Thursday, November 1, 2018

နွားကျောင်းသား

နွားကျောင်းသား
==========

မိုးထမှုန်ရီ နှင်းဝီ၀ီနှင့်
တောင်ခြီကမ်းနား
စုံတောမြိုင်ကေ ကမ်းပိုင်ချောင်းမှာ
နွားကျောင်းလားရေ --။

ပေါက်ဖက်ခမောက်
ဂေါက်တိုတို အဂြိုကားကား
ဂေါင်းမှာဆောင်းကေ
နွားကျောင်းလားရေ --။

ထမင်းထုပ်ကို
ဒုတ်မှာချိုင်လို့ ယိုင်ပီယိုင်ပါး
တလင်းပြင် တောင်ခွင်နားမှာ
နွားကျောင်းလားရေ --။

နီပူတောက်တောက်
ရှောက်ခြုံအောက်မှာ
ဒူးချေကိုထောက်
ပေါက်ဖက်မှာတင်
(ထမင်းထုပ်) ကို ၀မ်းညင်ညင်နှင့်
တ၀ ငင်ရေ --။

ထမင်းဆီယစ်လို့ ငိုက်လို့လည်းလာ
သပေါက်မပါ ဖျာမပါကေ အချာပါးပါး
မျက်နှာလည်းသုတ်
ခြီလည်းသုတ်တေ ဒယွားစုတ်ကို
မွိရာလုပ်လို့
ငုတ်တိုအခေါင်း
ခမောင်းပင်မှာ ဂေါင်းတင်လို့အိပ်
မျက်စိနှိတ်ကေ
အိပ်လို့လည်းပျော်
နတ်သမီးငါးရာ လာလို့ဖျော်ရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။ ။

(သာလှဦး)(မြောက်ဦး)
အောက်တိုဘာလ (၃၁) ရက်။ 2018 (ဗုဒ္ဓူးနိ)

No comments:

Post a Comment