Sunday, July 19, 2026

ရခိုင်ကဗျာတိုများ


ရခိုင်ကဗျာတိုများ
===========

အမောင်ရခိုင်သား
အောင်စောသာကား
ကောင်းကောင်းများ။

အနံ့မဟိရေပန်း
ဖက်လို့နမ်းကေ
နမ်းလူအပြစ်လား
ပန်းအပြစ်လား။

အနမတက္က
ကိုးသောင်းက ဘုရား
လေးမြို့ချောင်းကဝါး
မိုးဦးကျ ဖား
အောင်စောသာကား ကောင်းကောင်းများ။

ပြိန်းစွယ်
အေသူချေလည်း
အစွယ်နှင့်။

တိုးနိုး
အဝမ်းဖားဖား
အောင်စောသာကား။

ဗီဇ
တခါလာလည်း နောက်လိုက်
နှစ်ခါလာလည်း နောက်လိုက်
ကြာလာကေ မျောက်ဖြစ်။

(ဧ့) လျှင်ဝင်ပူး
သာလှဧူး။

ဝကန်
နိမြင်ညပျောက်။

အတု
ဘုစုခရု ဗဟုဂုရု
ဂရုလဟု ခုလုခုလု။

သာလှဧူး
လူထက်ထူး
နဖူးမှိုပေါက်။

တိုးနိုး
မသိကေ ရွှေအိုး။

နာမဝိသေသန
ပေါက်ဖော်အထုတ်။

အရွှန်
ငါးမဟိလို့ မျှိုင်စွံ။

ဗဗက်ပျို
ပွါမပြည့် ကျပ်မပြည့်
အရည်မရ အဖတ်ရ
ဒုဗလကမ်းတင်။

ဇီးကွက်
ဆံပင်က အမြစ်
မုဆိတ်က ထွက်။

ဘွဲ့
စာတတ် ပိဋကတ်
ဘောက်ကတတ်။

အောက်ခြီလွတ်
လူက အစိတ်ကေ
စိတ်က နတ်ပြည်။

ကြောင်ရီဝတ်
မိုးကြိုးပစ်လို့ မကျွတ်။

ကြောင်ရီဝတ်
အောက်အီးအီးအွတ်။

နှစ်ဖက်ခွ
ပမကျ နမကျ။

မျောက်သစ်ကိုင်းလက်လွတ်
ဘယ်ဖက်ကိုလည်း မလွှတ်
ညာဖက်ကိုလည်း မလွှတ်
ပဲလွှာကြား ဆားညှပ်။

အမြင်
ကိုယ့်ဖက်ကပန်း
သူ့ဖက်ခြမ်းမျောက်။

ခွီးပတုန်း
စွပ်လိုက်က ဖြောင့်ဖြောင့်
ချွတ်လိုက်က ကောက်ကောက်။

ဝကန်
စွတ်ကေထ
သွိကေထိုင်။

အံကြိတ်သံ
မိုးကောင်းတုန်းခါ
ရှာရာရှာ။

နာမဝိသေသန
လူမပေါ်ခင်
ဝထုတ်ပေါ်
ကြောင်သူတော်။

နာမဝိသေသန
လိမ်လိမ်မာမာ
ဘုရားတကာ။

နာမဝိသေသန
ဂေါင်းချေမော့မော့
ဘော်ကျော့။

နာမဝိသေသန
ရောင်းပန်းလှ။

နာမဝိသေသန
အရောင်ပြောက်ပြောက်
ခေါင်တောက်။

နာမဝိသေသန
မိုးလင်းခဲဝါ။

သာလှဧူး
အစခါ သူရဲကောင်း
နောက်ခါ ဘူဖောင်း။

သာလှဧူး
ကြီးလီချဉ်လီ
သံဖရာသီးခွဆုံ။

ဘူဖောင်း
အကောင်ကြီးလို့
အလီးမစီး။

ဘူးခေါင်း
အရည်ရွှမ်းရွှမ်း
အဝမ်းဖောင်းဖောင်း။

အာဏာ
အစိုးမရ အနတ်တ။

အတိတ် (နှင့်) ပစ္စုပ္ပန်
အယင်ခါ ကျင်သန်
အေဂု ပြင်ခံ။

ကြပ်
ချွတ်လို့ မကျွတ်။

ကြပ်
အထပ်ထပ် ဂြင်းကပ်
ချွတ်လို့ မကျွတ်။

ဖွတ်နောက်ကုန်း
ခုလုခုလု (ဘု)။

သာလှဧူး
လူထက်လည်းထူး
နဖူးရွှေကပ်။

အရွှန်
တောင်းမှာထည့်လို့မကန်။

သင်္ခါရ
ညက အကောင်း
အေဂနိ အလောင်း။

ဖွတ်
ပိန္နဲသီးဒုတ်သတ်။

သာလှဧူး
ညက ကကြီးခငယ်ဖတ်
အေဂနိ စာတတ်။

ပကျင်း
ထမင်းဝလို့
ဝမ်းတင်းလား။

သင်္ခန်းစာ
အစွယ်ကို အားကိုးလို့
ခြင်္သေ့မျိုး စည်ကိုဖောက်
ကြီးစွာဒုက္ခရောက်။

ဝဋ်
ကံမကောင်းခါ
ကျားဂေါင်းအိုးစွပ်။

ဂြင်း
သံထဲကိုယ်၌
သံကဖြစ်သည်
သံချီးကိုက်ခြင်း အ​ကြောင်းရင်း။

စွပ်ပြုတ်
ဝက်ကိုအစာကျွေးစွာ
ချစ်လို့မဟုတ်။

သာလှဧူး
အတတ်ဆန်းလို့ အချွန်းတပ်ကေ
နတ်ကောင်းမယှောင်ဖြစ်ဖို့ယေ။

အာနိုး
နှိုးလို့မနိုး
တိုးမှနိုး။

သာလှဧူး
ပေါက်ဖော်အထုပ်
သောက်ကြာရုပ်
ဂိုက်ချေထုတ်လို့။

တခါလာလည်း ထိုနည်းလည်းကောင်း
နှစ်ခါလာလည်း ထိုနည်းလည်းကောင်း
အမောင်ဖျာရောင်း
အောင်စောသာကား အလကားမောင်း။

မလွယ်
အောင်​စောသာကား
တိုးမှလား။

ရခိုင်မျိုးချစ်
မောင်ဘခြစ်
ယောက်ဖကြက်ဥတိုက်။

အောက်ရှောက်ငသံဒွေ
အပေါက်ကျွံကေ
စံရဖွေ။

မပီကလာ ပီကလာ
(ဗျာလ) မဟုတ်
လဗျာ။



No comments:

Post a Comment