Sunday, July 26, 2026

ဦးမြဝါဒုံးယိမ်း


ဦးမြဝါဒုံးယိမ်း
==========

(မောင်ရို့မောင်ရို့ လေးလေးလေးလေး
လေးလေးလေးလေး မောင်ရို့မောင်ရို့)

ကျားရုပ်ဆရာတော် ပျံတော်မူ
ဒေရွာသားတိ ဒုံးမကလား။

အရပ်ရပ်က နှိုးဆော်လာ
ဘောင်းဒွတ်မပါ မပြီးပါသိမ့်။

စက်သူဌီးကြီး ကောင်းကျော်ဖြူ
သိန်းထီလောင်ပေါ် ပေါက်ပါစီသား
စီးပွားဥစ္စာ တိုးပါစီသား
ဖြားရီတက်ပိုင် တက်ပါစီသား။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)

ကိုယ့်နီရာ ကိုယ်စီဝင်ကတ်
လေးယောက်ညီညာ ကျအောင်ဝင်ကတ်
နောက်ကိုဟန်နှင့် ယိမ်းလို့ဆုတ်လိုက်
မီးသင်္ဘောကြီး စက်ခုတ်သံ
နောက်ကိုဟန်နှင့် ယိမ်းလိုက်ဆုတ်လိုက်။

(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)
နီရာများ ရောက်သောခါ
ညီစိညာစိ အားလုံးတည့်တည့်ရပ်။

ရက္ခအောင်ချာ မဏ္ဍလမှာ
မြို့ရွာချမှတ် ထီးနန်းတည်
မြောက်ဦးရွှီပြည် ဌာနီမြတ်က
မော်ကွန်းတင်မှတ် ဦးမြဝါ
များလူတကာ နီရာနှံ့အောင်
နိညမပြတ် နာမည်ပြောင်
ရခိုင့်ပြည်ဘောင် လွန်ထင်ရှားရေ
(ဦးမြဝါ ဇာနီစင်စစ်)

ဇာနီစင်စစ် ဦးမြဝါ
သက္ကရာဇ်ကောဇာ သျှစ်ရာ့ငါးဆယ်
စွန်းဝယ်လေးခု လဝါဆို
ပြည့်ပုဏ္ဏမီ ထိုသည်ခိုက်တွင်
မီးရှုးသန့်စင် ဖွားမြင်လတ်ပြီး
ဌာနီဘူမိ ရခိုင်ပြည်
(မြတ်အမြုတေ ရတနာခဲ)

ငယ်မည်နာမ မောင်မြဝါ
မဟာပညာကျော် မြတ်သာထွန်းနှင့်
ရာဇာမင်းဘာ စောသီရိရို့
ငယ်ဆွီရောင်းရင်း မှတ်တမ်းတင်
အသိကျွမ်းဝင် အရွယ်ရောက်လို့
ပညာရင်နို့ သောက်စို့ရာ
အဂ္ဂစိန္ဒေယျာ ဆရာမြတ်ထံ
(သုံးဆွီသက်နှံ ဆယ့်ခြောက်နှစ်ထိ)

ထိုမှတဆင့် မြင့်ပညာ
တက်လှမ်းပြီးခါ သင်ယူရအောင်
ဗာရာဏသီ ဘုမ္မီရပ်ဝယ်
ယောဂီကဝိ တဆူဉာဏ်
ဓါတ်နုမန္တာန် ငင်အတတ်ကို
စုံစိမွှီနောက် ကျီပြီးလျှင်
ကိုယ့်ရပ်တိုင်းခွင် ဌာနီရောက်အောင်
မက်မက်မောမော ပြန်လတ်တေ
(ကဝိထွန်းပေါ် ဦးမြဝါဟေ့)

ကဝိပေါ်ထွန်း ဦးမြဝါ
ပညာတတ်ပွန် ကျီပြန်ပြီးက
စံနန်းကွန့်မြူး မြောက်ဦးမှာ
ဓါတ်နုမန္တာန် ငင်အတတ်နှင့်
ထင်ရှားအီးချမ်း သာကြောင်းရည်
ရက်ရောသာကြည် သက်ကိုစွန့်လို့
မြို့သက်ရှည်ကြာ ဓွန့်ရှည်ထွန်းအောင်
ဆောင်ရွက်ခဗျာယ်။

(ဦးမြဝါ လေးစားပါယင့်)
(ဦးမြဝါ ဇာနီစင်စစ်)

ရက္ခမဏ္ဍလတိုင်းမြတ်ကျော် ပညာဟိများပေါ်ပေါ်
ပညာကျော် ပညာကျော် တိုင်းအသိ ကဝိအမော်
တိုင်းသိအကျော် တိုင်းသိအကျော် တိုင်းသိအမော်
အမတ်တော်လည်း (ဝိမလ) ၂ ရဲစွမ်းရေ (ဦးမြဝါ) ၂
(စာဆိုမှာ) ၂ မင်းညိုပါလေး --။

ရွှီပြည်ရက္ခတိုင်းမြတ်အလယ်
ကစ္ဆပက မြတ်လှတင့်တယ်
လက်ဝဲဖက်မြို့ ကိုးဆယ်ကိုးလေ
လက်ယာဖက်မြို့ ကိုးဆယ်ကိုးလေ
မြင်ရေမြင်ရေ အယင်ရှိဝယ်
ရင်ထဲရင်ထဲ ဘဝင်ဆွေးရေ။

မင်းစောမွန်တည် မြို့မြောက်ဦးလေ
အခုထက်တိုင် ဟိပါသိမ့်ရေ။

မြို့ရိုးကြီးနှင့် နန်းရာကုန်းလေ
ရှိခေတ်ဟောင်းကို အောင့်မိပါရေ။
(အောင့်မိရေ) ၂ အောင့်မိပါရေလေး။

(ဦးမြဝါ) ၂ အသက်ကိုစွန့်ပျာယ် လားရေလေးလေ
ဘုရင်ကြီးနှင့်ပြည်သူအများ သောကပူပင်ပွားရေလေးလေ
ရက္ခမဏ္ဍလတိုင်းကိုလ အံမတုနိုင်ရန် တခြားနိုင်ငံ
အာဇာနီဇာနီသွီးယေက ပြေငြိမ်းလီပြန် ငြိမ်းလီပြန်
စီမံကာဖြင့် ကြံစည်အား အသက်ကို စွန့်ဗျာယ်လားရေလေးလေ
ပြည်သားပြည်သူများမှာလ အပူမီးဖြာရေ မီးဖြာရေ
မျက်ရည်အသွယ်သွယ်စီးပါလို့ ငိုညီးကာလေ ညီးကာလေ
ပူဇော်ဖို့အရေး ဈာပနပွဲ ဖောင်တော့်တင်ပျာယ် ဆွဲရေလေးလေ
(ဆွဲရေးလေ) ၂ ဆွဲပါရေလေး --။

မင်္ဂလကြက်သရေစုံစွာ တည်ဇာထွန်းရေ
ဇမ္ဗုဒိပ္ပါလက်ယာကျွန်းမှာ မော်ကွန်းတင်ခရေ
လေးဝတီထင်ရှားပါလှရေ ဘုရားမြတ်စွာဗျာဒိတ်ပီးခရေ
ဖီးဘယာဝီးလို့ စည်ပင်သာလှရေ --။

ဇမ္မူဒိပါလက်ယာကျွန်းမှာ
နီရောင်လရောင်ထိန်ပြောင်လင်းရေ
ရက္ခမဏ္ဍဓညဝတီ
ငရို့ဌာနီ ရွှီပြည်ကြီးကို
စန္ဒသူရိယာဓိဌာန်ပြုလို့
ငရို့ဘုရားကြွချီလာ
ထိုစဉ်အခါ ပြိုင်စံယှားရေ
ငရို့အမတ် ပညာကျော်
ဝိမလခေါ် သုခမိန်ကြီးနှင့်
ပညာဝံသ ငလက်ရုံး
မျိုးရခိုင်ဘုန်း မိုးသို့ချုံး
ယိုးဒယားနှင့်တိုင်းဟံသာ
ဒေလီပဆာ အာသံရို့မှာ
ဘဏ္ဍာတော်မြတ်ဆက်ရရှာ
(ငရို့ဘုန်းရောင်နီသို့အလား)
ငရို့ပြည်ငရို့မျိုး ငရို့ဘုရင်
(ငရို့ဘုန်းရောင်နီသို့အလား)
ရာဇာကြီးနှင့် မြတ်မင်းဗာ
(စောမွန်ဘွဲ့မှာ ယဉ်နုပါ၏)
(ဦးမြဝါလေးစားပါယင့်)၂
ရာဇသနင်း မြတ်မင်းဗာ
(ဗုဒ္ဓဘာသာ ဒါယကာမင်း)
ပင်လယ်ရီပြင် ပိုင်ကာစိုးလို့
ရခိုင်ရို့၏ရီတပ်မတော်
(ကမ္ဘာပေါ်မှာ ထင်အရှားကြီး)
တေဇာထွန်းပြောင် ဂုဏ်ရောင်မညှိုး
ရခိုင်လူမျိုး ကမ္ဘာကျော်
(ကမ္ဘာတခွင် ထင်အရှားကြီး)
(ဦးမြဝါလေးစားပါယင့်) ၃ --။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)

အသက် (၈၀) ဆရာမကြီးစောသိန်းတန်အား မှီငြမ်းပါသည်။


No comments:

Post a Comment