Friday, March 17, 2017

စတုတ္ထ ဓည၀တီ


စတုတ္ထ ဓည၀တီ
===========

ကိုယ့်စာ ကိုယ့်စကားကို တန်ဖိုးမထား
သူများစကား အငှားရွီးလို့
ခေါင်းဆောင်ဆိုပြီးသနာ
နဖူးမှာ စာကပ်ထားကတ်တေ --။

မိုးဦးကျ တွင်းအောင်းဖားချေတိ
ပုပွင် ပုပွင် မြည်နီကတ်တေ --။

နောက်ကုန်းမှာ တုံးပိုင်းကျကေလည်းမမှတ်
အရာလည်း မပီကလာ ပီကလာနန့်
ယောက်ဖနွားကို အလကားကျောင်းနီကတ်တေ --။

ယင်းပိုင်ရာ သံယောင်လိုက်နီကတ်ဖို့ဆိုကေ
နောက်ထပ် နှစ်ပေါင်း (၂၀၀) ကျော်ကေလည်း
တဖ၀ါး ရွိဖို့မဟုတ် --။

အာရီယံ လိုင်သားတက် မြက်စားခြင်္သေ့
ဖော်သီဖော်သတ် အိပ်ရီးမ၀သိမ့်ရေအခါ
ခဲဝါတရွီ ၀မ်းအူနှုတ်စားလားခယင့် --။

ရခိုင်မဂ္ဂဇင်းတအုပ်ကို စဖွင့်ကြည့်လိုက်စွာနှင့်
ထိပ်ဆုံးက အဖွင့်စာမျက်နှာမှာ
ပန်းဖော်ဒယွား ပြင်ခံအင်္ကျီနန့် ဆရာကြီး
ခေါင်းပေါင်းထီးထီးနှင့် ငါးဖယ်အယပ်ကို ဘယ်ကချလို့
မြန်မာက အဘာခေါ်လောက်တေ --။

အေပိုင်တော်ရေ ရခိုင်မသား
ဧကောဇမ္ဗူ နှစ်ဆူမဟိ
ဘုရားချီးတွင်းကျ ရှာမရ
ကမ္ဘာနိုဘဲလ်ဆုကို ရွှီမောင်းတန်းကျင်သန်ကြီးတိပိုင်
အရွှားပြတ်ကပ်လို့ လိုင်ဖင်းမှာ စွပ်ထားဖို့ကောင်းရေ --။

စတန့်လည်းထွင် လစန့်ကင်
ချီးထက်ရွံဖို့ကောင်းရေ အကောင်တိ
ကိုယ့်စွာကို ဆရာကြီးစတိုင်နန့်
အောက်တန်းစား စကားလုံးတိနန့်လက်ခဲပစ်
ကောသလမင်းကြီးအိမ်မက်ပိုင်
ဗူးခေါင်းရီမှာ မြုတ်လို့
ကျောက်ဖျာ ပေါ်ရေခေတ် ဖြစ်နီယာ --။

စတုတ္ထ ဓည၀တီ
ပဋရီကို လောကျိတ်
အတိတ်ကို စိန်ခေါ်နီလီယင့် --။

(သာလှဦး)(March 5, 2017)(တလ္လင်္ာနိ)

No comments:

Post a Comment