နီကြီးရာလေပြန်ဝင် လပပြင်
သံရွှင်လည်းကျူး
ကံလည်းထူး။
အထူးအဆန်း
ဇမ်းကဗျာကို ဆိုကာလွမ်း။
အချမ်းလည်းဝင် ဝမ်းလည်းညင်
လီရွှင်ကေသွတ်သွတ်
နှင်းစွတ်စွတ်။
လနတ်ပြာသို ဂျောင်မှာခို
ပင်ကိုနွယ်ရစ်
ကောင်းကောင်းချစ်။
ချမ်းလို့တုံ
ထင်းမီးလှုံ မလုံတဖက် လုံတဖက်
ချစ်လို့ဆုံ ကြိုက်လို့ပုံ
မယုံတဝက် ယုံတဝက်။
အစူးကေပြစ်ပြစ်
ကသစ်ပင်ကို နွယ်ချိုရစ်။
ကသစ်လည်းစူး သွီးလူးလူး
မထူးယာ နဖူးစာ
ကံကိုရာလေတရစ်
မောင်လူပျိုမှာ အရူးကေဖြစ်လို့။


No comments:
Post a Comment