Monday, April 21, 2008

ကန္တာရလူသား

တယောက်တည်းသင်္ကြန် (နှင့်) ကန္တာရလူသား
========
ရီမဲ့ငါး
ရီမစွတ်သော သင်္ကြန်
ရီယှားသော ဆော်ဒီအာရေဘီးယားနိုင်ငံပိုင်
ကိုယ့်ဘ၀က
ခြောက်သွိလှပါရေ --။

(သာလှဦး)

Wednesday, April 9, 2008

တိုက်ကြက်ဖနှစ်ကောင်

တိုက်ကြက်ဖနှစ်ကောင်
 ============
တိုက်ကြက်ဖနှစ်ကောင်
တကောင်က မြန်မာယောက်ဖ
တကောင်က ကုလားယောက်ဖ
တကောင်နှင့် တကောင်ခွတ်
အိမ်သျှင်က အမြင်ကပ်
နှစ်ကောင်စလုံးကို သတ်လို့စား --။

(သာလှဦး)

Monday, April 7, 2008

တတိယမြောက်ဦးခေတ်အလယ်ပိုင်း ရှိဟောင်းငွေသားဒင်္ဂါးများ (Break Point) (5)

မဟာဝိဟိံက ရက္ခပူရဓည၀တီပြည်ကြီးတွင် ထီးနန်းကနက် စဉ်ဆက်ဖြန့်မိုးအုပ်စိုးတော်မူသော မင်းများအပေါင်းရို့တွင် ယခုဖေါ်ပြလတ္တံ့သော တတိယမြောက်ဦးခေတ်အလယ်ပိုင်းအတွင်းတွင် ခေတ်အလျှောက်သုံးစွဲကြကုန်သော ငွေသားဒင်္ဂါးဟောင်းများကို အနည်းငယ်မျှဖော်ပြလိုသောစိတ်ထားဖြင့် ရခိုင်သားများဗဟုသုတ ရစီခြင်းငှာလည်းကောင်း၊ တိမ်မြုပ်ပျောက်ကွယ်နီသော သုခုမပညာရပ်များ ပေါ်ထွက်ထွန်းကားလာစီခြင်းငှာလည်းကောင်း ကြိုးစားရှာဖွေစုဆောင်းကာ ဖော်ပြရပေသတည်း။

တတိယမြောက်ဦးခေတ်အလယ်ပိုင်းဟူ၍ ခေါင်းစဉ်တပ်ပြီးလျင် စီစဉ်ရွီးသားရခြင်းမှာ သက္ကရာဇ် (၉၇၄) ခု သီရီသုဓမ္မာရာဇာလက်ထက်တွင်သုံးစွဲခသော ငွေသားဒင်္ဂါးဟောင်းကို အစပြုပြီးလျှင် ရွီးသားဖော်ပြရခြင်းကြောင့် တတိယမြောက်ဦးခေတ်အလယ်ပိုင်းဒဂ်ါးဟူ၍ ခေါင်းစဉ်တပ်ရခြင်းဖြစ်ပါသည်။ ပဇာကြောင့် (တတိယမြောက်ဦးခေတ်) ခေါ်တွင်ရသနည်းဟူမူကား သက္ကရာဇ်(၄၄၉) ခုနှစ်တွင် ပထမမြောက်ဦးမြို့ကို တည်ထောင်တော်မူ၏။ ၄င်းသက္ကရာဇ်မှာ ခဆပဉ္စကိန်းကိုဖြို၍ ရွီတွက်လာသော ယခုကောဇာသက္ကရာဇ် အတွင်းတွင်ဖြစ်သည်။ (ဒုတိယမြောက်ဦးမြို့) ခေါ်တွင်ကြောင်းကား သက္ကရာဇ် (၇၉၂) ခုတွင် မင်းစောမွန်ကြီးသည် ဒုတိယမြောက်ဦးမြို့ကို တည်တော်မူသောကြောင့် ဖြစ်သည်။ (တတိယမြောက်ဦးမြို့) ခေါ်တွင်ကြောင်းကား သက္ကရာဇ် (၈၉၃) တွင် ဘ၀သျှင်မင်းဗာကြီးသည် တတိယမြောက်ဦးမြို့ကိုတည်တော်မူသောကြောင့် (တတိယမြောက်ဦး) တွင်သည်။ ၄င်း တတိဟမြောက်ဦးမြို့တည် မင်းဗာကြီး သက္ကရာဇ်(၈၉၃) မှအစ သက္ကရာဇ် (၉၇၄) ခုတွင်မြောက်ဦးမင်းဆက်အလယ်ပိုင်းသို့ကျရောက်နီပြီးဖြစ်သောကြောင့် မြောက်ဦးခေတ်အလယ်ပိုင်းဟူသော နာမကို ပီးရခြင်းဖြစ်သည်။

ယခုဖော်ပြပါဒင်္ဂါးပုံ (၁) ပုံမှာ သက္ကရာဇ် (၉၇၄) ခု သီရိသုဓမ္မာရာဇာမင်း လက်ထက်တွင် သုံးခသော ဒင်္ဂါးဖြစ်သည်။ ပုံ(၂) သက္ကရာဇ်(၁၀၀၀) နရပတိမင်းကြီး။ ပုံ(၃) သတိုးမင်းတရား။ ၄င်းမင်းကိုဖွားမြင်သောအခါက နက္ကဒါန်ထီးဖြူ အလိုလိုပွင့်သောကြောင့် (ထီးဖြူပွင့်မင်း) ဟုခေါ်၏။ ထို့ကြောင့် ၄င်းမင်းလက်ထက်သုံးစွဲသော ဒင်္ဂါးတွင် ကနက္ကဒါန်ထီးဖြူပွင့်ဟန် ဆွဲလွဲချရွက်သဏ္ဍာန်တွဲကျဟန် အနားရစ်ဖြင့် သွန်းလုပ်သည်။။ ပုံ(၄) စန္ဒသုဓမ္မရာဇာ သက္ကရာဇ် (၁၀၁၄) ၄င်းမင်းလက်ထက်တွင် (ဆင်ဖြူသခင်၊ ဆင်နီသခင်) ဟူသောဘွဲ့ကိုပယ်၍ (ရွှေနန်းသခင်) ဟူသော ဘွဲ့ကိုရာ ခံယူသည်။

ပဇာကြောင့်ဆိုသော် ၄င်းမင်းလက်ထက်တွင် ဆင်ဖြူတော်၊ ဆင်နီတော်ရို့ ကွယ်ပြီုးဖြစ်သောကြောင့် ဘ၀သျှင်မင်းဖလောင်းကြီးတည်ဆောက်တော်မူသော ရွှေစင်အတိ ခင်းစီအပ်သည့် အထွဋ်တော်မှန်ကင်းမှသည် မြီထဲ အုတ်မြစ်အစတိုင်အောင် ရွှေသားအတိပြီးသော နန်းမဆောင်၏ဗဟိုဆောင် တော် ရွှေအိမ်ကွမ်းပြောက်ကြီးကို ဂုဏ်ယူသည့်သဘောအားဖြင့် (ရွှေနန်းသခင်) ဟူသောဘွဲ့ကို ခံယူသည်။ ပုံ(၅) စန္ဒ၀ိဇယရာဇာ သက္ကရာဇ် (၁၀၇၁)။ ပုံ(၆ ) သက္ကရာဇ် (၁၀၉၃) ခုစန္ဒသူရိယရာဇာ။ ပုံ(၇) သက္ကရာဇ် (၁၁၉၉) မဒ္ဒရာဇ်ရာဇာ။ ပုံ(၈) သက္ကရာဇ် (၁၁၀၉) အဘယရာဇာ။ ပုံ(၁၀) သက္ကရာဇ်(၁၁၃၅) စန္ဒသုမနရာဇာ။ ပုံ(၁၁) သက္ကရာဇ် (၁၁၄၄) ခု စန္ဒပရမရာဇာ။ ပုံ(၁၂) သက္ကရာဇ် (၁၁၄၆) ခု အမရပူရ ဆင်ဖြူများသျှင်နိုင်ငံ။ ဤကဲ့သို့ မိမိ၏ဂုဏ်ထူးဘွဲ့ထူးများကိုခံယူကာ ငွေသားဒင်္ဂါးတွင် ဘွဲတံဆိပ်ခတ်နှိပ်ကြကုန်သည်။

တတိယမြောက်ဦးခေတ်အလယ်ပိုင်းတွင် သုံးစွဲသောဒင်္ဂါးများတွင် အစပိုင်းဒင်္ဂါးရို့မှာ မင်းဆက်ပေါင်း (၄၉) ဆက် ငွေဒင်္ဂါးအမျိုးပေါင်း (၄၉) မျိုး ဟိရမည်ဖြစ်ရာ နန်းသက်တိုသော မင်းအချို့ ဒင်္ဂါးခပ်နှိပ်ရန် မရကြကုန်။ မင်းဆက် (၄၀) ဆက် ငွေဒင်္ဂါး (၄၀) ပြားမျှရာ တွိရသည်။ ၄င်းဒင်္ဂါးရို့မှာ စုဆောင်းထားခသော်လည်း အင်္ဂလိပ်ဂျပန် ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းခသည်ကတရပ်၊ မြောက်ဦးခေတ်အလယ်ပိုင်းအတွက်မျှရာ ဖော်ပြလိုသည်ကတကြောင်း ဤသို့သောအကြောင်းများကြောင့် ဤ (၁၂) ဆက်သော မင်းစဉ်ဒင်္ဂါးများကိုသာလျှင် ဖော်ပြရပေသတည်း။ နောင်ခေတ်ကာလအလျှောက် အလျဉ်းသင့် ဆက်လက်ဖော်ပြပါဦးမည်ဟု အာသီသဟိခပါကြောင်း။

ဓည၀တီပြည်တွင် ဦးစွာအစ ဒင်္ဂါးပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ အနောက်မဇ္ဈိမနီဝင်တရိုး တိုင်းကြီးပြည်ကြီးအပေါင်းနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် လှည့်လည်သုံးစွဲခြင်းအလို့ငှာ ရွှေ၊ ငွေ၊ ကြီး ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲကြကုန်သတည်း။ ပဇာကာလမှ စတင်ဖြစ်ပေါ်သနည်းဟူမူ ရာဇ၀င်ဝါသနာထုံသူရို့သည် ရှိအကျဆုံးဖြစ်သော မြို့တော်ဟောင်းများသို့ လိုက်လံရှာဖွေကြသောအခါ ရခိုင်ပြည်တွင် အဟောင်းဆုံးဒင်္ဂါးခေါ် ဆတ်တံဆိပ်ဒင်္ဂါးများကို တွိသည်။ အချို့သော ရာဇ၀င်ဆရာရို့က ၄င်းဒင်္ဂါးကို (မာရာယုဒင်္ဂါး) ဟု အယူအဆရှိကြသည်။ ဒင်္ဂါးတွင်လည်း စာပီအက္ခရာ အမှတ်အသား တစုံတခုမှမပါ။ ဆတ်ရုပ်တခုတည်းသာလျှင် ခပ်နှိပ်လျှက်ပါဟိပြီးလျှင် ဒင်္ဂါး၏အနားနှင့်အသားပြင်ရို့မှာ ပွန်းပဲ့ပျက်ပြိုလုခန့်ဖြစ်နီသည်။ အဟောင်းဆုံးဒင်္ဂါးတော့မှန်ပါ၏။ သက္ကရာဇ် နိစွဲမပါ၍ မဝေခွဲနိုင်။ သို့သော် ရာဇ၀င်သက်ကြီးရို့က ထင်မြင်ချက်တခုပီး၍ ရွီးသားမှတ်တမ်းတင်ထားခသည်မှာ ပဉ္စမမြို့တော် မဉ္စူသိမ်မင်းသည် (ခေတ္တသင်လည်းခေါ်၏) ဆတ်တံဆိပ်ခပ်နှိပ်အပ်သော ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲဖူးကြောင်း ရာဇ၀င်ဟောင်းကျမ်း၏ ထွက်ဆိုချက်အရ ဟုတ်လိမ့်နိုးဖြင့် မဉ္စူသိမ် (ခေတ္တသင်) ခေါ် (တိုင်းချစ်မင်း) လက်ထက်တွင် သုံးစွဲကြောင်းဟူပေ၏။

သို့သော် ပထမဖော်ပြရင်း မာရာယုဒင်္ဂါးလည်းလွန်လွန်းသည်။ ပဇာကြောင့်ဆိုသော် မာရာယုမင်း ဂေါတမဘုရားပွင့်တော်မမူမှီ ကာလကပင် ဘိုးတော်အဉ္ဇနနှင့် ကာဠဒေ၀ီလ ရသေ့ရို့ မဖြိုသိမ့်သော သက္ကရာဇ် (၆၀၅၇) တွင် မင်းဖြစ်သောသူဖြစ်သောကြောင့် ထိုခေတ်ကာလအချိန် ဒင်္ဂါးကို မသုံးစွဲကြ။ ရွှေဒိုင်ခွက်ငွေဒိုင်ခွက်များကိုရာ သုံးစွဲကြောင်း ဃောသကသူဌေးကြီးဝတ္ထုကို ထောက်ရှု၍သိနိုင်သည်။ ထို့ကြောင့် ယုတ္တိမထင်ရှားချေ။ မဉ္ဇူသိမ်ခေါ် တိုင်းချစ်မင်းလက်ထက်တွင် ရာဇ၀င်သက်ကြီးရို့ ဖော်ပြကြသည်မှာလည်း နောက်သို့ဆုတ်လွန်းသည်ဟု ထင်ပါသည်။ ပဇာကြောင့်ဆိုသော် ပထမဝေသာလီမြို့တော်ဟောင်းတွင် ရှာဖွေရဟိသော ဒင်္ဂါးအချို့မှာ သက္ကရာဇ် (၁၅၀) ကျော်အတွင်းက ကျရောက်ပြီးလျှင် အက္ခရာစာများမှာလည်း သက္ကဋနာဂရီ၊ အူရဒူ အာရေဗီအက္ခရာသက်သက်ဖြင့်သော်လည်းကောင်း နွားရုပ်လူရုပ်ဖြင့်သော်လည်းကောင်း ခပ်နှိပ်ထုလုပ်၍ တွိရပေသည်။

ထို့ကြောင့် ဖော်ပြပြီးသော ဆတ်တံဆိပ်ဒင်္ဂါးမှာ စာပီမသုံးစွဲမှီကာလကသော်လည်းကောင်း၊ မာရာယုမင်း၏နောက်ဆုံးအဆက်မှသော်လည်းကောင်း ပေါ်ထွက်ဟန်လက္ခဏာရပေ၏။ ထိုစဉ်အခါမှစ၍ ငွေသားဒင်္ဂါး၊ ရွှေသားဒင်္ဂါး ကြီးပြားဒင်္ဂါး သုံးစွဲလာကြသည်။ ယခုဖော်ပြပါ မြောက်ဦးခေတ်အလယ်မှ အဆုံးတိုင်အောင် ဒင်္ဂါးရို့မှာ သီရိသုဓမ္မာရာဇာဒင်္ဂါးတပြားသာလျှင် ရခိုင်စာတဘက် အူရဒူနှင့် ဟိန္ဒူဘာသာရောနှော၍ ခပ်နှိပ်ထားသည်။ နရပတိမင်းအစ မဟာသမတရာဇာအဆုံးတိုင်အောင် ဒင်္ဂါးရို့မှာ (၂) ဘက်လုံးတွင် ရခိုင်အက္ခရာသက်သက်ဖြင့် ခပ်နှိပ်ထားသည်။ ရခိုင်ပြည်တွင် သက္ကရာဇ် (၁၁၄၄) ခုနှစ်နန်းတက်၍ (၁၁၄၆) ခုတွင် နန်းကျသောမဟာသမတရာဇာအဆုံးတွင် အမရပူရဘိုးတော် သိမ်းပိုက်အုပ်စိုးသည်။ ထိုအခါတွင် ဘိုးတော်သည် ငွေသားဒင်္ဂါခပ်နှိပ်သုံးစွဲသည်။ ဤမျှဖြင့် တတိယမြောက်ဦးခေတ်အလယ်ပိုင်းနှင့် နောက်ဆုံးပိုင်းဒင်္ဂါးများအကြောင်းကို အနည်းငယ်ဖော်ပြခြင်းဖြစ်ပေသည်။ ကျန်ဒင်္ဂါးများအကြောင်းကိုလည်း ဆက်လက်ဖော်ပြရန် အာသီသဟိခပါကြောင်း။

(ဦးသာထွန်း)





ဓါတ်ပုံအစစ်အမှန် မြောက်ဦးခေတ်င်္ဒဂါးတချို့




Wednesday, April 2, 2008

ရင်ကွဲနာ

Tuesday, April 1, 2008

ဆံပင်ကအမြစ် မုဆိတ်ကထွက် (ဟာသ)


အယင်ကခါ ရွာတရွာတွင် အလွန်ချမ်းသာကြွယ်ဝသော လယ်ပိုင်သျှင်မိသားစုတခုဟိသည်။ ထိုမိသားစုတွင် (မစာဥ) ဟုခေါ်သော အလွန်ချောမောလှပသော သမီးရတနာတဦးထွန်းကားသည်။ တဦးတည်းသောသမီးဖြစ်သဖြင့် အလိုလိုက်၍ မွီးစပ်ထားသည်။ သမီးမှာ ရုပ်ရည်ကလည်းလှပ ငွေကြေးကလည်းပြည့်စုံ အကျင့်စာရိတ္တကလည်း ကောင်းမွန်သည်။ ထို့ကြောင့် ထိုရွာတွင် သူမအား ကွမ်းတောင်ကိုင်ဟု အပျိုဖော်ရွယ်များက ခေါ်စမှတ်ပြုကြသည်။ မစာဥသည် သဘောလည်းအလွန်ကောင်းသည်။ ရွာတွင်အလှုဟိလျှင် သူဌေးသမီးဆိုပြီး မာနတက်မနီတတ်။ ရီခတ်၊ အိုးတိုက်အောက်ခြီသိမ်းက ၀င်ရောက်ကူညီလုပ်ကိုင်တတ်သည်။ သူမ၏အားနည်းချက်မှာ (၈) တန်းနှင့် ကျောင်းထွက်လိုက်ရခြင်းဖြစ်သည်။

ဤသည်မှာလည်း သူမ၏အားနည်းချက်မဟုတ်ပေ။ ရွာတွင် အထက်တန်းကျောင်းမဟိသဖြင့် (၈) တန်းအောင်သောအခါ ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရခြင်းဖြစ်သည်။ မိဘများကလည်း တဦးတည်းသမီးကို မခွဲနိုင်။ မြို့တွင် ကျောင်းအိပ်ကျောင်းစားထားမည်ကိုလည်း စိတ်မချ၊ သူမ၏နောင်ရေးအတွက်လည်းပူစရာမလိုသဖြင့် ကျောင်းဆက်မထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို သူ့မိဘများက ပညာတတ်လူငယ်တဦးနှင့် ပီးစားချင်သည်။ သို့မှသာ သူ့မိသားစုတွင် လိုအပ်ချက်တခုပြည့်စုံလားမည်ဖြစ်သည်။ ငွေးရေးကြေးရေး၊ ဂုဏ်ဒြပ်နှင့်ပြည့်စုံပြီး အလွန်ပြည့်စုံပျော်စရာကောင်းသော မိသားစုတခုဖြစ်လာမည်မဟုတ်ပါလား။

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် သားသမီးများအား သင့်တော်သူနှင့်အိမ်ထောင်ချပီးခြင်းသည် မိဘများ အဓိကခေါင်းကိုက်သော ကိစ္စတရပ်ဖြစ်သည်။ အပြင်ကောင်းပြီး အတွင်းမကောင်း၊ ချမ်းသာပြီးစာရိတ္တမကောင်းသူနှင့် အိမ်ထောင်ချပီးမိလျှင် သမီးချေမှာ တသက်လုံးစိတ်ဆင်းရဲရမည်။ ထို့ကြောင့် ဆင်းရဲချမ်းသာအဓိကမဟုတ် စာရိတ္တကောင်းမွန်ဖို့ ပညာတတ်ဖို့အရေးကြီးသည်။ မိမိရို့ဖက်က ငွေကြေးပြည့်စုံပြီးသားဖြစ်သည်။ ထို့ကြောင့် မိဘများမှာ သမက်လောင်းလိုက်ရှာရသည်။ သမီးသျှင်ဖြစ်နီသဖြင့် တအိမ်ဝင်တအိမ်ထွက် လိုက်ရှာ၍မသင့်တော် လူသျှင်ရိပ်မိမည်ကိုလည်း ထည့်တွက်ရသည်။ ရွာက အခြင်းပြောမည်ကိုလည်း ကြောက်ရသည်။ ထို့ကြောင့် သင့်တော်မည့်လူငယ်လူရွယ်တွိလျှင် အ၀ီးကစောင့်ကြည့်အကဲခတ်ရသည်။ သတင်ပလင်းစုံစမ်းတီးခေါက်ကြည့်ရသည်။ အေသူ ဇာရွာကလည်း ဇာလုပ်တေလဲ။ မိဘက ဇာဇာတိလဲ။ မျိုးရိုးက ပဇောင်ပိုင်ယှောင်လဲ စသည်ဖြင့်ဖြစ်သည်။

များမကြာ ရွာတွင် ကျောင်းဆရာချေတယောက်ရောက်လာသည်း။ ရွာတွင် (ရ) တန်း (၈) တန်းကို သင်္ချာ၊ သမိုင်း၊ ပထီအစုံသင်ပီးရသည်။ အနီအထိုင်သပ်သပ်ယပ်ယပ်နီတတ်သည်။ အရက်မသောက် ဆီးလိပ်မသောက် ဖဲမကဇတ်တတ်။ ကွမ်းပင်မစားတတ်။ ထို့ကြောင့် ထိုသူငယ်အား မစာဥမိဘများက သဘောကျလျှက်ဟိသည်။ လူငယ်အချင်းချင်းလည်း ခင်မင်ရင်းနှီးမှုဟိသည်။ ခင်မင်ရင်းနှီးအောင်လည်း မိဘများက လမ်းကြောင်းပီးထားသည်။ ကျောင်းဆရာချေမ၊ှာ ကျောင်းဆရာပီပီ ပညာအရည်အခြင်းဟိသည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ တွေးတောဆင်ခြင်ညာဏ်ဟိသည်။ သူသည် ကျောင်းအားရက်များတွင် တခြားသူများကဲ့သို့ ငါးဖမ်းဖွတ်ရှာ ကျမိကျရာအလုပ်မလုပ်တတ်။ ရွာဘုန်းကြီးကျောင်းသို့လားပြီး တရားနာ ဥပုသ်စောင့် သီလဆောက်တည်လေ့ဟိသည်။ ကျောင်းကအပြန် ရွာဦးထိပ်က ညောင်ပင်အောက်တွင် အအောင့်တပွေ အနားယူပြီးလျှင် တစုံတခုကို အလေးအနက်တွေး စဉ်းစားတတ်သည်။ ထို့ကြောင့် ရွာတွင် သူ့အား (အေကျောင်းဆရာချေ ကကောင်းပညာဟိရေ) ဟု နာမည်ကြီးလျှက်ဟိသည်။

မစာဥ၏အမိအဘများမှာ အခုမှ သမက်လောင်းကိုရှာတွိသည်။ သူများလက်မဦးခင် ကိုယ်ဦးထားမှဖြစ်မည်။ (လင်းတမှာအရိုး လူမှာအိုး) ဟု စကားပုံဟိသည်။ ထို့ကြောင့် ကျောင်းဆရာချေနှင့် သူ့သမီးကို အယင်ပီးစပ်လိုက်သည်။ လူငယ်ချင်းမိတ္တာမျှနီသည်တကြောင်း ကန့်ကွက်ပြဿနာရှာမည့်သူလည်းမဟိ၊ လက်ထပ်ပွဲမှာ လွယ်လွယ်ကူကူအထမြောက်သည်။ ပတ်ဝန်းကျင်အကုန်ရွာကိုဖိတ်ကြားလျှက် ကြီးစွာသောမင်္ဂလာပွဲပြုလုပ်သည်။ ဤရွာတ၀ိုက်တွင် အစည်ဆုံးမင်္ဂလာပွဲဟု ဆိုစမှတ်ပြုကြသည်။ ပွဲတွင် ၀က်သား၊ ကြက်သား၊ ဆိတ်သားအစုံ သင်္ဘောထိုးခြောက်ပါကျွေးသည်။ သင်္ဘောထိုးခြောက်မှာ အခုအခါ အလွန်ယှားနီပြီးဖြစ်သော်လည်း မိဘများက သမီးမင်္ဂလာဆောင်အတွက် မာန်အောင်ကျွန်းက ကြိုတင်မှာယူ စီစဉ်ထားရခြင်းဖြစ်သည်။

မင်္ဂလာဆောင်ပြီး လေးငါးခြောက်လကြာသော်လည်း လူငယ်မှာ ၄င်းပုစ္ဆာအား ခေါင်းကိုက်အဖြေရှာလျှက်ဟိသည်။ အခုထိအဖြေရပုံမပေါ်။ ညောင်ပင်အောက်သို့အလားများလာသည်။ အယင်ခေါက်ကဆိုလျှင် ဘုန်းကြီးကျောင်းကအပြန်မှရာ ညောင်ပင်အောက်ထိုင်ပြီး စဉ်းစားလေ့ဟိသည်။ အခုအခါ ညောင်ပင်အောက်သို့ တကူးတကလားရောက်ပြီး ထိုင်စဉ်းစားလေ့ဟိသည်။ စဉ်းစားချိန်လည်းပိုများလာသည်။ မယားမစာဥမှာ လင်ကိုချစ်သည်ကတကြောင်း ကြောက်သည်ကတကြောင်း ရိုသေသည်ကတကြောင်း။ အကြောင်းများကြောင့် လင်သည်အား ဖွင့်မမိန်းရဲပေ။ အဘာကိုလည်း ဖွင့်မပြောဝံ့ပေ။ သို့သော် အိမ်က ယောက်ခမနှစ်ယောက်စလုံးက ဤအကြောင်းကို ရိပ်မိပြီးဖြစ်သည်။ ဤအကြောင်းသည်လည်း သူ့သမီးနှင့်ပီးစပ်ရခြင်း၏အကြောင်းတချက်ဖြစ်သည်။

သူငယ်မှာ တရက်နိ ၄င်းညောင်ပင်ကြီးအောက်တွင် နိခြင်းကြောင်တောင် ဆောင့်ခြောင်ထိုင်လျှက် ထိုပြဿနာကို အလေးအနက်စဉ်းစားနီသည်။ လက်ကလည်း ရှောက်ခြမ်းစိတ်တခုကို မြီကြီးတွင် ရွီးခြစ်ပြီး ပုစ္ဆာအဖြေကို တွက်နီသည်။ ယောက်ခမကြီးကလည်း ဘုန်းကြီးကျောင်းကအပြန်နှင့်ကြုံသည်။ ထို့ကြောင့် ယောက်ခမကြီးက အေတခါ ကြုံတုန်းကြိုက်တုန်း မိန်းကြည့်မှဖြစ်မည်ဟု အတွက်ရသည်။ ထို့ကြောင့် သူငယ်နားသို့ကပ်လျှက် -

”အဘာငါ့သားမောင်ချေ ဇာဇာစဉ်းစာနီလဲဝေ” ဟု မိန်းလိုက်သည်။ ထိုအခါ သမက်ဖြစ်သူကလည်း ၀မ်းသာအားရဖြေသည်။

”အခင်အခင် ကျွန်တော်စဉ်းစားနီစွာ ကကောင်းကြာဗျာယ်။ အခုမှ စဉ်းစားလို့ရရေ၊”

”ဇာဇာလဲဝေ မောင်ချေ”

”အေမုဆိတ် ဇာကထွက်တေလဲဆိုမှာ ဆံပင်က အမြစ်ရာမနား အခင်”

သားမက်ဖြစ်သူ၏အဖြေကြောင့် ယောက်ခမမှာ ပါးစပေါ်လျှက် နဖူးလက်ခတ်မိတော့သည်။ သမီးသည်မှာ ထမင်းစားဖို့ လင်တော်မောင်ကို စောင့်မျှော်လျှက်ဟိနီလိမ့်မည်။