Thursday, February 26, 2015

ဘုရားပန်း

ဘုရားပန်း
======

အမေလေ ရောက်မလေ
ပန်းဆွတ်ဖို့ လားကတ်မည် --။

ဝါကျွတ်လတ်ပျာ ပန်းပွင့်ပျာ
ပန်းပွင့်ပွင့်ချိန် ပန်းခူးချိန်
လစ္ဆဝီပန်း ဘုရားပန်း --။

အနွယ်ခက်ဖြာ ပွင့်တရာ
ရိုးတံကချီ ပွင့်ဝီဝီ
ငုံတံညို့ညို့ ပန်းတချို့ --။

ဘုရားပန်းယင် ပွင့်လတ်ယင့်
အကျွန်ရို့မှာ ဆွတ်ကတ်ယင့် --။

ဆွတ်လို့ရကေ ဇာပျင်မည်
ဆရာသျှင် ထေရ်ကျော်ကျောင်းကို
လားကတ်မည် --။

ကျောင်းကြီးအသျှင် ကန်တော့ယင့်
ဇေတဝန် မြတ်မွန်ကျောင်းမှာ
ပန်းတင်ယင့် --။

တယောက်တတိုင် ဆီမီးတိုင်
ပြိုင်ပျာထွန်းကေ
ရှိခိုးရေလေး ရှိခိုးရေ --။

No comments:

Post a Comment