Saturday, July 5, 2014

မှန်ကင်းတလှည့် ထင်းတလှည့်


မှန်ကင်းတလှည့် ထင်းတလှည့်
===================

မြုံခိုးအုံမှိုင်း တဆိုင်းဆိုင်းနှင့်
တိုင်းသျှစ်ဌာနီ ပြာရီမှိုင်းညို့
မြသို့အသွင် လှရိပ်ဆင်လျှက်
ပင်ထက်လျှိုမြောင် တောတောင်ယံကြော
သံချိုနှောသည့် ဥသြရီသောက်
နွီကိုရောက်တိုင်း ရင်လှိုင်းခက်ထန်
မျက်ရည်သွန်မိ ပြန်လည်နှိုးဆွ
ပူသောကနှင့် နွမ်းရဘ၀င်
စိတ်အမြင်ဝယ် ယခင်အတိတ်
ပုံနမိတ်ရို့ တရိပ်ရိပ်လျှင်
စွဲဟင်ထင်သည် မရွှင်တမ်းတရလီဗျာယ်။

မျှော်ကြည့်တိုင်းလျှင် သျှစ်ခွင်အနှံ့
တေးဝီဖြန့်ရာ စေတီသာလည်း
မြီမှာပြိုယွင်း အလှကင်းလျှက်
ကျိုးပျက်တံတိုင်း အပိုင်းပိုင်းလည်း
ခြုံဝိုင်းနွယ်ရံ အထီးကျန်စွာ
စရှာမရ အနန္တတည့် --။

သြော် ရခိုင်ရို့၏ မိမြီဘမြီ
စာပီလက်ရာ နုပညာလျှင်
တခါမှန်ကင်း တလှည့်ထင်းသို့
ပျက်ယွင်းမြီခ ဖြစ်လီရငြား
ရခိုင်သားရို့ စိတ်ထားမှန်မှန်
မျိုးမာန်တိုးမြှင့် သင့်တင့်ညီညာ
တွဲလက်ဖြာသော် ရင်မှာခွန်အား
အားမာန်ပွားသည်
မိုးသားရောင်နီသို့နှယ်တကား --။

(ခိုင်လူခြင်္သေ့)

No comments:

Post a Comment