား၊ နှစ်ဆယ့်လေးနှစ်၊ စည်းစိမ်ဖြစ်၏။ ရွီစစ်နှစ်မှာ၊ တွက်ခြစ်ပါမူ၊ ပဉ္စာန၀၊ ပညာသတည်း။ ရာဇဘုန်းမိုး၊ ရွှီနန်းစိုးသား၊ နွယ်ရိုးဝံသ၊ စိုင်၍ပြသော်၊ ဖြစ်ထတုံငြား၊ တဆယ့်ငါးသည်၊ ထင်ရှားမင်းဆက်အမှန်တည်း။ ။

(၃၀) အမှန်မင်းဆက်၊ စိုင်မပျက်သည်၊ ထီးချက်ဖြန့်လှစ်၊ စေတရာဇ်ကား၊ အနှစ်သုံးဆယ်၊ ပျော်စံပေ၏။ ဘုန်းကြွယ်လျှံထွန်း၊ မျက်နှာဝန်းမူ၊ ရွှင်လန်းစံဖြစ်၊ သုံးဆယ့်တစ်တည်း။ နှစ်ရှည်ကြာပြီး၊ လက်ရုံးကြီးကား၊ သတ်ဒွီးယူဘိ၊ မှတ်ကုန်ဘိလော့။ သီရိကမ္မသုန္ဒ၊ အတ္တိသတည်း။ နန္ဒကောဘယ၊ စောမင်းလှမူ၊ စိုးထစံလှစ်၊ သတ်ဒွေးဖြစ်၏။ သားချစ်တမူ၊ မင်းနံဖြူကား၊ နှစ်ဆယ်ဟူ၏။ မင်းနံလှမူ၊ အဋ္ဌ၀ီသ၊ စံထဖြစ်ပေ၊ မင်းခေါင်ငယ်ကား၊ တဆယ့်ကိုးနှစ်။ တက်သစ်ဘုန်းရောင်၊ လက်ရုံးထောင်သား၊ လောက်ခေါင်ရာဇာ၊ လေးဆယ်သာလျှင်။ ရာဇာမင်းငယ်၊ ပျော်လှစည်ကား၊ စိုးသည်မှန်မြောက်၊ ခြောက်နှစ်ရောက်၏။ ထွန်းတောက်ဘုန်းသမ္ဘာ၊ သာယာလှသား၊ ဓည၀တီ၊ မြို့သိင်ဂီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းသိမ်းထ၊ ပြောင်းပြီးမှလျှင်၊ ရန္န၀န္ဒာ၊ မြစ်ညာဆီ၏၊ မြနီလာစက်၊ လက်ယာဘက်၌၊ အောင်ချဌာန၊ ထီးနန်းချသော်၊ နှစ်လရက်လျှင်၊ မမြင့်ခင်၌၊ တိုင်ပင်ညီငြား၊ မတ်သုံးပါးရို့၊ ပုန်စားပြီးလျှင်၊ မင်းပြုကျင်၏။ သိထင်ကျော်ချောက်၊ နှစ်နှစ်မြောက်၏။ နောက်မင်းလေးနှစ်၊ ဆက်ကာဖြစ်၏။ မကောင်းခိုက်ရန်၊ ဒေါသမာန်ဖြင့်၊ ပုန်ကန်ပြုလျှက်၊ ကျွန်သုံးဆက်ရို့၊ နှိပ်စက်လှုပ်လျှား၊ မင်းပြုငြားသော်၊ စကားနှုတ်ပွင့်၊ အစိုင်သင့်ဖြင့်၊ ကံသုံးဆင့်မြို့၊ သမိုက်စို့လျှက်၊ လူရို့များဖျင်၊ ခေါ်ကြကျင်သည်။ နှစ်လျှင်တွက်စစ်၊ နှစ်ရာဖြစ်လျှက်၊ စွန်းရက်ခုနှစ်ဆယ်၊ အနွယ်ရောယှက်၊ ဆယ့်သုံးဆက်လျှင်၊ အပျက်အကျပ်၊ ရောထွီးလတ်သည်၊ မှတ်လော့မကြွင်းမကျန်တည်း။ ။

မဟာဝိဟိံက ရခိုင်ရာဇ၀င်လင်္ကာ အပိုဒ် (၁၁) မှ (၂၀) ထိ


(၁၁) စိုး၍မိုးလီ၊ ကျွန်းသပြီကို၊ ရစ်ခွီပတ်ကြိုး၊ အာဏာဖြိုး၍၊ တန်ခိုးထန်ပြင်း၊ မန္ဓတ်မင်း၏၊ နွယ်ရင်းဝံသ၊ ဖြစ်ကုမ်ကြသား၊ သုဝဏ္ဏပဘာ၊ သားတော်မှာကို၊ ရာဇာကံမြင်၊ မည်ပီးကျင်မှ၊ အလျှင်ဦးစ၊ ပထမမူ၊ ခေါ်ထတွင်ဘိ၊ အမည်ဟိသည်၊ သမုတ္တိဒေ၀၊ ထီးနန်းချ၍၊ ရမ္မာဝတီ၊ မြို့ဌာနီဟု၊ ခေါ်ညီပြီးမှ၊ စိုးပိုင်သသည်၊ ၀ရရာဇညာ၊ မင်း၌သာလျှင်၊ သည်းချာစီတရ၊ သမီးလှမူ၊ သုဝဏ္ဏကလျာ၊ ဆင်းရုပ်ဝါနှင့်၊ မကွာစီချင့်၊ အိမ်ထောင်သင့်၍၊ ရှည်မြင့်ကာလ၊ စိုးအုပ်ရအောင်၊ ဥပရာဇာ၊ အိမ်ရှိရာကို၊ များစွာနီထ၊ တည်ပြီးမှတည်း၊ ၀ရရာဇညာ၊ ထိုမင်းမှာကား၊ မဟာရာဇညာ၊ သားတော်မှာကို၊ ဒွါရာဝတီ၊ မြို့သိင်ဂီနှင့်၊ စုံညီပြည့်ဝ၊ ဓည၀တီ၊ ဝေသာလီဟု၊ ဌာနီရဌိ၊ သုံးမြို့ခြိ၍၊ တည်ဘိအမှန်၊ မင်းမြတ်လွန်မှ၊ ဘုန်းလျံထွန်းဖြာ၊ ဥပရာဟု၊ မည်သာခေါ်ဘိ၊ ကျော်နှမ့်သိသား၊ ဘုမ္မိပါလ၊ မဟိသျှသည်၊ သာလှပြောစည်၊ ကံမြင့်ပြည်ကို၊ သက်ရှည်ဖြစ်လို၊ မင်းမြောက်ဆို၏။ ဘကိုရိုပွတ်၊ တောင်းပန်လတ်သော်၊ သားမြတ်သုံးပါး၊ အခြားခြားဖြင့်၊ ပိုင်းခြားသည်မှာ၊ ဤပြည်သာလည်း၊ မှန်စွာစင်စစ်၊ လက်ဝင်ဖြစ်ဟု၊ တထစ်တရံ၊ မှတ်သားကြံမှ၊ ကျိုးနွံခယ၊ လျှောက်ပေကမူ၊ အဿကရာဇာ၊ မင်းနရာရို့၊ သင်္ချာခြားပြီ၊ တသောင်းစီကို၊ အညီယူမျှ၊ ၀ီကုန်ကြသော်၊ ဖြစ်ထမှန်စွာ၊ ယူဇနာမူ၊ ကိုးရာအ၀န်း၊ အဖြောင့်သန်း၏။ ခြင်မှန်းအခင်း၊ သုံးရာတွင်းလျှင်၊ မယွင်းမှန်ညီ၊ ဖို့ဝီအမျှ၊ ပီးပြီးမှတည်း၊ မိုးဝတိမ်ယံ၊ ဈာန်နှင့်ပျံသည်၊ ဂ၀မ္ပတိ၊ ထေရ်မဏိနှင့်၊ ပါရမီသွာ၊ နတ်ဝိဇ္ဇာက၊ ဒေ၀ါသိကြား၊ ဟူးရားများကို၊ ပိုင်းခြားတုန့်ပြိုင်၊ တုရင်းတိုင်နှင့်၊ နမိတ်တိုင်မြောက်၊ ကျောက်တိုင်ဆောက်၍၊ အံ့လောက်ကျီးကျွန်၊ ရှိထက်လွန်သည်၊ ပြည်မွန်ဆက်တတိုး၏တည်း။ ။

(၁၂) တိုး၏ဆတက်၊ ထိုမင်းထက်ဝယ်၊ သက်နှင့်ချင်းမြို၊ မစောင်းဆို၏။ သာချိုမြရိပ်၊ ချောနှင့်ကျိတ်တည်း။ မဖိတ်မှန်ပင်၊ သျှမ်းတူးလျှင်တည်း။ ဆိုလျှင်းလည်းပြု၊ မူဒူရှုလော့၊ ပြူဟုခံပြီ၊ မည်ခလီနှင့်၊ စုံစီမှတ်ဖွယ်၊ ဆက်ကာသွယ်လျှင်၊ ဇင်းမယ်ခေါ်တွင်၊ လင်းဟုကျင်သား၊ တန်းတင်သရေ၊ ဖြစ်ကျင်ပေ၏။ အမည်တွင်ပြီ၊ ဘင်္ဂလီဟု၊ အညီသည်နောင်း၊ လင်းကဲစောင်း၍၊ တကြောင်းတတန်၊ ကသည်းခံ၏၊ ကမ်းယံတမူ၊ သထုံဟူသား၊ တမူတနှိုင်း၊ မြန်တလိုင်းနှင့်၊ ပည်လှိုင်းသိပ်သည်း၊ စုရုံးစည်းလျှက်၊ ကံတည်းမှန်းကြုံ၊ သည်နောက်မူက၊ ကမ်းမြုံကမ်းတူး၊ စုံဖက်ပူး၏။ တခုတန်းတိုက်၊ မည်သမိုက်သည်၊ လ၀ိုက်လကွန်း၊ ခေါ်ကြမှန်း၏၊ စည်ထွန်းရပ်ရွာ၊ ရွီတွက်ပါသော်၊ ဘာသာကွဲပြား၊ နှစ်ဆယ့်ငါးလျှင်၊ မင်းဖျားညီနောင်၊ သည်နည်းအောင်၏။ လေးမြှောင်လေးမင်း၊ ပေါင်းလတ်လျှင်းက၊ တွင်ခြင်းမှန်ထ၊ မည်နာမမူ၊ တရာ့တဘာသာ၊ ဖြစ်တုံပါ၏။ အဿကစ၊ နကရမြင်း၊ ရွာရိုးတွင်း၌၊ စည်ပင်ပြန့်ပွား၊ အခြားခြားဖြင့်၊ မင်းသားတသီး၊ မင်းသမီးကို၊ တွက်ပြီးတသိန်း၊ အိမ်ထောင်ငြိမ်း၍၊ မြို့သိမ်ဇေယျာ၊ ကျွန်းနှံ့ပါသည်၊ ထိုခါပြည့်ထမျိုးရိုးတည်း။ ။

(၁၃) မျိုးရိုးပြည့်လျှင်း၊ မြို့ခပင်းအား၊ မကြွင်းစိမ့်ငှာ၊ ဖော်ပြမှာအံ့။ ဂန္ဓလရာဇ်၊ ဂုရုရဇ်ပေ၊ ၀ိဒေဟရဇ်၊ တလှစ်ပဉ္စာ၊ ကာသိန်ကာနှင့်၊ စေတာကတာ၊ သိသာတွင်စွာ၊ အာသာမေရ၊ ကုတ္တာကမ္မာ၊ သီလာမဇူရ၊ မတ္တရင်္ဂါ၊ ဘာသတာနှင့်၊ ဘာလာမြို့ဖြစ်၊ ကရာဇ်ထိုထို၊ တည်၏ဆိုက၊ ပေါင်းလိုနှောလှစ်၊ ဆယ်ခုနှစ်ဟု၊ ဖြစ်သည်မှန်ငြား၊ သားတော်စား၏။ မင်းဖျားထိုထက်၊ နှောစိုင်ဆက်မူ၊ တိုးတက်ပြန့်ပွား၊ ကျော်ထင်ရှားသည်၊ သားဇောကံမြင်၊ မင်းမြတ်တွင်လျှင်၊ စည်ပင်ဆကဲ၊ တသဲသဲတည်း၊ ၀ဲဝဲလားလား၊ ပြန့်နှံ့ပြားလျှက်၊ ဂေါဏဂုဏ်ဘုရား၊ ဖြစ်ထွန်းငြား၍၊ ရှည်လျှားစိုင်ဆက်၊ နွယ်မပျက်တည်း၊ ကျော်ချက်ဇမ္ဗုဒိ၊ တကျွန်းခြိ၏။ လောကိစည်းစိမ်၊ အကြိမ်ကြိမ်လျှင်၊ ရိပ်ငြိမ်စိုးဆောင်၊ ရန်မျိုးအောင်၏။ မင်းခေါင်ကံမြင်၊ ဇမ္ဗူပြင်၌၊ စိုးကျင်မြို့ဝယ်၊ တွက်ကျုံးသွယ်သော်၊ တွင်ကျယ်ရမ္မာ၊ ၀တီသာတည်း။ ပွင့်လာပွက်ဘုန်း၊ ဖြန့်ကြုံးဖြစ်ဖြစ်၊ နှစ်ကိုစစ်သော်၊ သက္ကရာဇ်ကောဇာ၊ ဖြိုကာကာဖြင့်၊ သင်္ချာသင်္ချေ၊ ကုဋေသျှစ်သိန်း၊ မင်းများငြိမ်းမှ၊ မုနိသကျ၊ ကဿပ၏၊ တည်ထသာသနာ၊ ထွန်းသောခါ၌၊ ဥတ္တရမည်၊ ထိုသည်ပြည်ကို၊ အရှည်ဝံသ၊ စိုးအုပ်ထသည်၊ ဒေ၀သာဂရ၊ လွန်ပြီးမှတည့်၊ နန်းမဘုံသာ၊ ဆက်ပြန်လာသည်၊ မဟာသာရ၊ သည်နောက်မှမူ၊ သာဂရနှင့်၊ ဥပသာဂရ၊ ဖြစ်ကုန်ကြ၏။ ခေါ်ထမှန်ဘိ၊ ရပ်သီရိမူ၊ အသိတဉ္စန၊ ထိုပြည်မ၌၊ ဒေ၀င်္ကသ၊ လွန်ပြီးမှတုံ၊ ပုတ္တမှန်စွာ၊ ဆက်ပြန်လာသည်၊ မဟာကင်္သ၊ ရွှီနန်းရ၏။ ကင်္သတွင်ထ၊ သားတော်လှနှင့်၊ ဥပကင်္သ၊ ဖြစ်ကုန်ကြချင့်။ ရင်းစသဲချာ၊ နှမမှာမူ၊ ဒီပါကျော်ဟိုး၊ သိနှမ့်ကြိုး၍၊ နွယ်မျိုးမည်ရ၊ ဒေ၀ကမ္ဘာ၊ ခေါ်တွင်ပါသည်၊ ကလျှာယောင်းလှမိမြတ်တည်း။ ။

(၁၄) မိမြတ်ယောင်းလှ၊ နန်းသိင်္ဂ၀ယ်၊ များလှရံကာ၊ စံသောခါ၌၊ ပုတ္တရမဓူရ၊ ရွှီပြည်မကို၊ သာဂရမင်း၊ စိုးအုပ်လျှင်း၏၊ ညီရင်းဥပ္ပ၊ သာဂရလည်း၊ ကြောက်လှသော်အား၊ ပြီးထွက်လားသော်၊ ရပ်ခြားဘုမ္မိ၊ သာယာဘိသား၊ အသိတိဉ္စန၊ ထိုပြည်မကို၊ စိုးထနှိပ်နှင်း၊ ကင်္သမင်း၏၊ ထံရင်းတော်ပါး၊ ၀င်လီငြား၏။ ခစားခိုကိုး၊ နွံရိုကျိုးကာ၊ နွမ်းညှိုးပူဆာ၊ ဟိသောခါ၌၊ ကြမ္မာဆော်ပန်၊ ရောက်လတ်ပြန်က၊ ကျော်ဝှန်သတင်း၊ တန်းခိုးပြင်းသည့်၊ ထိုမင်းနှမ၊ ဒေ၀ဂမ္ဘာ၊ မည်သာခေါ်ညီ၊ မဟေသီနှင့်၊ ကြုံလီထိုတွင်၊ အိမ်ထောင်ကျင်သော်၊ အလျှင်ဦးစ၊ ပထမမူ၊ ဘုမ္မရဒေ၀ီ၊ ဆင်းရွှီစံသီး၊ ချစ်းသမီးကို၊ အပြီးထိုခါ၊ ဖွားမြင်ပါ၏။ သို့ပါသို့ငြား၊ သမီးအားလျှင်၊ ဖွားပြီးတုံမြောက်၊ ကံမထောက်ဘဲ၊ သီပျောက်လားသော်၊ သားတော်မျက်ရှု၊ ဘုန်းပေါင်းစုသား၊ ၀ါသုဒေ၀၊ ဖွားတုံထ၏။ ဗလဒေ၀၊ သူရိယဒေ၀၊ စန္ဒာဒေ၀၊ ဆက်ကြစိုင်ဘိ၊ အဂ္ဂိဒေ၀၊ အဇ္ဇုနနှင့်၊ ဂရုဏပေ၊ ရောဟနေယျ၊ ဃဋပဏ္ဍိတ၊ အင်္ဂုရဟု၊ နာမတွင်ငြား၊ တကျိတ်သားကို၊ မခြားထိုတွင်၊ ဖွားမြင်ပြီးမှ၊ မာဂဓဖြင့်၊ ဒသဘာတိက၊ ခေါ်ကုမ်ကြ၏။ တေဇထွန်းပြောင်၊ လက်ရုံးထောင်သား၊ ညီနောင်တကျိတ်၊ ဇမ္ဗူဒိတ်မှာ၊ ဟိုးဟိုးငြာ၍၊ နောင်မှာဖွားထ၊ သမီးလှဟု၊ အဉ္စနဒေ၀ီ၊ ဆင်းသိင်ဂီကို၊ ထိမ်းချီစုပြုံ၊ သောသောအုံသည်၊ ရွှီဘုံနန်းသူခ၀ပ်တည်း။ ။

(၁၅) ခ၀ပ်နန်းသူ၊ သောသောဆူပြီး၊ ရွှီတူတမျ၊ ရောင်ထွန်းပသည်၊ အဉ္စနဒေ၀ီ၊ ဆင်းသိင်ဂီကို၊ ချီချမြွက်ခေါ်၊ ရံဘော်ခြောက်ကျိတ်၊ ၀န်းရံပိတ်လျှက်၊ ကျူးဆိတ်မညံ၊ တကြံကြံလျှင်၊ အသံပြိုင်ပြု၊ နန်းရတုနှင့်၊ ပျော်မှုအမြဲ၊ ဧယင်လွှဲ၏။ သဲသဲရုံးစု၊ ခြံရံပြုလျှက်၊ ၀ါသုဒေ၀၊ အင်္ဂုရကို၊ ဗလစွမ်းရောက်၊ အားကြီးမြောက်က၊ ပြိုင်ထောက်မမြင်၊ မိုးရပ်ခွင်ကို၊ စိုးကျင်တုံငြား၊ နတ်သိကြားလည်း၊ ဘုန်းအားလက်နက်၊ ပို့၍ဆက်၏။ ယူလျှက်ဆောင်နှင်း၊ ပီးအပ်လျှင်းသော်၊ ရန်ခင်းဟိရာ၊ ရအောင်ရှာ၍၊ မကြာကုန်အောင်၊ သတ်ပြီးနှောင်မှ၊ ပြည်ဘောင်အတွင်း၊ အမင်းမင်းကို၊ နှိပ်နှင်းပိုင်မူ၊ အခွန်ယူ၍၊ ဇမ္ဗူသောင်းပတ်၊ လားလာလတ်သော်၊ တွင်မှတ်သညာ၊ ဟိုးဟိုးငြာသည်၊ ဒွါရာဝတီ၊ လေးအင်ညီသား၊ သိင်ဂီရောင်လျှံ၊ မြို့ရှင်ပျံကို၊ လုပ်ကြံကြိုးစား၊ တိုက်လတ်ငြားသည်၊ သျှစ်ပါးဒိသာရံပတ်တည်း။ ။

(၁၆) ရံပတ်ဒိသာ၊ သျှစ်မျက်နှာ၌၊ တပ်တာတည်ထ၊ နီကုမ်ကြပြီး၊ များလှဗိုလ်ပါ၊ တိုက်ကြရာဝယ်၊ ပြည်သာစိုးထ၊ ဘီလူးမလည်း၊ ခနမကြာ၊ မှန်ရောင်ဝါဖြင့်၊ ကောင်းခင်လမ်းသို့၊ ပျံသန်းလားလျှင်၊ လွန်ဘိကျင်မှ၊ ထက်ခွင်ပျံဝဲ၊ ပန်းဆိုင်ဆွဲသို့၊ မလွဲတူစွာ၊ နီလီပါသော်၊ ထိုခါပြိုင်ဆိုင်၊ တုမနိုင်ဘဲ၊ ၀ိုင်းရိုင်ရုံးလှည့်၊ ဆုတ်ခွာခယ့်မှ၊ မြို့၏ရှိဘက်၊ နတ်မျက်စိမြော်၊ ဈာန်ယာဉ်ပျော်သား၊ မည်တော်နာမ၊ ခေါ်ဝေါ်ကြသည်၊ ဂဏ္ဍဒီပါယန၊ မြတ်ဓမ္မနှင့်၊ သီလသည်းခံ၊ ရသေ့ပျံကို၊ ဘုန်းလျှံတေဇ၊ တန်ခိုးပသည်၊ ဒသဘာတက၊ ညီနောင်လှရို့၊ ညွန့်ခကြောင်းရီး၊ ဖော်ပြီးမီးက၊ ပျံ့မွှီးသီလ၊ ပြည့်စုံလှသည်၊ ဂဏ္ဍဒီပါယန၊ ရသေ့ကလည်း၊ မုသာဝါဒါ၊ ဝေရာမဏိ၊ ယှောင်ကြည်ဘိ၍၊ မသိသူအား၊ သိအောင်ကြားအံ့၊ မှတ်သားစီလို့၊ ဟုတ်တိုင်းဆို၏။ ရွယ်ပျိုကျိုင်းထွား၊ မင်းသားများရို့၊ ကြိုးစားစောင့်ထ၊ ဘီလူးမကို၊ ချိုမြရသာ၊ ပျားသကာနှင့်၊ သြဇာချိုအီး၊ ကျွေးမွီးပြုစု၊ ဦးချကော်ရော်၊ တောင်းပန်သော်က၊ စည်ထသာမို့၊ ကျော်သည့်မြို့ကို၊ နှစ်လိုရွှင်ပ၊ ဖော်၍ပြလိမ့်၊ များလှလူသျှင်၊ မြင်လီကျင်မူ၊ ခုပင်အပြီး၊ ထိုမြို့ကြီးကို၊ ခြားဆီးလှီးဖြတ်၊ သံမှိုခတ်၍၊ မချွတ်ကူးလျှက်၊ မြို့ပေါင်ဖျက်မှ၊ မြို့ချက်အမြဲ၊ သံနှင့်တွဲသော်၊ ပျံဝဲပြုကျင်၊ ထက်ကောင်းခင်သို့၊ ခုံပင်ကြွ၍၊ မပျံဝဲတည်း။ ကျန်းမြဲခိုင်ထ၊ မြို့ကိုရအံ့၊ ထွန်းပတန်းခိုး၊ လူထိပ်မိုးသား၊ ဟိုးဟိုးကျော်ကြား၊ ထိုမင်းအားလျှင်၊ မထားလျှင်စီ၊ ပြောပါလီဟု၊ မိန့်ချီသံမြ၊ ဆိုမြွက်ဟသည်၊ စောင့်ထသစ္စာမချွတ်တည်း။ ။

(၁၇) မချွတ်သစ္စာ၊ စောင့်နီပါက၊ ဂဏ္ဍဒီပါယန၊ တာပတလျှင်၊ မိန့်ဟစကား၊ အကြောင်းများကို၊ မထားထိုခါ၊ လျှောက်လီပါသော်၊ နာနာရူပ၊ ဘီလူးမအား၊ ချိုလှရသာ၊ ပျားသကာကို၊ အစာသိုထဲ၊ ၀စွာကျွေးက၊ ပြည်ရေးစောင့်ရ၊ ဘီလူးမလည်း၊ လောဘဆိုးလျှင်၊ စားလီကျင်သော်၊ များဖျင်ဗိုလ်ပါ၊ လူတကာရို့၊ ဒွါရာဝတီ၊ မြို့သိင်ဂီကို၊ အသိများမြောင်၊ အားကြိုးထောင်၍။ အတောင်လိုင်ပင်း၊ တပြိုင်ချင်းဖြင့်၊ ပေါင်ရင်းကိုဖြတ်၊ တူးဖြိုလတ်သော်၊ မြို့မြတ်နယ်ကွက်၊ အလယ်ချက်ကို၊ ရိုက်နှက်ဆတ်ဆတ်၊ သံမှိုခတ်မှ၊ မချွတ်မလွဲ၊ သံဖြင့်တွဲလျှက်၊ အမြဲစောင့်မှတ်၊ ရံဝန်းပတ်၍၊ ထားလတ်သောခါ၊ မြို့ဒွါရာလည်း၊ အာကာတိမ်ယံ၊ မပျံနိုင်ဘဲ၊ နီတိုင်းမြဲ၏။ မလွဲမှန်ထ၊ မြို့ကိုရလျှင်၊ နာမသညာ၊ သံတွယ်ရာကို၊ သိသာမည်ထင်၊ သံတွဲတွင်၏။ ဘုရင်မင်းဖျား၊ ဘုန်းတော်အားလျှင်၊ သိကြားရီနတ်၊ ဒေ၀ါမြတ်ရို့၊ ရိုက်ခတ်ထားကျင်၊ သံမြို့ရှင်ကို၊ မြီပြင်ကိုခွဲ၊ တောင်ကမ်းကွဲမျှ၊ မိုးထဲတိမ်ဖျား၊ လွှင့်လိုက်ငြားမူ၊ သံသားလွှင့်သံ၊ တော်လဲဟန်သို့၊ တဖန်ပျံလိုက်၊ ဂေါ်တူမြစ်တွင်၊ စင်စစ်ရောက်မှ၊ သံကြိုးကျမူ၊ မြစ်ဝကျိုက်ဆူ၊ ရီလုံးပူ၏။ ရီသူအများ၊ နီရာယှား၏၊ လိပ်ငါးငမန်း၊ ရီလုံးပြွန်းမျှ၊ ပြီးသန်းကူးရ၊ ဖြစ်ပြီးမှလျှင်၊ သိကြထိုခါ၊ ကြီးအာဏာနှင့်၊ ရာဇာဒသ၊ ဘာတကရို့၊ မုချတန်းတိုက်၊ မင်းပြုရစ်သည်၊ ရန်စစ်ခပ်သိမ်းရိုညွတ်တည်း။ ။

(၁၈) ရိုညွတ်ခပ်သိမ်း၊ ရန်စစ်ငြိမ်း၍၊ မုဒိမ်းဓမြ၊ ခိုးသူစသည်၊ လန့်ထကြောက်ကျင်၊ ရန်မျိုးစင်မှ၊ သောင်းခွင်ကျော်ငြား၊ ထိုမင်းများရို့၊ ပျော်ပါးမြူးစံ၊ မြို့ရှင်ပျံ၌၊ ခြွီရံများဖျင်၊ များလူသျှင်နှင့်၊ နီကျင်ပေါင်းရုံး၊ ဇမ္ဗူလုံးကို၊ သိမ်းကျူံးဆယ်စု၊ အဖို့ပြု၏။ တခုမကြွင်း၊ တုတ်ခွန်သွင်းလျှက်၊ စံခြင်းများစွာ၊ ထိုအခါ၌၊ မည်သာခေါ်ထ၊ ကုဏလဟု၊ အိုင်မ၌၀ယ်၊ ကြောက်မက်ဖွယ်သား၊ ကြီးကျယ်သာလှ၊ ကက္ကဋကို၊ ပွပွသမ္ဘာ၊ ဖူးငုံပါ၍၊ ပွင့်သာဘုန်းဟိ၊ ဆင်ဟတ္တိလျှင်၊ နင်းဘိအင်ကိုး၊ ရွတ်ရွတ်ချိုးက၊ စည်ကျိုးဘိန္ဓ၊ မြစ်သို့ကျသော်၊ လက်မအစုံ၊ မျောလီတုံက၊ ကြိုက်ကြုံထိုခါ၊ အသူရာရို့၊ မဟာသမုဒ်၊ လှိုင်းခတ်ပုတ်၍၊ နစ်မြုတ်ရီကြောင်း၊ ၀င်လီလျှောင်းသော်၊ တချောင်းအကယ်၊ ဆည်ရပေ၏။ မြဲထွေသာလှ၊ ၀ှမ်ပေါပြသား၊ စည်မစည်ကြီး၊ စည်ဘေရီးဟု၊ ပြုပြီးတုံမှ၊ ၀ါသ၀နှင့်၊ တွိကြရန်မွှီ၊ နတ်စစ်မြီ၌၊ ယှုံးလီရကား၊ စွန့်ပစ်ငြားသော်၊ သိကြားတမူ၊ ရလီယူ၏။ ထိမ့်ဆူကျော်ကြ၊ အမ္မလဟု၊ တွင်ထအမည်၊ သိနားလည်လော့။ ထိုစည်အမျိုး၊ အတူကျိုး၍၊ ရီရိုးဖလာ၊ မျိုးကြရာတွင်၊ ဂင်္ဂါမြစ်ကြောင်း၊ ပါလီလျှောင်း၏။ တချောင်းတမူ၊ ကျွန်းဇမ္ဗူဝယ်၊ ရိပ်ဖြူဆောင်းဆောင်း၊ တကျိတ်ပေါင်းသား၊ မင်းကောင်းဒသ၊ ဘာတကရို့၊ ဒွါရာဝတီ၊ မြို့တောင်ဆီဝယ်၊ နဒီမြစ်ယိုင်၊ ကမြူးစိုင်၌၊ ၀ှဲရိုင်ချမ်းမြစ်၊ ဆည်ဘိလိုက်ကာ၊ ထိမ့်ရစ်မြည်လျှက်၊ မြောက်စည်ကြက်၍၊ မပျက်တီးကာ၊ သံဝှမ့်ဖြာသည်၊ ဒီပါဇမ္ဗူလွန်ပတ်တည်း။ ။

(၁၉) လွန်ပတ်ဇမ္ဗူ၊ ထိမ့်ရစ်ဆူ၍၊ ခွန်ယူသိမ်းကျုံး၊ လက်ရုံးရွှင်ပ၊ ပျော်ပါးကြသော်၊ ကာလလွှဲဖောက်၊ ကိန်းခန်းရောက်မှ၊ မွှီနှောက်ချောက်ချား၊ ဟိတုံငြား၍၊ တိုင်းကားပြည်ရွာ၊ ပျက်ကိန်းသာလျှင်၊ ဖြစ်ခါနီးလတ်၊ ကပ်ဥပါဒ်ကြောင့်၊ ယွင်းချွတ်မူခါ၊ အဓမ္မာကို၊ ကျင့်ပါတခြား၊ မင်းသားများရို့၊ တရားသိမှတ်၊ ရသေ့မြတ်ကို၊ ယွင်းချွတ်စိတ်တွင်၊ ပြစ်မှားကျင်၍၊ အကြင်ယောက်ကျား၊ သူတပါးကို၊ ဟိငြားကိုယ်ဝန်၊ ပဋိသန်လျှင်၊ အဟန်ပြုထွေ၊ ဆောင်ယူလေပြီး၊ သန္ဓေတည်ငြား၊ ထိုယောက်ျားမူ၊ လများအကယ်၊ မည်သည်နိတွင်၊ ဖွားမြင်မည်နည်း။ မီးလှည့်ထိုခါ၊ ပညာမြင်မြော်၊ ရသေ့ကျော်လည်း၊ လူဝယ်ဒသ၊ ဘာတကရို့၊ ကာလမရှည်၊ ပျက်လတ်မည်ကို၊ အခြေသိထင်၊ ထို့နှယ်မြင်၍၊ ဆင်ခြင်ညာဏ်ဖြာ၊ ကြည့်ရှုရာသော်၊ ကိုယ့်မှာတုံလည်း၊ ကြိုက်ကြုံပြန်ရာ၊ ဤနှေသာဟု၊ မှန်စွာတပ်တပ်၊ စိတ်ဝယ်မှတ်၍၊ မချွတ်မမှား၊ ဤယောက်ျားလျှင်၊ ဆန့်ထားရွီတွက်၊ ခုနှစ်ရက်၌၊ တချက်မမှား၊ ရှားတုံးဖွားအံ့။ ထိုရှားပျက်က၊ သာဂရဟု၊ ရာဇမင်းနွယ်၊ ဇမ္ဗူလယ်၌၊ အကယ်ကျင်းကျင်း၊ ပျက်လတ်လျှင်းအံ့။ သံညှင်းမြွက်ဟ၊ ဆိုပေကလျှင်၊ ခနမကြာ၊ လူများစွာရို့၊ ထိုခါလက်ထောက်၊ ဒုတ်အုတ်ကျောက်ဖြင့်၊ တယောက်တချက်၊ ရိုက်ခတ်နှက်သော်၊ ညက်ညက်ကြီကြီ၊ ရသေ့သီ၏။ တလီမင်းပေါင်း၊ ကြားလတ်လျှောင်းသော်၊ လျှင်ကြောင်းထိုခါ၊ သင်းဂြိုလ်လာပြီး၊ မှာရေစကား၊ မီးလတ်ငြားမူ၊ မမှားထိုထို၊ ရသေ့ဆိုဟန်၊ လျှောက်ကြားပန်က၊ လျှင်မြန်ဖမ်းငြား၊ ထိုယောက်ျားကို၊ မထားမလွှတ်၊ ခြီချင်းခတ်၍၊ ရံပတ်ဝန်းလျား၊ လူအများနှင့်၊ ထံပါးမြဲပေ၊ စောင့်ယှောက်စေသည်၊ ကြည်ထွေညီနောင်မင်းမြတ်တည်း။ ။

(၂၀) မင်းမြတ်ညီနောင်၊ ကြိုးစားဆောင်၍။ များမြောင်ခြံရံ၊ စောင့်ယှောက်ပြန်သော်၊ အမှန်ကွက်ကွက်၊ ခုနှစ်ရက်သည်၊ ရွီတွက်ကြုံခါ၊ ဤလူ့ရွာ၌၊ တခါရံထူး၊ မကြားဖူးတည်း၊ အထူးဆန်းပြား၊ လူယောက်ျားလျှင်၊ ခေါ်ငြားမရ၊ လူမိမ္မသို့၊ ဖြစ်ထလီငြား၊ ရှားတုံးဖွား၏။ လူများတကာ၊ ကြောက်လန့်ပါ၍၊ လျှင်စွာပစ်ခါ၊ လှိုင်းသာလွတ်ချောက်၊ ကမ်းသို့ရောက်၍၊ မထောက်တင်ရစ်၊ ရှားပင်ဖြစ်၏။ အနှစ်များစွာ၊ မြင့်ရှည်ကြာ၍၊ ရာဇာဒသ၊ ဘာတကရို့၊ ငြိမ်းမျှသံသာ၊ ပဉ္စင်္ဂါနှင့်၊ မဟာသမဇ္ဇံ၊ သဘင်ခံကာ၊ တင့်စံသာလှ၊ တပေါင်းလ၀ယ်၊ ရွှင်ပပျော်ပါး၊ ရီကစားသော်၊ တက်ငြားထိုခါ၊ ဖြားရောက်ရာ၌၊ သီစာသောက်ထ၊ မိပျော်ကြလျှက်၊ ယစ်ဝကိုင်ငင်၊ လုံးထွီးကျင်၏။ မြူးရွှင်ကြီစား၊ စိုက်ရန်ပွားသော်၊ ယူငြားထစ်ထစ်၊ မျှားနှင့်ပစ်က၊ စင်စစ်ဧကန်၊ မျှားလင်းကန်လျှင်၊ အမှန်ထိုတွင်၊ ဖြစ်လတ်ကျင်၏။ နာကြင်မိထ၊ မာန်မာနဖြင့်၊ ရန်စခြုတ်ခြေ၊ ဒေါသသွယ်လျှက်၊ မတွယ်မညှာ၊ ထိုးခွတ်ပါသော်၊ များစွာမိုက်လူ၊ ကျက်ကျက်ဆူ၍၊ ကွပ်မူမနိုင်၊ တိမ်းယိမ်းယိုင်၏။ တပြိုင်နက်ပင်၊ ပြုလတ်ကျင်က၊ ယူငင်မသာ၊ သူ့ထက်ငါလျှင်၊ ရေရာမရ၊ ထိုးသတ်ကြသော်၊ မင်းကမလွတ်၊ ဒေ၀ီထွတ်နှင့်၊ မူးမတ်အနွယ်၊ မျိုးကိုးသွယ်ရို့၊ ထိုဝယ်ကျင်းကျင်း၊ သီတုံလျှင်းသည်၊ ပြည်တွင်းပြည်မမလွတ်တည်း။ ။