
(ဖ) ပါရင် ဖရဲသီးတောင်မစားနဲ့
======================
ဖက်ခွက်အောက်မှာ
တိုင်းရင်းသားချစ်ကြည်ရေး
ကျိုက်ကဆံကွင်းမှာဘဲရှိတယ် --။
ဖက်ခွက်တွေ
အကြိုက်အနှစ်သက်ဆုံးအရာက
လှယဉ်ကျေးမယ်ပြိုင်ပွဲ --။
ဖက်ခွက်တွေ
အတော်ဆုံးအတတ်ဆုံးစီးပွားရေးစနစ်က
ကြက်ဆူပင်စီမံကိန်း --။
(ဖ) ပါရင်
ဖရဲသီးတောင်မစားနဲ့
ငရဲကြီးလိမ့်မယ် --။
(သာလှဦး)
(26/11/2007)
မှတ်ချက်။ ။ မြန်မာကဗျာ
No comments:
Post a Comment