Sunday, March 4, 2012

ဝါလကျွတ်ကေ လက်ထပ်မည်


(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာများ)
====================

တခွန်းခေါ်လည်း
ခေါ်လို့မထူး
နှစ်ခွန်းခေါ်လည်း
ခေါ်လို့မထူး
ရွှီနားပြင်မှာ
ရွှီခင်လီးလို့
မကြားလီလား --။

နားယောင်လည်းခံ
နားပင်းကွန်ကေ
နားဆံတင်းတင်း
ပျိုမေလှလေ
အောက်ကိုဆင်းလို့ ပြောကတ်မည် --။

စွာကလာကေ
စွာရွာသားရောင်
နပျိုးတောက
ရွက်ကျင်လီစုံတိုက်
ချမ်းလိုက်တေနန့် --။

နားမကြားယောင်
ဟန်မဆောင်
ဘုန်းမောင်လူချော
မောင်းမောင်ခေါ်စွာ
မကြားတကြားကား မောင်းမောင် --။

သရက်ရေ ပင်ပျို
နပျိုးရေပင်လှ
ရွက်ချင်းဆိုင်
မြိုင်မြိုင်အုပ်ကေ
ဆင်ပုတ်ရွာက --။

နတ်နန့်မတူ
လူတင်လေမက
အေရပ်ရွာမှာ
အလွန်လှရေ နှမချေထံ
ချစ်တေဆိုကေ
ထိုအကြောင်းကို
ကကောင်းပြောမည်
အောက်ကိုဆင်းပါ ပုယေ --။

လူရွာသားကို
အမီးစုံစီ
ကိုယ့်ရွာသားကို
အကြည့်စုံစီ
ပဝေသဏီ
ဆိုစကားကို
မောင်းမောင်နားမှာ
မကြားလီလား --။

အကြည့်စုံကေ
စုံပါလီစ
အမီးစုံကေ
စုံပါလီစ
သတင်းဆိုကေ
ဝါလကျွတ်ကေ
လက်ထပ်ကတ်မည် ပုယေ --။

မိနန့်ဖမှာ မွီးစပ်တေ
နွားချေနှစ်ကောင်
ကျွဲငါးကောင်ကို
အသူရေကျောင်းဖို့
လယ်ကဆိုကေ
ငါးတောင်ကျားကို
အသူရေထွန်ဖို့
ဒေကရေကေ
ဒေမေလိုက်ကေ
ထမင်းငတ်မည် မောင်းမောင် --။

မိနန့်ဖမှာ မွီးစပ်တေ
နွားချေနှစ်ကောင်
ကျွဲငါးကောင်ကို
မောင်းမောင်ရာ ကျောင်းမည် --။

လယ်ကဆိုကေ
ငါးတောင်ကျားကို
မောင်းမောင်ရာ...ထွန်မည် --။

သတင်းဆိုကေ
ဝါလကျွတ်ကေ
လက်ထပ်ကတ်မည် ပုယေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာများ စုဆောင်းမှု)



2 comments:

  1. မိနန့်မှာ မွီးစပ်တေ
    နွားချေနှစ်ကောင်
    ကျွဲငါးကောင်ကို
    မောင်းမောင်ယာ ကျောင်းမေ --။


    အေပိုဒ်မှာ ဖ ကျကျန်ခရေကို ကျော်ကျော်။ မိနန့်ဖမှာ မွီးစပ်တေ...အေပိုင်ဖြစ်နိုင်ရေ။

    ReplyDelete
  2. အေး ပျင်လိုက်ပျာ။ ငါလည်း လေးငါးခါ ပြန်ဖတ်ဖြစ်တေ။ ယေကေလည်း (ဖ) ကျကျန်ခစွာမမြင်။ အပြင်လူတိထောက်ပြမှ အမှားတိကိုမြင်နိုင်ရေ။ ရခိုင်စာ သန့်စင်လာဖို့ ယင်းပိုင် ထောက်ပြဖို့။ ဝေဖန်ပီးဖို့လူတိ အများကြီးလိုအပ်တေ။

    ReplyDelete