Monday, June 30, 2008

သားဖနှစ်ယောက်နှင့်မြင်းတကောင်

အယင်ကခါ သားဖနှစ်ယောက် မြင်းရောင်းရန် မြို့သို့တက်လတ်သည်။ သားဖနှစ်ယောက် မြင်းကိုမစီး ကြိုးဆွဲပြီး ခြီကျင်လျှောက်လာသည်။ မြို့ထဲတနီရာရောက်သောအခါ မြင်းကိုမစီးကြိုးဆွဲလာသော သားဖနှစ်ယောက်ကိုလူအများမြင်သည်။ ထိုအခါ (ဇာလောက်ရူးလဲ ကြည့်။ မြင်းကိုမစီးကြိုးဆွဲလို့ လမ်းလျှောက်ကတ်တေ။ လကားပင်ပန်းခံရေ၊ အရူးတိ။) ဟုအပြစ်တင်ကြသည်။ ထိုကြောင့် အဖသည်က (မောင်ကြီးမြင်းစီး၊ ငါကြိုးဆွဲမည်)ဟု ဆိုသည်။

သို့ဖြင့် ညောင်တပင်အောက်၌ အလာပသလာပ ပြောဆိုလျှက်ထိုင်နီသောလူတအုပ်နား ဖြတ်လျှောက်လတ်သည်။ သားကမြင်းစီး၊ အဖလမ်းလျှောက်လာသည်ကိုမြင်သောအခါ တယောက်က (အခုခေတ်မှာ လူကြီးကိုလူငယ်အားမနာ၊ အရေးမထား၊ မလေးစား။ အားကောင်းမောင်းသန်သားသည်က မြင်းစီးလို့၊ အဖ၀ါကြီးကျ မြင်းဆွဲခိုင်းထားရေ။ ကောင်းကောင်းဆိုးရေ။ အဖမြင်းစီးလို့ သားကလမ်းလျှောက်ရဖို့မနား)ဟု ပြောသည်။

ထိုစကားကိုကြားသောအခါ သားမြင်းအောက်ဆင်း၍ အဖကမြင်းစီးသည်။ သို့ဖြင့် ကလိမ့်မေချေတကျိုင်အခြင်းပြောနီသော နီရာနားသို့ရောက်လတ်သည်။ ထိုအခါ တယောက်က (ဇာပိုင်လူကြီးလဲချင့်။ သားကို လမ်းလျောက်ခိုင်းလို့ ကိုယ်ကျမြင်းစီးပနာ၊ ကကောင်းဟုတ်တေ။ အမှန်ဆို နှစ်ယောက်လုံးမြင်းစီးလားကေ ဇာဖြစ်တေလဲ)ဟု ဆိုသည်။ ထိုအခါ အဖက သားကိုပါ မြင်းထက်တက်စီးခိုင်းသည်။

တနီရာသို့ရောက်သောအခါ လူတယောက်က (ဒေသားအဖနှစ်ယောက် မြင်းတကောင်ကို နှစ်ယောက်စီးလို့ မြင်းခမာ သနားကောင်းထမန်း၊ မြင်းတကောင်းတည်း၊ လူကနှစ်ယောက်။ အမှန်ဆို မြင်းကိုသူရို့ ထမ်းလားရဖို့)ဟု ဆိုသည်။

ထိုအခါ သားဖနှစ်ယောက် မြင်းကိုအခြီအလက်ပူးချိုင်ပြီး ဘင်းထမ်းထိုး၍ထမ်းသည်။ သို့ဖြင့် တန်းထားတခုထက်သို့ရောက်လတ်သည်။ တန်းထားထက်တွင် ခက်ခက်ခဲခဲမြင်းထမ်းလာသော သားဖနှစ်ယောက်ကို လူအများမြင်သောအခါ (အေပိုင်ရယ်ဖို့ကောင်းစွာ တခါလည်းမမြင်ဖူး၊ အထူးအဆန်း၊ လာကြည့်ကတ်၊ လာကြည့်ကတ်)ဟု ၀ိုင်းရယ်ကြသည်။

ထိုသို့ ၀ိုင်းရယ်သံကိုကြားသောအခါ မြင်းက ကြောက်ကြောက်ဖြင့်ကန်ရုန်းလိုက်ရာ ကြိုးပြတ်၍ ချောင်းထဲသို့ လူးကျလားသည်။ မြင်းရောင်းရန်မြို့တက်လာသော သားဖနှစ်ယောက်လည်း နောက်ဆုံးတွင် ၀မ်းနည်းပက်လက် အိမ်ပြန်လာလတ်ရသည်။

စကားပုံ။ ။ (ဆရာများကေ သားသီရေ။)

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

0 Post Comments:

Post a Comment