အညှီအဟောက်
===========
တော်လှန်ရီးမှာ
သစ္စာဖောက် --။
စာပီမှာလည်း
အညှီအဟောက် --။
သဘာဝ၏နိယာမ
ယှောင်လွှဲလို့ မရ --။
သစ္စာဖောက်ကို
ထောက်ခံကေ မြောက်ကြွ --။
အညှီအဟောက်သည်လည်း
လောက်၏အဟာရ --။
သစ္စာဖောက်ဆို အပြတ်ယှင်း
အညှီအဟောက်ကို လွတ်ကင်း --။
စင်ထက်တက်လို့ ဟောက်ဟောက်
မိုက်ကိုင်လို့ ဟောက်ဟောက်
မိုးကြိုးပစ်ယှောင် ဟောက်
လိပ်ဂေါင်းထွက်အောင် ဟောက်
လျှာရည်ယိုလို့ မွှမ်လို့ဟောက်ဟောက်
ဟောက်ချင်ဆီဟောက်
အညှီအဟောက်သည် အညှီအဟောက်
အညှီဟောက်လို့
မလွတ်မြောက် --။
(သာလှဧူး)(မြောက်ဧူး)
Friday, June 9, 2017

No comments:
Post a Comment