Saturday, December 27, 2014

ကျမျက်ရည်

ကျမျက်ရည်
=======

လပြာသို
ခွာညိုပွင့်သစ်
မေအပျို
မောင်မချစ်ကေ
ဝေးပစ်ဖို့လား --။

မေအပျို မောင်မချစ်
ဝေးပစ်သောခါ
တဇာဇာ ငိုခါမျက်ရည်
ကျမျက်ရည်
ဆည်မရလို့
မေလှသက်နှံ
ပျိုမေစံ
ဝေယံနန်းမှာ

ဘယ်ကိုကိုလေ ဘယ်ကိုစောင်းလို့
ဘယ်စောင်းမျက်ရည် --။

ညာကိုကိုလေ ညာကိုစောင်းလို့
ညာစောင်းမျက်ရည် --။

သပေါ့ဖျာ မွိရာထက်မှာ
တံဘက်ဖြူ ယူကာအုပ်
ကိုယ်သုတ်ရရေ ---။ ။

(ရမ်းဗြဲမှ ဇမ်းကဗျာ)

No comments:

Post a Comment