Saturday, September 14, 2024

ခွာညို

ခွာညို

====

လပြာသိုမှာ

ခွာညိုပွင့်သစ်

ချမ်းမျိုးစုံကေ တုန်ခိုက်ခိုက်။


ချစ်တေနှမ

မြရဂုံမှာ ဂုမ္ဗာန် ယက္ခ

အတန်တန်ကေ ရန်များလှ။


နှမကိုပင် စိတ်ကထင်

မောင်လျှင်ကြောက်လန့်

ချစ်တေသူကို မယူဝန့်။






တပတ်ကျ

 တပတ်ကျ

=========

ဗျိုင်းဟောက်ကေလိုင်စောင်း

ငါးကိုချောင်း။


ရကြောင်းမမြင် ဗျိုင်းနှုတ်သီးမှာ

ရီညှိတင်။


ရီကြိုင်ကြိုင်လေ ကမ်းပိုင်ထဲက

ရုန်းလည်းမရ ငါးခုံးမ။


ကမ်းစပ်ကေမှာ

ပတုန်းကေဆတ်ဆတ် တဖြတ်ဖြတ်

အစာမွတ်လို့ လာလို့ဟပ်

တပတ်ကျ။






ချစ်ခြင်းဖွဲ့ဇမ်းကဗျာ

 ချစ်ခြင်းဖွဲ့ဇမ်းကဗျာ

==============

ယမင်းမယေပျိုဖြူ 

ရခိုင်သူကို ဒေလူရင်ထဲ

အသည်းစွဲလေ။


လွမ်းရက်တာရှည် ဖြေမဆည်ကေ

တပြည်ကွာခြား

ကိုယ့်ချစ်သူလေ ပျိုဖြူပါးသို့ 

ချစ်အားယိုင်ယိုင် လွမ်းနိစိုင်ကေ

ငေးမှိုင်မှန်းဆ

မေဟိရာကို မောင့်မှာတလို့

စိတ်ကမရွှင် ဘဝင်ညှိုးနွမ်း

ချမ်းလို့တုန်ကေ ဇကုန်လွမ်းရေ။


နှစ်လရာသီ  အလီလီကေ

ခါမှီချိန်ကူး 

ပိတောက်ဝါလေ ဝီဆာဖူးလို့ 

မြူးထူးကခုန်

တနှစ်ကုန်လည်း  တူဆုံမတွိ

မေနှင့်မောင်မှာ ပြည်ရွာခြားကေ

စည်းတားဟိရေ။


ပူချိပူချာ  လွမ်းဒဏ်ရာကို   

လင်္ကာသီကုံး 

ဇမ်းကဗျာလေ   ဖွဲ့ကာထုံးကေ

နှလုံးဘဝင် သည်းရင်ပြင်မှာ 

သဇင်နှမ

ကိုယ့်ချစ်သူလေ ပျိုဖြူလှကို

လွမ်းလို့တရေ။


ဖြေမပြေကေ ပုယေမေနား

နောက်နှစ်ခါလေ ရောက်ယောင်လားဖို့ 

ချစ်အားထက်သန်

သစ္စာမှန်ကေ  ငှက်စွန်အတတ်

မောင်းမောင်ကြီးမှာ

ထက်ဝဠာကို ကျော်ကာဖြတ်လို့

လှမ်းလတ်ပါမေ ။


အောင်အောင်  (နတ်ဆိတ်)



လဆုတ်ပြာသို

လဆုတ်ပြာသို

==========
ဆီးနှင်းစိုစို လပြာသို
မြုံဆိုင်းဆိုင်းနှင့် မှိုင်းမှိုင်းညို။

မျက်ရည်ယိုစီး ဖော်ကွာဝီး
ယမုံနာလေ
သီတာမြစ်ကြီး ခြားလို့ဆီး။

ချမ်းအီးလို့တုန် နှစ်လည်းကုန်
လူကြုံတခေါက်
အခါလွန် အိမ်ပြန်ရောက်ဖို့
တယောက်မောင်းမောင်
ရိုးမတောင် ဖိုးခေါင်လည်းကျူး
နှစ်သစ်ကူးခါ
ယမုံနာ သီတာမြစ်ကို
လက်ပစ်ကူး ဖြတ်ကူးလာမည်။

ပုဝါကိုအုပ် မျက်ရည်သုတ်
လဆုတ်ပြာသို
တောင်မြင်တိုင်းမှာ မှိုင်းလို့ညို
မငိုလီကဲ့။

အကယ်၍
တည့်တည့်လျှောက်လှမ်း ခရီးကြမ်းမှာ
မောင်ကြီးပင်ပန်း
လက်နှင့်ခြီလေ ခွီယိုင်နွမ်းကေ
မေ့လက်ကိုကမ်း
ဇတ်သိမ်းခန်းသည်
အနမ်းမိုးပန်းလွှမ်းစီသတည်း။

အောင်လှခိုင် (ဒိုက်ကလူ)
December 21, 2023



ငစရိုင့်ဝမ်းပူ

ငစရိုင့်ဝမ်းပူ

=========

အဘာဝါ

အဘာ ကွန်ပစ်လားခရေ။


ငစရိုင့်ချေဝမ်းဖား အဆီများ

နူံးနိုင်နိုင်လေ ချဉ်ပေါက်ပေါက်နှင့်

ချက်လို့စားဖို့

ဝမ်းပူပူကို အအူကိုနှုတ်

နုတ်နုတ်ကေစိုင်း နှစ်ပိုင်းပိုင်းလို့

ဝမ်းဗျိုင်းသားကို ဘုချေစားမေ

ချောင်းကမ်းနားမှာ လမုယေပင်စောက် 

ဆလိမ်ခြုံလေ  ဆူးကိုဖောက်လို့

ဥချေပေါက်ချေ မှုစိချေ

အစိတ်ကေ တကောင်မလွတ်

အကျိုင်ပြတ်ကို ဖမ်းခမေ။


တကောင်မကျန် ပသိထိုး

နောင်းနောင်းကိုင်ကေ နိုင်လွန်ကြိုးနှင့် 

တန်းသီထိုးလို့ ယူခမေ။


တပြုန်းပြုန်း ပတုန်းလည်းထောင်

မရုန်းနိုင်အောင်

မြှုံးနှင့်လှောင်ယူခမေ။


အဘာရောက်ခါ အိမ်တန်းပျင်းမှာ

ဆနွင်းဝင်းဝင်း ချဉ်ပြင်းပြင်းနှင့်

ငစရိုင့်ဝမ်းပူ နှခွမ်းစူကို

အအူကိုနှုတ် အိုးနှင့်ပြုတ်ကေ

ဝမ်းတင်းယောင် အုတ်ဖိယကေ။


ငါးစရိုင့်ဝမ်းဖား ချက်လို့စား

စားရာစားလီ အားဟိလီ။


အဏ္ဏဝါသား (နတ်ဆိတ်)



ပန်းခွာညို

 ပန်းခွာညို

======
ရောင်ဖြူဝင်းဝင်း
တောင်တလင်းမှာ
ဂြိုးလင်းပြာ ငှက်ဝါကေ တွတ်တွတ်
လီသွတ်သွတ်။
မောင်က ကိုင်ညွှတ်
မေက ဆွတ်။
လနတ်ပြာသို နှင်းစိုစို
ခွာညိုပန်းကို မေပန်လို။
တပွင့်ကိုပန် တတံချန်ထား
သတင်းဝင် သျှင်ကျော်ဘုရားမှာ
တင်ဖို့လား။
အောင်ကျော်ရွှီ (ပိုးရွှီပြင်)



ယူကတ်ဖို့ယာ

 ယူကတ်ဖို့ယာ

=========


ပိတုန်းရာလေ ကေသာ

နှာတံရာလေ စင်းစင်း

အသားအရောင် ပြောင်ပြောင်ဝင်းဝင်း

ရွှီညမင်း။


ပါးကွက်နှစ်ဖက် အပြောသွက်

နားထက်မှာချို  ဟန်မပို

နဂိုလိုရင်း ချစ်လို့ခင်ကေ

မောင်မောင့်ရင်တွင်း

ပပဝင်း။


ချစ်ခြင်းရာလည်း ပြိုင်ပြိုင်

မွှီးသင်းကြိုင် နှစ်ခိုင်နှစ်ခက်

ရွှီတူပင်မှာ ငွေတူရစ်ကေ

ချစ်တသက်။


အကြင်နာ အသွင်ရာလေ ညီညွတ်

မိဘကြည်ဖြူ သဘောတူ

ယူကတ်ဖို့ယာ။


လွမ်းပြေညို(ဓညမြီ)



တောင်ယာတဲ

 တောင်ယာတဲ

========

ရောင်ဖြူဝင်းလို့ မိုးလင်းခါ

ခဝဲဝင်းဝါ ပွင့်လတ်ယာ

တြင်းငြာ ငှက်ဝါလာနား

ဝါးရုံဖျား။

ပတုန်းရှည်ရှည်

ကျွဲပတုန်းက ကျူးလို့မြည်

စာချေပိညှောက်

ဝါးရုံအောက်။

သစ်တောက်ခေါက်ယာ ရောက်လို့လာ

ဂြိုးလင်းပြာ ပျံကာလည်းဝဲ

အာကာထဲ။

ပိုးပဇိုင်းသံ 

အာရုဏ်တက်လို့ လင်းကြက်တွန် 

ကျီးငှက်သံ ညံညံမစဲ

တောင်ယာတဲ။


သာလှဦး (မြောက်ဦး)




တပင်တိုင်နန်း

တပင်တိုင်နန်း
=========

လမုတပင်
ချောင်းကမ်းစပ်တွင် အသက်ရှင်။
ဗျိုင်းကတရွီ
အကိုင်းဖျားမှာ နားလို့နီ။

အညာရီ ဖြားရီတိုက်လည်း
တိုက်ပတ်စီ ငါမသီ။

အရုပ်မလှ မမွှီးမြလည်း
လောက၏ဒါဏ် ကြံ့ကြံ့ခံယင်း
ကျုပ်ကျွံနွံနစ် ကမ်းနားသစ်ပင်
ချောင်းကမ်းစပ်တွင် အသက်ရှင်။

အလင်္ကာလေ ကဗျာမဖွဲ့ စာမဖွဲ့
တကောင်တည်း ယေလည်းခြင်္သေ့။

ခြင်္သေ့မင်းမူ ကြည့်ခီမူသော်
ဇမ္ဗူဒီတောင်ကျွန်း
ထီးလူလူကေ ရောင်ဖြူရွှန်းလို့
သောင်ပြင်ကမ်းက တပင်တိုင်နန်း။

တပင်တိုင်နန်း လှပုံဆန်းသည် 
ကြငှာန်းဆင့်ဆင့် ပန်းဆင့်ဆင့်။

လီအဟုန်ဖြင့် ဇကုန်ရွှင့်သည်
ရွှီဘုံမြင့်မြင့် ဂုဏ်ဝင့်ဝင့်။

သာလှဦး (မြောက်ဦး)




Thursday, September 12, 2024

ရင်ကျိုးရေ



ရင်ကျိုးရေ
======

ကိန္နရီ ကိန္နရာ
ငှက်ကြိုးကြာ အဖော်ကိုရှာ
အာကာမှာဝဲ ရွှီရင်ကွဲ
သီပွဲဝင်ရေ။
ပမာနည်းတူ မေလတ်ဖြူမှာ
တကြူကြူလေ
ရင်ပူလောင်ကျွမ်း ဖော်ကိုလွမ်းကေ
ဝမ်းနည်းရေ။
အိမ်စွန်ဖျားမှာ ငှက်ရွှီဝါ
ရောက်ပျာရောက်ပျာ
တြင်းငြာ လာပါလိမ့်နိုး
ပြတင်းပေါက်က ရှောက်လို့ခိုး။
ဂြိုးကလည်းကြူ
ခွီးလည်းအူ အပူလွန်ဆိုး
လွမ်းသဲအူလေ ပန်းမေဉ္ဇူကို နီပူထိုး
ကြွီလို့ညှိုးရေ။

Sunday, February 9, 2020

ပန်းတိုင်

ပန်းတိုင်
======

သီဖို့စွာကြောက်လို့
မလျှောက်ဘဲ ရပ်နီကေ
မရောက်ဘဲ သီကတ်ဖို့ယေ --။

(ဘာသာပြန်)


ခရမ်းသီးမျက်ရည်

ခရမ်းသီးမျက်ရည်
===========

ဂုတ်ကျပြီးကေ လဒမိူင်လို့
အစာ စုတ်ခီရဖို့ရောင်။

နခေါင်းချေရှုံ့လို့
မျက်နှာကို လက်ကိုင်ပုဝါနှင့်သုတ်
တရှုတ်ရှုတ်ငိုလို့
သနားဖို့ကောင်းလိုက်တေ
အဘာငါ့သား
ကောင်းကောင်းဝမ်းနည်းရေလား။

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုုင် စောင့်စွမ်းနိုင်သည့်
ရခိုင်သမ
ဘောက်သာဆိုးနှင့် ခိုးရွာလိုက်ခါ
ငိုဖို့မျက်ရည်
တစက်ချေလည်း ကျန်မည်မဟုတ် --။

သနားဖို့ ကောင်းလိုက်တေနန့်
နွားရာဆို (အဂယင့်) အမှန်
ခွတ်လို့ရာ စားပစ်လိုက်ချင်ရေ။

"တော်လှန်ရီးနိ" ကျင့်ပကတ်မေဆို
ကြောက်ကြီးသံဖက်ဝင်လို့
ကျားကိုမြင်ကေ ခဲဝါပိုင်ယှောင်
ခါးသတ်လားယာ။

Facebook ထက်က ဝက်ခွတ်ဒါး
အသွားတုံးလားခယာလား။

(ဝရင်းတုတ်)
Feb 9, 2020 (တလင်္ဂုနီနိ)




ဖဖရဲသီး ရဲရဲကြီး

ဖဖရဲသီး ရဲရဲကြီး
==========

မက္ကလာယေ ရိုင်ရိုင်
ကြိမ်သားတုတ်ကို နောင်းနောင်းကိုင်
ပြည်မဏ္ဍိုင်က ရခိုင်သားမှာ
မြန်မာစာကို ရခိုင်စာဟု
အာဘောင်အာရင်း ငြင်းခုံခြင်းကြောင့်
ချင်းချင်းကွဲပြား
အောက်စကားဖြင့် မှောက်မှောက်မှားမှား
ရွီးငြားသောခါ ရခိုင်စာမှာ
ကွယ်ကာလည်းပျောက် ငါးပါးမှောက်တေ။

ယောက်ဖဖတ်ဖို့ နားလည်ဖို့ဟု
ကိုယ့်စာကိုဖျောက် ငါးပါးမှောက်သော်
ယောက်ဖဧကန် ခေါ်ခြင်းဟန်ကား
အမှန်မောင်ကြီး ယခီးငပြာ
ပြောသောခါတွင် ရင်မှာမီးတောက်
ဗြောက်အိုးဖောက်သို့ ဒေါသပေါက်ကွဲ
နောက်ပြန်လဲသည်
ဖောက်လွဲဖောက်ပြန်နီတုန်းသိမ့် --။

ရခိုင်ရို့သွီး ရဲတွီးနီတျာ
သံထက်မာလည်း
အယူလွဲသော်
ဖရဲသီးကြီး ကွဲယှောင်တည်း --။ ။

(သာလှဦး)(မြောက်ဦး)
February 1st, 2020 (စနီနိ)


ခဲခတ်

ခဲခတ်
====

သမိုင်းပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်စာကို မရွီးတတ်
လူခဲခတ် --။

မြန်မာပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်ပိုင်ယှောင် မရွီးတတ်
လူခဲခတ် --။

သိပ္ပံပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်စာပီ မရွီးတတ်
လူခဲခတ် --။

မြန်မာတိနှင့် ရင်ဘောင်တန်းဖို့
ကိုယ့်အတ္တကို ထုတ်လို့ဖော် --။

မပီကလာ ပီကလာနှင့်
မြန်မာကဗျာ စာမျက်နှာမှာ
ငါးရာကျော် --။

တော်ပါသော်လည်း လွန်ဆင်းရဲသည်
လူမွဲရခိုင်
ဦးဏှောက်ကြီးကေ ထန်းသီးပိုင် --။ ။

သာလှဧူး (မြောက်ဧူး)
January 9, 2020 (ကသစ်ဗုဒ္ဓိနိ)

ဖိတ်ခေါ်သံ

ဖိတ်ခေါ်သံ
=======

အဝေ အဝေ အစိတ်ကေ
အခန်းဒေါင့်မှာ ဆောင့်ခြောင်ထိုင်လို့
ပဇာဖြစ်လို့ ငိုနီလေ။

မုနိမဟာ ကြီးမြတ်စွာကို
လိုချင်ရေဇု ငိုပါရေ --။

မုနိမဟာ ကြီးမြတ်စွာကို
လိုချင်ရေဆို
ထိုင်ငိုနီလို့ရဖို့လား --။

နက်ဖန်ရက်ခါ ရက်ရာဇာ
တော်လှန်ရီးနိ မိုးထခါ
ရခိုင့်အောင်လံ အောင်တင်းခွန်ကို
အောင်မာန်အောင်မောင်း သောင်းသောင်းညံညံ
အောင်မာန်ဟိန်းကေ ဗြိန်းစောင်းသံနှင့်
မိုးစွန်တိမ်ကြား တောင်ထိပ်ဖျားမှာ ရွှင့်ကတ်မေ။

လဒကေပိုင်
အခန်းဒေါင့်မှာ ဆောင့်ခြောင်ထိုင်
မှိုင်မနီကဲ့။

"သတ္တိဟိကေ ထွက်ပါလတ်"

(သာလှဦး)(မြောက်ဦး)
January 11, 2020 (စနီနိ)



၀က်ထီး

၀က်ထီး
======

လက်နက်ချလို့
ဒူးထောက်လားပြီးခါမှ
ရခိုင်ပြည်ကြီး
သီးခြားလွတ်လပ်ရီးလို့
ကျွီးလို့ကြွေးကြော်
အသားဖော်သော်
ပိဿနှစ်ရာကျော် --။

လက်သီးလက်မောင်း
ဖြောင်းဖြောင်းလည်းခတ်
သတ္တိဟိကေ ထွက်ပါလတ်
ရပ်ကွက်ထဲမှာ စိန်ခေါ် --။

ကမ္ဘာတခွင် လွန်ထင်ပေါ်
အောင်လအန်ဆန်းနှင့် အမျိုးတော် --။

သာလှဧူး (မြောက်ဧူး)
January 16, 2020 (ကသစ်ဗုဒ္ဓိနိ)

ပီတိ (Rapture)

ပီတိ (Rapture)
==========

တလင်းပြောင်ပြောင်
ကုန်းခေါင်ခေါင်မှာ
တောင်လီလာကေ
ရင်မှာစူးစူး
တရိပ်ရိပ်ကေ စိတ်ကြည်နူးရေ
သာယာအီးလေ သာစွလေ --။

(သာလှဦး)
January 18, 2020 (စနီနိ)


Sunday, February 24, 2019

ခေါင်းဆောင် (သို့မဟုတ်) ခေါင်းရောင်

ခေါင်းဆောင် (သို့မဟုတ်) ခေါင်းရောင်
=======================

ရခိုင်သားတိ
ရခိုင့်တော်လှန်ရီးနိ
ကျင့်ပဝန့်ရေ သတ္တိမဟိ --။

လဒမှိုင်နိမှာ
မျက်နှာဖုံပြာ
မြင်ရပါသည်
လာပါလိမ့်မည် ကျဆုံးခန်း --။

စိန်ဂေါက်စိန်ဂေါက်
စည်းကိုခေါက် --။

ဗေထုံဗေထုံ
ကလို့ခုန် --။

ဗေထီးဗေထီး
ဗုံကိုတီး --။

ဗြိန်းစောင်းဗြိန်းစောင်း
ကလို့ကောင်း --။

(သာလှဧူး)
(2019 December 31st)(ရခိုင်သားလဒမှိုင်နိ) (အမှတ်တရ ရွီးစပ်သည်)

Thursday, December 27, 2018

ရက္ခိတသတ္တိ

ရက္ခိတသတ္တိ
=======

စင်ထက်မှာ မိုက်ကိုင်လို့
အော်ကျယ် အော်ကျယ်။

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်
ထောင်ရောက်စွာနှင့်
"ဘု" ဆိုကေ
"ပု" ပါလားအောင် ပြီးရေ --။

(သာလှဦး)



Monday, November 5, 2018

ရခိုင်သားနာရီ

ရခိုင်သားနာရီ
========

(၏) လို့တတိုင် (ဧ့) တတိုင်
အတတ်ကြီးဆန်းလိုက်တေနန့်
ရခိုင်စာပီ ဆောင့်ခြောင်ထိုင်။

ဇရပ်အို ကျောင်းပြိုထက်က
တိုင်ကပ်နာရီယှောင်။

တွဲလောင်းကြီးကျ
ထုတ်မှာသတ် ယောက်မှာသတ်
ခြောက်ကပ်ခြောက်ကပ်မြည်လို့ --။

(သာလှဧူး)(မြောက်ဧူး)
Oct 25, 2018 (ကသစ်ဗုဒ္ဓိနိ)



Thursday, November 1, 2018

နွားကျောင်းသား

နွားကျောင်းသား
==========

မိုးထမှုန်ရီ နှင်းဝီဝီနှင့်
တောင်ခြီကမ်းနား
စုံပန်းမြိုင်ကေ ကမ်းပိုင်ချောင်းမှာ
နွားကျောင်းလားရေ --။

ပေါက်ဖက်ခမောက်
ဂေါက်တိုတို အဂြိုကားကား
ဂေါင်းမှာဆောင်းကေ
နွားကျောင်းလားရေ --။

ထမင်းထုပ်ကို
ဒုတ်မှာချိုင်လို့ ယိုင်ပီယိုင်ပါး
တလင်းပြင် တောင်ခွင်နားမှာ
နွားကျောင်းလားရေ --။

နီပူတောက်တောက်
ရှောက်ခြုံအောက်မှာ
ဒူးချေကိုထောက်
ပေါက်ဖက်မှာတင်
(ထမင်းထုပ်) ကို ဝမ်းညင်ညင်နှင့်
တ၀ငင်ရေ --။

ထမင်းဆီယစ်လို့ ငိုက်လို့လည်းလာ
သပေါက်မပါ ဖျာမပါကေ အချာပါးပါး
မျက်နှာလည်းသုတ်
ခြီလည်းသုတ်တေ ဒယွားစုတ်ကို
အောက်မှာလွှားလို့
ခမောင်းပင်မှာ ဂေါင်းတင်လို့အိပ်
မျက်စိနှိတ်ကေ
အိပ်လို့လည်းပျော်
နတ်သမီးငါးရာ လာလို့ဖျော်ရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။ ။

(သာလှဦး)(မြောက်ဦး)
အောက်တိုဘာလ (၃၁) ရက်။ 2018 (ဗုဒ္ဓူးနိ)

Friday, July 13, 2018

တနီသတ်



တနီသတ်
=====

(၏) လား (ဧ့) လား
ခွဲခြားလို့ မသိ --။

မျှိုင်ချေယိုးရေ အခင်
ကျုပ်မစင်သိမ့် --။

(သာလှဧူး)

(ဧ့)


(ဧ့)
===

ရှက်ကွန်ချေနှင့်
အန္တရယ်ကျ --။

(ဂျီဝိ)


Monday, June 11, 2018

ဖက်ခွက်တိုင်းပြည်


ဖက်ခွက်တိုင်းပြည်
==========

ပြောပြန်ရင်လည်း
အောင်မင်းလွန်ရာကျမယ်
ဘယ့်နှယ်လည်းဗျာ
တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုပြီး
(AA) မပါဝင်ရ
တကယ့်ကို တရားမျှတတဲ့ ဒီမိုကရေစီပါလား --။

အာဏာအစိတ်သား
လွှတ်တော်မှာ အလကားအချောင်ရတာအကြောင်းမဟုတ်
ငြိမ်းချမ်းရေးအလုပ်မှာ
ဝင်ရှုပ်နေတာ ပြဿနာ
စစ်တိုက်မှ ထမင်းစားရ ဝမ်းဝတဲ့လူတွေ
တူရကီနဲ့ အီရန်က
ဗုံးကြဲမယ်လုပ်တော့
ဒူးတုန်နေလိုက်ကြတာ
(သနားစရာ)
ရေစွတ်နေတဲ့ ကြွက်စုတ်ကလေးလိုဘဲ --။

ကချင်ကျတော့
ရုရှကပေးထားတဲ့ လေယာဉ်အစုတ်ပလုပ်တွေနဲ့
လက်သံပြောင်နေလိုက်ကြတာ --။

ပေးတာယူ ကျွေးတာစား (NCA) ကလည်း
AA, TNLA, MNDAA ကို နောက်ချန်ထားခဲ့
စကောလောက်မှ ဇောက်မနက်တဲ့လူတွေ
အခုတော့ ” ခွဲမထွက်ရ”
လက်ထိပ်အခတ်ခံနေရပြီ
မကြာခင်မှာ ခင်ဗျားတို့လည်ပင်းကို
ကြိုးကွင်းစွပ်တော့မယ်
မသေခင်မှာ
ထမင်းဝအောင်စားထားကြပေတော့ --။

သစ္စာဖောက်တွေ မညီညွတ်လို့
အမဲဖျက်ခံနေရပြီ --။

ဒေါ်စုကလည်း
မကြာမှီ စင်္ကာပူကို ကျော်တက်မည်တဲ့
လေလုံးကြီးလိုက်ပုံကလည်း
မပြောချင်ဘူး
ဘင်္ဂလားဒေချ်လောက်ကိုဘဲ
မှီအောင်လိုက်ကြစမ်းပါ --။

“ပြည်ထောင်စု” “ပြည်ထောင်စု” နဲ့
ဘာတခုမှ စောက်သုံးမကျတဲ့တိုင်းပြည်
သွားကြားထိုးတံတောင်
နိုင်ငံခြားက တင်သွင်းနေရတယ် --။

(21) ရာစု ပင်လုံညီလာခံလုပ်ပြီး
ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေရင်တော့
ဖက်ခွက်ပြည်ထောင်စုကြီးလည်း
ပဲပြားနံချပ်လို
တာရှည်ခံပါ့မလား --။

ဟုတ်မှလည်း လုပ်ကြစမ်းပါ
ရွှေမြန်မာတို့ရယ်
သိပ်ပြီးတော့လည်း
ဖင်ခေါင်းကျယ်မနေကြပါနဲ့
ဒီလိုဘဲ ကျွဲခြေရာကွက်မှာ
လက်ပစ်ကူးနေကြအုံးမယ်ဆိုရင်တော့
မကြာခင် ကုလားဆီမှာ
ဆီဆွတ်ခံရလိမ့်မယ် --။

(မောင်မှန်)(June 11, 2018)(တလင်္လာနိ)
မှတ်ချက်။ ။ မြန်မာကဗျာ

Saturday, June 2, 2018

စုတ္ဖြားသီး


စုတ္ဖြားသီး
=======

သူများ "နဲ့" ကေ လိုက်လို့ "နဲ့"
သူများ "ရဲ့" ကေ လိုက်လို့ "ရဲ့"
သူများ "ဧ့" ကေ လိုက်လို့ "ဧ့"
သူများ "ညှဲ့" ကေ လိုက်လို့ "ညှဲ့" --။

သူများ "တစ်" ကေ လိုက်လို့ "တစ်"
သူများ "ထစ်" ကေ လိုက်လို့ "ထစ်"
သူများ "မာ" ကေ လိုက်လို့ "မာ"
သူများ "ပါ" ကေ လိုက်လို့ "ပါ"
ရခိုင်သားစာ ရခိုင်စာ --။

(သာလှဧူး)(မြောက်ဧူး)

Thursday, May 31, 2018

ကျေးဇူးကန်း


ကျေးဇူးကန်း
========

ခမောင်းသီးကို
လူလည်းမစား
နွားမစား --။

ခမောင်းပန်းကို
လူလည်းမပန်
နတ်မပန် --။

ခမောင်းပင်ထက်က
သဇင်ခက်ကိုပန်ချင်လို့
ခမောင်းပင်ကိုဒါးနန့်ခွတ်
ရခိုင်ဒါးစောင်း
ကောင်းကောင်းပြတ် --။

(သာလှဧူး)(မြောက်ဧူး)
(May 31, 2018)(ကသစ်ဗုဒ္ဓိနိ)

Thursday, September 28, 2017

ရခိုင်ပြည်လွတ်လပ်ရီးရဖို့


ရခိုင်ပြည်လွတ်လပ်ရီးရဖို့
==================

အန္ဓိဗာလတိက
လီခံလို့ အအုဥရေ
ဆလိမ်ခြုံထက်က ဗျိုင်းဟောက်ပိုင်
ကိုယ့်စွာကို ဖင်ခေါင်းကျယ်လို့ --။

စာပီကိုလားကြည့်လိုက်ကေ
စာဖျက်သတ်ပုံဖျက်
ဗြန်းစိကာရတိက
ပညာဟိက၀ိ
နဖူးမှာ စာတိကပ်လို့ --။

ဝချေတန်းမအောင်ဘဲ
ဒေါက်တာဘွဲ့တပ်လူတပ်
(၄) တန်းလောက်ရာ အောင်ခဖို့ဆိုကေ
ပဇောင်ဟိမည် မသိ --။

ချီးထက်ရွံဖို့ကောင်းရေအကောင်တိ
လက်နက်ချဒူးထောက်လားခပြီးကေ
နိုင်ငံရီးဇတ်စင်ထက်မှာ
မျိုးချစ်ယောင်ယောင် သူရဲကောင်းယောင်ယောင်
လူကြီးလူကျယ်လုပ်လို့ --။

ကိုယ့်စွာကို ဂေါင်းဆောင်အထင်နှင့်
ကဗျာရွီးကေ မြန်မာပိုင်
ဗိုလ်ချုပ်မောင်မောင်
ဝက်နှစ်ကောင်တိကလည်း မကန် --။

ရခိုင်ပြည်လွတ်လပ်ရီးရဖို့
ရခိုင်သားတ၀က်လောက်ကို အယင် ယှင်းပစ်ရခန့်သိမ့် --။

(သာလှဦး)
Sep 28, 2017 (ကသစ်ဗုဒ္ဓိနိ)

Thursday, August 3, 2017

ဒီပုတ်ထဲက ဒီပဲ


ဒီပုတ်ထဲက ဒီပဲ
=======

(မဘသ) မရှိရင်
မြန်မာပြည် ပျောက်သွားမယ် --။

(မဘသ) ကို
ဘုရားလို ကိုးကွယ်တယ် --။

(၉၆၉) ကို
နေ့စဉ် ထိုင်ရှိခိုးတယ် --။

ဒေါ်စု
ခင်ဗျား ဖောက်ပြန်သွားပြီ --။

ငြိမ်းချမ်းရေးလုပ်တာ
(AA) ကို ချန်လှပ်ထားခဲ့
ခင်ဗျားရဲ့ ငြိမ်းချမ်းရေးက
မျက်လှည့်ပြသလိုဘဲ  --။

နှစ်ဆယ်ရာစု ပင်လုံညီလာခံလုပ်တယ်
ဘင်္ဂလီကို အကြောင်းပြ လုံခြုံရေးကို အကြောင်းပြ
ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို
ရက်အကန့်သတ်မဲ့ ရွှေ့ဆိုင်း
ရခိုင်ပြည်မှာ မြောက်ပိုင်းတခုတည်း ရှိတာမဟုတ်
(ဘူးသီးတောင်၊ မောင်တော)
အဲဒီ နှစ်မြို့ထည်း ရှိတာမဟုတ်
(စစ်တွေ) မှာလုပ်လည်း ရတယ်
(ရန်ကုန်) မှာ လုပ်လည်း ရတယ် --။

ခင်ဗျားရဲ့ အကြောင်းပြချက်
ခင်ဗျားရဲ့ အတွင်းစိတ်ကို
ထင်ဟပ်နေပြီ --။

ကောက်ကျစ်စဉ်းလဲတဲ့ ၀ံပုလွေ
သိုးရေ ဆောင်းထားသလိုဘဲ --။

မြေခွေးက
မြက်စားပြနေသလိုဘဲ --။

ပင်လုံစာချုပ်ချုပ်ဖို့
ရခိုင်ကို ကျုံးသွင်းမရခဲ့လို့
"မြွေပွေးနဲ့ ရခိုင်ကိုတွေ့ရင်
ရခိုင်ကို အလျင်သတ်”
ခင်ဗျားအဖေ ပြောခဲ့စကား
ခင်ဗျားလည်း ဆက်ပြောအုံးမယ်ဆိုရင်
"မြေခွေးမြန်မာ အတူလာ
မြန်မာကိုသတ် ခွေးကိုလွှတ်”
“(ဗ) ပါရင် (ဗူး) ပင်ကိုလည်း ခွတ်”
အဲဒီစကား
မှတ်ထားပါ --။

(AA) မပါတဲ့ တနိုင်ငံလုံး (အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေး)
ပြောရရင် မကောင်းဘူး
(-----) ဘဲ။

(ဒေါ်စု) တယောက်တည်းကို ပြောတာမဟုတ်
(မင်းအောင်လှိုင်)
ခင်ဗျားလည်း မှတ်ထားပါ --။

(ဖက်ခွက်) စိတ်ကို မဖျောက်နိုင်သရွှေ့
အမြဲတမ်း (ဖက်ခွက်ရုပ်) ပေါက်နေမှာဘဲ --။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
(AA) ပါလာမလားလို့ ပျော်လိုက်ရတာ
အခုတော့ သဲထဲရေသွန်
ရခိုင်ပြည်ကို မင်းတို့ဆက်အုပ်ချုပ်နေသရွှေ့
(သီပေါမင်း) ကို အင်္ဂလိပ် ကြက်ဖမ်းသလိုဖမ်းသွားတာ
မြင်ယောင်ကြည့်လိုက်စမ်းပါ --။

ငြိမ်းချမ်းရေးကို လိုချင်ရင်
မြန်မာပြည်ကို
ကမ္ဘာမြေပုံပေါ်က ပျောက်မသွားစေချင်ရင်
မြန်မာပြည်မှာ
ဗုဒ္ဓသာသနာ မကွယ်ပျောက်စေချင်ရင်
မြန်မာပြည်မှာ
ရွှေတိဂုံဘုရားကို ဆက်ဖူးမျှော်ချင်သေးရင်
မြန်မာပြည်မှာ
မြန်မာလူမျိုးကို မြင်တွေ့စေချင်သေးရင်.....

(AA) ကို ရခိုင်ပြည်ကို ကာကွယ်ခွင့်ပြုပါ
ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပါ
နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ အဖြေရှာပါ
ခင်ဗျားတို့အားလုံး (အမြီးမရှိတဲ့) ၀က်ထီးအားကိုးနဲ့
ဆက်ပြီး မိုက်တွင်းနက်နေအုံးမယ်ဆိုရင်
နောက်ဆုံးမှာ
(အားလုံး)(လဋ) စာဘဲ ဖြစ်မယ် --။

အပြုသဘော ပြောတယ်
လက်ခံရင်လက်ခံ
လက်မခံရင်
(--------)။

ကုလားဆိုးကို
ထိုင်ရှိခိုး
ကုလားမင်း (----)။

"မြန်မာဖက်ခွက်ဝါဒ အမြန်ဆုံးကျဆုံးပါစေ"

ခိုင်လုံးချော (ရခိုင်ပြည်)
August 3rd, 2017 (ကသစ်ဗုဒ္ဓိနိ)
မှတ်ချက်။ ။ မြန်မာကဗျာ

(နှဲ) ဆရာကြီး မောင်ဂေါင်းညီး


(နှဲ) ဆရာကြီး မောင်ဂေါင်းညီး
======================

အစွန်းရောက်တေလို့ ဆိုချင်ဆို
ကြမ်းပေါက်တေလို့ ပြောချင်ပြော
ဂေါင်းဆောင်ဆိုပြီးသနာ
ရခိုင်စာကို မလေ့လာ
ရခိုင်စာကို မရွီးတတ်ကေ
ယင်းပိုင် ရခိုင်သား အဆွီးတိကို
လေးနှင့်စား ငါးနှင့်မြှောက်
မျက်နှာဖုံပြာနှင့်
ရွီးကောက်ပွဲ လာရပ်ကေ
ခွီးနှင့်စိုးတိုက် ကျောက်ခဲပစ်လို့
ကျောက်သတ်ပစ်လိုက်ဖို့ --။

(နဲ့) လို့ တမျိုး
မိုးကြိုးပစ် မကျွတ်
တောက်တဲထက် ကပ်တေ --။

ဆက်လို့ရာ
စားပါလီဖိ ဆရာကြီး ဆရာမကြီး
မစားရကေ ဂေါင်းညီးရေလား --။

ရခိုင်သားမှာ ပဇောင်ပိုင်လဲဂု
ယင်းမြန်မာ (နဲ့) တလုံးကို
(နှဲ) မှုတ်ယှောင် မှုတ်လို့
နှုတ်မကျွတ်
ပါးစ၀မှာ ကျပ်နီစွာ --။

(သံဘောဒူ ၀ရင်းတုတ်)

Wednesday, August 2, 2017

ငှက်ပန်ဇင်း


ငှက်ပန်ဇင်း
========

ချောင်းကမ်းထောင့်မှာ
လမုယေ ပင်စောက်
ခေါက်တုန့်ခေါက်ပြန်
လီယာဉ်ပျံယှောင် အတောင်ဖြန့်လို့
မတန့်မနား ငှက်အထာလေ
ဘာသာဘာဝ အစာရဖို့
ငါးရှာစားရေ --။

ဂြိုးယောင်လည်း မကြူတတ်
ဥသြယောင်လည်း မကျူးတတ်
ငှက်ဝါချေပိုင် တွတ်တီတွတ်တတ်
မမြည်တတ် --။

နာမည်က ပန်းဇင်း
ဘ၀က တံငါ
သမုဒ္ဒရာ ၀မ်းတထွာတွက်
သမ္မာအာဇီဝ ငါးရှာစားရေ --။

မြှုံးချေကိုလွယ် ကွန်ချေကိုထမ်း
ဖြားရီခမ်းကေ ငါးဖမ်းရေ --။

တနပ်စာ ၀မ်းစာရကေ
အိမ်ကမယား သမီးသားနန့်
မှိုဟင်းချေကို ငါးပိယေကြူကြူ
ငါးခုံးချေကို အိုးပူယေ ကပ်ကပ်
ခါးသီခါးသပ်
တောကြိမ်ဖူးကို တူးပါလားယောင်
မီးမှာညွှတ်လို့ ငရုပ်သီးစပ်စပ်
တို့စားကတ်တေ ကောင်းကောင်းရေ --။

နက်ဖန်ခါကို ငါကားမသိ
လာဖို့ရက်ကို တွက်လို့မပူ
လပပြင် ကောင်းခင်ဟင်းလင်း
အိမ်တန်းပျင်းမှာ
ဆီးလိပ်ဖွာ လျှိုက်ကာလျှူလို့
လူသူမနီး ကျွန်းတောရွာမှာ
လွန်ချမ်းအီးရေ အီးချမ်းရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။

(သာလှဦး)(မြောက်ဦး)
August 2nd, 2017 (ဗုဒ္ဓူးနိ)

Saturday, July 22, 2017

ဝက်နှစ်ကောင်


ဝက်နှစ်ကောင်
==========

ဝက်နှစ်ကောင်ရောင်းလို့
အိမ်ကထွက်လို့လာ --။

မလေးသျှားမှာ
ညီညီလွင်ထိုးဖောက်
ရဖျူဂျီလျှောက်
သိန်းထီဆုကြီးပေါက်
အမေရိကားရောက် --။

လူမှုရီးလည်း မဟုတ်
စီးပွားရီးလည်း မလုပ်
ဘာသာရီးမှာ ဟိတ်ဟန်ထုတ်
နိုင်ငံရီးမှာ ခလိမ်ယှုတ် --။

ဗိုလ်ချုပ်မောင်မောင်
ဝက်နှစ်ကောင် --။

(အောင်သာလူ)

လောက်



လောက်
=========

မြန်မာ Idol မှာ သားငယ်ဆုရခါ
ပထမဆုရ သားငယ်ကို မဖိတ်ပဲ
ဒုတိယဆုရ အကောင်မချေကို
အမေရိကားကိုဖိတ်လို့
ရခိုင်သားတိ ရရောင်းဆာလို့ ကိုက်ကတ်တေခါ
မြန်မာချေတယောက်
နာမည်မိကျလားခယာ
အတွက်ပေါ်စွာက သူ့အဖနာမည်
နာမည်ကျော် မြန်မာရုပ်ရှင်မင်းသား
(ထွန်းထွန်းဝင်း) သား
သူက ဇာပြောရေလဲဆိုကေ
ရခိုင်သားကို ကျွန်တော်လူလို့သဘောမထား
ယေဇူး ရခိုင်သားကို
လူပိုင်မလေးစား
(မျောက်) လို့ရာ သဘောထားရေလတ် --။

ရခိုင်သားတိ စိတ်ဓါတ်အဆင့်အတန်းစွာ
(မျောက်) အဆင့်လောက်ရာ ဟိရေလတ် --။

သူက မျောက်အဆင့်လောက်သတ်မှတ်စွာ
အဆင့်မြင့်သိမ့်ရေ
ပကတိအနီအထားမှာ
ရခိုင်သားအဆင့်အတန်းစွာ
(လောက်) အဆင့်ရာ ဟိရေ --။

(သာလှဦး)

Friday, July 7, 2017

ဒေါက်တာအေးချမ်းသို့ ဂုဏ်ပြုကဗျာ


ဒေါက်တာအေးချမ်းသို့ ဂုဏ်ပြုကဗျာ
==========================

မပြောချင်လို့ ထိုင်ကြည့်နီကေလည်းမရ
ပြောဖို့စီကျပါလတ်တေ --။

ရခိုင်သားတိ
(အန္ဓဗာလ) တိ အသိအမြင်မဟိဘဲ
(ဆရာ့) ကို
အောက်တန်းစား စကားလုံးတိနှင့်လက်ခဲပစ်
တိုက်ခိုက်နီကတ်တေ --။

(ငါလုပ်တေအလုပ်၏ဆယ်ပုံတပုံလောက်ကိုရာ
မင်းလုပ်ပြ)(မင်းစိုက်တေချီးကို ငါစားပြဖို့)
ဆရာပြောရေစကား သွီးထွက်အောင်မှန်ပါရေ --။

ရခိုင်ပြည်ကိုအသျှင်ခံလို့
နိုင်ငံတကာမှာ ကုလားတိရယ်ပြ ငိုပြ
ရခိုင်ပြည်ကို ကုလားပြည်ဆိုပြီးကေ
ယူနိုးရွီးရေ (Arakan, Past and Present) စာအုပ်ကိုဖတ်ကြည့်ပါ
မဟုတ်မဟပ်လုပ်ဇတ်ခင်းပြီးကေ လိမ်စား
နိုင်ငံတကာ (UN) အပါအဝင်
(NGOs) တိက မျက်နှာများရာ ဟင်းဖတ်ပါ
နိုင်ငံရီးလုပ်စားနီရေ ကာလ
(Indigenous people) တိကို အမျိုးဖြုတ်ဖို့
အမျိုးမျိုးလုပ်နီကတ်တေကာလ
နိုင်ငံတကာမှာ အပြစ်မဲ့ပြည်သူတိ၏လိုင်ဖင်းကို
နွားတကောင်ပိုင် ဒါးနှင့်ဖြတ်
Facebook နှင့် YouTube ထက်မှာ
သက်သီသာဓကတိ ကန်ကမကန်
ယေလည်း အမှန်တရားကိုမျက်ကွယ်ပြု
အကြမ်းဖက်သမား (Terrorists) တိကို
(လူ့အခွင့်ရေး) ဆိုရေ စကားလုံးတိနှင့်ဖုံးဖိ
(အဓမ္မ) ကို ရှိနီလိုက်နီကတ်တေကာလ
(BBC)(VOA)(RFA) တိကလည်း သျှာပိတ်နီရေကာလ
ငပိအိုးကို ရွှေကပ်နီကတ်တေ ကာလ
ကောင်းကောင်းမကြာသိမ့်
မောင်တောမှာ သမ္မာအာဇီ၀ ဘ၀၀မ်းရီးအတွက်
လိပ်ရှာဖို့လားရေ
ရခိုင်သား ရွာသားလေးယောက်ကို
လိုင်ဖင်းဖြတ် သတ်ပစ်လိုက်ကတ်တေ
(UN) တိ(UNHCR) တိ (NGOs) တိ တခွန်းမဟ
(BBC)(VOA)(RFA)(DVB) ကလည်း
ယောင်လို့တောင်မအော်
အောင်ဆန်းစုကြည်အစိုးရကလည်း
အိပ်ရီးတောင်မပျက်
(မျက်ဖြူ) ဆိုက်လီ (ဆရာ) ကြိုက်လီ
ရခိုင်သားကို ယလောက်ထိချစ်တေ
ရခိုင်သားတည်ထောင်ထားရေ
ရခိုင့်စစ်တပ် (AA) (Arakan Army) ကို
ရခိုင်ပြည်နှင့် ရခိုင်သားတိဘဝကို ကာကွယ်ဖို့ အခွင့်မပီး
မြန်မာစစ်တပ်က ပွဲလန့်တုန်းဖျာခင်း
လုံခြုံရီးကို အကြောင်းပြ
စစ်အုပ်ချုပ်ရီးနှင့် ရခိုင်ပြည်ကို ပြန်အုပ်ချုပ်ဖို့
ဖက်ခွက်တိက တာစူနီကတ်တေ --။

ကိုယ့်နိုင်ငံမှာကိုယ် (Refugees) ဘ၀ (ဒုက္ခသည်) ဘဝနှင့်
ဒယွားမရ ထပိန်မရ အိုးမရ ခွက်မရ
ထွက်ပြီးဖို့ ကျရေ
အသူတယောက် International စာမျက်နှာမှာ
ရခိုင်သားဖက်က မားမားရပ်လို့
ရခိုင်သားသတ္တိ ကမ္ဘာကသိအောင်
အမောက်ထောင်လို့ တိုက်ဝန့်ရေအကောင်
ဇာမျှကောင်ဟိလို့လဲ --။

(ဒေါက်တာအေးချမ်း) နှင့် ဂျာမဏီက (ဦးခင်မောင်စော)
နှစ်ယောက်တည်းရာဟိရေ --။

ပရစ်မျက်နှာနှင့် (---) ရုပ်တိက
မိုက်ချေကိုင်လို့ လိုင်ကြောတင်းတင်းနှင့်
ခြင်ထောင်ထဲက လက်သီးဆုပ်ပြ ပစိကိုက်ပြ
မျောက်ပိုင်ယှောင် သွားခြဲပြ လျှာထုတ်ပြ
(အန္ဓဗာလ) တိက လက်ခုပ်တီး ထောက်ခံအားပီး
ကိုယ့်စွာကို ဆရာကြီးစတိုင်နှင့်
(ဆရာ့) ကို အောက်တန်းစားစကားလုံးတိနှင့်လက်ခဲပစ်
ပဋရီကိုလောကျိတ်လို့
Facebook ထက်မှာ
အမျိုးချစ်ပြ ကျင်ကွင်းပြနီကတ်တေ --။

(အံ) ဖို့ (ရွံ) ဖို့ ကောင်းပါရေ ဆရာ
ဆရာပြောစွာက သူတေသနအမြင်နှင့်
တောင်ပေါက်ကြီးကျောက်စာကို မမြင်ခရ မတွိခရ
ရခိုင်ပြည်ကို ဘုရားမရောက်ခလို့တောင်မပြောသိမ့်
(မဆမ) ပါးစထက်ညှက်တေစကားလုံးတိနှင့်
ကျောက်ခဲပစ်လိုက်ကတ်တေ
ယင်းချင့်တိအထဲမှာ ဘုရားသားတော်ဆိုရေ
ဘုန်းကြီးတိလည်းပါရေ --။

ရခိုင်ပြည်ကို ကောင်းခင်ခရီးနှင့် လီထက်က ပျံလို့
ဘုရားရောက်ခရေဆိုကေ
ဇာဖြစ် အမေရိကရို့ ဂျပန်ရို့ တရုပ်ရို့ ကိုးရီးယားရို့
မလေးသျှားရို့ အာဖန်ကန်နစ္စတန်ရို့
ဆော်ဒီအာရေဗီးယားရို့ အင်္ဂလန်ရို့ နော်ဝေရို့ ပြင်သစ်ရို့
ရရှားနိုင်ငံရို့ တောင်အာဖိရိကနိုင်ငံရို့
အခု ကမ္ဘာမှာ အကြီးမားဆုံး (ယေသျှု) ရုပ်ထုဟိရေ
ဘရာဇီးနိုင်ငံရို့ကို
ငါရို့ကိုးကွယ်ရေ ဗုဒ္ဓဘုရားက ဇာဖြစ်
ကောင်းခင်ထက်မှာ ငှက်ပိုင်ပျံလို့
တရားမဟောခစွာလဲ --။

ဗုဒ္ဓဘုရားက ငှက်ပိုင် ကောင်းခင်ထက်မှာပျံလို့
တရားရာဟောခဖို့ဆိုကေ
ကမ္ဘာမှာ (ခရစ်ယာန်ဘာသာ) နှင့် (အစ္စလာမ်) ဘာသာ
သန်းတထောင်ကျော်ဖို့မဟုတ်
အားလုံး ဗုဒ္ဓဘာဘာသာဖြစ်လို့ ဟိဖို့ --။

အယင်ခါ ဗုဒ္ဓဘာသာနိုင်ငံတိဖြစ်ခရေ
ကမ္ဘာမှာ တာလီဘန်တိဘားမှာ ဗုံးခွဲခံလိုက်ရရေ
ကျောက်တောင်တခုလုံးကိုထွင်းလို့ ရပ်တော်မူဘုရားဟိရေ
အာဖကန်နစ္စတန်နိုင်ငံ
အခု (အစ္စလာမ်) နိုင်ငံဖြစ်လားခယာ ---။

ကမ္ဘာမှာ အကြီးဆုံးဗုဒ္ဓကျောင်းတော်ကြီးဟိရေ
အင်ဒိုနီးသျှားနိုင်ငံ အိမ်နီးနားချင်း မလေးသျှားနိုင်ငံ
အနောက်ပါကစ္စတန် အရှိပါကိစ္စတန် (အခု) ဘင်္ဂလားဒေချ့်
အားလုံး(အစ္စလာမ်) နိုင်ငံဖြစ်လားခယာ --။

ထိုင်းနိုင်ငံတောင်ပိုင်း
ရခိုင်ပြည်မြောက်ပိုင်း (ဘူးသီးတောင်)(မောင်တော)(ရသေ့တောင်)
အများမကြာ (အစ္စလာမ်) နိုင်ငံဖြစ်ဖို့ယာ
ရခိုင်သားတိ အခုထက်ထိ
(ပဋရီ) ကို လောကျိတ်လို့ (----) ကျယ်နီကတ်တုန်းသိမ့်
ငကုသလပိုင် ပညာဟိတိကို
(ခွီး) ပိုင်ယှောင် (စိုး) တိုက်တိုင်းကိုက်
အုပ်စုအားကိုးနှင့် (ဝိုင်း) နှိပ်ကွပ်
အနံ့ (လျှူ) လို့ အစိ (မျို) လို့
(ပျော်) နီကတ်တုန်း (ခြီ) နီကတ်တုန်းသိမ့် --။

ဆရာကို မကြိုက်စွာတခုက ဟိပါရေ
(အန္ဓဗာလ) တိ တိုက်ခိုက်လို့ရာ
အယှုံးပီးလိုက်ရဖို့ နောက်ဆုတ်လိုက်ရဖို့ဆိုကေ
(ယင်းချင့်) သူရဲကောင်းစိတ်ဓါတ်ကမဟုတ်ပါ
သူရဲကောင်းမှန်ကေ
(အန္ဓိဗာလ) တိကို (အရီကိုလှန်) လို့
(ထူး) ခတ်ပစ်လိုက်ရပါဖို့ --။

နောက်လည်း မကြိုက်စွာ တခုဟိပါသိမ့်ရေ
ဆရာရွီးရေ စာမှာ (နဲ့) မြန်မာအလုံးတလုံးကို
တွိမြင်လိုက်ရပါရေ
ယင်းချင့်ကိုလည်း မနှစ်မြို့ပါ --။

ဆရာက သမိုင်းပညာသျှင် စာပီပညာသျှင်မဟုတ်
ကိုယ်ရွီးရေ စာတိ ကဗျာတိမှာလည်း
သတ်ပုံတိ အမှားမှား အယွင်းယွင်းမကန်
(ယေဇူး) ယင်း မြန်မာ (နဲ့) ကိစ္စကိုက
ယင်းလောက်ထိ (ဗွေ) မယူပါ
ရခိုင်တေးခြင်း ဗွီဒီယိုတိမှာ ရက်ပြတ် ရက်ပြတ်တွိရလို့
ပြောလို့လည်း သျှာပေါက် အာပေါက်လားခပါယာ ---။

နောက်ဆုံးပြောချင်ရေစကားက
ရိုးရိုးချေပါရာ
နောက်မဆုတ်ပါကဲ့ဆရာ
(အန္ဓိဗာလ) တိက ခြင်ထောင်ထဲက ပစိကိုက်ပြနီကတ်စွာပါရာ
ဝါးလုံးခေါင်းထဲမှာ လပနီကတ်စွာပါရာ
(International) စာမျက်နှာမှာ
တတိယကမ္ဘာစစ်ကြီးဖြစ်နီစွာမှာ
ရှိတန်းက အသီခံလို့ မားမားရပ်လို့တိုက်ပွဲဝင်ဖို့
ဆရာ့ပိုင် (လူမိုက်ကြီး) တိ
(ကိုလှမြင့်) ရို့ပိုင် လူမိုက်ကြီးတိ
(ကိုဘအေး)(ခိုင်ထူး) ရို့ပိုင် လူမိုက်ကြီးတိ
(အသျှင်နာယက) ရို့ပိုင် လူမိုက်ကြီးတိ
(ဒေါက်တာအေးကျော်) ရို့ပိုင် လူမိုက်ကြီးတိ
(ဒေါက်တာအေးမောင်) ရို့ပိုင် လူမိုက်ကြီးတိ
(ဦးသာလှ) ရို့ပိုင် လူမိုက်ကြီးတိ
(ဘာလင်ခင်မောင်စော) ရို့ပိုင် လူမိုက်ကြီးတိ
အများကြီးလိုအပ်ပါရေ --။

ရခိုင်ပြည်၏အထင်ကရ
(အေး) ပါရေ ကြယ်သုံးလုံး ဒေါက်တာသုံးယောက်
ဒေါက်တာ (အေး) မောင်၊ ဒေါက်တာ (အေး) ကျော်၊ ဒေါက်တာ (အေး) ချမ်း
ရာဇဝင်တလျှောက် ဘုန်းမီးနီလတောက်ထွန်း
(အေး) သုံး (အေး) ရာ (ဒေါက်) မထောက်ခကေ
ရခိုင်ပြည်လည်း (ပျောက်) လားခစွာ ကြာယာနှန်း --။

ရခိုင်ပြည်က (မျောက်) ရောဂါကို
(အေး) (ဒေါက်) တာတိ ကုမှရာ
(ပျောက်) ဖို့ --။

အမှန်ရာ ရခိုင်ပြည်ကို
ကောင်းခင်ထက်က ဘုရားရောက်လို့
ဗုဒ္ဓဘာသာ အစစ်အမှန်ဖြစ်တေဆိုကေ.....

တောင်ပေါက်ကြီးကျောက်စာလည်း
ဗြဟ္မီအက္ခရာနှင့် ရွီးထွင်းလို့
ဂျပန်တိ လမ်းဖောက်လို့
ပျောက်လားခရေဆိုကေ.....

ပါဠိဂါထာလည်း ခေတ်သစ်မဟုတ်ပဲ
ခေတ်ဟောင်းဂါထာ
အစစ်အမှန်ရာ ဖြစ်တေဆိုကေ.....

လူတိပြောနီကတ်တေပိုင်
ညောင်ပင်ဈီးဆရာတော်ရာ
အမှန်အကန် မရွီးပီးခဆိုကေ.....

(အေး) သုံး (အေး) ကို
(ကျေး) ဇူးမကန်းသင့်ပါ --။

နောက်ဘိတ်ဆုံး ပြောချင်စွာက
ဆရာက ခံသာပါသိမ့်ရေ
မမနှင့် နှုံးရန်ဖြစ်ပြီးကေ
မဆီမဆိုင် ပရံလူကို အမိအဖနှင့်တရစ်တိုက်ခိုက်
ကိုယ်မွီးစပ်တေမျောက်က ကိုယ့်ကိုပြန်ခြောက်
(အန္ဓိဗာလ) ထက် ညှက်တေ
(အောက်တန်းစား) တိလည်း ဟိပါသိမ့်ရေ --။

စိတ်မပျက်သင့်ပါ
(ခွီးဟောင်) လို့ မိုးမလင်းပါ ဆရာ --။

အောက်သကွာနှက်လို့ ပါးစက
အယုတ္တအနတ္တ ထွက်ရဖို့ဆိုကေ
အလှပလှ (-----) ရုပ်တိ --။ ။😛😜😝😛

(သာလှဦး)(July 7, 2017)(သောက္ကြာနိ)(7:33 PM)

Friday, June 30, 2017

ၿပိဳနီယာ

ၿပိဳနီယာ
=====

အိမ်ကြီးရခိုင်
လေးဟပ်ယိုင်
ကျိုင်တောက်ချေကို
ထောက်ထားပိုင် --။

(သာလှဧူး)

Thursday, June 29, 2017

ခြားနားချက်

ခြားနားချက်
=========

ချင်း တလဂုင်္နီနိ
ဘုရားကျောင်းတက် --။

ရခိုင်သားမှာ
ကျိပီကျိပက်
ဖဲဝိုင်းခင်းလို့ အခြင်းနှက် --။

ကုလား သောက္ကြာ
ဗလီတက် --။

ရခိုင်သားမှာ
စုတ်ပီစုတ်ပက်
လေးကွင်နင်းလို့ ပုလင်းဖက် --။

(သာလှဦး)

ကောက်ရိုးမီး

ကောက်ရိုးမီး
=========

လက်ခုပ်တဖြောက်
တဟုတ်ချေတောက်
ပျောက် --။

(သာလှဦး)




Wednesday, June 28, 2017

မြေခွေးယုတ်


မြေခွေးယုတ်
=======

မြေခွေးမြန်မာ တတူလာ
မြန်မာကိုသတ် ခွေးကိုလွှတ်
"ဗ" ပါကေ "ဗူး" ပင်လည်း ခွတ် --။

(စကားပုံ)

Tuesday, June 27, 2017

ငပိန်ငညှောင်


ငပိန်ငညှောင်
=========

ငါဆိုရေ အကောင်က
တချက်လီသလပ်စွာနှင့်
ဖက်ရွက်ချေပိုင်
ရွင့်စိုင်ကျလားဖို့
ငပိန်ငညှောင်
အကောင်ချေပါရာ --။

ကျားစားလို့မကုန်ရေ ခန္ဓာ
မဟာမုဏိကျောင်းတိုင်လောက်သန်ရေ လက်မောင်းတိနှင့်
ဆင်ပြောင်ကြီးတိက
ဖင်ကချီးထွက်အောင်
သီးခြားလွတ်လပ်ရီး
ကျွီးအော်ပြီးကေ
တယောက်ပြီးတယောက်
ဒူးထောက်လားခကတ်တေ ---။

ယေကေလည်း
ယင်းချင့်ထဲမှာ
ငါကားမပါ --။

တော်လှန်ရီးလည်းမလုပ်ဖူးဘဲနှင့်
ဖင်ကချီးထွက်အောင်
တော်လှန်ရီး တော်လှန်ရီး ကျွီးအော်နီကတ်တေ
အကောင်တိထဲမှာလည်း
ငါကား မပါ --။

ငါဆိုရေ အကောင်
တချက်လီသလပ်စွာနှင့်
ဖက်ရွက်ချေပိုင်
ရွင့်စိုင်ကျလားဖို့
ငပိန်ငညှောင်
အကောင်ချေပါရာ --။

ယေကေလည်း
ဗမာစစ်တပ်က
မီးစိမ်းတချက်ပြလိုက်စွာနှင့်
ဒယွားမရ ထပိန်မရ
နောက်ကျခြီထောက် သစ္စာဖောက်
ဒူးထောက်လားခရေ သူရဲကောင်းတိထဲမှာ
ငါကား မပါ --။ ။

(သာလှဦး)(December 17, 2015) (ကသစ်ဗုဒ္ဓိနိ)။

Monday, June 26, 2017

သာလှဧူး (2)

သာလှဧူး (2)
======

လွတ်လပ်ရီး လွတ်လပ်ရီး
ကျွီးလို့အော်အော် --။

တော်လှန်ရီး တော်လှန်ရီး
ကျွီးလို့အော်အော် --။

တကြိုင်းကေ လက်နက်ချ ဒူးထောက်
အလှပလှ နောက်က
ကျောက်သတ်ပစ်လိုက်ဖို့ကောင်းရေ --။

ကျားစားလို့ မကုန်ရေ ခန္ဓာ
အဂယင့် နွားက
အဘာခေါ်လောက်တေ --။

(သာလှဦး)

ဝဋ်

ဝဋ်
==
ကံမကောင်းခါ
ကျားဂေါင်းမှာ အိုးစွပ် --။

(သာလှဧူး)

သင်္ခန်းစာ

သင်္ခန်းစာ
====
အစွယ်ကိုအားကိုးလို့
ခြင်္သေ့မျိုး စည်ကိုဖောက်
ကြီးစွာ ဒုက္ခရောက် --။

(သာလှဧူး)

ပြိတ္တာကြီး

ပြိတ္တာကြီး
=====

သြ၀ါဒစရိယ
အဂ္ဂမဟာပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယက။

ဘွဲ့ထူး ရာထူး ဂုဏ်ထူးများ
အလွန်ရှည်လျား
ကုလားမဆာရီ အလား။

အိပ်အိပ်စားစား
အိမ်သာသွား
မခြားတိရိစ္ဆာန်။

အိပ်မက်လှလှ
ဇိမ်လည်းကျ
ဘ၀ပစ္စုပ္ပန်။

မဂ်ဖိုလ်လည်းရ
ဈာန်လည်းကြွ
ကူးကြရွှေနိဗ္ဗာန်။

(မောင်မှန်)
မှတ်ချက်။ ။ မြန်မာကဗျာ

Friday, June 9, 2017

အညှီအဟောက်

အညှီအဟောက်
=========

တော်လှန်ရီးမှာ
သစ္စာဖောက် --။

စာပီမှာလည်း
အညှီအဟောက် --။

သဘာဝ၏နိယာမ
ယှောင်လွှဲလို့ မရ --။

သစ္စာဖောက်ကို
ထောက်ခံကေ မြောက်ကြွ --။

အညှီအဟောက်သည်လည်း
လောက်၏အဟာရ --။

သစ္စာဖောက်ဆို အပြတ်ယှင်း
အညှီအဟောက်ကို လွတ်ကင်း --။

စင်ထက်တက်လို့ ဟောက်ဟောက်
မိုက်ကိုင်လို့ ဟောက်ဟောက်
မိုးကြိုးပစ်ယှောင် ဟောက်
လိပ်ဂေါင်းထွက်အောင် ဟောက်
လျှာရည်ယိုလို့ မွှမ်လို့ဟောက်ဟောက်
ဟောက်ချင်ဆီဟောက်
အညှီအဟောက်သည် အညှီအဟောက်
အညှီဟောက်လို့
မလွတ်မြောက် --။

(သာလှဧူး)(မြောက်ဧူး)