အတိတ်က သင်္ကြန်
=============
အပျိုမချေတယောက်
လမ်းလျှောက်လာသည်
နောက်ကိုတချက် ပျောကြည့်သည်။
သမင်ငယ်ကို မြှားနှင့်ပစ်သည့်နှယ်
သူ့အကြည့်က
အကျွန်ုပ်၏နှလုံးသားတည့်တည့်ကို
စူးနစ်ဝင်လားသည်။
သူက မပြုံးမရယ်
မျက်တောင်မခတ်
တစုံတခုကို မကြေနပ်သည့်စိတ်နှင့်
ကျွန်ုပ်အား မျက်စောင်းထိုးကြည့်သည်။
ဝေခွဲရခက်သော အကြည့်မျိုးဖြစ်သည်
အဓိပ္ပါယ်အမျိုးမျိုးထွက်သည်။
သူ ဗြုန်းစားကြီး
ခြီဆောင့်ပြီးထွက်လားသည်။
အကျွန်ုပ်၏နှလုံးသားကို
ဆင်တက်နင်းပိုင် ခံစားလိုက်ရသည်။
သူမလမ်းလျှောက်သည့်ပုံက
ပေါက်စသမင်ငယ်
စလမ်းလျှောက်သည့်ပုံစံမျိုး
ကဗျာမဆန်
ကာရန်မလှ။
ယေဒါလည်း သူမထွက်ခွာလားချိန်
ငှက်ထပျံလားလို့
အကိုင်းအခက်တိ လှုပ်ကျန်ခရေပိုင်
အကျွန်ုပ်၏ရင်ဖတ်အစုံကို
လှုပ်ခတ်စီရေ။
သစ်ရွက်ခြောက်တိကို လီတိုက်တေပိုင်
ရင်ခုန်သံတိ မြန်ဆန်လွန်းလှသည်။
တခဏတာ
တွိဆုံခရကေလည်း
တသက်တာ မိမရပါ။
အသားထဲမှာ
မှင်ထိုးထားရေပိုင်
နှလုံးသားမှာ
ကျောက်စာထိုးပစ်ခရေ။
နောက်တနိ
မင်းလားနီကျလမ်းနားက
လဖက်ရည်ဆိုင်မှာ
မင်းကိုစောင့်ယင်း လဖက်ရည်တခွက်ကို
ဇိမ်ခံလို့ သောက်နီမိရေ။
လဖက်ရည်ဆိုင်က ဖွင့်ထားရေ
တေးခြင်းကို နားထောင်ယင်း
အဓိပ္ပါယ်ကို နားမလည်
သံစိုင်တိကို မခံစားနိုင်ဘဲ
မင်းဘားသို့ကျည်း စိတ်ရောက်နီရေ။
ဈီးပယိုင့်ကိုဆွဲလို့
ငါ့ရှိက
မင်းဖြတ်လျှောက်လားရေ။
ငါ့ကိုတချက်
မျက်စောင်းထိုးပစ်ခရေ။
ဒေတခါအကြည့်မှာ
အပြုံးချေတပွင့်ပါလာရေ။
မင်းမျက်စိထဲမှာလည်း
မိုးထက်သားကျရေနှင်းပိုင်
မြုံတဆိုင်းဆိုင်းနှင့်
အကြင်နာငွေ့တိသန်းနီရေ။
ဆောင်းဝင်စမှာ
ဦးဦးဖျားဖျားပွင့်ရေ
စံကားပွင့်ပိုင်
မွှီးရနံ့တိ သင်းနီရေ။
လဖက်ရည်ခွက်ကို
တကျိတ်တည်းနှင့်
မော့သောက်ပစ်လိုက်တေ။
ဘဝမှာ သောက်ဖူးခရေ
လဖက်ရည်တိထဲမှာ
အေလဖက်ရည်လောက်
သောက်လို့ခြီရေ လဖက်ရည်မဟိ။
ဒေနှစ်ဆောင်းက
ကောင်းကောင်းချမ်းရေ
အရိုးခိုက်တေ။
နွီရောက်ဖို့ကို
စိတ်လောနီမိရေ။
လူတိနှင့်ပြောင်းပြန်
အပူကို ဒုက္ခခံလို့
ရှာကြံနီမိရေ။
ငုံးနှင့် ပိတောက်တိပွင့်လို့
သင်္ကြန်လည်းရောက်ပျာယ်။
မဏ္ဍပ်နာမည်က
"ကျိန်းရိပ်မြီက သဇင်ဖြူ"
ကဗျာဆန်လိုက်တေနှင့်
နန်းဆန်လိုက်တေနှင့်။
သုံးရက်ဆက်တိုက်
တဝရီလောင်းအပြီး
နောက်ဆုံးနိမှာ
စပါယ်တကုံး
မေတ္တာရီနှင့် လက်ဆောင်ပီးရေ။
ကံကြမ္မာလီခတ်လို့
မဆုံခရကေလည်း
မိလို့မရ
သင်္ကြန်ကျတိုင်း
သတိရရေ အတွက်ရရေ။ ။
2025 IOWA ရခိုင်သင်္ကြန်ကို ခံစားရွီးဖွဲ့သည်။
(ရခိုင်ပေါင်းကူး သာလှဧူး)