Sunday, September 16, 2007

ရန်သူကိုရန်သူမှတ်၍ ပြတ်သားစွာဆန့်ကျင်ပါ

ဒီမိုကရေစီဘက်တော်သားများသည် ဒီမိုကရေစီလည်းလိုချင်ကြသည်။ ပြီးလျှင် တပ်မတော်ပြိုကွဲလားမည်ကိုလည်းကြောက်သည်။ ကျောင်းသားကျောင်းသူများကို အခုပိုင် ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နီသည်ကိုတွိမြင်ကြပါလျှက် တပ်မတော်ပြိုကွဲမည်ကို လုံးဝမလိုလားကြပေ။ ဥပမာမူ ခလေးလိုချင်ပါလျှက် ကိုယ်ဝန်ဆောင်ရမှာကြောက်သော အပျိုကြီးမမနှင့်ဥပမာတူသည်။ ကောက်ယူမွီးစားလျှင်ဖြစ်ပါသည်။ သို့သော် မိခင်အရင်းမှာ နာနာကြင်ကြင်မွီးဖွားခရမည်ကို အပျိုကြီးမမ သဘောပေါက်သင့်ပါသည်။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသူကဲ့သို့ စိတ်ဆိုးဆိုးဖြင့်ထောင်းလည်းထောင်းချင်သည် သို့သော် နာလားမည်ကိုလည်းကြောက်သည်။ ထိုသူများမှာ တပ်မတော်ကပီးမည်အာဏာကို ဆတ်လှီးရာတွင် ခွီးမျှော်သကဲ့သို့ မျှော်နီကြသည်။ ရန်သူကိုပြတ်သားစွာမဆန့်ကျင်ကြခြင်းမှာ (ရန်ငါစည်း) မပြတ်သောကြောင့်ဖြစ်သည်။
စကားကြီးစကားကျယ်ပြောသည်မဟုတ်ပါ။ ဗုဒ္ဓ၏အဆုံးအမစကားဟိပါသည်။ (ကိုယ်၌ဖြစ်သောသွီးဖြစ်စီကာမူ ပြည်တည်လာလျှင် ဖောက်ထုတ်ပစ်ရမည်) ဟူ၍ဖြစ်ပါသည်။ မြန်မာသွီးကဖြစ်သော မြန်မာ့တပ်မတော်သည် မြန်မာ့ဇတ်တူသားကို စားလျှက်ဟိပြီ။ တိုင်းရင်းသူတိုင်းရင်းသားများကို သတ်သည်ကိုအပြစ်မပြောလိုပါ။ ဇတ်ခြားသောကြောင့်ဖြစ်ပါသည်။ သို့သော် အခုအခါတွင် မြန်မာ့တပ်မတော်သည် မြန်မာပြည်သူပြည်သူများကို သတ်ဖြတ်ဇတ်တူသားစားလျှက်ဟိချေပြီ။ ဤထက်ယုတ်မာပက်စက်သော တပ်မတော်သည် ဟိပါခန့်၏လော။
ဒီမိုကရေစီကိုလိုလားလျှင် တပ်မတော်နှင့် ရန်ငါစည်းကို ပြတ်ပြတ်ခြားလျှက် ဆန့်ကျင်သင့်ကြောင်း။ သို့မဟုတ်ပါက တံလျှပ်ရေထင် ရွှေသမင်အလိုက်မှားသကဲ့သို့ လိုက်လီဝီးလီအဖြစ်ဆိုးနှင့်သာလျှင် ရင်ဆိုင်ရမည်ဖြစ်ကြောင်း။ ဤအတိုင်ဆက်လျှောက်နီကြပါလျှင် နောင်နှစ်ထောင်ပေါင်းများစွာကြာသည့်တိုင် မြန်မာပြည်၌ ဒီမိုကရေစီဖြစ်လာမည်မဟုတ်ကြောင်းကို စေတနာဖြင့် အသိပီးအပ်ပါသည်။
ရန်သူကို ပြတ်သားစွာဆန့်ကျင်ပါ။ သို့မဟုတ်ပါ အချိန်ကုန်လူပင်ပန်းခြင်းသာ အဖတ်တင်ပါလိမ့်မည်။ ကိုယ့်ပေါင်ကို ကိုယ်မခွဲစိတ်ဝန့်ပါက ကျွမ်းကျင်သူဆရာဝန်များနှင့် ခွဲစိတ်သင့်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

No comments:

Post a Comment