မောင်လုံးချင်းသည်
=============
ပန်းမျိုးပေါင်းစုံ မွှီးသင်းထုံ၍
ရဂုံမြိုင်အတွင်းမှာ
ဆီးနှင်းဖြောက်ဖြောက်
တပေါက်ပေါက်လျှင် ကျလတ်ကျင်သော်
ဝမ်းမြောက်မရွှင် စားမဝင်သည်
ပူပင်ကြောင့်ကြကြီးလျှက်
နှုတ်ကမပြော စကားမဆို
ဝမ်းမှာမျိ၍ထားကာ
မျက်ရည်ယိုစီး အပူမီးသည်
တောကြီးမီးလောင်သည်သို့
ဆောက်တည်ရာ ရှာမရ
ငှက်ဖိုးခေါင်သည် ဖော်ကိုလွမ်း၍တသို့
နိညမဟူ တကြူကြူလေ
မေဖြူကြားစီချင်၏။
ဟေမန္တသည်ဆောင်းကာလ မြောက်ပြန်စုံလီထက
တစိမ့်စိမ့်သည် လှိမ့်ကာလှူးကာပြန်၍
သန်းခေါင်ယံသည်
နာရီပြန်နှစ်ချက်တီး အာရုဏ်တက်မှာ
တစက်ပင်မအိပ်ပါတည်း
စိတ်ပူလောင်သည်
မေ့ကိုလွမ်းသည်ကြောင့်လေး။
တပေါင်းလည်းကူး တန်းခူးကာလ
ဂိမန္တတမှာ
ရာသီသည်လွန်ပူပြင်း
မောင်လုံးချင်းသည် စားမဝင်
မီးခိုးလည်းမှိုင်းမှိုင်းမှုံ တောလုံးဝိုင်းဝိုင်းအုံသည်
ဖုံတဆောင်းဆောင်းထလျှက်
ရဂုံမှာ ရွက်များတခက်ပင်မဟိပါတည်း။
ပင်တိုင်းမှာသည် အရိုးငေါက်ငေါက်
ကိုင်းခြောက်အဖျားထက်၌
ဂြိုးသားယင့်ယူ တကြူကြူမြည်လာလတ်က
စိတ်ပူသည်လွမ်းမစဲ
သင်္ကြန်အခါတည်းလေ။
သင်္ကြန်ရောက်လတ်ကလျှင်
နံချင်းပြိုင်၍ သစ္စာတိုင်တည်
ဆုပန်ရွယ်ငြားချင်ပါသော်လည်း
လွန်ဝမ်းနည်းသည်
ပြည်ရွာတိုင်းခြားတပါးအရပ်မှာ၌
မောင်ကမပျော်လို
မေ့ကိုလွမ်း၍ နိတိုင်းငိုသည်
မျက်ရည်ယိုစီးပါသည်၏လည်း။
မျက်ရည်ယိုစီး အပူမီးသည် မငြိမ်းနိုင်
သင်္ကြန်ပြီးသော် ဝသန်မိုးဦးရောက်က
အာကာကောင်းခင် မှိုင်းမှုံဆင်သည်
လျပ်လျှင်တပြက်ပြက်နှင့်
စက်မိုးထစ်ကြိုး ရွာသွန်းဖြိုးသည်
လွန်စွာအငြိုးကြီး၏။
ရီစီးသည်တဖောင်ဖောင်
ဝါခေါင်မာသ ချိန်ကာလ၌
မိုးများစွာ ရွာသွန်ချသည်နိမပြတ်
ဖားများစွာလည်း
မစဲအသံ တကြံကြံနှင့်
ညံညံအော်မြည်လတ်က
ထွေတထူးသည် နတ်ပူးယောင်သို့
ညည့်သိုင်ခေါင်မှာ
မောင်လျှင်ယောင်၍ထ၏။
တကိုယ်တည်း
လွန်ဝမ်းနည်းသည် ဝသန်အခါတည်းလေး။
(ကောင်းကျော်ဖြူ)
ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။
No comments:
Post a Comment