ဗုဒ္ဓဝင်လင်္ကာရတု (ပြီး၏)
================
ကကုသံ ဂေါဏာဂုံ ကဿပ
ဂေါတမ
မည်တွင်အရိမိတ္တေယျတည်း
ပွင့်လာကြအလီလီ
ပါရမီဖြည့်သည်ကား
လေးသင်္ချီနှင့် ကမ္ဘာတသိန်း
ရီကိန်းစကြာဝဠာ ပေါ်သောခါ၌
ငါးပွင့်ကြာကို ယူကာနမိတ်ဖတ်၍
ဤ ဘဒ္ဒ ကမ္ဘာ ကြီး ၌
ကြာလျှင်အပါး
ဘုရားငါးဆူ ပွင့်တော်မူအံ့။
ဥယျာဉ်အတွင်းဝယ်၌
နွီမိုးဆောင်းလျှင်
အပြောင်းအလှည့် မငြီးငွေ့စီရ
ကခြေသည်သဘင်ဇတ်
ပတ်သာဗုံမောင်း စောင်းညှင်းတူရိယာသည်
တခါမပြတ်ပေတည်း။
နန်းစည်းစိမ်နှင့်
ကာမဂုဏ်ကို အာရုံခံစား
ပျော်ပါး၍နီစီပြီးခါ
ထားငြားပါသော်လည်း
လူနာ လူအို လူသီ ရဟန်း
ဖန်သင်္ကန်းကို သိကျွမ်းတွိမြင်ငြားက
တောထွက်လာသည်
အာရုဏ်မိုးထ အခါတည်းလည်း။
အရိယာသည် သစ္စာလေးပါးကို
ကုန်စင်သိတုံငြား၍
မိဂတာဝုဏ်တောတွင်းဝယ်၌
ပဉ္စဝဂ္ဂီငါးပါးကို
တရားဦးဟောကြားတော်မူ၏။
အလျှံတပြောင်ပြောင်
လောင်ကျွမ်းလျှက်သည် ရာဂမီး
ကုန်ချုပ်ငြိမ်း၍
အီးချမ်းရာမှန် ပြည်နိဗ္ဗာန်ကို
လမ်းညွှန်ပြတော်မူ၏။
လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ချမ်းသာကြောင်းသည်
ကောင်းမှုအနုမောဓနာ ခေါ်စီသောဝ်လည်း။
ခေါ်ကြပါသည်ယင်းခါတွင်
မဂ္ဂင်သျှစ်ပါး လေးပါးအရိယာ
မဇ္ဈိမပဋိပဒါ မင်္ဂလာသုတ္တံ
ကံကံ၏အကျိုး
ကိုယ့်တောင်ယာ ကိုယ်စိုက်ပျိုး၍
ကြိုးကုတ်လုံ့လ မြတ်စာဂသည်
ဒါနပြုကတ်လီလော့။
စရိုက်သည် လွန်ဆိုးသွမ်း
ကျင့်ယုတ်ကြမ်းသည်
ပင်ပန်းကြီးလှစွာ၏။
ကျင့်ရာမှောက်မှား လူမိုက်အားလျှင်
ဝီးစွာယှောင်ယှားကုန်လော့။
ပညာဟိကို တွိသောသူ
ဟူလျှင်မူကား
သူ့ကျေးဇူးကို ထွေတထူးသည်
ဆည်းပူးပူဇော်လီလော့။
ကုမုဒြာ ပဒုံမာ
(၃၈) ဖြာ မင်္ဂလာသည်
တူစွရွှီကြာပန်းကို
ရွှင်လန်းပန်ဆင်လီလော့
မှာထားခပါသည်လည်း။
တနိသ၌ သစ္စကပရစိုရ်သည်
ခြစ်ရန်လိုသည် မှန်သောကြောင့်
မရဏ၏အဆုံးစွန်သည်
တမလွန်၌
မဟာဘုတ်၏ရုပ်နှင့်နာမ်လျှင်
တဖန်ပြန်၍
ပဇာအရပ်၌ ဖြစ်ဖို့သနည်း
မီးလီသောခါ သံစည်ကြီးသည်
တီးခီမည်သော်မှန်သောကြောင့်
အသံသည် မြည်ဟီးစွ။
လောင်စာကင်းပျောက် ထိုမီးတောက်သည်
အနောက်သို့လည်းကောင်း မြောက်သို့လည်းကောင်း
ပဇာအရပ်သို့ ရောက်ဖို့သနည်း။
ထိုနည်းတူစွာ ငါသည်
လိုင်ဂုတ်ကိုချိုး အငုတ်ကျိုးသည့်
ထန်းရိုးဥပမာသို့
သံသရာလည်ပတ်
ရာဂမီးသည် ဖီးကကျွတ်၍
အိုခြင်းနာခြင်းသီခြင်းကင်းရာ
လွတ်မြောက်ရာမှန် ဘုံဗိမှာန်သို့
နိဗ္ဗာန်ကူးလီပြီးတည်းလည်း။ ။
သာလှဧူး (မြောက်ဧူး)
ကောင်းမှုတော်ဖြစ်ပါသည်ဘုရား။
December 8, 2025 (တလင်္လာနိ)
Wednesday, December 10, 2025
Subscribe to:
Post Comments (Atom)


No comments:
Post a Comment