Wednesday, October 14, 2026

ကျောင်းပို့ကြပါ



ကျောင်းပို့ကြပါ
========

ဒေါ်စုလည်း
ဒီပုတ်ထဲက ဒီပဲ
ထိုနည်းလည်းကောင်းပါဘဲ။

ဒေါ်စုအာဏာရတော့
ပြည်တွင်းစစ်ရပ်စဲလိမ့်မယ်လို့
မျှော်လင့်ခဲ့တာ
ဗုံးတောင်ကြဲလိုက်သေးတယ်။

ဖက်ခွက်ဇော်ဌေး
လမ်းဘေးသေးပန်း
အခုတော့ ချောသွားပြီ။

ဒေါ်စုလွတ်လာရင်လည်း
လွတ်လာတယ်လို့ဘဲ
ဝိပဿနာရှုလိုက်တော့မယ်။

အရင်တုန်းကလိုတော့
မျှော်လင့်မထားတော့ပါဘူး။

လက်နက်ကိုင်တော်လှန်ရေး
လုပ်တဲ့လူတွေကလည်း
လုပ်ချင်ရင်လုပ်ကြ
လက်နက်မချနဲ့။

တခုတော့ပြောလိုက်မယ်
ဘူးလက်လှဆွေ
ကျော်စိုးဦး
ပေါက်ကိုယ်တော်
ရာသီသွေး မပုတု
အောင်မျိုးမင်း
မိုးမိုးခိုင်တို့ကို
ကျောင်းပို့ကြ
အမြန်ဆုံးကျောင်းပို့ကြ
နောက်ကျနေပြီ။

ဒီကောင်တွေကို
ကျောင်းမပို့နိုင်ရင်
တော်လှန်ရေးမလုပ်ကြနဲ့
အချိန်ကုန်တယ်
လူသေတယ်
တိုင်းပြည်နာတယ်။

အခု
ခိုးဝင်ဘင်္ဂလီ
ရန်သူအစစ်တွေက
တိုင်းပြည်ကိုဖဲ့နေပြီ။

တောဝက်နဲ့ခြင်္သေ့
ကိုယ့်အချင်းချင်းဝှေ့နေလို့
ပြီးပါ့မလား
တော်ကြာ လဒစာဖြစ်နေဦးမယ်။

တော်လှန်ရေးကိုဗန်းပြပြီး
မျက်နှာလိုမျက်နှာရ
မစားရဘဲ ညှော်ခံ
ထောက်ခံအားပေး
ICJ မှာ အကြမ်းဖက်ကို
ပလတာကျွေးနေကြတဲ့သူတွေ
ရှိတယ်။

ပြောရင် ကြီးကြီးကျယ်ကျယ်
စကားလုံးက ပါးစဝမှာ ဆို့နေတယ်။

ဒီနေ့ဘဲ Helicopter နဲ့
လာချပေးမလိုလို
R2P ဝင်လာမလိုလို
တော်လှန်ရေးမှာ
ကြောင်သူတော်တွေလည်း ရှိတယ်။

နောက်တခါထပ်ပြောမယ်
ပိုပြီးနားလည်သွားအောင်
ဘူးလက်လှဆွေ
ကျော်စိုးဦး
ပေါက်ကိုယ်တော်
ရာသီသွေး မပုတု
အောင်မျိုးမင်း
မိုးမိုးခိုင်တို့ကို
နမူနာပြ ကျောင်းပို့ကြ
ဒါမှ တော်လှန်ရေး အမြန်ပြီးမယ်
နို့မဟုတ်ရင်
တော်လှန်ရေးမလုပ်ကြနဲ့
လူသေတယ်
တိုင်းပြည်နာတယ်။

မောင်ပေါက် (မြန်မာပြည်)
October 14, 2016 (ဗုဒ္ဓဟူးနေ့)

==========

# Send Them to School

Even Daw Su—

She is just more of the same,
cut from the same cloth as the rest.
Nothing different about her, either.

When Daw Su came to power,
we hoped the civil war would come to an end.
But instead, they even dropped bombs.

Vagabond Zaw Htay,
the one who used to piss by the roadside—
now he has cleaned up his act.

Even if Daw Su is released,
I'll simply accept that she has been released,
no more or no less,
practising of Vipassana meditation.

I no longer place my hopes in her
the way I did in the past.

As for those fighting an armed revolution,
let you fight if you want to.
You should not lay down your arms.

But let me say one thing:

Bullet Hla Swe,
Kyaw Soe Oo,
Pauk Kodaw,
Manopause Ma Pu Tu,
Aung Myo Min,
and Moe Moe Khine—

Send them to school!
Send them to school as soon as possible!
It is already long overdue.

If you cannot send these people to school,
then don't wage a revolution.

It wastes time.
People die.
The country suffers.

Meanwhile,
the real enemies—the Bengali infiltrators—
are already tearing the country apart.

Can anything good come of wild boars
and lions fighting among themselves?

Before long,
we may end up as food for vultures.

There are people who use the revolution as a pretext,
trying to curry favor with others.
They get nothing for themselves
except the smoke and smell of food they cannot eat,
yet they continue to support and encourage others.

There are also those who, at the ICJ,
are practically feeding delicacies to terrorists.

When they speak, they make grandiose claims,
but the words seem to get stuck
right at the tips of their tongues.

One day, they make it sound as though
helicopters will arrive to drop them in;
another day, they promise that R2P
will come to the rescue.

There are hypocrites
even within the revolution.

I'll say it once again,
so that everyone understands more clearly:

Bullet Hla Swe,
Kyaw Soe Oo,
Pauk Kodaw,
Manopause Ma Pu Tu,
Aung Myo Min,
and Moe Moe Khine—

Make an example of them
and send them to school!

**Only then will the revolution come to an end quickly.**

Otherwise,
don't wage a revolution.

People die.
The country suffers.

**Maung Pauk (Myanmar)**
October 14, 2016 (Wednesday)








Monday, October 12, 2026

# WAKE UP EUROPE



# WAKE UP EUROPE

Why,
O great leaders of Europe,
why do you hand-up
and surrender
to the terrorists?

Why do you seem willing
to place your beautiful nations—
nations as heavenly as paradise—
into the hands
of those who would destroy?

Do you not fear
the thought of terrorists
beheading your children?

Do you not see
your young daughters
being violated
by those who live by terror?

Your freedom to worship,
your freedom to think,
your freedom to create—
your beautiful cultures,
your dreams,
your future—

are already being poisoned.

Your beautiful nations,
fair as paradise,
did not simply fall from the sky.

You built them
with your own hands,
did you not?

You paid for them
with your own blood,
did you not?

Then why—
why do you so easily
raise your hands
and surrender
to terrorism?

Did not great heroes
sacrifice their lives
so that you could live
in freedom,
in beauty,
in safety?

And what of the future?

Do we not bear a responsibility
for the lives
of our children—
for their future,
for their safety,
for the beauty
of the world we leave behind?

Do you not fear
that your magnificent Alps,
your towering snow-capped mountains,
your vast forests,
your endless open fields—

could one day
become deserts?

Do you not fear
that the great rivers
flowing across Europe,
the peaceful lakes
embraced by gentle breezes,

could one day
run dry?

Do you not fear it?

**Wake up, Europe.**

(Mr. Crusader)

ဥရောပနိုင်ငံကြီးများ နိုးထကြလော့
===================

ဥရောပနိုင်ငံက ခေါင်းဆောင်ကြီးတိ
သင်ရို့ဇာဖြစ်
အကြမ်းဖက်တိကို
လက်မြှောက် အယှုံးပီးနီကတ်စွာလဲ။

သင်ရို့၏နတ်ပြည်တမျှ
လှပရေ နိုင်ငံတိကို
ဇာအတွက်ကြောင့်
ကြွက်စုတ်တိလက်ထဲ
ထိုးအပ်ချင်နီကတ်စွာလဲ။

သင်ရို့ အချေတိကို
အကြမ်းဖက်တိ ခေါင်းဖြတ်စွာ
တွေးမပူကတ်လား။

သင်ရို့ သမီးပျိုချေတိကို
အကြမ်းဖက်တိ မုဒိမ်းကျင့်နီစွာ
မမြင်ကတ်လား။

လွတ်လွပ်စွာ ကိုးကွယ်ခွင့်
လွတ်လပ်စွာ တွေးခေါ်ခွင့်
လွတ်လပ်စွာ ဖန်တီးခွင့်
သင်ရို့၏လှပရေ ယဉ်ကျေးမှု
အိမ်မက်၊ အနာဂါတ်တိ
အဆိပ်ခပ် ခံနီကတ်ရဗျာယ်။

သင်ရို့၏ နတ်ပြည်တမျှ
လှပရေ နိုင်ငံကြီးတိ
အလိုလို မိုးပေါ်ထက်က
ကျလာကတ်စွာလား။

သင်ရို့လက်နှင့်
တည်ဆောက်ခကတ်စွာ မဟုတ်လား။

သင်ရို့ သွီးနှင့်
ရင်းခရစွာ မဟုတ်လား။

သင်ရို့ဇာကြောင့်
အကြမ်းဖက်တိကို
လက်မြှောက် အယှုံးပီနီကတ်စွာလဲ။

သင်ရို့ဘဝ
လှပလုံခြုံဖို့အတွက်
သူရဲကောင်းကြီးတိ
ပီးဆပ်ခကတ်တေ မဟုတ်လား။

အနာဂါတ် ငရို့အချေတိဘဝ
လှပလုံခြုံဖို့အတွက်
ငရို့မှာ တာဝန်မဟိလား။

လှပရေ Alpa တောင်တန်းကြီးတိ
နှင်းတောင်ကြီးတိ
သစ်တောကြီးတိ
ရှုမျှော်မဆုံး ကွင်းပြင်ကြီးတိ
ကန္တာရဖြစ်လားဖို့စွာ
သင်ရို့ မစိုးရိမ်ကတ်လား။

ဥရောပတခွင်
တသွင်သွင်စီးနီရေ မြစ်ကြီးတိ
လီပြေညှင်းတိနှင့်
အီးချမ်းရီကန်ကြီးတိ
ခမ်းခြောက်လားဖို့စွာ
မကြောက်ကတ်လား။

(တိုက်ပွဲဝင်ရဲဖော်)
October 1, 2026 (Thursday)

ဥရောပနိုင်ငံကြီးများ နိုးထကြလော့
===================

ဥရောပနိုင်ငံက ခေါင်းဆောင်ကြီးများဟာ
အဘယ်အတွက်ကြောင့်
အကြမ်းဖက်တွေကို
လက်မြှောက်အရှုံးပေးနေကြပါသနည်း။

သင်တို့ရဲ့ နတ်ပြည်တမျှ
လှပတဲ့နိုင်ငံတွေကို
မည်သည့်အတွက်ကြောင့်
ကြွက်စုတ်တွေလက်ထဲ
ထိုးအပ်ချင်နေကြရပါသနည်း။

သင်တို့ရဲ့ ရင်သွေးငယ်တွေကို
အကြမ်းဖက်တွေ ခေါင်းဖြတ်တာ
တွေးမပူကြဘူးလား။

သင်တို့ရဲ့ သမီးပျိုလေးတွေကို
အကြမ်းဖက်တွေ မုဒိမ်းကျင့်နေတာ
မမြင်ကြဘူးလား။

လွတ်လွပ်စွာ ကိုးကွယ်ခွင့်
လွတ်လပ်စွာ တွေးခေါ်ခွင့်
လွတ်လပ်စွာ ဖန်တီးခွင့်
သင်တို့ရဲ့လှပတဲ့ ယဉ်ကျေးမှုတွေ
အိပ်မက်တွေ အနာဂါတ်တွေ
အဆိပ်ခပ် ခံနေရပြီ။

သင်တို့ရဲ့ နတ်ပြည်တမျှ
လှပတဲ့ နိုင်ငံကြီးတွေဟာ
အလိုလို မိုးပေါ်က
ကျလာတာ မဟုတ်ဘူး။

သင်တို့လက်နဲ့
တည်ဆောက်ခဲ့ကြတာ မဟုတ်လား။

သင်တို့သွေးနဲ့
ရင်းခဲ့ကြရတာ မဟုတ်လား။

သင်တို့ဘာကြောင့်
အကြမ်းဖက်တွေကို
အလွယ်တကူ လက်မြှောက်
အရှုံးပေးနေကြတာလဲ။

သင်တို့ဘဝ
လှပလုံခြုံဖို့အတွက်
သူရဲကောင်းကြီးတွေ
ပေးဆပ်ခဲ့ကြတယ်မဟုတ်လား။

အနာဂါတ် ငါတို့ခလေးတွေရဲ့ဘဝ
လှပလုံခြုံဖို့အတွက်
ငါတို့မှာ တာဝန်မရှိဘူးလား။

လှပတဲ့ Alpa တောင်တန်းကြီးတွေ
နှင်းတောင်ကြီးတွေ သစ်တောကြီးတွေ
ရှုမျှော်မဆုံး ကွင်းပြင်ကြီးတွေ
ကန္တာရဖြစ်သွားမှာ
မစိုး ရိမ် ကြ ဘူး လား။

ဥရောပတခွင်
တသွင်သွင်စီးနေတဲ့မြစ်ကြီးတွေ
လေပြေလေညှင်းတွေနဲ့အတူ
အေးချမ်းတဲ့ရေကန်ကြီးတွေ
ခမ်းခြောက်သွားမှာ
သင်တို့ မကြောက်ကြဘူးလား။

(တိုက်ပွဲဝင်ရဲဘော်)
October 1, 2026 (Thursday)


ဘိန်းစားစိတ်ကူး



ဘိန်းစားစိတ်ကူး
=========

မိုးထ (၄) ချက်တီးထလို့
မိုးချုပ်ကနီဝင်
အလုပ်လုပ်
စက်ရုပ်လူသား
နိမအား ညမအား
ဝမ်းရီးအတွက်
ရုန်းကန်လှုပ်လျှား
တပါတ်ငါးရက်
နားရက်မဟိ အမေရိက။

တခါတရီ နှစ်ရက်ဆက်တိုက်
Overtime ဆင်းရ
နားရက် သုည။

ယလောက်စွာမှာ
တပါတ် (၃) ခု
မွီးနိဖိတ်စာ
တခုခု မပီးကေလည်း မကောင်း
မတောင်းကေလည်း အားနာရ
မျက်နှာပဇောင်ပြခန့်ရောင်။

မုန့်တီဟင်းရည်သောက်ရခြီကေလည်း
စိတ်က မသထီ။

မွီးနိပွဲ (၃) ခု
မာရသွန်ဒေါက်လျှောက်လားပြီးသနာ
ညဇာသားနီမဝင်ခင်
ငါးမိနိအချိန်ရ
ပရုန်းနရုန်း
UN ရုံးရှိမှာ ဓါတ်ပုံရိုက်
Facebook ထက်တင်
ပရိဿတ်မြင် Share ရလျှင်
အားအင်ပြန်ဖြစ်
တနှစ်ပြီး တနှစ်။

တပါတ်အလုပ်လား
တရက်နားလို့ တရက်အားကေ
ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီး
စာတန်းရွီးဖို့ စိတ်ကူးရေ။

ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီးရကေ
ပါတီထောင်လို့
ဝန်ကြီးချုပ်လုပ်မေ။

မောင်ဂေါက် (ရခိုင်ပြည်)
October 9, 2026 (သေက္ကြာနိ)

ဖရုံသခွား



ဖရုံသခွား
=====

မတ်ပစက ပြောခါ
ရခိုင်ပြည်ကြီး
သီးခြားလွတ်လပ်ရီး။

မတ်ရွီးရေစာက
ဗချီး။

မသိကေ ရွှေအိုး
ပေါက်ဖော်အထုပ်
ကြောင်ချီး။

ရပ်ကွက်ထဲမှာ လူကြီး
ဖာလိပ်ခေါင်းဝင် ခွီး
တနီသတ်။

(မောင်ပေါက်)
October 1, 2026 (Thursday)

Wednesday, September 16, 2026

ရခိုင်ရွှေမောင်းတန်းကျင်သန်ကြီးများအကြောင်း



ရခိုင်ရွှေမောင်းတန်းကျင်သန်ကြီးများအကြောင်း
=========================

ကုလသမဂ္ဂရုံးရှိမှာ
Selfie ဆွဲ လမ်းလျှောက်ပြ
ပရိဿတ်က
သောင်းသောင်းဖြဖြထောက်ခံ
အေဆူမနားယေဝေး အမှန်
ရခိုင်လူထု ကိုယ်စားပြု
ကုလသမဂ္ဂ အတွင်းဝန်။

တတိုင်က
အကြမ်းဖက်ကို ကြက်ဥတိုက်
မြင်လိုက်ရရေ
အကြမ်းဖက်နှင့်လိုင်ဖင်းဖက်
နိုင်ငံတကာတရားရုံးရှိမှာ
ဆန္ဒပြလို့။

အကြမ်းဖက်ကပြောရေ
သူရို့ရာ ဌာနီတိုင်းရင်းသား
ရခိုင်သားက
ညက မြန်မာပြည်ဖက်က
ကုလားလတ်။

ရောမမြို့ကြီးပြိုနီစွာမှာ
နီရိုးဘုရင် တယောထိုးမပျက်
ခွီးအားမနာ ကြောင်အားမနာ
ဟောင်ဖွာဟောင်ဖွာ
ဖြားရီတက်စ တွင်းခေါင်းဝ
ငယက်ချေ။

ကိုယ့်အချင်းချင်းကျ
မဟုတ်မဟပ် လုပ်ကြံစွပ်စွဲ
လကားကိုကျ
တခွန်းချေလည်း မဟရဲ
ခြင်ထောင်ထဲက သွားခြဲ
အလှပလှ ဂုံးသကြဲ။

မရှက်မကြောက် အရည်သောက်
မျောက်ခြောက်။

ဝါးလုံးခေါင်းထဲမှာ လပ
ရပ်ကွက်က ဘော်လုံးကွင်းမှာ
လောကျိတ်လို့ ကျင်ကွင်းပြ
အေဆူရာမနားယေဝေး
"ရွှေမောင်းတန်း"။

(မောင်ပေါက်)
September 16, 2026 (ဗုဒ္ဓူးနိ)



တစ် နှင့် တ အရေးအသား ကိစ္စ

တစ် နှင့် တ အရေးအသား ကိစ္စ
=======================

တစ် / တ အရေးကို ဘာလုပ်သင့်သလဲ။
ပင်းယခေတ်က စပြီး ကုန်းဘောင် ခေတ်ထိ ပေါ်ပေါက်ခဲ့တဲ့ ကဗျာ စကားပြေ စာဆိုကြီးများရဲ့ စာတွေကို ကြည့်ပါ။ သူတို့တတွေဟာ အခုသတ်မှတ်ထားတဲ့ "တစ်/တ" ရေးထုံးနဲ့အညီ ရေးခဲ့ကြသလား။ စကားအ ဆက်အစပ်အရ နားလည်အောင် ရေးသား  ထားကြသလား။ ခုသတ်မှတ်တဲ့ ရေးထုံးနဲ့ မညီလို့ အနက် #ကမောက်ကမ ဖြစ်နေတာမျိုး တွေ့ကြသလား။ အဲဒါဟာ အဖြေပါ။ 
ကျနော် မြန်မာစာအထူးပြုသမားပါ။ တစ် / တ ကိစ္စမှာ ကိန်းဂဏန်း (၁) အရေအတွက်ကို တိတိကျကျ ထင်ရှားစေချင်ရင် "တစ်"လို့ ရေးပါတယ်။ ရှေ့နောက်စကားအဆက်အစပ်အရ တစ်ခု တစ်ကောင် တစ်ယောက်လို့ ထင်ရှားနေရင် "တခု တကောင် တယောက်"လို့ ရေးပါတယ်။
ဘာသာစကားဆိုတာ လူ့သတ်မှတ်ချက်ပါ။ စကားလုံး အားလုံးဟာ လူကသတ်မှတ်လိုက်တဲ့ 
"ရုဠှီ" ကချည်း "စ" ခဲ့တာပါ။ တခြားနေရာတွေမှာ မှန်ချင်မှ မှန်မယ်။ ဘာသာစ ကားကိစ္စမှာတော့ "အများ ညီ 'ဤ' , 'ကျွဲ' ဖတ်" နိုင်တာ အမှန်ပါ။ ဘာသာစကား ရေး ထုံးတွေ ဝေါဟာရသတ်မှတ်ချက်တွေ မှန်သမျှမှာ အများက တညီတညွတ်တည်း လက်ခံသုံးစွဲလိုက်ရင် ဘာသာ စကားကိစ္စအထမြောက်သွားတာချည်းပါပဲ။ 
မြန်မာစာရေးတဲ့အခါ အရေအတွက် (၁) ဖြစ်ကြောင်း အတိအကျ ထင်ရှားစေလိိုသောအရာ ဌာနများတွင် (တစ်) ကို အသုံးပြုရန်၊ ရှေ့နောက်စကားအဆက်အစပ်အရ အရေအတွက် (၁) ကိုရည်ညွှန်းကြောင်း/ ဆိုလိုကြောင်း ထင်ရှားတဲ့အခါ "တ"ကို အသုံးပြုရန်လို့ သတ်မှတ်လိုက်ရင် ကိစ္စပြီးတာပါပဲ။ တစ် / တ အရေး မပေါ်ပေါက်မီက ကျနော်တို့ ဒီမူအတိုင်း သုံးလာတာမှာ ဘာပြဿနာမှ မရှိခဲ့ဘူးလေး။ ပင်းယခေတ်ကနေ မနေ့တနေ့ကလို့
ပြောရမယ့် ခေတ်ကြီး (၆) ခေတ်ကျော်အထိလည်း
 ဒီမူအတိုင်း အဆင်ပြေလာခဲ့တာပဲလေ။ တစ် / တ  ခွဲခြားပြဋ္ဌာန်းလိုက်မှသာ, (တစ်/တ)အရေး
ပေါ်လာခါမှသာ ကမောက် ကမတွေ ဖြစ်ကုန်ရတာလေ။  
ဒီလိုမျိုးတွေပေါ့။
▪️ငါက တစ်ကယ်ပြောတာကွာ၊ 
▪️ခေတ်ကြီးက တစ်နေ့တစ်ခြား ပြောင်းလဲတိုးတက်နေတာ။ 
▪️မင်းက တစ်မင်တစ်ကာ ဂွတိုက်နေတာပဲ။ 
▪️တစ်ပျော်တစ်ပါး ရေကူးကြစို့။ 
"တစ်/ တ"ကို [ဘယ်လိုရေးရကြောင်း သတ်မှတ်ချက်"] ကို တမင်တကာ အထူးပြုလေ့လာမထားရင် "တစ်/ တ အသုံး" မှန်အောင်ရေးဖို့ မလွယ်ပါဘူး။ မြန်မာတပြည်လုံးက မြန်မာစာပါရဂူတွေ ပါမောက္ခတွေအားလုံးကို ရှောင်တခင် (ကြိုတင်အသိမပေးဘဲ)ခေါ်ပြီး "တစ်\တ" အရေး စစ်ကြည့်လိုက်ပါလား။ ဒီလိုရေးမှ အမှန်လို့ သတ်မှတ်တဲ့အတိုင်း ရေးနိုင်သူ ရာ နှုန်းပြည့် မရှိနိုင်ပါ။
ကျနော် သတ်ပုံသစ်က ရေးထုံးသတ်မှတ်ချက်တချို့ကို လုံးဝ လက် မခံချင်ပါ။ ဒါကြောင့် ကိုယ့်ဘာသာ အလွတ်သဘောရေးတဲ့အခါ အသုံး တွင်နေတဲ့ အရပ်သားသုံးအတိုင်း ရေးပါတယ်။ 
ဇီးသီး၊ ဂွေးသီး၊ ဒါပေမယ့်၊ တနေ့တခြားစသည်ပေါ့။ ဆောင်းပါး စာတမ်းစသည် ရုံးသုံးစကားပြေ formal prose နဲ့ ရေးရမယ့်အခါတော့ သတ်ပုံကျမ်းနဲ့အညီ ရေးပါတယ်။
ပြောချင်တာကတော့ ဘာသာစကားဆိုတာ လူ့သတ်မှတ်ချက်မျှသာပါ။ အသုံးတွင်မှုအတိုင်းသာ ထားလိုက်ရင် အဆင်ပြေမှာကို "သတ်မှတ်ချက်အသစ်လဲပြောင်းလိုက်ရော အများပြည်သူ မှားကုန်ရော"ဆိုတာမျိုးတွေကို ဆင်ခြင်စေချင်တာပါ။
"သူ /သူမ တို့၊ ကိုယ့်ကိုယ်ကိုယ်" တို့လို နယ်ပြတ်အောင် အကျိုးသင့် အကြောင်းသင့် ခွဲပြတာမျိုးကိုတော့ အများက ဘဝင်ကျကျ လက်ခံကြတာပါပဲ။
ကျနော်က စာရေးချင်တဲ့အခါ သတ်ပုံကို ဂရုစိုက်မနေနဲ့။ လွတ်လွတ်လပ်လပ်သာရေး။ ကိုယ့်စာက ကောင်းလို့ ပုံနှိပ်ထုတ်ဝေတဲ့အခါ တိုက်က/စာပြင်ဆရာက မှန်အောင် ပြင်ပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒါပကတိအခြေအ နေပဲလေ။
ဒါပေမယ့်  "စာရေးချင်တဲ့အခါ သတ်ပုံကို ဂရုစိုက်မနေနဲ့။ လွတ်လွတ်လပ်လပ်သာရေး"ဆိုတာလောက်ပဲ ကျနော့်ဆရာ့နား ပြန်ပေါက်တဲ့အခါ ဆရာက ဒါဟာ တာဝန်မဲ့ပြောတာလို့ ရှုတ်ချစကားဆိုခဲ့ပါတယ်။ 
facebook မှာ လူတန်းစားအမျိုးမျိုးသူတို့အတွေ့အကြုံတွေကို ရေးတဲ့အခါ စာကို အများနားလည်အောင် ကောင်းကောင်းပြောတတ် ရေးတတ်သူတွေ မကြာခန တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ သတ်ပုံကိုတော့ အထာကျအောင် ရေးနိုင်စွမ်းမရှိကြပါဘူး။ သူတို့စာတချို့ဆို ပုံနှိပ်ထုတ်ဝေထိုက်အောင် အရည်အသွေး ရှိကြပါတယ်။ ဥပမာအားဖြင့် Jewel အကောင့်နဲ့ စာရေးတဲ့ ဆေးရုံသန့်ရှင်းရေးအမျိုးသမီးကြီးရဲ့ စာတွေဟာ ရိုးဂုဏ်အပြည့်ရှိတယ်။ လူ့သဘောသ ဘာဝတွေကို ထင်ဟပ်ပြနိုင်တယ်။ သူ့စာတွေကိုသာ ပုံနှိပ်ထုတ်ဝေမယ်ဆိုရင် စာပေဆုတခုခုတောင် ရနိုင်ပါတယ်။ တကယ် ပုံနှိပ်ကြတဲ့အခါ professional proof reader / a good editer နဲ့ သတ်ပုံမှန်အောင် အလွယ်တကူ ပြင်ပေးနိုင်ပါတယ်။ သတ်ပုံမှန်ရေးကိစ္စဟာ ပုံနှိပ်ထုတ်ဝေရေးမှာက အဲဒီလို ထမင်းစားရေ သောက်ကိစ္စပါ။ 
သတ်ပုံပြင်ဖို့ဆိုတာက ကျင့်သားရပြီးသား စာပြင်ဆရာတိုင်းက အလွယ်တ ကူ "လုပ်"ပေးနိုင်ပါတယ်။ စာကောင်းထွက်ဖို့ ဆိုတာကျတော့ ဘယ်သူကမှ "လုပ်"ပေးလို့မရပါဘူး။
အဆုံးအဖြတ်ပေးနိုင်သော ပညာရှင်ဆိုသူက ခေါင်းမာနေတဲ့အခါ လွယ်သင့်တာတွေ ခက်ကုန်တာပါပဲ။
တို့ နဲ့ ဒို့ ခွဲခြားသတ်မှတ်လိုက်တဲ့အခါ "ဒို့ကျောင်းသား"ဟာ "တို့ကျောင်း သား"လို့ ပြောင်းပေးလိုက်ရပေမယ့် အပြင်မခံတဲ့ နေရာကျတော့ တို့ကြီးငုတ်တုတ် ဒီအတိုင်း လက်ခံလိုက်ရတာ ရှိပါတယ်။ ဘာသာစကားဆိုတာ သတ်မှတ်ချက် သက်သက်ဆိုတာကို နှလုံးသွင်းစေချင်တာပါ။ ပြင်ချင်ရင် ပြင်လို့ ရပါတယ်။ အများလက်ခံရင် အတည်ဖြစ်တာပါပဲ။ စာဟောင်းကြီးတွေမှာ နှစ်လုံး (heart) လို့ ရေးခဲ့ကြသေးတယ်။ နောက်ပိုင်း "နှလုံး"လို့ အသားကျသွားတာပဲလေ။ 
တစ်နဲ့ တ ပြဿနာဟာ အဆင်ပြေအောင် အခုပြင် အခုရပါတယ်။
⭕️⭕️⭕️⭕️⭕️
By...
ဝင်းမောင် ၊မြန်မာစာ၊
စာပေအထူးပြု
ရန်ကုန်တက္ကသိုလ်
⭕️⭕️⭕️⭕️⭕️⭕️
မှတ်ချက် ။ ။
အခု နမူနာပြထားတဲ့ Photo မှာ
ရခိုင်ဆရာတယောက်က "တစ်ဖန်" လို့ သုံးထားတာ ကို သတိပြုမိပါတယ်။ အဓိပ္ပါယ်က "တစ်ဖန်"  ပြီးရင် 
"နှစ်ဖန်" လာမယ့်သဘောလား မသိနိုင်ပါ။

Friday, August 21, 2026

မိုးလင်းခဲဝါ



မိုးလင်းခဲဝါ
========

ဝင်လိုက်ထွက်လိုက်
ဖြစ်ပျက်ရှုမှတ်
လွတ်လွတ်လားရေ။

ပဒရီတခြား ခယောက်တခြား
ပုတီးတခြား စိတ်တခြား။

ဝီစိကိစ္ဆာနှင့် ဝိရောဓိ
မျက်စိလည်လမ်းမှား။

ဝိပဿနာ အဘိဓမ္မာ
အဘိဓါန်မှာ လိုက်လို့ရှာ။

မျက်စိပြာပြာ
ပြူးတူးပြာတာ။

ဘုရားတကာ ကျောင်းတကာ
မိုးလင်းခဲဝါ
ကြောင်သူတော်။

မြန်မာပိုင်ဆို လိပ်ကိုရီမှာချ
ပစ်သားမဟိ ကျကျနန
ရခိုင်ပိုင်ဆို ပမကျ နမကျ
တခွန်းချေလည်း မဟ။

လူအများနားလည်ယောင်
သကာစားရေ အိုမောင်းမောင်။

​ကြောင်ရီဝတ်
ထုတ်မှာသတ် ယောက်မှာသတ်
အောက်ခြီလွတ် ဘောက်ကတတ်
မိုးကြိုးပစ်မကျွတ်
ကျွတ်သတ် ဖွတ်။

ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီး
ပြောခါ ယခီး ရွီးခါ ဗချီး
အကောင်ရာကြီး အလီးမစီး
ရောင်းပန်းလှ ကျီးအာသီး
မစားရရေခွီး ဂေါင်းညီး။

ကဠုံရာလည်းနဂါး
(မသိကေရွှေအိုး)
(-----)(ဖရုံသခွား။)။

မောင်ပေါက် (ရခိုင်ပြည်)
August 20, 2026 (Thursday)


Thursday, July 30, 2026

မြောက်ဦးနတ်လူပျို ပန်းတျား နတ်သာခြင်း



မြောက်ဦးနတ်လူပျို ပန်းတျားနတ်သာခြင်း
(၁၉၇၅ ခုနှစ် မြောက်ဦးမြို့ သင်္ကြန်သံကျပ် ပထမဆုရ နတ်သာခြင်း)

မြောက်ဦးတွင်လတ် သမိုင်းမှတ်
ဂုဏ်ပေါင်းခညွတ် ဘုမ္မိရပ်
မြောက်ဦးတွင်လတ် ဘုမ္မိရပ်လေး။

သင်္ကြန်တွင်းမှာ ဆင်းလို့လာ
မဟာအထွဋ် မြောက်ဦးနတ်လေး။

ဒုံးပျံမစီး ဒေနတ်ကြီး
နတ်ကြီးမဟာ ခြီကျင်လာလေး။

လူစိတ်ကိုဖျောက် နတ်စိတ်ရောက်
တောင်မြောက်ဝဲယာ ကြည့်လတ်ယာလေး။

ကြည့်လိုက်တိုင်းပင် ငါနတ်မြင်
မဏ္ဍပ်ထဲတွင် ငါနတ်မြင်လေး။

ဒေမဏ္ဍပ်သူ နှမဖြူ
တမူကွဲပြား ၀တ်အစားလေး။

လုံအောင်မဆင် အဆန်းထွင်
မမြင်မကောင်း ချက်ဟောင်းလောင်းလေး။

လုံအောင်မ၀တ် အဆန်းတတ်
မအပ်မရာ ရှက်စရာလေး။

နတ်ကြီးအသျှင် မာန်စိတ်၀င်
ရီမလောင်းချင် ပြန်ဖို့ပျင်လေး။

ဟာဟေ နားမလည်ကေ အချေရို့ကို
ခွင့်လွှတ်ပါလေး။

တုန်ကာလှုပ်ကာ ပြန်ဝင်လာ
ဆောင့်ကာတုန်ကာ ပြန်၀င်လာလေး။

ရီစင်လောင်းချင် မဏ္ဍပ်၀င်
ကြင်သူနှမ အယင်ထလေး။

ယဉ်သူကျေးသူ ရခိုင်သူ
ကြင်သူနှမ ကြိုက်မဝလေး။

မြင်သူငေးသူ သဇင်ဖြူ
ကြင်သူနှမ ချစ်မဝလေး။

ဖလားကိုကောက် လက်ကိုမြှောက်
တပေါက်ရီစင် လောင်းအယင်လေး။

နှစ်ယောက်တူပြိုင် မညောင်းနိုင်
သူနိုင်ငါနိုင် မညောင်းနိုင်လေး။

မျက်နှာချင်းဆိုင် ဖလားကိုင်
သူနိုင်ငါနိုင် မညောင်းနိုင်လေး။

ဖလားကိုင်ကာ ရီလောင်းပါကေ
ကညာလည်းပျော် မောင်လည်းပျော်လေး။

မေတ္တာရီစင် လောင်းလိုက်လျှင်
နှမလည်းကြင် မောင်လည်းကြင်လေး။

ဟာဟေး မောင့်မှာရာလည်းပင်ပန်း လက်နှင့်ခြီလေ
ခွီယိုင်နွမ်းကေ ပန်းလှမယေမေဇူ သဇင်ဖြူမှာ
ရီစင်အီးကို ဖြန်းပီးပါလေး။


Monday, July 27, 2026

ပညာတတ်ကြီးဖြစ်လိမ့်မေ



ပညာတတ်ကြီးဖြစ်လိမ့်မေ
==============

ပုယေ ပုယေ
အပုယေ
ပုခက်ချေမှာ
အမင်သိပ်
အိပ်ပါလေ။

ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။

တံတိုင်းကာကေ
ကာလို့ဆီး။

ရန်ဖီးအန္တရာယ်
မကျရယောင်
ကာလို့ကွယ်
စစ်တိုက်စောင် လားခရေ။

အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။

ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။

မောင်ကြီးဖခင်
ကိုင်းလယ်ပြင်ကို
စပါးရိပ်စောင် လားခရေ။

အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။

ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။

မောင်ကြီးဖခင်
ကျေးဇူးသျှင်
ဖခင်မအား
ချောင်းကမ်းနားကို
ငါးဖမ်းစောင် လားခရေ။

အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။

ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။

မောင်ကြီးဖခင်
ကျေးဇူးသျှင်
ဖခင်တောင်နား
နွားကျောင်းစောင်
လားခရေ။

အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။

ပုယေ ပုယေ
အပုယေ
အမင်ချော့သိပ်
မအိပ်ခင်မှာ
လိပ်ကမ္ဘာမ
ပုံဝတ္ထုကို ပြောလို့ပြမေ
အပုယေမှာ
ကြားရယောင်လေ
နားထောင်လေ။

အမင်စကား
နာလို့ကြားကေ
အပုယေ သားချေကြီးခါ
ပညာတတ်ကြီးဖြစ်လိမ့်မေ
ဇူးဝေဝေဇူး။

သာလှဦး (မြောက်ဦး)
July 27. 2026 (တလင်္လာနိ)


Sunday, July 26, 2026

ရခိုင် (နှင့်) ဗမာ



ရခိုင် (နှင့်) ဗမာ
===========

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ ပြုစုထားသော စာဝေါဟာရများ
ရခိုင်နှင့်ဗမာတို့သည် စာဝေါဟာရတစ်လုံးကို တစ်ယောက်တစ်ဝက် ခွဲခြမ်းပြီးသုံးစွဲနေကြသည်ကို တွေ့ရကြောင်း ပြုစုထားခြင်းဖြစ်ပေသည်။
ရခိုင်ကရှေ့စာလုံးကိုယူလျှင်ဗမာက နောက်စာလုံးကိုယူ၍သုံးသည်။ဗမာက ရှေ့စာလုံးကို သုံးလျှင် ရခိုင်က နောက်စာလုံးကိုသုံးကြပေသည်။
အထက်ပါအချက်အလက်များကို တိုင်းရင်းသားများသိရှိနိုင်စေရန် ထပ်ဆင့်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။
ဥပမာ-----
၁။(မူးယစ်သည်) ကြိယာတစ်လုံးကို
ဗမာ အသုံး (မူးသည်)
ရခိုင်အသုံး (ယစ်သည်)
၂။ခူးဆွတ်သည်
ဗမာ အသုံး (ခူးသည်)
ရခိုင်အသုံး (ဆွတ်သည်)
၃။ဝမ်းဗိုက် (နာမ်)
ဗမာအသုံး (ဗိုက်)
ရခိုင်အသုံး(ဝမ်း)
၄။ကန်ကျောက်သည်
ဗမာအသုံး (ကန်သည်)
ရခိုင်အသုံး (ကျောက်သည်)
၅။ လျှော်ဖွတ်သည်
ဗမာအသုံး (လျှော်သည်)
ရခိုင်အသုံး(ဖွတ်သည်)
၆။မှောင်မိုက်သည်
ဗမာအသုံး (မှောင်သည်)
ရခိုင်အသုံး (မိုက်သည်)
၇။စိုစွတ်သည်
ဗမာအသုံး (စိုသည်)
ရခိုင်အသုံး (စွတ်သည်)
၈။နောက်ကျော( နာမ်)
ဗမာအသုံး (ကျောကုန်း)
ရခိုင်အသုံး (နောက်ကုန်း)
၉။အာကာကောင်းကင် (နာမ်)
ဗမာအသုံး (ကောင်းကင်)
ရခိုင်အသုံး (အာကာ)
၁၀။ ပတ်လောင်းသည်
ဗမာအသုံး (ပတ်သည်)
ရခိုင်အသုံး (လောင်းသည်)
၁၁။လူးလိမ့်ကျသည်
ဗမာအသုံး (လိမ့်ကျသည်)
ရခိုင်အသုံး (လူးကျသည်)
၁၂။ခြောက်သွေ့သည်
ဗမာအသုံး (ခြောက်သည်)
ရခိုင်အသုံး (သွေ့သည်)
၁၃။အလျင်အမြန်
ဗမာအသုံး(အမြန်)
ရခိုင်အသုံး( အလျင်)
၁၄။ရွက်ချီသည်
ဗမာအသုံး (ချီသည်)
ရခိုင်အသုံး (ရွက်သည်)
၁၅။လုံးထွေး(ထွီး)
ဗမာအသုံး (လုံးသည်)နပန်း
ရခိုင်အသုံး (ထွီးသတ်သည်)
၁၆။သွားလာသည်
ဗမာအသုံး (သွားသည်)
ရခိုင်အသုံး (လာသည်)
ဤနေရာတွင် ရခိုင်စကား၌ (လာသည်)ကြိယာသည် ကိုယ့်ထံသို လာခြင်းကိုဆိုသည်။
ဗမာတွင်မူ ကိုယ့်ထံမှတစ်ခြားတစ်နေရာသို့ သွားခြင်းကိုဆိုလိုသည်။
၁၇။ထစ်အင့်သည်
ဗမာအသုံး (ထစ်သည်)
ရခိုင်အသုံး (အင့်သည်)
၁၈။စိတ်သဘောကောင်းသည်
ဗမာအသုံး (သဘောကောင်းသည်)
ရခိုင်အသုံး (စိတ်ကောင်းသည်)
၁၉။လောင်းလှေ
ဗမာအသုံး (လှေ)
ရခိုင်အသုံး (လောင်း)
၂၀။လိမ်ညာပြောသည်
ဗမာအသုံး (ညာ‌ပြောသည်)
ရခိုင်အသုံး (လိမ်ပြောသည်)
၂၁။ကိုက်ညှပ်သည်
ဗမာအသုံး (ဆံပင်ညှပ်သည်)
ရခိုင်အသုံး (ဆံပင်ကိုက်သည်)
၂၂။ပျော့ပျောင်းသည်
ဗမာအသုံး (ပျော့သည်)
ရခိုင်အသုံး (ပျောင်းသည်)
၂၃။အမောဆို့သည်
ဗမာအသုံး (ရင်‌မောသည်)
ရခိုင်အသုံး (ရင်ဆို့သည်)
၂၄။ရပ်တန့်သည်
ဗမာအသုံး (ရပ်သည်)
ရခိုင်အသုံး (တန့်သည်)
၂၅။တာအကွာအဝေး
ဗမာအသုံး (အကွာအဝေး)
ရခိုင်အသုံး (တာ)
၂၆။ရိုက်သတ်သည်
ဗမာအသုံး (ရိုက်သည်)
ရခိုင်အသုံး (သတ်သည်)
၂၇။စိတ်ခြမ်းသည်
ဗမာအသုံး (အခြမ်းခြမ်းပေးပါ)
ရခိုင်အသုံး (အစိပ်စိပ်ပေးပါ)
၂၈။ဖလှယ်သည်
ဗမာအသုံး ( ပစ္စည်းချင်းလှယ်သည်)
ရခိုင်အသုံး (ပစ္စည်းချင်းဖသည်)
၂၉။အကြောင်းအခြင်း
ဗမာအသုံး(သူများအကြောင်း)
ရခိုင်အသုံး(သူများအခြင်း)
၃၀။ပူနွေး
ဗမာအသုံး (ရေနွေး)
ရခိုင်အသုံး (ရေပူ)
၃၁။တည်ဆောက်
ဗမာအသုံး (ရေနွေးတည်သည်)
ရခိုင်အသုံး (ရေပူဆောက်သည်)
၃၂။မခံချိ
ဗမာအသုံး ( နာလို့မခံနိုင်)
ရခိုင်အသုံး (နာလို့မချိ)
၃၃။အခြေအနေ
ဗမာသုံး (အခြေကျ)
ရခိုင်သုံး (အနေကျ)(အနီကျ)
၃၄။ငါးဟင်း
ဗမာသုံး (ဘာဟင်းနဲ့စားလဲ)
ရခိုင်သုံး (ဇာငါးနဲ့စားလဲ)
၃၅။ကပ်စိ
ဗမာသုံး (အတွက်ကပ်သည်)
ရခိုင်သုံး (အတွက်စိသည်)
၃၆။ဘယ်ဇါ့အတွက်ကြောင့်
ဗမာအသုံး (ဘယ်အတွက်ကြောင့်)
ရခိုင်အသုံး (ဇါအတွက်ကြောင့်)
၃၇။ချွဲကျိ
ဗမာသုံး (ချွဲမနေနဲ့)
ရခိုင်အသုံး (ကျိမနီဂေ့)(ကျိမနေနဲ့)
၃၈။ဖြောင့်တန်း
ဗမာအသုံး (ဖြောင့်ဖြောင့်သွားသည်)
ရခိုင်အသုံး (တန်းလို့လားသည်)(လား=သွား)
၃၉။သာကောင်း
ဗမာအသုံး (ကောင်းလေစွ)
ရခိုင်အသုံး (သာလီစွ)
၄၀။စွာကျယ်
ဗမာအသုံး (လူစွာ)
ရခိုင်အသုံး (လူကျယ်)
၄၁။အေးချမ်း
ဗမာအသုံး (ရာသီဥတုအေးသည်)
ရခိုင်အသုံး (ရာသီဥတုချမ်းသည်)
၄၂။တိုးပေါက်
ဗမာအသုံး (ပွဲတိုး)
ရခိုင်အသုံး (ပွဲပေါက်)
၄၃။ရှောင်ဖယ်
ဗမာအသုံး (ဖယ်စမ်း)
ရခိုင်အသုံး (ရှောင်စမ်း)(ရှောင်ဝေး)(ရှောင်ဟေး)(ရှောင်ပလင်)
၄၄။လမ်းဆုံလမ်းခွ
ဗမာအသုံး (လမ်းဆုံ)
ရခိုင်အသုံး (ခွဆုံ)
၄၅။အတော်အတန်
ဗမာအသုံး (အင်းကျီအတော်ပဲ)
ရခိုင်အသုံး (အင်းကျီအတန်ဗျာယ်)
၄၆။ပြင်ဆင်
ဗမာအသုံး (အလှပြင်သည်)
ရခိုင်အသုံး (အလှ ဆင်သည်)
အနည်းငယ်တင်ပြခြင်းသာဖြစ်ပါသည်။


အဝကျွန်းသမိုင်းရာဇဝင်


အဝကျွန်းသမိုင်းရာဇဝင်
====================

ကံဆိုးမိုးမှောင် ကျယင်းနှောင်၍
ပြည်ဘောင်ရက္ခ ချက်မြှုပ်မှလျှင်
များလှရန်စွယ် အန္တရာယ်ကို
ယှောင်ဖယ်လိုဘိ ထိုအသိကြောင့်
မိမိနီရာ ဖောင်းခါးရွာက
လျှင်စွာအပြီး လောင်လှီကြီးနှင့်
ခရီးရီပြင် သီဒါခွင်ကို (--------)

ရီနီဆိုးကြမ်း ငါးမန်းငါးဆင်
ငါးဘုရင်လည်း လောင်းတွင်လာကပ်
ရန်မူလတ်၍ သတ်မည်အယောင်
ခေါင်းကိုထောင်လျှက် မျှောင်လာငြားကျင်
ရင်ဆိုင်တွိရ ငိုမိရ၏။

ပြည်မှအထွက် အနောက်ဘက်သို့
တည်လျှက်လောင်းကို နီညိုညိုတွင်
လီချိုပြင်းထန် ထလတ်ပြန်၍
မမှန်ဥတု ရာသီလုချိန်
မိုးမငြိမ်ဘဲ ထသည့်လှိုင်းဆိုး
ယက်ခေါက်ကျိုးကာ
အိမ်မိုးခေါင်သွင် တောင်ယောင်ထင်၏၊

သမုဒ္ဒရာ ခရီးမှာမူ
များစွာဖီးရန် အတန်တန်ကြောင့်
ကြံဖန်ကြိုးကုတ် နောက်ပြန်ဆုတ်လည်း
အယုတ်များစွာ မသမာနှင့်
ဆိုင်ကာဖီးတွိ သီနိစီဖို့။

လားမိလားရာ လားလီပါသော်
ကြီးစွာရန်မီး လှိုင်းလီကြီးနှင့်
ခရီးထွက်လာ ငါးရက်ကြာသည်
ကျွန်းသာအနောက်သို့ရောက်လီရေ၊၊

ထွက်လာပြီးနောက် ကျွန်းသို့ရောက်လည်း
ဝမ်မြောက်စရာ မဟိပါတည်း။

ကျွန်းမှာကျွန်းရိုင်း တောခြုံဝိုင်း၍
အုံမှိုင်းထူထပ် ကြားမလပ်ပဲ
ထွီးညှပ်ယှက်ပွီ (—---)

များသည်သရဲ တောကျွဲမြွီကျား
ဖီးရန်များကာ ဟိငြားမကန်
ကျွန်းရိုင်းမှန်၏။

တန်တန်ရန်သူ
ရီ၌မူလည်း ပြွန်းထူမီးကျောင်း
ကြောက်ဖွယ်ကောင်း၏။

တကြောင်းများထူ
ကြွက်ရန်သူလည်း ဆူပူသောင်းကျန်း
တောခြုံလွှမ်း၍ စိတ်နွမ်းမအီး
ထိုရန်မီးကြောင်း အသီးအနှံ
ဆုံးရပြန်သော် စားရန်ဝမ်းစာ
မလောက်ပါ၍ ရန်ခါဆက်ပြတ်
ထမင်းငတ်၏။

လိုက်လတ်ဝိဘက်
ထိုဒဏ်ချက်မှ ကျွတ်ထွက်စီလို
တောင်းဆုဆိုရေ။

နောင်ကိုသတိ
ဝဋ်မငြိအောင် အသိဓမ္မ
ဟိကတ်မှရာ လွတ်ဟိပါမည်။

တောရိုင်းထဲတွင် ဖီးကိုမြင်၍
ပြန်ချင်သောဇော သဘောပေါ်မိ
အာရုံဟိလည်း မရွိနိုင်ပါ။

သီတာခြားသည်
ဇာမှာဇာသို့ လားဖို့လမ်းပင်
မှန်းမမြင်ဘဲ အရှင်ငရဲ
ရခိုင်ခွင်ကို ပြန်ဝင်ရေးကား
တွေး၍မရ ဘဝဇာပိုင်
အေလူရို့မှာ မတွိနိုင်ပါ။

ထွက်လာချိန်တွင် စိတ်ဘဝင်လည်း
မရွှင်ညှိုးနွမ်း မျက်ရည်ရွှမ်းလျှက်
တမ်းတမ်းတတ ရိပန်းလှ၏။

ထွက်ရအခက် နီအခက်နှင့်
မသက်မသာ လားရပါလျှက်
ဆရာသျှင်ကောင်း ရွာဦးကျောင်းက
ဦးနန္ဒကို မလျှောက်ခရ။

တရက်မျှနှင့် စုရအိမ်ဝန်
ဆန်ဆီငပိ ဆုံကျမွိနှင့်
ဝါစိမျိုးမှန် ပိုက်ကွန်ယက်သဲ့
စုံအောင်ထည့်၍ မိ၍မကျန်
ယူရပြန်၏။

ဆိုးလှဇာတာ
ချက်မြှုပ်ရွာတွင် နီချင်ပါလည်း
မနီခရ ထွက်ပြီးရရေ။

ဒုက္ခဖုံဖုံ ခံရပုံကို
စိစုံသိရန် ရွီးရပြန်သည်
အမှန်ငါရို့ပွဲတွိတည်း။ ။

ဤကဗျာအပြည့်အစုံသည် ဝရာဇ်မြီ (ဦးရာဇ်မြီ) မဂ္ဂဇင်း အမှတ် (၆) တွင် အပြည့်အစုံပါပါသည်။ ကျကျန်ခသည့် အပိုဒ်များကို ဖြည့်စွက်ပီးရန် ပြည်ထဲက စာပီပညာသျှင်များကို အကူအညီတောင်းဖူးပါသည်။ ကူညီဖြည့်စွက်ပီးဖို့လူတိ ရှာမတွိပါ။ သို့ဖြစ်ပါ၍ မပြည့်မစုံဖော်ပြပီးလိုက်ရပါသည်။

အေနိ အသိအစ်ကိုကြီးတယောက်နှင့်စကားမိစပ်ရာမှ အတွက်ပြန်ပေါ်၍ ပြန်လိုက်ရှာကြည့်ရာ မိမိလက်ထဲ၌ဟိသောမူမှာ မည်သည့်နီရာတွင် သိမ်းထားမှန်းလည်း မမှတ်မိလိုက်ပါယာ။ ရှာလို့လည်း မတွိလိုက်ပါယာ။ ယေဇူး Internet တွင် လိုက်ရှာကြည့်ရာ ပြန်တွိသဖြင့် ပျောက်ပျက်မလားရအောင် ပြန်၍ Share လုပ်ပီးလိုက်ရပါသည်။

(ရခိုင်ပေါင်းကူး သာလှဦး)
July 26, 2026 (တလင်္ဂုနီနိ)



ဦးမြဝါဒုံးယိမ်း


ဦးမြဝါဒုံးယိမ်း
==========

(မောင်ရို့မောင်ရို့ လေးလေးလေးလေး
လေးလေးလေးလေး မောင်ရို့မောင်ရို့)

ကျားရုပ်ဆရာတော် ပျံတော်မူ
ဒေရွာသားတိ ဒုံးမကလား။

အရပ်ရပ်က နှိုးဆော်လာ
ဘောင်းဒွတ်မပါ မပြီးပါသိမ့်။

စက်သူဌီးကြီး ကောင်းကျော်ဖြူ
သိန်းထီလောင်ပေါ် ပေါက်ပါစီသား
စီးပွားဥစ္စာ တိုးပါစီသား
ဖြားရီတက်ပိုင် တက်ပါစီသား။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)

ကိုယ့်နီရာ ကိုယ်စီဝင်ကတ်
လေးယောက်ညီညာ ကျအောင်ဝင်ကတ်
နောက်ကိုဟန်နှင့် ယိမ်းလို့ဆုတ်လိုက်
မီးသင်္ဘောကြီး စက်ခုတ်သံ
နောက်ကိုဟန်နှင့် ယိမ်းလိုက်ဆုတ်လိုက်။

(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)
နီရာများ ရောက်သောခါ
ညီစိညာစိ အားလုံးတည့်တည့်ရပ်။

ရက္ခအောင်ချာ မဏ္ဍလမှာ
မြို့ရွာချမှတ် ထီးနန်းတည်
မြောက်ဦးရွှီပြည် ဌာနီမြတ်က
မော်ကွန်းတင်မှတ် ဦးမြဝါ
များလူတကာ နီရာနှံ့အောင်
နိညမပြတ် နာမည်ပြောင်
ရခိုင့်ပြည်ဘောင် လွန်ထင်ရှားရေ
(ဦးမြဝါ ဇာနီစင်စစ်)

ဇာနီစင်စစ် ဦးမြဝါ
သက္ကရာဇ်ကောဇာ သျှစ်ရာ့ငါးဆယ်
စွန်းဝယ်လေးခု လဝါဆို
ပြည့်ပုဏ္ဏမီ ထိုသည်ခိုက်တွင်
မီးရှုးသန့်စင် ဖွားမြင်လတ်ပြီး
ဌာနီဘူမိ ရခိုင်ပြည်
(မြတ်အမြုတေ ရတနာခဲ)

ငယ်မည်နာမ မောင်မြဝါ
မဟာပညာကျော် မြတ်သာထွန်းနှင့်
ရာဇာမင်းဘာ စောသီရိရို့
ငယ်ဆွီရောင်းရင်း မှတ်တမ်းတင်
အသိကျွမ်းဝင် အရွယ်ရောက်လို့
ပညာရင်နို့ သောက်စို့ရာ
အဂ္ဂစိန္ဒေယျာ ဆရာမြတ်ထံ
(သုံးဆွီသက်နှံ ဆယ့်ခြောက်နှစ်ထိ)

ထိုမှတဆင့် မြင့်ပညာ
တက်လှမ်းပြီးခါ သင်ယူရအောင်
ဗာရာဏသီ ဘုမ္မီရပ်ဝယ်
ယောဂီကဝိ တဆူဉာဏ်
ဓါတ်နုမန္တာန် ငင်အတတ်ကို
စုံစိမွှီနောက် ကျီပြီးလျှင်
ကိုယ့်ရပ်တိုင်းခွင် ဌာနီရောက်အောင်
မက်မက်မောမော ပြန်လတ်တေ
(ကဝိထွန်းပေါ် ဦးမြဝါဟေ့)

ကဝိပေါ်ထွန်း ဦးမြဝါ
ပညာတတ်ပွန် ကျီပြန်ပြီးက
စံနန်းကွန့်မြူး မြောက်ဦးမှာ
ဓါတ်နုမန္တာန် ငင်အတတ်နှင့်
ထင်ရှားအီးချမ်း သာကြောင်းရည်
ရက်ရောသာကြည် သက်ကိုစွန့်လို့
မြို့သက်ရှည်ကြာ ဓွန့်ရှည်ထွန်းအောင်
ဆောင်ရွက်ခဗျာယ်။

(ဦးမြဝါ လေးစားပါယင့်)
(ဦးမြဝါ ဇာနီစင်စစ်)

ရက္ခမဏ္ဍလတိုင်းမြတ်ကျော် ပညာဟိများပေါ်ပေါ်
ပညာကျော် ပညာကျော် တိုင်းအသိ ကဝိအမော်
တိုင်းသိအကျော် တိုင်းသိအကျော် တိုင်းသိအမော်
အမတ်တော်လည်း (ဝိမလ) ၂ ရဲစွမ်းရေ (ဦးမြဝါ) ၂
(စာဆိုမှာ) ၂ မင်းညိုပါလေး --။

ရွှီပြည်ရက္ခတိုင်းမြတ်အလယ်
ကစ္ဆပက မြတ်လှတင့်တယ်
လက်ဝဲဖက်မြို့ ကိုးဆယ်ကိုးလေ
လက်ယာဖက်မြို့ ကိုးဆယ်ကိုးလေ
မြင်ရေမြင်ရေ အယင်ရှိဝယ်
ရင်ထဲရင်ထဲ ဘဝင်ဆွေးရေ။

မင်းစောမွန်တည် မြို့မြောက်ဦးလေ
အခုထက်တိုင် ဟိပါသိမ့်ရေ။

မြို့ရိုးကြီးနှင့် နန်းရာကုန်းလေ
ရှိခေတ်ဟောင်းကို အောင့်မိပါရေ။
(အောင့်မိရေ) ၂ အောင့်မိပါရေလေး။

(ဦးမြဝါ) ၂ အသက်ကိုစွန့်ပျာယ် လားရေလေးလေ
ဘုရင်ကြီးနှင့်ပြည်သူအများ သောကပူပင်ပွားရေလေးလေ
ရက္ခမဏ္ဍလတိုင်းကိုလ အံမတုနိုင်ရန် တခြားနိုင်ငံ
အာဇာနီဇာနီသွီးယေက ပြေငြိမ်းလီပြန် ငြိမ်းလီပြန်
စီမံကာဖြင့် ကြံစည်အား အသက်ကို စွန့်ဗျာယ်လားရေလေးလေ
ပြည်သားပြည်သူများမှာလ အပူမီးဖြာရေ မီးဖြာရေ
မျက်ရည်အသွယ်သွယ်စီးပါလို့ ငိုညီးကာလေ ညီးကာလေ
ပူဇော်ဖို့အရေး ဈာပနပွဲ ဖောင်တော့်တင်ပျာယ် ဆွဲရေလေးလေ
(ဆွဲရေးလေ) ၂ ဆွဲပါရေလေး --။

မင်္ဂလကြက်သရေစုံစွာ တည်ဇာထွန်းရေ
ဇမ္ဗုဒိပ္ပါလက်ယာကျွန်းမှာ မော်ကွန်းတင်ခရေ
လေးဝတီထင်ရှားပါလှရေ ဘုရားမြတ်စွာဗျာဒိတ်ပီးခရေ
ဖီးဘယာဝီးလို့ စည်ပင်သာလှရေ --။

ဇမ္မူဒိပါလက်ယာကျွန်းမှာ
နီရောင်လရောင်ထိန်ပြောင်လင်းရေ
ရက္ခမဏ္ဍဓညဝတီ
ငရို့ဌာနီ ရွှီပြည်ကြီးကို
စန္ဒသူရိယာဓိဌာန်ပြုလို့
ငရို့ဘုရားကြွချီလာ
ထိုစဉ်အခါ ပြိုင်စံယှားရေ
ငရို့အမတ် ပညာကျော်
ဝိမလခေါ် သုခမိန်ကြီးနှင့်
ပညာဝံသ ငလက်ရုံး
မျိုးရခိုင်ဘုန်း မိုးသို့ချုံး
ယိုးဒယားနှင့်တိုင်းဟံသာ
ဒေလီပဆာ အာသံရို့မှာ
ဘဏ္ဍာတော်မြတ်ဆက်ရရှာ
(ငရို့ဘုန်းရောင်နီသို့အလား)
ငရို့ပြည်ငရို့မျိုး ငရို့ဘုရင်
(ငရို့ဘုန်းရောင်နီသို့အလား)
ရာဇာကြီးနှင့် မြတ်မင်းဗာ
(စောမွန်ဘွဲ့မှာ ယဉ်နုပါ၏)
(ဦးမြဝါလေးစားပါယင့်)၂
ရာဇသနင်း မြတ်မင်းဗာ
(ဗုဒ္ဓဘာသာ ဒါယကာမင်း)
ပင်လယ်ရီပြင် ပိုင်ကာစိုးလို့
ရခိုင်ရို့၏ရီတပ်မတော်
(ကမ္ဘာပေါ်မှာ ထင်အရှားကြီး)
တေဇာထွန်းပြောင် ဂုဏ်ရောင်မညှိုး
ရခိုင်လူမျိုး ကမ္ဘာကျော်
(ကမ္ဘာတခွင် ထင်အရှားကြီး)
(ဦးမြဝါလေးစားပါယင့်) ၃ --။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)

အသက် (၈၀) ဆရာမကြီးစောသိန်းတန်အား မှီငြမ်းပါသည်။