Saturday, December 6, 2025

သီတင်းလည်းကျွတ် ဝါလည်းကျွတ်

သီတင်းလည်းကျွတ် ဝါလည်းကျွတ်
======================

မိုးသောက်မယေအာရုဏ်
လင်းပြန်တုံက
ရဂုံမြိုင်အတွင်းမှာ
ကျီးငှက်သရကာ
ကျူးမြည်လာသည်
အသံကေမှာရာလည်း ညံညံစီစီ။

တသိတမန် ရှက်ကွန်ချေနှင့်
ဆံစညို ပျိုမေတကျိတ်
ပုဏ္ဏရိတ်ကေ အချိတ်ထပိန်
ပိုးထပိန်နှင့်
အလွန်ကေမှာလည်း ဆင်တူညီညီ။

စုံလီညှင်းညှင်း
သဇင်ခိုင်မှာ
မွှီးကြိုင်သင်းကေ ဖြူဝင်းဝင်းနှင့်။

သီတင်းလည်းကျွတ် ဝါလည်းကျွတ်ကေ
အထွဋ်တင် သျှင်ကျော်ဘုရား
ဖူးဇောင်လားရေ
ဝတ်တွားရေလည်း ဝတ်တွားရေ။

ဝါကျွတ်လွန်ကေ
အယင်အမြန် ပြန်လာစီကြောင်း
ချစ်မောင်းမောင်နှင့် ပြန်ဆုံပေါင်းဖို့
ဆုတောင်းရေလည်း ဆုတောင်းရေ။

(ကောင်းကျော်ဖြူ)
ရွှီလုံးလက်ရွီးဖြစ်ပါသည် ဘုရား။
June 21, 2025 (Saturday) (စနီနိ)


Friday, December 5, 2025

မြောက်ဦးဘုရားဖူး



မြောက်ဦးဘုရားဖူး
============

တောင်ကျွန်းမယေ သပြီ
မြရောင်ဝီ၍
အောင်မြီအထွဋ် ဂုဏ်ကြီးမြတ်သည့်
မြောက်ဦးအရပ်မှာ၌
အဖသျှစ်သောင်း သားကိုးသောင်းသည်
အပေါင်းမြောက်များစွာတည်း။

မြို့ဦးဂေါင်းဘုရား
မာန်ငါးပါးသည်
ထင်ရှားကျော်ကြားပါ၏။

ဗားဘူဟိယင့် ဆန်ဟိယင့်
ဒိုင်းကျီဟိယင့် ရီဟိယင့်။

အမြင့်တောင်နှင့် ဓါတ်ရွှေဂူ
တောင်ဖြူနှင့် အဘောင်တော်အင်း
မြင်းစိုင်းပြင်နှင့်တောင်ရပ်
စံကားတောင်ကိုပတ်၍
အောင်တပ်ပြီးလျှင်
ဘောင်းဒွတ်ဆိပ်ကမ်းဝ၌
နှစ်စဉ်သည်ပြိုင်လောင်းပွဲ
ခြိမ့်ခြိမ့်သဲသည်
ကျင်ပွဲမြို့လုံးကျွတ်တည်း။

ရိုးရာဇတ်သည်
တဝဂူအတ္ထုပ္ပတ်နှင့်
သုံးရက်ပြတ်လုံး
ကြည့်မဆုံးသည်
ရွှင်ပြုံးတကာကာတည်း။

များစွာသည် သျှင်လူပေါင်း
တသောင်းသောင်းသည်
လမ်းကြောင်းပြည့်မွှမ်းကျင်မျှ
ဘုရားဖူးလာကြသည်
ဒါနအလှူဝတ်ကို
မပြတ်ဆောက်တည်ပါ၏။

အဓိဌာန်ကျောင်း မြောက်ဦးစင်တာ
စူဠာမုနိဘုရား လား၍ကိုယ်စီ
သီလယူကွပါ၏။

လက်ဆီးကန်ကို လည်ပတ်ပြီး၍
ကိုးနဝင်းစေတီမြတ်ကို
ဦးညွတ်ပြီးခါ
လက်ဝဲလက်ယာ ရှုကြည့်ပါသော်
ဇိနမာန်အောင် ရွှေဂူတောင်
ရွှေတောင်စေတီတော်ကို
ဖူးမျှော်လိုက်ရပါသည်
သဒ္ဓါရိုကျိုး လက်စုံမိုး၍
ရှိခိုးကန်တော့ပါသည်၏လည်း။

ရှိခိုးမယေလီလီ
လက်ဦးချီကေ
စုံညီရိုညွတ် ဖူးလတ်ပြီးခါ
သူရိယာလေ ရောင်ဝါကင်းပျောက်
တမိုးသောက်တေ။

မိုးသောက်မယေတခါ
လင်းပြန်လာ၍
ပေါ်တော်မူဘုရား
ဖူးဇောင်လားခါ
ဖြားရီစပ်တွင် ဝပ်တွားသည့်ဟန်
လိပ်ကမ်ဘာမ တွိရပြီးသော်
ကင်းဆိပ်ကုလားကွ
ရပ်ဒေသကို မှန်းမျှော်ကြည့်လိုက်ပါက
မြို့မနိဂုဏ်း ဆင်ခြီဖုန်း၌
အုန်းတောပြင်လျှင်
ကြည့်မြင်မဆုံးပါတည်း။

ယင်းကလွန်မြောက်
ငွေတောင်ပေါက်က
ပန်းနီကွင်းကိုဖြတ်လျှောက်လားလီပါက
ဘားမိဘားကရား
ဝိဇ္ဇာထိုရ်လေ ထိုယောက်ျားရို့
တရားလျှော်ရာ
ဂူလျှင်အောင်းကေ ကျောင်းတော်ရှာကို
တွိကာလွန်မြောက်
သူရိယာလေ
ရောင်ဝါဝင်းကေ အလင်းပျောက်လို့
ရောက်လတ်မယေတုံခါ
အော်ဒါမှာ ညစာထမင်း
စားပြီးကလျှင်
တရောင်းရောင်းကေ သောင်းသောင်းပျော်ပါး
ဖော်အပေါင်းနှင့် ပွဲကြည့်လားရေ။

ကောင်းကျော်ဖြူ
December 3rd, 2025 (ဗုဒ္ဓူးနိ)










Sunday, November 30, 2025

အဆွီးမောင်ကြီး အိမ်ပြန်ခရီး

အဆွီးမောင်ကြီး အိမ်ပြန်ခရီး
==================

နှစ်ပေါင်းမယေရှည်ကြာ
စိုင်အလာနှင့်
ကိုယ့်မှာချက်မြှုတ်
ပိုးရွှီပြင်ဟု တွင်သမုဒ်ကေ
ဇနပုဒ်ကို ကျွန်ုပ်မှန်စွာ
စွန့်၍ခွါပြီး ထွက်လာပြီးသော်
မြို့ကြီးရန်ကုန် ရပ်ပေါင်းစုံကို
အကုန်လည်ပတ်
ရွှေတိဂုံဟု ဂုဏ်ဒြပ်နှင့်
စေတီမြတ်ကို ဦးညွတ်ပြီးခါ
ရီကြိုင်ရာလေ မျက်နုရာကို
ရှာဖွယ်တုံမြောက်
လူအပေါင်းနှင့် အကြောင်းထောက်လို့
ထိုင်းသို့ရောက်တေ။

ရောက်လတ်မယေတုံက
ထိုကစ၍
ဘဝဖုံဖုံ တွိ၍ကြုံပြီး
မညီးမညူ ကူလီအလုပ်
အကြီးသန်လေ ဝန်အထုပ်ကို
ကြိုးကုတ်လုပ်ဆောင်
ခါးကျိုးယောင်လေ အမောင်ရွက်ထမ်း
သမုဒ္ဒရာ တထွာဝမ်းတွက်
ပင်ပန်းကြီးစွာ ကြိူးစားရှာကေ
လက်မှာမကပ်
နိုက်ကလပ်ကို ရောက်လတ်ကယှောင်
တက်တက်ပြောင်ရေ။

မိဖကိုထား သားမယားကို
တပြားမပို့
အရည်ဆို့လို့ ပို့ဖို့မကျန်
အိပ်အခွံနှင့် ပြန်လာတုံမြောက်
များမကြာလေ ရွာသို့ရောက်က
အပေါက်များစွာ ဖာကာလည်းထီး
အိမ်အဆွီးမှာ ကြမ်းကြီးကပြို
မိုးလည်းယိုလို့
အိပ်ဖို့နီရာ ဇကာမဟိ
ဆန်မဟိကေ ငပိကိုထောင်း
ဝမ်းဟောင်းလောင်းနှင့် တောင်းစားဖို့ရန်
စိတ်ကကြံသည်
အိမ်ပြန်နောက်ကျလီသတည်း။

သာလှဧူး (မြောက်ဧူး)
November 28, 2025 (သောက္ကြာနိ)


ဆောင်းဦးသဇင် ပန်းဘုရင်


ဆောင်းဦးသဇင် ပန်းဘုရင်
=================
ဆောင်းဦးရာသီ နှင်းဝီဝီလေ
မြောက်လီဖြူးဖြူး
တကျော်ကျော်နှင့် ငှက်တော်ကျူးရေ။
သဇင်ပန်းခိုင် တမြိုင်မြိုင်လေ
ရခိုင်ရို့သွီး
တောဂနိုင်မှာ ကြိုင်လို့မွှီးရေ။
နန်းထိုက်တော်ဝင် ပန်းဘုရင်လေ
ဖြူစင်သန့်ယှင်း
တုမနိုင်အောင် ပြိုင်ဖက်ကင်းရေ။
လခြမ်းဇမ္ဗူ ရခိုင်သူလေ
ကြည်ဖြူလေးမြတ်
အမျိုးနွယ်ကို
သွယ်မတိမ်းအောင် စောင့်ထိမ်းကတ်လေ။
အသူရိမ္မင်း(မြို့ဟောင်းမြီ)
(17/11/2025)

ကသစ်လည်းစူး သွီးလူးလူး



ကသစ်လည်းစူး သွီးလူးလူး
===============
နီကြီးရာလေပြန်ဝင် လပပြင်
သံရွှင်လည်းကျူး
ကံလည်းထူး။
အထူးအဆန်း
ဇမ်းကဗျာကို ဆိုကာလွမ်း။
အချမ်းလည်းဝင် ဝမ်းလည်းညင်
လီရွှင်ကေသွတ်သွတ်
နှင်းစွတ်စွတ်။
လနတ်ပြာသို ဂျောင်မှာခို
ပင်ကိုနွယ်ရစ်
ကောင်းကောင်းချစ်။
ချမ်းလို့တုံ
ထင်းမီးလှုံ မလုံတဖက် လုံတဖက်
ချစ်လို့ဆုံ ကြိုက်လို့ပုံ
မယုံတဝက် ယုံတဝက်။
အစူးကေပြစ်ပြစ်
ကသစ်ပင်ကို နွယ်ချိုရစ်။
ကသစ်လည်းစူး သွီးလူးလူး
မထူးယာ နဖူးစာ
ကံကိုရာလေတရစ်
မောင်လူပျိုမှာ အရူးကေဖြစ်လို့။

အဏ္ဏဝါသား (နတ်ဆိတ်)


မောင်ရောက်လတ်မေ

မောင်ရောက်လတ်မေ
============
ညဇာနီကြီး
အနောက်ခွင်ကို ဝင်ကာဗြီး
ခွီးကြီးလည်းဟောင်
ညည့်သိုင်ခေါင်။
လပရောင်
လင်းရောင်လည်းပျောက်
တလင်းပြင်ကို ခြီကျင်လျှောက်
ရောက်လတ်မေ။
ခဲဝါလည်းအူ တောလုံးဆူ
လူလည်းပင်ပန်း
မေအပျိုလေ ခွါညိုပန်း
တဝလွမ်းရေ။
ဝါကျွတ်မယေရာသီ
မိုးစီစီ မိုးရီစိုစွတ်
အဖတ်ဖတ် စမ်းဖီစမ်းဖတ်
ရောက်လတ်တေ။
ပုဆိုးကေချုံ ချမ်းလို့တုံ
လွှမ်းလို့ခြုံ မလုံပါပုယေ။
အောင်သာလှ (နတ်ဆိတ်)
မောင်ပြန်ဖို့ယာဆိုရေ ရမ်းဗြဲကျွန်းက ဇမ်းကဗျာကိုမှီငြမ်းရွီးသားထားပါသည်။


သံဓိဋ္ဌာန်

သံဓိဋ္ဌာန်
======
ဘဝကြမ်းကြမ်း
ခရီးလမ်းကို
ငါဖြတ်သန်းမေ။
လှိုင်းဘောင်ဘင်ကို
ငါရင်ဆိုင်လို့
မယိုင်လဲဖို့ကြိုးစားမေ။
ရံကာပတ်ဝိုင်း
မုန်တိုင်း၏ဒါဏ်
ကြံ့ကြံ့ခံ၍
ရန်ကိုဖြိုခွင်း
ကျော်ဖြတ်နင်းလျှက်
အကြွင်းမကျန်
အောင်ပွဲခံသည်
အောင်လံဝင့်ဝင့်ရွှင့်၏တည်း။
သာလှဧူး (မြောက်ဧူး)
November 26, 2025 (ဗုဒ္ဓူးနိ)


ဂန္တဝင်ကဗျာ

ဂန္တဝင်ကဗျာ
=======
မိုးတိမ်မြင့်က ပန်းတပွင့်သည်
ကြွီလွင့်ကျဆုံးရလီ၏၊
ထိုပန်းကြွီကျ မြီသို့ခလည်း
အလှပျက်သုဉ်း မဆုံးယှုံးပါ။
နှလုံးလှလှ အပြုံးလှ၍
မွှီးမြကြိုင်သင်း အဆင်းလှစွာ
ပြုံးမျက်နှာသည် စာတင်ဖွဲ့လောက်
ဂန္တဝင်မြောက်သည့်
ကောက်ကြောင်းပန်းချီပါတကား။
ဂုဏ်ပကာသန မာနမဲ့ကင်း
ပွင့်လင်းဖြူစင် ချစ်ချစ်ခင်သည်
ကြင်နာနှလုံးလှပေသတည်း။
သာလှဧူး (မြောက်ဧူး)
November 26, 2025 (ဗုဒ္ဓူးနိ)



အဖခြီရာ



အဖခြီရာ
=====
ပုယေ ပုယေ အပုယေ
ကြိုးနှင့်လွယ် ပုခက်ချေမှာ
အမင်သိပ် အိပ်ပါလေ။
ပုယေဖခင် စစ်မြီပြင်
စစ်ခွင်ကိုရောက်
မီးပေါက်ဖောက်လို့
ပြောက်ကျားလုပ်စောင်လားခရေ။
ပုယေဖခင် မွီးဖခင်
မွှီးသျှင်အဖ
ရွှီနို့သျှင်လေ မွီးသျှင်မကို
မှာခရေ။
ခမောင်းသုံးကြိမ် ကျေးသုံးကြိမ်
ဂလိမ်ငါးဆင့်
ဆင်ဝေပွင့်နှင့် ငုံးပွင့်ပွင့်ကေ
ရောက်လတ်မေ။
ပုယေပြိုင်းပေါက်
လူလားမြောက်
ကြီးမြောက်သောခါ ဖခြီရာ
ကိုယ့်ပြည်ရွာ သာပါစီကြောင်း
ကောင်းကောင်းမယေ
တည့်တည့်လမ်း လှမ်းတတ်ကေ
တခု နှစ်ခု သုံးလေးခု
ချစ်များစွာလေ ပြုံကာစုလို့
ယုယလွန်ကြင်
ပုယေမျက်နှာ လစန္ဒာကို ဝင်းလို့မြင်ရေ။
အယင့်ယင်လေ
အမင်သိပ် အိပ်ပါလေ။
သာလှဧူး (မြောက်ဧူး)
November 24, 2025 (တင်္လလာနိ)


"-----" တိ



"-----" တိ
==========

"အဝစား ငါးကျပ်
ရခိုင်မပါ"

ဖားကန့်က ထမင်းဆိုင်ပိုင်
ရခိုင်မလာရ မစားရ
ကချင်မှာလားလို့
ရီမဆီးကျောက်
ကောက်နီရရေ ဘဝ။

ကိုယ့်တိုင်းပြည်မှာ
မိုင် (700) ကျော်ရှည်ရေ
ပင်လယ်ဟိယင့်သားနှင့်
ထိုင်းဝလက်မှာ
ရင်းတန်းဆွဲနီရရေ ဘဝ။

ကိုယ့်နိုင်ငံမှာ
Gas ထွက်ယင့်သားနှင့်
ထင်းနှင့် ထမင်းချက်နီရရေ ဘဝ။

သူရို့တိကျည်း
ကိုယ့်မင်းကိုယ့်ချင်းနှင့်
ရွှီနန်းသခင် ဆင်ဖြူသခင်
ဆင်နီသခင်
ငါရို့တိမှာ ဘုရင်မဟိခလား။

နန်းရာကုန်းကို
င်္သချိုင်းကုန်းများမှတ်နီလား။

မဟာမုနိကို မပြောယာ
အတိတ်ကို စမုံ့ပြန်ရေဆိုဖို့
ပစ္စက္ခပြဿနာကို ဖြီယှင်းနီဟာ။

"ဝ" လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကေ
ရခိုင်သား မရသင့်လား။

ပြောခီကေ
ဘိန်းစားချင်းအတူတူ
ရခိုင်က တမူးအပိုလျှူရေဆိုဖို့
ရခိုင်က ပိုတောင်ရသင့်ရေ။

ကိုယ့်ကံကြမ္မာ
ကိုယ်ဖန်တီးပိုင်ခွင့်
ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုစွာ
တိုင်းရင်းသားတိုင်း ရသင့်ရေအခွင့်အရေး
အသူတယောက်ဘားကလည်း
လက်ဖြန့်တောင်းနီဖို့ မလို။

ပြဿနာအားလုံး၏အဖြေ
စားပွဲဝိုင်းမှာဟိရေဆိုစွာ ကောင်းကောင်းသိရေ
ယေဒါလည်း
တောင်းလို့မရကေ
တိုက်လို့ယူရေ
ယေဇူး တော်လှန်ရီးတိ
ပေါ်ပေါက်လာရေ။

မြန်မာ့လွတ်လပ်ရီးကိုလည်း
တိုက်ယူခရစွာ မဟုတ်လား။

"ဖက်ဒရယ်" ကိုလည်း
"ခွဲထွက်ရေး" "ခွဲထွက်ရေး" စွပ်စွဲ
လုပ်စားလာစွာ
နှစ်ပေါင်း (၇၀) ကျော်ယာ။

အခုလည်း ငါရို့တိကို
"ခွဲထွက်ရေး" "ခွဲထွက်ရေး" စွပ်စွဲ
ညိတိုင်း ဗုံးလာကြဲနီရေ။

သဘာဝတရားကြီးကတောင်
မကြေနပ်လို့ တက်သီးခေါက်
ယလောက် ဒုက္ခရောက်နီကေလည်း မမှတ်
"ဖွတ်နောက်ကုန်း"
"ကြက်ဖင်မှာ ရီဆုံး"

ဗုံးကြဲတိုင်းရာ နိုင်ရခန့်ဆို
ဗီယက်နန်နိုင်ငံ ဖြစ်လာခန့်လား။

သီပေါမင်း (နှင့်) စုဖရားလတ်
အန္ဒိယ "ရတနာဂီရိ" အရပ်မှာ
လက်ကျန်မျိုးဆက်
ဖက်ခွက်ဆွဲလို့
ယေလည်း မရှက်။

မြန်မာမ ရခိုင်သမ
ဒူဘိုင်းမှာလားလို့
တရုတ်မှာ လားလို့
ဖာခံစားနီကတ်ရရေ ဘဝ
ယေလည်း မရှက်။

ပြောယင်းပြောယင်း ဒေါသထွက်
မကြေနပ်ချက်နှင့် ကော်နှက်ရခန့်ဆို
အလှပလှ "ဖက်ခွက်"
အောက်သကွာ ပေါက်ဖော်အထုပ်
"--------" တိ။ 😊😊

သာလှဧူး (မြောက်ဧူး)
November 20, 2025 (Thursday)



ရခိုင်သွီး

ရခိုင်သွီး ====
စိမ်းမြညိုရောင်
ရိုးမတောင်
ဖိုးခေါင်လည်းကျူး
ပန်းမျိုးစုံကေ
အာရုဏ်ဦးမှာ
လူးလွင့်ကာကာ
မင်္ဂလာနမိတ်
အောင်ဘိသိက်နှင့်
တောင်ထိပ်မြင့်မြင့်
အောင်လံရွှင့်သည်
ရဲရင့်တောက်ထွန်း မော်ကွန်းတည်း။
တော်လှန်ရီးနိ
ကတိကဝတ်
ရဲရင့်ပြတ်သား
ချီတက်လား၍
ကျားကုတ်ကျားခဲ
မလဲအောင်လံ
အောင်ပွဲခံသည်
တော်လှန်သံမဏိ စိတ်ဓါတ်တည်း။
ဗုံးမိုးကြိုးသံ
အမြောက်ဆံနှင့်
စစ်ဒါဏ်ဖီးဒါဏ်
ကြံ့ကြံ့ခံ၍
ရန်ကိုဖြိုခွင်း
အောင်မြီနင်းသည်
သတင်းမွှီးကြိုင် နိုင်စီသတည်း။
(နရသီဟ)
November 21, 2025 (သောက္ကြာနိ)


သတိုးအောင်နတ်သာခြင်း



သတိုးအောင်နတ်သာခြင်း ================

တောင်ကအောက်ချင်း
ပြားကိုဆင်း
အောက်ချင်းဖော်ရွီ
ပလက်ဝမှာ လားကြည့်ခီလည်း။

အောက်ချင်းဖော်ရွီ ပျံလို့နီ
မြေပုံမြို့မှာ လားကြည့်ခီလည်း။

အောက်ချင်ဖော်ရွီ ဝဲလို့နီ
သံတွဲမြို့မှာ လားကြည့်ခီလည်း။

အောက်ချင်းဖော်ရွီ နားလို့နီ
အမ်းတောင်ကြားမှာ လားကြည့်ခီလည်း။

တောင်ခြီကမ်းနားး အောက်ချင်းနား
ကမ်းနားတောင်စိုင် အောက်ချင်းပိုင်လည်း။

ရခိုင်နှင့်ချင်း ဆွီမျိုးရင်း
ချင်းနှင့်ရခိုင် စားပွဲထိုင်လည်း။

ပြည်ကြီးရခိုင် စစ်ကြီးပြိုင်
ရခိုင်စစ်မီး စစ်ငြိမ်းအီးလည်း။

ကုလားပုစွန် ဂုတ်ကလန်
ပုစွန်တုတ်ကြီး စားမညီးလည်း။

ရာမောင်နတ်ကြီး ဆင်ကိုစီး
နတ်ကြီးမယူ အောင်လံထူလည်း။

အလျားကိုးတောင် ရပ်ကိုးတောင်
သတိုးအောင် နတ်မောင်ယောကျ်ား
မယူတောင် တောင်စိုင်အကြား
ကျားလားလားလည်း။

မယူတောင် တောင်စိုင်တကြော
ကျားလားလားလည်း။

ကုလားပုစွန် ချက်စားရန်
ကုလားပုစွန် ချက်စားရန်လည်း။

ဟာဟေ အရာကေမှာရာလည်းတယောက်
ရွာသားတိမှာ ရွီးလို့ကောက်
သူရို့ခေါ် လွှတ်တော်အမတ်
ငါရို့အခေါ် (ပဒရီစွပ်) (ပြာရီကျွတ်) ဖွတ်
ဖွတ်ကေမှာရာလည်း ဖွတ်တောင်း
အပြည်ပြည်ကို လည်လို့တောင်း ဝမ်းဟောင်းလောင်း။

အယင်ကခါ ဗာရာဏသီရာလည်း မင်းကြီး
တောနက်ကေလွန် လူဝံလေမနှင့်
နဖူးစာမှာ ပါသည့်ဝဋ်
ချွတ်မကျွတ်ယာ။

ညည့်ဦးယံ လူဝံလေမ
ဇာတိရုပ်ကို ထုတ်လို့ပြရေ။

သံကွန်ချာလေ ကုလာကာခုနှစ်ထပ်
ရံလို့ပတ်
ပြီးမလွတ်ယာ ပုယေ။

ဟာဟေ ငါနတ်ဘဝင် စိတ်ကြီးဝင်
အမြင်မကောင်း စိတ်မကောင်းလည်း။

တိုင်းပြည်ရွာ မာပါစီကြောင်း
ငါနတ်ကောင်းကို မစပါလည်း။

တိုင်းပြည်ရွာ သာပါစီကြောင်း
ငါနတ်ကောင်းကို မစပါလည်း

နတ်ကြီးဘဝင် စိတ်ကြီးဝင်
နတ်ကြီးဘဝင် စိတ်ကြီးဝင်လည်း။

ဘဝင်နတ်ကြီး စည်ကိုတီး
ဘဝင်နတ်ကြီး စည်ကိုတီးလည်း။

နန်းရာကုန်းရပ်သူ ဂမုံးဖြူ
ချစ်သူယုယ မြို့ပိုင်မလည်း။

ဝသဲရပ်သူ စံကြွဖြူ
ချစ်သူယုယ မြို့ပိုင်မလည်း။

မင်းကောင်းမင်းကောင်း ထိုမင်းကောင်း
မင်းကောင်းထိုခါ ပေါ်ဖို့ရာလည်း။

ရခိုင်မင်းလူ ပေါ်တော်မူ
ရခိုင်မင်းလူ ပေါ်တော်မူလည်း။

အောင်ပါစီ သပြီပန်းနှင့် ရီချမ်းကိုလောင်း
အောင်ကြွဖြူ မာစီကြောင်း ရီချမ်းကိုလောင်း။

သာလှဧူး (မြောက်ဧူး)
November 17, 2026


Thursday, November 27, 2025

တိုက်ပွဲ

တိုက်ပွဲ
======
ရှိကိုတိုး၍
ကျားလျှင်ထိုးသည် ငြာသံမိုးသို့ ကြိုးစီသတည်း။



ရခိုင့်တော်လှန်ရီးနိကို ကြိုဆိုခြင်း (၂)

ရခိုင့်တော်လှန်ရီးနိကို ကြိုဆိုခြင်း (၂)
===================

တော်လှန်ရီးနိကိုရောက်ဖို့ယာ
လဒမှိုင်လို့ ဂုတ်ကျလို့
အစွာ စုတ်ခီရဖို့ရောင်။

ချလုန့်တုန်ယောင်ကြောက်တေဆို
အစွာဖြစ်
တော်လှန်ရီးလုပ်တေလဲ။

ဆီးသောက် ဆီးသောက်
စိတ်မဖောက်ခင်။

မြင်ရဖို့ယာ Norway မှာ
မြင်ရဖို့ယာ Canada မှာ
မြင်ရဖို့ယာ Australia မှာ
မြင်ရဖို့ယာ Netherlands မှာ
မြင်ရဖို့ယာ Sweden မှာ
မြင်ရဖို့ယာ American မှာ
မြင်ရဖို့ယာ Japan မှာ
မြင်ရဖို့ယာ Thailand မှာ
မြင်ရဖို့ယာ Bangladesh မှာ
လဒမှိုင်လို့ ဂုတ်ကျလို့
ငုတ်စုတ်ကေ ထိုင်လို့။

အမောင်ရခိုင်သား
ကောင်းကောင်းဝမ်းနည်းရေလား
ပုဝါချေ ဆောင်ထား။

ကောင်းကောင်းအမြင်ကပ်
ခပြားသတ်ပစ်လိုက်ချင်ရေ။

"ရခိုင်အမျိုးသားနိ" ဆိုကေလည်း
တကောင်ချေလည်း မပေါ်
အားလုံး ချော်ကျ။

ကြောက်ကေ နောက်ဆုတ်
လူကြီးလူကျယ်လာမလုပ်ကဲ့။

"ဟ" လာကေ "ပစ"
"အဝ" က အကြီးမသန်
အရွှန်။

တော်လှန်ရီးနိ
တော်လှန်ရီးကတိ
တော်လှန်ရီးအသိနှင့်
ရှိဆက်ကတ်မေ။

တကောင်တည်းလည်းဖောက်တေ
ဆင်လားကေ လမ်းမလို
ပြိုဖို့ရာ ပျင်ထား
တက်နင်းပစ်လိုက်ဖို့။

တော်လှန်ရီးနိကိုရောက်တိုင်း
မကြေနပ်ချက်တိနှင့်
ဗိုလ်ရာဇာ တက်သီးခေါက်
ရောက်ရောက်လာရေ။

"ထားခန့်သိမ့်လား
ယူပစ်လိုက်ဖိ.."

တရက်တရက်လာကေ
နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့
ပုတီးစိပ်ယင်း စိပ်ယင်း
ဒေါသကျည်းထွက်တေ။

သာလှဧူး (မြောက်ဧူး)
November 7, 2025 (သောက္ကြာနိ)


ရခိုင့်တော်လှန်ရီးနိအားကြိုဆိုခြင်း

ရခိုင့်တော်လှန်ရီးနိအားကြိုဆိုခြင်း
====================

"January 1st, 2026"
"ရခိုင့်တော်လှန်ရီးနိ" ကို
ရောက်ဖို့ဗျာယ်။

အတိတ်ကို အံကြိတ်လို့ကျည်း
ငါမနီ။

တဖောင်ဝါးကို
တလုံးတည်းနှင့်ကန်မရ
ဖောင်ပျက်ကို ဖျက်လို့
ကမ်းတက်ကတ်မေ။

"ဖောင်ပျက်ဝါး"
အဖတ်ဆည်မရ။

သူတလူ ငါတမင်း
ထိုမှာကြင်း ဒေမှာကြင်း
"ဘာဒလီ" နှင့် "လင်းဋ"
ဂုတ်ကျလို့။

ဗူးပေါက်သူက ဗူးပေါက်
ဒူးထောက်သူက ဒူးထောက်။

သစ္စာဖောက်တိကို
နဖူးပေါက်ဖို့
ကျော်သန်းပေါက်ဆိန်နှင့်
ရောက်ပါလတ်ဗျာယ်။

သံခမောက်
ဆောင်းထားကေလည်း မလွတ်
နှစ်ခြမ်းကွဲဖို့။

သာလှဧူး (မြောက်ဧူး)
November 6, 2025 (Thursday)


အန္ဓပုဂ္ဂိုလ်


အန္ဓပုဂ္ဂိုလ်
========

ကျောက်ရုပ်ယှောင်
ကုသိုလ်လည်း မလုပ်
အကုသိုလ်လည်းမလုပ်
လူတိက ရဟန္တာလို့ သမုဒ်။

သက်ဟိကျောက်ရုပ်
ရုပ်နှင့်နာမ် နာမ်နှင့်ရုပ်
မဟာဘုတ် ငုတ်တုတ် မလှုပ်။

သာလှဧူး (မြောက်ဧူး)
November 16, 2022 (ဗုဒ္ဓူးနိ)