Thursday, July 19, 2007

ယုံတော့ဘူးကွယ်


အချစ်ထန်ပြင်းရင်တော့
နောက်မီးမလင်းနဲ့ပေါ့ --။

ရှင်ဟာ ကျမရဲ့ဘဝ
ဒါဆို ကမြင်းကြော မထရ --။

ရှင်ဟာ ကျမရဲ့အချစ်အိုး
ဒါဆို ခိုးမစားနဲ့ --။

ရှင်မရှိရင် မြန်မြန်သေ
ဒါဆို မဖောက်ပြန်နဲ့လေ --။

ရှင်နဲ့ မခွဲနိုင်ဘူး အကို
ဒါဆို ပဲမကိုင်စေလို --။

ဆိုသာဆို ပိုမိုသည့်စကား
မေအပျို ခြုံခိုကာ
နေညိုညို အိမ်နောက်ဖေးမှာ
ဖောက်ပြား မှောက်မှားကာ သူလျှောက်ပြေးတော့
အကြင် လင်ယောက်ကျားနားကို
အလျှင် ပေါက်ကြားသွားလေသတည်း --။

ရေဒီယို ဗီဒီယိုများဆီက
၁။ ပြည်ထောင်စု မပြိုကွဲရေး
၂။ တိုင်းရင်းစည်းလုံးညီညွတ်မှု မပြိုကွဲရေး
၃။ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး
တို့တာဝန်အရေးသုံးပါးကို
သံညောင်ညောင်နှင့် ဟောင်သံကြားပါရလျှင်
နတ်ကတော် လျှာဖျားပါးစပ်ဖျားဖြင့်
ဗုဒ္ဓ၏ပဋိစ္စသမုပ္ပါဒ်
နတ်သုဒ္ဓါ တရားတော်မြတ်ကို
အသလွတ် ရွတ်ဖတ်နေသလိုပင် --။

ပါးစပ်လား
ပါပ်စားလားဟင် --။

(သာလှဦး)

No comments:

Post a Comment