မြင်ပါဖို့လား
=======
လလည်းတပေါင်း
ဖုံဆောင်းဆောင်းနှင့်။
နီပူချစ်ချစ်
ချွေးပြစ်ပြစ်နှင့်။
တလင်းပြင် ကွင်းပြင်တဆုံး
ကြွင်းလို့ကျန်
လက်ကျန်ကောက်ရိုး
ငေါက်စောက်ကေ ထိုးလို့။
မေ့အိမ်နောက်က
ကောက်ရိုးပုံလေ
နို့ပုံဇာတီ
လုံးပတ်ညီနှင့်။
ရွှီမင်းဂံလေ ကန်ဘောင်အနီး
ညောင်ပင်ကြီးမှာ
ကျီးကန်းအာ တစာစာနှင့်။
ညချမ်းနီခါ ရီခပ်လာ
မြင်ပါဖို့လား။
မေကြီးလာ
လာရာလမ်းကြောင်း
ချောင်းကမ်းထောင်းမှာ
နွားကိုကျောင်း
မျက်စိစောင်းနှင့်
ချောင်းချောင်းလို့ ကြည့်ရေ။
ဖုံဆောင်းဆောင်းနှင့်
တပေါင်းနွီမှာ
နီလည်းစောင်းကေ
မေကြီးညောင်းဖို့ မောင်ကြောက်တေ။
သာလှဧူး (မြောက်ဧူး)
December 24, 2025 (ဗုဒ္ဓူးနိ)
Wednesday, February 11, 2026
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment