Sunday, July 26, 2026

ရခိုင် (နှင့်) ဗမာ



ရခိုင် (နှင့်) ဗမာ
===========

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ ပြုစုထားသော စာဝေါဟာရများ
ရခိုင်နှင့်ဗမာတို့သည် စာဝေါဟာရတစ်လုံးကို တစ်ယောက်တစ်ဝက် ခွဲခြမ်းပြီးသုံးစွဲနေကြသည်ကို တွေ့ရကြောင်း ပြုစုထားခြင်းဖြစ်ပေသည်။
ရခိုင်ကရှေ့စာလုံးကိုယူလျှင်ဗမာက နောက်စာလုံးကိုယူ၍သုံးသည်။ဗမာက ရှေ့စာလုံးကို သုံးလျှင် ရခိုင်က နောက်စာလုံးကိုသုံးကြပေသည်။
အထက်ပါအချက်အလက်များကို တိုင်းရင်းသားများသိရှိနိုင်စေရန် ထပ်ဆင့်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။
ဥပမာ-----
၁။(မူးယစ်သည်) ကြိယာတစ်လုံးကို
ဗမာ အသုံး (မူးသည်)
ရခိုင်အသုံး (ယစ်သည်)
၂။ခူးဆွတ်သည်
ဗမာ အသုံး (ခူးသည်)
ရခိုင်အသုံး (ဆွတ်သည်)
၃။ဝမ်းဗိုက် (နာမ်)
ဗမာအသုံး (ဗိုက်)
ရခိုင်အသုံး(ဝမ်း)
၄။ကန်ကျောက်သည်
ဗမာအသုံး (ကန်သည်)
ရခိုင်အသုံး (ကျောက်သည်)
၅။ လျှော်ဖွတ်သည်
ဗမာအသုံး (လျှော်သည်)
ရခိုင်အသုံး(ဖွတ်သည်)
၆။မှောင်မိုက်သည်
ဗမာအသုံး (မှောင်သည်)
ရခိုင်အသုံး (မိုက်သည်)
၇။စိုစွတ်သည်
ဗမာအသုံး (စိုသည်)
ရခိုင်အသုံး (စွတ်သည်)
၈။နောက်ကျော( နာမ်)
ဗမာအသုံး (ကျောကုန်း)
ရခိုင်အသုံး (နောက်ကုန်း)
၉။အာကာကောင်းကင် (နာမ်)
ဗမာအသုံး (ကောင်းကင်)
ရခိုင်အသုံး (အာကာ)
၁၀။ ပတ်လောင်းသည်
ဗမာအသုံး (ပတ်သည်)
ရခိုင်အသုံး (လောင်းသည်)
၁၁။လူးလိမ့်ကျသည်
ဗမာအသုံး (လိမ့်ကျသည်)
ရခိုင်အသုံး (လူးကျသည်)
၁၂။ခြောက်သွေ့သည်
ဗမာအသုံး (ခြောက်သည်)
ရခိုင်အသုံး (သွေ့သည်)
၁၃။အလျင်အမြန်
ဗမာအသုံး(အမြန်)
ရခိုင်အသုံး( အလျင်)
၁၄။ရွက်ချီသည်
ဗမာအသုံး (ချီသည်)
ရခိုင်အသုံး (ရွက်သည်)
၁၅။လုံးထွေး(ထွီး)
ဗမာအသုံး (လုံးသည်)နပန်း
ရခိုင်အသုံး (ထွီးသတ်သည်)
၁၆။သွားလာသည်
ဗမာအသုံး (သွားသည်)
ရခိုင်အသုံး (လာသည်)
ဤနေရာတွင် ရခိုင်စကား၌ (လာသည်)ကြိယာသည် ကိုယ့်ထံသို လာခြင်းကိုဆိုသည်။
ဗမာတွင်မူ ကိုယ့်ထံမှတစ်ခြားတစ်နေရာသို့ သွားခြင်းကိုဆိုလိုသည်။
၁၇။ထစ်အင့်သည်
ဗမာအသုံး (ထစ်သည်)
ရခိုင်အသုံး (အင့်သည်)
၁၈။စိတ်သဘောကောင်းသည်
ဗမာအသုံး (သဘောကောင်းသည်)
ရခိုင်အသုံး (စိတ်ကောင်းသည်)
၁၉။လောင်းလှေ
ဗမာအသုံး (လှေ)
ရခိုင်အသုံး (လောင်း)
၂၀။လိမ်ညာပြောသည်
ဗမာအသုံး (ညာ‌ပြောသည်)
ရခိုင်အသုံး (လိမ်ပြောသည်)
၂၁။ကိုက်ညှပ်သည်
ဗမာအသုံး (ဆံပင်ညှပ်သည်)
ရခိုင်အသုံး (ဆံပင်ကိုက်သည်)
၂၂။ပျော့ပျောင်းသည်
ဗမာအသုံး (ပျော့သည်)
ရခိုင်အသုံး (ပျောင်းသည်)
၂၃။အမောဆို့သည်
ဗမာအသုံး (ရင်‌မောသည်)
ရခိုင်အသုံး (ရင်ဆို့သည်)
၂၄။ရပ်တန့်သည်
ဗမာအသုံး (ရပ်သည်)
ရခိုင်အသုံး (တန့်သည်)
၂၅။တာအကွာအဝေး
ဗမာအသုံး (အကွာအဝေး)
ရခိုင်အသုံး (တာ)
၂၆။ရိုက်သတ်သည်
ဗမာအသုံး (ရိုက်သည်)
ရခိုင်အသုံး (သတ်သည်)
၂၇။စိတ်ခြမ်းသည်
ဗမာအသုံး (အခြမ်းခြမ်းပေးပါ)
ရခိုင်အသုံး (အစိပ်စိပ်ပေးပါ)
၂၈။ဖလှယ်သည်
ဗမာအသုံး ( ပစ္စည်းချင်းလှယ်သည်)
ရခိုင်အသုံး (ပစ္စည်းချင်းဖသည်)
၂၉။အကြောင်းအခြင်း
ဗမာအသုံး(သူများအကြောင်း)
ရခိုင်အသုံး(သူများအခြင်း)
၃၀။ပူနွေး
ဗမာအသုံး (ရေနွေး)
ရခိုင်အသုံး (ရေပူ)
၃၁။တည်ဆောက်
ဗမာအသုံး (ရေနွေးတည်သည်)
ရခိုင်အသုံး (ရေပူဆောက်သည်)
၃၂။မခံချိ
ဗမာအသုံး ( နာလို့မခံနိုင်)
ရခိုင်အသုံး (နာလို့မချိ)
၃၃။အခြေအနေ
ဗမာသုံး (အခြေကျ)
ရခိုင်သုံး (အနေကျ)(အနီကျ)
၃၄။ငါးဟင်း
ဗမာသုံး (ဘာဟင်းနဲ့စားလဲ)
ရခိုင်သုံး (ဇာငါးနဲ့စားလဲ)
၃၅။ကပ်စိ
ဗမာသုံး (အတွက်ကပ်သည်)
ရခိုင်သုံး (အတွက်စိသည်)
၃၆။ဘယ်ဇါ့အတွက်ကြောင့်
ဗမာအသုံး (ဘယ်အတွက်ကြောင့်)
ရခိုင်အသုံး (ဇါအတွက်ကြောင့်)
၃၇။ချွဲကျိ
ဗမာသုံး (ချွဲမနေနဲ့)
ရခိုင်အသုံး (ကျိမနီဂေ့)(ကျိမနေနဲ့)
၃၈။ဖြောင့်တန်း
ဗမာအသုံး (ဖြောင့်ဖြောင့်သွားသည်)
ရခိုင်အသုံး (တန်းလို့လားသည်)(လား=သွား)
၃၉။သာကောင်း
ဗမာအသုံး (ကောင်းလေစွ)
ရခိုင်အသုံး (သာလီစွ)
၄၀။စွာကျယ်
ဗမာအသုံး (လူစွာ)
ရခိုင်အသုံး (လူကျယ်)
၄၁။အေးချမ်း
ဗမာအသုံး (ရာသီဥတုအေးသည်)
ရခိုင်အသုံး (ရာသီဥတုချမ်းသည်)
၄၂။တိုးပေါက်
ဗမာအသုံး (ပွဲတိုး)
ရခိုင်အသုံး (ပွဲပေါက်)
၄၃။ရှောင်ဖယ်
ဗမာအသုံး (ဖယ်စမ်း)
ရခိုင်အသုံး (ရှောင်စမ်း)(ရှောင်ဝေး)(ရှောင်ဟေး)(ရှောင်ပလင်)
၄၄။လမ်းဆုံလမ်းခွ
ဗမာအသုံး (လမ်းဆုံ)
ရခိုင်အသုံး (ခွဆုံ)
၄၅။အတော်အတန်
ဗမာအသုံး (အင်းကျီအတော်ပဲ)
ရခိုင်အသုံး (အင်းကျီအတန်ဗျာယ်)
၄၆။ပြင်ဆင်
ဗမာအသုံး (အလှပြင်သည်)
ရခိုင်အသုံး (အလှ ဆင်သည်)
အနည်းငယ်တင်ပြခြင်းသာဖြစ်ပါသည်။


No comments:

Post a Comment