Sunday, February 9, 2020

ခဲခတ်

ခဲခတ်
====

သမိုင်းပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်စာကို မရွီးတတ်
လူခဲခတ် --။

မြန်မာပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်ပိုင်ယှောင် မရွီးတတ်
လူခဲခတ် --။

သိပ္ပံပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်စာပီ မရွီးတတ်
လူခဲခတ် --။

မြန်မာတိနှင့် ရင်ဘောင်တန်းဖို့
ကိုယ့်အတ္တကို ထုတ်လို့ဖော် --။

မပီကလာ ပီကလာနှင့်
မြန်မာကဗျာ စာမျက်နှာမှာ
ငါးရာကျော် --။

တော်ပါသော်လည်း လွန်ဆင်းရဲသည်
လူမွဲရခိုင်
ဦးဏှောက်ကြီးကေ ထန်းသီးပိုင် --။ ။

သာလှဧူး (မြောက်ဧူး)
January 9, 2020 (ကသစ်ဗုဒ္ဓိနိ)

No comments:

Post a Comment