Sunday, February 9, 2020

ဖဖရဲသီး ရဲရဲကြီး

ဖဖရဲသီး ရဲရဲကြီး
==========

မက္ကလာယေ ရိုင်ရိုင်
ကြိမ်သားတုတ်ကို နောင်းနောင်းကိုင်
ပြည်မဏ္ဍိုင်က ရခိုင်သားမှာ
မြန်မာစာကို ရခိုင်စာဟု
အာဘောင်အာရင်း ငြင်းခုံခြင်းကြောင့်
ချင်းချင်းကွဲပြား
အောက်စကားဖြင့် မှောက်မှောက်မှားမှား
ရွီးငြားသောခါ ရခိုင်စာမှာ
ကွယ်ကာလည်းပျောက် ငါးပါးမှောက်တေ။

ယောက်ဖဖတ်ဖို့ နားလည်ဖို့ဟု
ကိုယ့်စာကိုဖျောက် ငါးပါးမှောက်သော်
ယောက်ဖဧကန် ခေါ်ခြင်းဟန်ကား
အမှန်မောင်ကြီး ယခီးငပြာ
ပြောသောခါတွင် ရင်မှာမီးတောက်
ဗြောက်အိုးဖောက်သို့ ဒေါသပေါက်ကွဲ
 နောက်ပြန်လဲသည်
ဖောက်လွဲဖောက်ပြန်နီတုန်းသိမ့် --။

ရခိုင်ရို့သွီး ရဲတွီးနီတျာ
သံထက်မာလည်း
အယူလွဲသော်
ဖရဲသီးကြီး ကွဲယှောင်တည်း --။ ။

(သာလှဦး)(မြောက်ဦး)
February 1st, 2020 (စနီနိ)


No comments:

Post a Comment