Saturday, September 14, 2024

ပန်းခွာညို

 ပန်းခွာညို

======
ရောင်ဖြူဝင်းဝင်း
တောင်တလင်းမှာ
ဂြိုးလင်းပြာ ငှက်ဝါကေ တွတ်တွတ်
လီသွတ်သွတ်။
မောင်က ကိုင်ညွှတ်
မေက ဆွတ်။
လနတ်ပြာသို နှင်းစိုစို
ခွာညိုပန်းကို မေပန်လို။
တပွင့်ကိုပန် တတံချန်ထား
သတင်းဝင် သျှင်ကျော်ဘုရားမှာ
တင်ဖို့လား။
အောင်ကျော်ရွှီ (ပိုးရွှီပြင်)



No comments:

Post a Comment