Thursday, April 2, 2015

ရခိုင်ရာမယနဇတ်

ရခိုင်ရာမယနဇတ်
============

ဗီဇကပင် ဇတ်ကဖို့ဝါသနာပါလို့
ပတ်သံကြားစွာနန့်
ရွစိစိဖြစ်ပါလတ်တေ --။

မယ်သီတာကို ဒသဂီရိခိုးခန်း
ပတ်ကြမ်းကြမ်းနန့်
တခန်းနွှဲလိုက်ချင်ရေ --။

ဟာနုမန်မျောက်ကလည်း
လိမ္မာလိုက်တေနန့်
သိန်းခိုပြည်ကို မီးတိုက်လို့
အလောင်းတော်ရာမဖက်က
စစ်ကူတိုက်တေ --။

ဇတ်သိမ်းမှာ
အလောင်းတော်ရာမနန့် မယ်သီတာပေါင်းဖက်
ပရိဿတ်ကျမျက်ရည်
ဝမ်းသာကြည်နှုးဖြစ်ရရေ --။

ရခိုင်သားတိ မျန်မာစကား မပီကလာ ပီကလာနန့်
ကပြရေ ခရမ်းသီးဇတ်ကို
ရှိဆုံးက ဖျာခင်း
မိုးတလင်းကြည့်လည်း မညီး --။

ယေလည်း လက်တွိမှာ
မယ်သီတာကို ဒသဂီရိ ခိုး
မုဒိမ်းလည်းကျင့် အသီသတ်
ခေါင်းလည်းဖြတ်ပစ်လိုက်တေ --။

အလောင်းတော်ရာမလည်း သူခိုးလိုက်စွာ
သူခိုးက အပြန်လိုက်လို့
ဒယွားမရ ထွက်ပြီးဖို့ကျရေ --။

ဟာနုမန်မျောက်ကလည်း
ရိက္ခာတိုက်ကို ၀င်ဖောက်လို့
ထမင်းငတ်ကေ
မြို့ထဲပြန်ဝင်လာရရေ --။

ညီတော်လက္ခဏလည်း
ကာလနဂါးဖြစ်လို့
ကောက်ရိုးပုံထက်မှာ အိပ်နီစွာ
မိုးကြိုးပစ်လို့ မနိုး --။

ပတ်သံ ဗုံသံ နှဲသံကြားကေ မနီနိုင်လို့
တချက် ထကကြည့်ခီမှာ
အလောင်းတော်ရာမနန့် ညီတော်လက္ခဏ
မျက်ရည်စက်လက်နန့်
(နောက်ဘိတ်ဆုံးမှာ)
မယ်သီတာအုပ်ဂူရှိမှာ
ပန်းခွီချဖို့ရာကျရေ --။ ။

(သာလှဦး) (April 2, 2015) (ကသစ်ဗုဒ္ဓိနိ)

No comments:

Post a Comment