Saturday, April 3, 2010

သုတေသီ


သုတေသီ
======

သုတေသီဟု ပညတ်ပြုလျှက်
ဗဟုသုတ လွန်ကြွယ်ဝသော ဆရာ --။

မြန်မာရာဇ၀င် ကျမ်းစုံလင်ကို
ရင်သတ်မိမော ဟောပြောနိုင်သော ဆရာ --။

ကမ္ဘာ့သမိုင်း ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန် တိကျမှန်သော ဆရာ --။

ပိဋကတ်သုံးဖုံ အလုံးစုံကို
အာဂုံဆောင်လျှက် နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ် ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

ဟက္ကရီကျမသား ၀မ်းဖားဖား
ကားရီကားရား ၀က်ပိုင်ယောင်လား
ဝက်ပိုင်ယှောင်စား --။

No comments:

Post a Comment