Wednesday, August 8, 2007
သူရဲကောင်းရို့၏၀ိညာဉ်
တောင်ကိုဖြိုရေဆိုမှ
ဆောက်နန့်ထွင်းနီလို့ ဇာဖြစ်ဖို့လဲ --။
ဘူဒိုဇာနန့်တိုက်
ဒိုင်းနမိုင်းနန့် ဖောက်ခွဲပစ်ရဖို့ --။
ရန်သူကို အထင်ကြီးနီကေ
ဇာပိုင်လုပ် (ရန်-ငါ) ဒါးကို
ခြားနိုင်ခန့်သိမ့်လဲ --။
ရန်သူကို ချီကျူးနီကေ
ဇာပိုင်လုပ် သူ့ကို မိတ်ဆွေလို့သတ်မှတ်
ပိုင်းဖြတ်နိုင်ခန့်လဲ --။
ရန်သူစွာ ငါရို့ကျောင်းသားတိ၏သွီးနန့်ခြယ်မှုန်း
သီကုံးပန်းကို
ဘုရားတင် ပူဇော်နီလီယင့် --။
ရန်သူစွာ ပြည်သူရို့၏မျက်ရည်စကို
မသထာရည်စာသောက်သုံး
ရွှင်ပြုံးနီလီယင့် --။
ရန်သူစွာ ဆယ့်နှစ်ကြိုးပိုင် တဆီစုန်းမတကောင်ပိုင်
ငါရို့၏၀ိညာဉ်ကိုယူနှုတ်လို့
တဖြုတ်ဖြုတ်ကျကြွီလားခရရေ
သူရဲကောင်းတိ မရွီတွက်နိုင်ဗျာယ်လေ --။
(သာလှဦး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment