Friday, March 17, 2017

ငပိအိုး

ငပိအိုး
====

ဇာလောက် အမျိုးချစ်တေ ပြောပြော
ဇာလောက် နိုင်ငံရီးလုပ်လုပ်
ဇာလောက် တော်လှန်ရီးလုပ်လုပ်
ဇာလောက် လူမှုရီးလုပ်လုပ်
ကိုယ့်စာကို မလေ့လာ
ကိုယ့်စာကို ကိုယ်မရွီး
သူများစာ အငှားရွီး
ကျန်ရေလူမျိုးတိလည်း နားလည်ယောင်
ဆင်ခြီဆင်လက်ပီး
အသူတယောက်ကလည်း အထင်မကြီး
ယခီးမှာ ယခီး --။

တခါလာလည်း မြန်မာကို စာသူခိုး
ဘုရားသူခိုး လက်ညှိုးထိုး
ကိုယ်ရို့ခိုးစွာ ကိုယ်ရို့မသိ
ရခိုင်မဂ္ဂဇင်းတအုပ်ကို လှန်လို့ဖတ်
မပီကလာ ပီကလာ ချိချီချိချွတ်
ပညာဟိက၀ိ နဖူးမှာ စာတိကပ် --။

မြွေပွေးနဲ့ ရခိုင်ကို တွေ့ရင်
ရခိုင်ကို အလျင်သတ်
သူရို့တိက ရန်ငါစည်းပြတ် --။

မြေခွေးမြန်မာ တတူလာ
မြန်မာကိုသတ် ခွီးကိုလွှတ်
(ဗ) ပါကေ (ဗူး) ပင်ကိုလည်း ခွတ်
ငါရို့တိက မပြတ် --။

ဓည၀တီ ပက္ခဒိန်ကို ကြည့်လိုက်
ခုနှစ်ရက် ရက်သတ္တတပါတ်
ရခိုင်ပိုင်ယှောင် မရွီးတတ်
ပိန္နဲသီးဒုတ်သတ် --။

မြန်မာနှင့်မတူယောင်
(မာ) လို့တမျိုး (ဟထိုး) ဖျောက်
(ဧ့) မှာ အောက်ကပေါက်
(နဲ့) လို့ တယောက် ငါးပါးမှောက်
အားလုံး ကရောက်ကထောက် --။

ကောင်းစွာကျ အတုမယူ
မကောင်းစွာကျ ဆူပူမြောက်ကြွ
ခြီထောက်မြီမှာ မကျ
ရခိုင်သားဗီဇ ရခိုင်ဧက ဒွေးမရ
လူက နှစ်ယောက် ပါတီက သုံးပါတီ
ဓည၀တီ လေးဝတီ
ချစ်လီညီလီ စည်းလုံးလီ --။

အယ်ဒီတာချုပ်က ဒုတိယတန်းသတ်ပုံ
မြန်မာသဏ္ဍာန် ပြောင်းပြန်လှန် ရခိုင်သားလည်းလှန်
မြန်မာဘုရားမျက်ဆံပြူး ရခိုင်သားလည်း ပြူး
မြန်မာက (တစ်) ရခိုင် (တစ်)
အားလုံး ကရစ်ကထစ် --။

ဂဟဇာ ထခါ ရွှီဘုံထက်မှာ လူးလို့ကျ
ငပိအိုးက ဂရင်သီးနံ့ထွက်တေ --။

(သာလှဦး)(March 14, 2017)(အင်္ဂါနိ)

No comments:

Post a Comment