Saturday, November 22, 2025

အဖိုးသျှင်၏အမျိုးမာန်

အဖိုးသျှင်၏အမျိုးမာန်
===============

အချေခါ
ပညာရှာခိုက်
စစ်တိုက်ဖို့ မရလိုက်။

အရွယ်လွန်မြောက်
ငွေနောက်လိုက်
စစ်တိုက်ဖို့ မရလိုက်။

ဂြာအိုကျခါမှ 
ကွမ်းတမြမြ
စွန်းပြလိုက်တေ သွီး
ထွီးအံထဲမှာ။

ထိုးပစ်လိုက်ဖို့
ထိုးလိုက်သည် (ဂျွန်း)

စားပစ်လိုက်ဖို့
စားလိုက်သည် (ကွမ်း)
ရဲတွီးနီစွာ။

လော်ကမူမှာ 
ပေါ်တော်မူသည် ငယ်ထိပ်ဖြူဖြူ
လိပ်တဆူ။

ပြင်သာလိပ်ကြီး
လှိုင်းလုံးစီး လိပ်ကြီးအခွံ
သောင်ပြင်ထက်မှာ ပက်လက်လန်။

ပက်လက်လန် အမှန်တလန်းကား
လက်နှင့်ခြီလေ ကားရီကားရား
ခရမ်းသီးစား မင်းတရား။

သာလှဧူး (မြောက်ဧူး)
Nov 23, 2023 (Thursday)


No comments:

Post a Comment