Thursday, August 2, 2007

စောင့်မျှော်ခြင်း


လူ့ဦးနှောက်ကို
ရီရောခံလိုက်ရရေအခါ
သကြားမပါရေ လဖက်ရည်တခွက်ပိုင်
အရသာ ပေါ့ပျက်လားရေ --။

အသားကျနီရေ ပန်းဖော်ဒယောတထည်စွာ
ဈီးကြီးကြီးပီးဝယ်ရရေ
ပိုးသားထည်အသစ်တစုံထက် ပိုကောင်းရေ --။

အ၀ီးက ရှုမျှော်ခင်းကို
လှမ်းမျှော်ကြည့်လိုက်တေအခါမှာ
သူ့တဲအို ယွင်းယိုလားရေ --။

သွားကျိုးနီရေ
ခါးကုန်းကုန်းမိခင်၏မျက်နှာထက်က
ယော့ရိယော့ရဲ အပြုံးလှလှတပွင့်စွာ
သူ့အတွက် အဓိပ္ပါယ်မဟိလိုက်ပျာယ် --။

ငါးမပါရေ ငရုတ်သီးငပိထောင်းတခွက်စွာလည်း
သူ့အဟာရ အာသီသကို
မဖြည့်စွမ်းနိုင်ဗျာယ် --။

သူ့အိမ်မက်တိစွာ
ကြွီလွင့်နီရေ နွီရွက်ဝါချေတရွက်ပိုင်
တွားလားနီရေ မြွီတကောင်ပိုင်
တဖြတ်ဖြတ်လူးလွန့်လို့
တွန့်မြူးနီလီယင့် --။

သူဖတ်နီက ဓမ္မသစ်ကျမ်းက
ကျမ်းပိုဒ်တိလည်း
လိုရင်းကို မယှင်းနိုင်ဗျာယ် --။

ပြီးကေ သူစွာ
မိခင်အိုကိုနောက်ခိုင်းလို့
နှုတ်မဆက်ဘဲ ရုတ်တရက်ထွက်ခွာလားရေ --။

အေနိထက်ထိ မိခင်အို
သူပြန်လမ်းကို မျှော်မှန်းလို့
တမ်းတစောင့်စားလျှက်ပါ --။

(သာလှဦး)

No comments:

Post a Comment