Sunday, February 17, 2008
အတ္တစီးကြောင်းတလျှောက်
အပိုင်း (၁)
ရာစုနှစ် (၂) လီဖြတ်သန်း
ကန္တရခရီးကြမ်းအောက်
ကျွန်သားပေါက်ဘ၀ ခံစားနီကတ်ရလို့
ဖက်ဆစ်အညစ်အကြေးတိကို
တွန်းလှန်ဖယ်ယှားလိုရေစိတ်
ယိုစီးမှိတ်ကျ ဖြေသိမ့်လို့ပင်မရနိုင်
ကိုယ့်ပြည်ကိုယ့်ကြမ္မာ
ကိုယ်ရို့ ရာ ပိုင်ဆိုင်ချင်
ဘ၀င်မကျနိုင်ရေ
သူ့ကျွန်ဘ၀မြင်ကွင်းထဲ
အဓမ္မပြုကျင့် လုယက်ညှင်းဆဲသတ်ဖြတ်
အသည်းကို လှီးဖြတ်စွာပိုင် အခံရခက်လို့
ဆုံးဖြတ်ချက်ကို အတည်ကိုင်
ယိုင်လဲပြိုပျက်နီရေ ပြည်ကြီးရခိုင်က ထွက်ခွာ
အစိတ်စိတ်အမွှာမွာ ခြီဖျက်ရက်စက်
ဖက်ခွက်ကို လက်နက်စွဲကိုင် တော်လှန်မောင်းထုတ်ခြင်းမှတပါး
တခြားမဟိ ယုံကြည်ခလို့ --။
အပိုင်း (၂)
စရိုက်တူရာ မိတ်ဖြစ်ရာလတ်
ယုံကြည်မှုတူလို့ ဦးတည်ချက်တူရာ စုဖွဲ့
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အရေး
ညီညာလက်တွဲ ပေါင်းဖက်မိခကေလဲ့
အသျှင်မြတ်နာဂိန္ဒ ထွင်းထုခရေ
မျိုးစောင့်မော်ကွန်းကိုမှ မထောက်မညှာ
ကိုယ်လိုရာ အတ္တချေတခု
အကြောင်းပြုရေ ပဋိပက္ခ
အမှိုက်ကစ ပြဿဒ်ထိအောင်
မီးလောင်ခံကတ်ရရေ သာဓက
တွိခကတ်ဗျာ မဟုတ်လား --။
အပိုင်း (၃)
တော်လှန်ရေးသဘော
အပြောင်းအလဲ တချို့ကြားက
အတ္တမနော ရှင်သန်ကြီးထွားလာရေခါ
တနပ်စာကို တသက်တာထင်ပနာ
ကျွန်ဇာတာကို ဖက်တွယ်ယင်း
ငါ-မှ-ငါ ဒေါမာန်ခင်းလို့ 
အမြင်ချင်းဖီလာ ကိုယ်ထင်ရာခိုကိုး
အမျိုးနန့်သီလကို မျက်ကွယ်ပြု
ညီညွတ်မှုကင်း အချင်းချင်းဗိုလ်ကျသတ်ဖြတ်
ပရမတ်နန့် ၀ီးကွာကတ်ရရေ --။
အတိတ်ကိုပြန်ကြည့်ပါ ဗလင့်
၁၁၄၆ - က ဒေကနိထက်တိုင်
အောင်လံမထူနိုင်ဘဲ
တော်လှန်ရေးတောက်လျှောက်
သီ-သူ-သီ ပျောက်-သူ-ပျောက်
ဇာတ်တူသွီးကိုသောက်လို့ 
ပြည်ကြီးမဏ္ဍိုင် ပြန်လည်နာလံထူနိုင်ဖို့ဆိုစွာ
အမှန်ပင် ဖြစ်နိုင်ဖို့လားယေ ---။
(အဉ္စနလုလင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment