ပညာတတ်ကြီးဖြစ်လိမ့်မေ
==============
ပုယေ ပုယေ
အပုယေ
ပုခက်ချေမှာ
အမင်သိပ်
အိပ်ပါလေ။
ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။
တံတိုင်းကာကေ
ကာလို့ဆီး။
ရန်ဖီးအန္တရာယ်
မကျရယောင်
ကာလို့ကွယ်
စစ်တိုက်စောင် လားခရေ။
အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။
ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။
မောင်ကြီးဖခင်
ကိုင်းလယ်ပြင်ကို
စပါးရိပ်စောင် လားခရေ။
အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။
ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။
မောင်ကြီးဖခင်
ကျေးဇူးသျှင်
ဖခင်မအား
ချောင်းကမ်းနားကို
ငါးဖမ်းစောင် လားခရေ။
အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။
ပုယေ ဖခင်
ကျေးဇူးသျှင်
ဖခင်မောင်ကြီး
မြင့်မိုရ်တောင်လေ
ရိုးတောင်ကြီး။
မောင်ကြီးဖခင်
ကျေးဇူးသျှင်
ဖခင်တောင်နား
နွားကျောင်းစောင်
လားခရေ။
အပုယေမှာ
အမင်သိပ်
အိပ်ပါလေ
ဇူးဝေဝေဇူး။
ပုယေ ပုယေ
အပုယေ
အမင်ချော့သိပ်
မအိပ်ခင်မှာ
လိပ်ကမ္ဘာမ
ပုံဝတ္ထုကို ပြောလို့ပြမေ
အပုယေမှာ
ကြားရယောင်လေ
နားထောင်လေ။
အမင်စကား
နာလို့ကြားကေ
အပုယေ သားချေကြီးခါ
ပညာတတ်ကြီးဖြစ်လိမ့်မေ
ဇူးဝေဝေဇူး။
သာလှဦး (မြောက်ဦး)
July 27. 2026 (တလင်္လာနိ)
Monday, July 27, 2026
Subscribe to:
Post Comments (Atom)


No comments:
Post a Comment