ဆောင်းဦးရာသီ နှင်းဝီဝီလေ
မြောက်လီဖြူးဖြူး
တကျော်ကျော်နှင့် ငှက်တော်ကျူးရေ။
သဇင်ပန်းခိုင် တမြိုင်မြိုင်လေ
ရခိုင်ရို့သွီး
တောဂနိုင်မှာ ကြိုင်လို့မွှီးရေ။
နန်းထိုက်တော်ဝင် ပန်းဘုရင်လေ
ဖြူစင်သန့်ယှင်း
တုမနိုင်အောင် ပြိုင်ဖက်ကင်းရေ။
လခြမ်းဇမ္ဗူ ရခိုင်သူလေ
ကြည်ဖြူလေးမြတ်
အမျိုးနွယ်ကို
သွယ်မတိမ်းအောင် စောင့်ထိမ်းကတ်လေ။
အသူရိမ္မင်း(မြို့ဟောင်းမြီ)
(17/11/2025)

No comments:
Post a Comment