Thursday, July 19, 2007

မိုးမျှော်တမ်း လွမ်းခြင်း


(၁)
တက်သီးတချက်
ပြင်းပြင်းခေါက်လိုက်မိသည် --။

ရင်ထဲမှာ မကျေနပ်ချက်တိ မွန်းကျပ်
အသက်လျှူမ၀ --။

လက်သီးကို နနောင်းဆုပ်
အကြောင်းမဲ့ ကြမ်းပြင်ကို ထုလိုက်မိရေ --။

ပါးစိကို တင်းတင်းကိုက်ထား
မိတ်ရိုးများ ကားထွက်လာ၏ --။

ဂေါင်းထဲမှာ ထိုအတွေး ဒေအတွေး
အတွေးပေါင်းများစွာ ယောက်ယက်ခတ်
ချုပ်ထွီးလျှက်ဟိရေ --။

မျက်စိကို စစိမှိတ်
ထွက်သက်ကို နခေါင်းထဲက
မှုတ်ထုတ်ပစ်လိုက်တေ --။

ဒေါသအငွေ့ကြောင့်
ထွက်လီ၏အပူရသ
ကြောင်းလို့ ခံစားလိုက်ရရေ --။

နားဂျီနှစ်ဖက်က
စမုတ်ကြောများ ထောင်တက်တင်းမာ
သံချောင်းများ ပမာ --။

ကုတ်ထားသည်မျက်မှုန်
ရှုန့်တက်လာရေ တွန့်ကြောင်း
အပေါင်းများစွာ --။

ခံစားချက်များ ပြင်းထန်
အောင့်အည်း သည်းမခံနိုင်ရေ အဆုံး
မချိပြုံ့ ပြုံ့လိုက်မိသည် --။

(၂)
နီရာတကာ မသမာမှုတိကြီးစိုး
ကကောင်း အရုပ်ဆိုး၏ --။

ဒုက္ခကို ဂြင့်ခါးသီးပိုင်
ချိုမြိန်စွာ စွဲလမ်း
တမ်းတမ်းတတ လောဘရမက်
သက်ပြင်းချရ အခါခါ --။

မကောင်းမှုကို ချိုမြိန်စွာ သောက်သုံး
ယစ်မှုးနီကတ်သူများ
ဝင်းကြွားမင်းမူ အောင်လံထူလျှက် --။

အဆိုးအညှက် အမှိုက်သရိုက်တိကို
တိုက်စားပစ်ဖို့
တော်လှန်ရေးမြစ်ရီခမ်းခြောက်
မျက်တွင်းဟောက်ပက် လူမမာ --။

နာရီစက်ဝန်း မိနစ်စက္ကန့်ရို့သည်
အခိုက်အတန့်လိုက် ကုန်ဆုံး
နီလုံးညိုညို ညရိပ်ခို --။

အတ္တ အတ္တ
အတ္တ အမှောက်ထု တွင်းနက်အောက်
တယောက်ပြီးတယောက်
ဒိုးယိုပေါက် တောက်လျှောက်ကြီးဆင်း
ခွာသံပြင်းပြင်း --။

နောက်ကျိကျိ အမှောင်အတိပြီးသော
ငရဲအိုင်ကြီးထဲက
လွတ်လမ်းမဲ့ ငါးချေတိပိုင်
ကျုပ်ပုတ်ရည် ညစ်ညမ်းသည်ရာ
အသက်ရှင်ရာလား လွတ်မြောက်ရာလား --။

အရောင်နှမ်းနှမ်း မွဲခြောက်ခြောက်
လိုင်တံတို ပျိုင်းအိုတချို့ကလည်း
ပွက်သည့်ငါးကို အလိုက်ချောင်း
အကြောင်းအားလျှော်စွာ --။

ဘုရားသခင် ဖန်တီးထားသည့်
ဤကမ္ဘာမြီကြီးသည်ကား
ဒုက္ဖအတိမွှမ်း ဆိုးသွမ်းလှပါဘိတကား --။.

ပူလောင်ထန်ပြင်း
ဆင်းရဲလှပါတကား --။

အပူမီးများချုပ်ငြိမ်း
အီးချမ်းသော အနာဂါတ် မိုးထက်ကောင်းခင်
စက္ကြာဝဠာတခွင်လုံး
လှပသာယာ ကြည်လင်လာဖို့
ရတနာမိုး ပေါက္ခရ၀ဿမိုး
ထိန့်ကြိုးရွာသွန်း လောင်းဖြန်းပီးပါဖိလော့ --။

(သာလှဦး)
29/5/2000

No comments:

Post a Comment