အယင်ကခါ ကျားချေတကောင်နှင့် နွားချေတကောင် အဆွေခင်ပွန်းဖြစ်ကတ်သည်။ အရေးအကြောင်းကျလျှင် နွားချေကို ကျားချေကကူညီရန် ကတိဟိသည်။ တောခွီးများရောက်လာလျှင် ခလောက်ခေါက်ဖို့မှာထားသည်။ ခလောက်သံကြားလျှင် နွားချေဒုက္ခရောက်နီဗျာယ်ဖြစ်ကြောင်း ကျားချေကသိသည်။
တရက်နိခါ နွားချေက ကျားချေကို စိတ်စမ်းချင်စိတ်ပေါက်လာသည်။ ကျားချေက ငါ့ကို အဂယင့် ခင်စွာလား။ သူ့စိတ်ကိုသိချင်သည်။ မိတ်ဆွေစစ်မစစ်ကို စိတ်စမ်းကြည့်မှသိဖို့။ ထိုသို့အကြံရသည်။ ထို့ကြောင့် တရက်နိ တောစိုင်ယောင်လျှက် အစာစားနီစဉ် တောခွီးများမလာဘဲ ခလောက်ခေါက်လိုက်သည်။
ကျားချေမှာ နွားချေဒုက္ခရောက်ပျာယ်အထင်ဖြင့် ချက်ချင်းအပြီးရောက်လာသည်။ သို့သော် နွားချေမှာ အရိပ်ကောင်းကောင်းညောင်ပင်အောက်တွင် ကောက်ရိုးကိုဝမ်းတင်းအောင်စားပြီး အိပ်နီသည်။
ထိုအခါ ကျားချေကပြောသည်။ အဆွေနွားချေ။ ငါက အသင်ဒုက္ခရောက်ပျာယ်ထင်လို့ နီပူထဲမှာပြီးလာရသည်။ အသင်က ကောက်ရိုးစားလို့အိပ်နီသည်။ တောခွီးတိမရောက်ဘဲ ဇာဖြစ်လို့ ခလောက်ခေါက်စွာလဲ။
ထိုအခါ နွားချေက ကောက်ရိုးခြောက်ကို စမုံ့ပြန်လျှက် ကြဲစီကြဲစဲ ပြန်ပြောသည်။
မဟုတ် အဆွေကျားချေ။ အသင် ငါ့ကို အဂယင့် ခင်မခင်သိချင်လို့ စိတ်စမ်းကြည့်စွာ။ အသင် ငါ့ကို အဂယင့်ခင်စွာသိရလို့ ကကောင်းဝမ်းသာရေ။ နီပူထဲမှာပြီးလာရစွာ ညောင်းရေလား။ တအောင့်နားလို့ အဖန်ရည်တတုတ်သောက်လိုက်အုံ့။
ကျားချေမှာ နဖူးကချွေးကို တောက်လျာပိုင်းနှင့်သုတ်လျှက် နွားချေပီးသော အဖန်ရည်ကိုသောက်၍ အညောင်းဖြေသည်။
ကျားချေ မာန်မပါကဲ့နန်း။ ငါက ကျားချေစိတ်ကို သိချင်လို့ စိတ်စမ်းစွာ။ နွားချေက ချော့သည်။
မာန်မပါ နွားချေ။ အရာတခါ အေပိုင်မလုပ်ကဲ့။ ပြီးလာရစွာ ပင်ပန်းရေ။ အလုပ်ကြုံးရေ။ ငါ့မှာ အလုပ်တိကို အေအတိုင်းပစ်ထားခရရေ။ အလုပ်မပြီးကေ အိမ်သျှင်ကမာန်ပါဖို့ဟု ကျားချေကပြောသည်။
နွားချေမှာ ကျားချေကို ဆပ်ချလိုက်ရ၍ ကကောင်းကျေနပ်နီသည်။ ကျားချေ အညောင်းဖြေပြီး တအောင့်ကြာသောအခါ အလုပ်ဟိရာပြန်လားသည်။ နွားချေမှာ ၀မ်းဖောင်းဖောင်းဖြင့် ကောက်ရိုးခြောက်ကိုစားလျှက် ညောင်ပင်အောက်၌ အိပ်ကျန်လိုက်သည်။
နောက်တခါ နွားချေမှာ ကျားချေကို သံသယဖြစ်ပြန်သည်။ တခေါက်စိတ်စမ်းစွာနန့် ကျားချေအတွင်းစိတ်ကိုမသိနိုင်။ အပြင်က ချစ်ကွန်ဆောင်စွာဖြစ်နိုင်ရေ။ နောက်တခေါက် စိတ်စမ်းကြည့်မှ အတွင်းစိတ်ကိုသိရဖို့ဟု အကြံဖြစ်သည်။ ထို့ကြောင့် နွားချေမှာ တောခွီးများမရောက်လာဘဲ ခလောက်ခေါက်လိုက်ပြန်သည်။ ကျားချေမှာ အယင်ကအတိုင်း အပြီးရောက်လာသည်။ နွားချေကို ၀မ်းဖောင်းဖောင်းဖြင့် ညောင်ပင်အောက်၌ အိပ်နီသည်ကို တွိရသည်။
အဆွေနွားချေ တောခွီးတိမရောက်ဘဲ ဇာဖြစ်လို့ ခလောက်ခေါက်စွာလဲ။
မဟုတ် ကျားချေ။ ငါက အသင်ကျားချေစိတ်ကိုသိချင်လို့ စမ်းကြည့်စွာ။ ညောင်းရေလား အဖန်ရည်တတုတ်သောက်လိုက်အုံ့ဟု လောက၀တ်စကားဆိုသည်။
ကျားချေမှာ နွားချေပီးသော အဖန်ရည်ကိုသောက်၍ အညောင်းဖြေသည်။
နွားချေ ငါပြောထားရေမဟုတ်လား။ အေပိုင်မလုပ်ကဲ့။ အလုပ်ကြုံးရေ။ နွားချေမှာ ကြဲစီကြဲစဲ ရယ်နီသည်။ အယင်ခေါက်ကလည်း ငါ အိမ်သျှင်ဘားမှာ အဆဲကျရေ။ ငါက နွားချေ အဂယင့် ဒုက္ခရောက်ပျာယ်မှတ်လို့ လိုက်ပါလတ်စွာ။ နွားချေကို ၀မ်းဖောင်းဖာင်းနန့် အိပ်လို့ရာတွိရေ။
မာန်မပါကဲ့ ကျားချေ။ ငါက ချစ်လို့စိတ်စမ်းစွာ။ မိတ်ဆွေဆိုကေ မာန်မပါရမဟုတ်လား။ မာန်ပါရေဆိုကေ မိတ်ဆွေမဟုတ်။ အကွန်ဆောင်စွာ။ နွားချေက ကျားချေပြောဖို့ စကားကို အပြန်ကော့ပြောသည်။
မဟုတ်နွားချေ မာန်ပါလို့ပြောစွာမဟုတ်။ အလုပ်ကြုံးလို့ အိမ်သျှင်ဘားမှာ အဆဲကျလို့ပြောစွာ။ နွားချေမာန်ပါရေဆိုကေ ငါစိတ်မကောင်း။ ကျားချေမှာ နွားချေကို အပြန်ချော့ရသည်။
မာန်မပါ ကျားချေ။ ကဇာတ်စွာရာ။ နွားချေက ပြန်ပြောသည်။
တရက်နိ နွားချေ ကောက်ရိုးစား၍ ၀မ်းဖောင်းဖောင်းဖြင့် ညောင်ပင်အောက်တွင်အိပ်နီဆိုက် တောခွီးတရွီရောက်လာသည်။ တကောင်က နွားချေကန်ကောက်ကို ကိုက်သည်။ နောက်တကောင်က လိုင်ဖင်းကိုကိုက်သည်။ တကောင်က ၀မ်းကိုဖောက်သည်။ နွားချေမှာ ကြောက်ကြောက်ဖြင့် ကျားချေကြားအောင် ခလောက်ခေါက်သည်။ ကျားချေကြားသော်လည်း နွားချေကြီစပ်သည်အထင်ဖြင့် ရောက်မလာ။ အလုပ်ပြီး၍ လားကြည့်သောအခါ ညောင်ပင်အောက်၌ ၀မ်းဟောင်းလောင်းနှင့် လစန့်ကောင်နီသော နွားချေကိုတွိရသည်။
ဤတွင် ကျားချေနှင့်နွားချေဝတ္တုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိ ဆက်ပြောပါလီ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment