Friday, September 14, 2007

စက္ရုပ္ရမ္ဘို

အချေခါ ဗစ္စကုတ်ထဲကပိုင်
အဖြူရောင်ကုတ်အင်းကျီဝတ်လို့
ဆင်းရဲသူ ပြည်သူများကို ပြုစုကုသ
နားကျပ်ဝတ် နှလုံးခုန်နှုံးကို စမ်းသပ်
သွီးပေါင်ချိန်တိုင်း တိုင်ထူဆီးထိုးပီး
ဆရာဝန်ကြီးဖြစ်ချင်ခပါသည် --။

အချေခါ မိုးမျှော်တိုက်ကြီးတိဆောက်
တာတမန်ဆည်ကြီးဆောက်
အ၀ီးပြီး ကားလမ်းမကြီးဖောက်
ညောင်းညောင်းလာကေ ဘီယာဘူးဖောက်သောက်
အောက်ဆိုက်များများရရေ
အင်ဂျင်နီယာကြီးဖြစ်ချင်ခပါသည် --။

အချေခါ အစိမ်းရောင်ယူနီဖောင်းဝတ်
ပက်ခုံးထက်မှာ ခြောက်ပွင့်တပ်
စစ်ဖိနပ်ကို အရောင်လက်လက်တိုက်ချွတ်
ရှိတန်းကပြန်လာကေ အပျိုမချေတိက ပန်းကုံးစွပ်
ဘုရင်နောင်ကျန်စစ်သား အလောင်းဘုရား
မင်းရဲကျော်စွာ တပင်ရွှေထီး
ဘာမထီ အောင်စစ်သည်
ပြည်သူ့ချစ်သား သူရအာဇာနီကြီးဖြစ်ချင်ခပါသည် --။

အချေခါ ကျွန်တော်
တိုင်းပြည်ကို ကယ်တင်ဖို့
အမှန်တရား ပစ္စည်းမဲ့လူတန်းစား
ကြောမွဲလူတန်းစားဖက်ကရပ်တည်
လီနင် စတာလင် မော်စီတုံး ချေကွေဗားရား
ဟိုချီမင်း စာအုပ်ကို ဂေါင်းအုံးလို့
လင်းယုန်မောင်မောင်ရွီး
ကစ္စရို၏ကမ္ဘာကျော်လျှောက်လဲချက်များကို အားကျလို့
ရဲဘော်သုံးကျိတ်ထဲက
အသက်အငယ်ချေနန့် စစ်သေနာပဓိချုပ်ဖြစ်
နိုင်ငံဦးသျှောင် ကယ်တင်သျှင် ဂေါင်းဆောင်ကြီးလည်းဖြစ်
ဗိုလ်ချုပ်အောင်ဆန်းလက်သစ် ဖြစ်ချင်ခပါသည် --။

မိဘစကား နားမထောင်ငြား
စာမကြိုးစားခသော ကျွန်တော်
အခုအခါ နိုင်ငံခြားမှာ
အိုးတိုက်လောင်ပွန်းဆီး မိုးမျှော်တိုက်ကြီးကိုရောင်သုတ်
ဆူချီးအလုပ်လည်းဝင်လုပ်
စက်ရုံမှာ နိမအားညမအား အထုပ်ထုပ်
စက်ရုပ်ရမ်ဘို စတန်းဂါးကိုမွတ်
အားမာန်အပြည့်နန့် တယောက်မလွတ် ဒရဇတ် အဆက်မပြတ် မိုးရီသရီပစ်ခတ်
စကန်နာဖတ်နီရပါသည် --။

(သာလှဦး)

No comments:

Post a Comment